ငါးအတွက် လိုအပ်သောဓာတ်များနှင့် သဘာဝအစာ၊ ဖော်စပ်စာ၊ အစာတောင့်များ၏ ကောင်းကျိုးဆိုးကျိုးများ
အစာသည် ငါးများ၏ ကျန်းမားရေး၊ ကြီးထွားမှု၊ မျိုးပွားမှုနှင့် ငါးထုတ်ကုန်အရည်အသွေးကောင်းမှုအတွက်အရေးကြီးသည်။ ငါးများသည် အရွယ်ရောက်ပီးနောက်မျိုးပွားအင်္ဂါနှင့် ဥကြီးထွားမှုအတွက်အစာမှစွမ်းအင်ကို အသုံးပြုသည်။ မျိုးငါးအမများမှာ ဥနှစ်ဖြစ်ပေါ်ဖို့အတွက် အာဟာရဓာတ်ပိုလိုအပ်သည်။
အစာကျွေးခြင်းအတွက် သတိပြုလိုက်နာသင့်သည့်အချက်များ
👉ဝယ်ယူသည့်အစာသည်သန့်ရှင်းလတ်ဆတ်ရမည်။
👉ငါး၏အသက်အရွယ်ကိုလိုက်၍ သင့်တော်သည့်အစာ ကျွေးရမည်။
👉မှန်ကန်သောအစာဆိုဒ်ကို ရွေးချယ်ကျွေးမွေးရမည်။
👉အစာပမာဏမှန်ကန်စွာ တွက်ချက်ကျွေးမွေးရမည်။
👉အစာကျွေးသည့်နေရာနှင့်အချိန်ကို ဂရုစိုက်စွာသတ်မှတ်ရမည်။
အကျိုးရလဒ်
👉 ငါးကျန်းမာရေးကောင်းမည်။
👉 ရှင်သန်နှုန်းကောင်းပြီးထုတ်လုပ်မှုကောင်းမည်။
👉 အမြတ်များများရမည်။
ငါးအစာတွင်ပါ၀င်သော အာဟာရဓာတ်များ
👉 ပရိုတင်း(အသားဓာတ်)
👉 လစ်ပစ်(အဆီဓာတ်)
👉 ကာဘိုဟိုက်ဒရိတ်(ကစီဓာတ်)
👉 ဗီတာမင်နှင့် သတ္တုဓာတ်
ပရိုတင်း(အသားဓာတ်)
👉 ငါးအစာ၏အရေးအကြီးဆုံးအစိတ်အပိုင်းဖြစ်သည်။
👉 အမိုင်နိုအက်ဆစ်များဖြင့်ဖွဲ့စည်းထားသည်။
👉 တိရစ္ဆာန်၊အပင်နှင့် တခြားသက်ရှိများတွင်တည်ရှိသည်။
👉 ငါးဆဲလ်များဖြစ်ပေါ်မှုနှင့်ခုခံအားအတွက် အရေးကြီးလိုအပ်သည်။
👉 ကြီးထွားမှုနှင့်မျိူးပွားမှုအတောအတွင်း များစွာလိုအပ်သည်။
👉 မျိုးငါးများအတွက် ၃၀ % မှ ၄၅ % လိုအပ်သည်။
ပုံမှန်ပရိုတင်းလိုအပ်ချက်
အသီးအရွက်စားငါး 👉 ပရိုတင်းလိုအပ်ချက်နိမ့်
အစုံစားငါး 👉 ပရိုတင်းလိုအပ်ချက်အလယ်
အသားစားငါး 👉 ပရိုတင်းလိုအပ်ချက်မြင့်
👉 သေးငယ်သောငါးများအတွက် ပရိုတင်းပိုလိုအပ်ပါသည်။
👉 ငါးကြီးထွားလာသည်နှင့်အမျှ ပရိုတင်းလိုအပ်ချက်နည်းလာသည်။
👉 ပရိုတင်းလိုအပ်ချက်သည်ပတ်၀န်းကျင်၊ ရေအပူချိန်၊ ရေအရည်အသွေး၊ မျိုးရိုးဗီဇဖွဲစည်းပုံ၊ အစာကျွေးနှုန်းပေါ်မူတည်၍ ကွဲပြားခြားနားမှုရှိသည်။
လစ်ပစ်(အဆီဓာတ်)
👉 ငါးနှင့်အပင်များတွင်ပါဝင်သည်။
👉 အသည်းနှင့်ကြွက်သားများသိုလှောင်ထားသည်။
👉 အစာထဲတွင် ၅ %မှ ၁၅ % ပါဝင်သင့်သည်။
👉 အဆီဓာတ်များလွန်းလျင်လည်းငါးကြီးထွားမှုကိုနှေးစေသည်။
👉 အဆီဓာတ်နည်းလျှင်လည်းငါးမျိုးပွားမှုနှင့် ငါးသားပေါက်များရှင်သန်နှုန်းလျော့ကျစေသည်။
ကာဘိုဟိုက်ဒရိတ်(ကစီဓာတ်)
👉 အသီးအရွက်စားငါးများအတွက်စွမ်းအင်အရင်းမြစ်ဖြစ်သည်။
👉 ကစီဓာတ်အလွန်များလျှင်မူ အစာခြေဖျက်ခြင်းနေရာတွင်ပြဿနာဖြစ်စေသည်။
👉 ပုံမှန် ၂၆ % မှ ၃၀ % လိုအပ်သည်။
ဗီတာမင်နှင့်သတ္ထုဓာတ်
👉 ငါးများ၏ခုခံအားကို ကူညီထောက်ပံ့ပေးသည်။
👉 ပုံမှန်ကြီးထွားမှုနှင့်ဖွံ့ဖြိုးမှုကို ကူညီထောက်ပံ့ပေးသည်။
👉 ဗီတာမင်နှင့်သတ္ထုဓာတ် မရှိလျှင်ငါးများကိုရောဂါဖြစ်စေသည်။
သဘာ၀အစာ

👉 သဘာ၀အစာသည်ငါးများအတွက်မရှိမဖြစ်လိုအပ်သည်။
👉 သဘာဝအစာများကို ငါးကန်ထဲတွင်တွေ့ရသည်။
👉 သဘာဝအစာထဲတွင်ဘက်တီးရီးယား၊ အပင်မျှော၊ သတ္တမျှော၊ အင်းဆက်နှင့် ရေမှော်တို့ပါဝင်သည်။
👉 သဘာ၀အစာကောင်းမွန်မှုသည်ရေအရည်အသွေးပေါ်တွင်မူတည်သည်။
👉 သဘာဝဓာတ်မြေသြဇာအသုံးပြုခြင်းဖြင့် သဘာဝအစာကို တိုးလာစေသည်။
ဖော်စပ်စာကျွေးခြင်း၏ကောင်းကျိုးဆိုးကျိုးများ

👉 အရည်သွေးမြင့်သော ကုန်ကြမ်းများ၀ယ်ယူရန်ခက်ခဲသည်။
👉 အာဟာရဓာတ်ပြယ်စေသောဂုဏ်သတ္တိများ ပါ၀င်နိုင်သည်။
👉 တိကျသည့်အစာအချိူးအစားနှင့်ဖော်စပ်နည်းကို သိရမည်။
👉 တခြားဖြည့်စွက်အစာများ ထပ်မံ၍ထည့်သွင်းပေးရသည်။
👉 အစာအကြွင်းအကျန်များသည် ကန်၏ရေအရည်အသွေးကို ထိခိုက်စေနိုင်ပါသည်။
👉 ဖော်စပ်စာကိုအသုံးပြုခြင်းသည်ကုန်ကျစရိတ်ကို လျှော့ချသော်လည်း ငါးများအတွက်လိုအပ်သော အခြားမရှိမဖြစ်အဟာရဓာတ်များ မပါ၀င်နိုင်ပါ။
👉 ငါးမွေးသည့်ကာလ အလွန်ကြာမြင့်သည်။

အစာတောင့်ကျွေးခြင်း၏ကောင်းကျိုးဆိုးကျိုးများ
👉 အစာအတွက်ကုန်ကျစရိတ်များမည်။
👉 အသားဓာတ်၊ ကစီဓာတ်၊ ကာဘိုဟိုက်ဒရိုက်၊ ဗီတာမင်နှင့်အခြားဓာတ်များ ပါဝင်သည်။
👉 အလွယ်တကူဝယ်ယူရရှိနိုင်သည်။
👉 အစာတောင့်သုံးခြင်းအားဖြင့် ဖြည့်စွက်စာထည့်သုံးရန် မလိုအပ်ပါ။
👉 အစာကျွေးရန်လွယ်ကူသည်။
👉 အချိန်ကုန်သက်သာစေပြီး ကုန်ကျစရိတ်ကို လျှော့ချနိုင်သည်။
👉 အာဟာရဓာတ်ပြယ်စေသောဂုဏ်သတ္တိများမပါ၀င်ပါ။
👉 ကန်ရေညစ်ညမ်းမှုကိုလည်း လျှော့ချနိုင်သည်။
👉 အချိန်တိုအတွင်း ငါးများကို ကြီးထွားစေသည်။
လိုက်နာသင့်သော ငါးအစာကျွေးခြင်းစီမံခန့်ခွဲမှု
👉အသားတိုးငါးများအတွက် ငါးခန္ဓာကိုယ်အလေးချိန်၏ ၁.၅ % - ၂ %ကို ကျွေးရန်သင့်တော်သည်။
👉 စုစုပေါင်းငါးအလေးချိန်၏ ၅ %ကို အလေးချိန်၍ အစာရာခိုင်နှုန်း တွက်ကျွေးရမည်။
👉 ဖော်စပ်စာကိုကျွေးရာတွင်ဗီတာမင်နှင့်အခြားသောအဟာရဓာတ်များကို ထပ်ထည့်ကျွေးရန်လိုအပ်သည်။
👉 ဖော်စပ်စာကိုအသုံးပြုရာတွင် ကုန်ကျစရိတ်သက်သာ၍ ငါးမွေးချိန်အလွန်ရှည်လျားပါသည်။
👉 အစာတောင့်ကိုကျွေးမည်ဆိုလျှင်ကုန်ကျစရိတ်များ၍ ငါးမွေးမည့်အချိန်ကာလ တိုတောင်းပါသည်။
👉 တစ်နေ့အစာ(၂)ကြိမ်ကျွေးခြင်းသည် အကောင်းဆုံးဖြစ်သည်။
👉 အစာအိတ်များကို စနစ်တကျကောင်းမွန်စွာ ထိန်းသိမ်းသိုလှောင်ရမည်။
👉 အစာအိတ်များထားသည့်နေရာသည် စိုစွတ်မှုမရှိစေရ ၊ ကြွက်နှင့်တခြားသော ပိုးမွှားတိရစ္ဆာန်များမလာနိုင်အောင် တားဆီးထိန်းချုပ်ထားရမည်။
👉 အစာအိတ်များသယ်ဆောင်ရာတွင်နေရောင်ခြည်နှင့်တိုက်ရိုက်ထိတွေ့ခြင်းကို ကာကွယ်ရှောင်ရှားရမည်။
👉 အစာကျွေးခြင်းနှင့်ပတ်သက်၍ နေ့စဉ်မှတ်တမ်းထားရှိရမည်။
Rio Amora
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
သနျ့စဥျ
4 years agoတီလားဘီးယားအတွက်အစာကြိတ်ရန်ဗီတာမင်နှင့်ဆေးဝါးများရာနှန်းဘယ်လောက်ပါသင့်ပါလဲဗျာ ကြက်စာဝက်စာတို့နဲ့ဘယ်လို့ကွာခြားလဲဗျာ
Related questions
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Rio Amora
See all
ငါးတန်ဆေးထိုးသားဖောက်နည်းနှင့် ငါးသားပေါက်ပြုစုနည်း
10/06/2022
ငါးမွေးမြူရေးကန်၏ရေအရည်အသွေး၊ မြေအရည်အသွေးနမူနာများအားဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးရာတွင် လိုအပ်သည့်အချက်များ
06/06/2022
ငါးရံ့ဆေးထိုးသားဖောက်မွေးမြူနည်း
30/05/2022
ငါးမွေးမြူရေးအတွက် သင့်လျော်သော ကန်အောက်ခြေမြေသားကို ပြုပြင်စီမံခြင်း
24/05/2022
ငါးပြေမဆေးထိုးသားဖောက်မွေးမြူခြင်း
19/05/2022