သဘာဝဘေးအန္တရာယ်ကျရောက်ပြီးနောက် မွေးမြူရေးသမားများ ဆောင်ရွက်နိုင်ရန် အကြံပြုချက်များ
သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်ကြုံတွေ့ရပြီဆိုတာနဲ့ မိမိတို့ရဲ့ မွေးမြူရေးခြံတွေဟာ ပုံမှန်အနေအထား မဖြစ်နိုင်တော့ပါဘူး။ ဒါကြောင့် သဘာဝဘေးအန္တရာယ်ကျရောက်ပြီးနောက် ပြန်လည်ငြိမ်သက်သွားချိန်မှာ လိုအပ်တဲ့ ပြုပြင်မှုတွေ မဖြစ်မနေလုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သဘာဝဘေးအန္တရာယ်ကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာနိုင်တဲ့ ဆိုးကျိုးတွေကိုလည်း ကာကွယ်တားဆီးဖို့၊ အတတ်နိုင်ဆုံး လျှော့ချဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ မုန်တိုင်းနဲ့ ရေကြီးနစ်မြုပ်မှုတွေ ဖြစ်ပြီးတဲ့နောက် မွေးမြူရေးသမားတွေ ဆောင်ရွက်နိုင်မယ့် ကိစ္စရပ်တွေကို စုစည်းပြီး အကြံပြုတင်ပြလိုပါတယ်။
(၁) ချိတ်ဆက် စုဖွဲ့ ဆောင်ရွက်ပါ။
သဘာဝဘေးအန္တရာယ်ကို ရင်ဆိုင်တုန့်ပြန်ရာမှာ မိမိတစ်ဦးတည်း ဆောင်ရွက်လို့ မရနိုင်ပါဘူး။ အသင်းအဖွဲ့နဲ့ စုပေါင်းပြီး ဟန်ချက်ညီညီဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် သဘာဝဘေးအန္တရာယ်ကျရောက်ပြီးနောက် ဆောင်ရွက်ရမယ့် အစီအမံတွေကို မိမိရဲ့ မိသားစု၊ ရပ်ရွာနဲ့ မြို့နယ်အဆင့် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့အတူ စုဖွဲ့ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။
- မိမိရဲ့မွေးမြူရေးခြံမှာ တိရစ္ဆာန်သေဆုံးမှု၊ ပျောက်ဆုံးမှု၊ အစာနဲ့ ရေလိုအပ်ချက်၊ တိရစ္ဆာန်တွေရဲ့ ကျန်းမာ ရေးအခြေအနေ စတာတွေကို စစ်ဆေးပြီး မှတ်တမ်းတင်ရပါမယ်။ စစ်ဆေးတွေ့ရှိချက်မှတ်တမ်းတွေကို ရပ်ရွာမှာ ဖွဲ့စည်းထားတဲ့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့တွေကို သတင်းပေးပို့သင့်ပါတယ်။ ဒါမှသာ တိရစ္ဆာန်အသေတွေကို ရှင်းလင်းဖို့၊ ပျောက်ဆုံးတိရစ္ဆာန်တွေကို ရှာဖွေဖို့၊ နာမကျန်းတဲ့ တိရစ္ဆာန်တွေကို ဆေးဝါးကုသဖို့နဲ့၊ အစာ၊ ရေ အစရှိတဲ့ အကူအညီတွေ ရရှိဖို့ အထောက်အကူပြုနိုင်ပါလိမ့်မယ်။
- ဒေသခံ တိရစ္ဆာန်ဆေးကုဆရာဝန်၊ တိရစ္ဆာန်ဆေးကုဌာနဆိုင်ရာတွေ အပြင် မွေးမြူရေးအသင်းအဖွဲ့ တွေ ကို ဆက်သွယ်ပြီး တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ အကြံဉာဏ်တွေ ရယူသင့်ပါတယ်။ ဒါမှသာ နောက်ဆက် တွဲ တိရစ္ဆာန်ရောဂါကျရောက်မှု ကာကွယ်ရေးနဲ့၊ ရောဂါဖြစ်ပွားလာရင်လည်း ရောဂါပျံ့နှံ့မှု လျော့ချဖို့နဲ့ လေလွင့်ဆုံးရှုံးမှု လျော့ချဖို့အတွက် အထောက်အကူပြုမှာပါ။
- သဘာဝဘေးအန္တရာယ်အပြီးမှာ မိမိရဲ့ မွေးမြူရေးလုပ်ငန်းကို ပြန်လည်ထူထောင်နိုင်ဖို့အတွက် ဘာတွေ လိုအပ်မလဲ၊ မိမိလက်ထဲမှာ သွင်းအားစု အရင်းအမြစ်တွေ ဘာတွေ ကျန်ရှိနေသေးလဲ ဆိုတာကို သုံးသပ်ပါ။
(၂) သန့်ရှင်းရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ပါ။
- လျှပ်စစ်ဓာတ်အားလိုင်းတွေ ပြတ်တောက်တာ၊ ဓာတ်တိုင်တွေ ပြိုလဲတာတွေ ရှိ၊ မရှိ စစ်ဆေးပါ။ ရှိခဲ့မယ် ဆိုရင် လျှပ်စစ်ဌာနကို အကြောင်းကြားပြီး လျှပ်စစ်အန္တရာယ်ကင်းအောင် ဆောင်ရွက်ခိုင်းပါ။
- ရေကျသွားပြီးတဲ့နောက် ခြံအတွင်းမှာ ကျန်ရှိနေတဲ့ ရွှံနွံတွေ၊ နုန်းတွေ၊ သဲတွေကို ဖယ်ရှားရှင်းလင်းရမှာ ဖြစ်ပါတယ်။
- ကျွံလွယ်၊ ကျိုးလွယ်တဲ့ အရာတွေနဲ့ ချွန်ထက်တဲ့ အရာတွေက လူနဲ့ တိရစ္ဆာန်တွေကို ဘေးအန္တရာယ်ဖြစ် စေနိုင်တာမို့ ဖယ်ရှားရှင်းလင်းရပါမယ်။
- ဓာတုပစ္စည်းတွေ (ဥပမာ စိုက်ပျိုးရေးသုံးပိုးသတ်ဆေးတွေ) ခြံထဲကို ရောက်ရှိနေခြင်း ရှိ၊ ရှိ စစ်ဆေးပြီး ရှိ ရင် သေသေချာချာ ဖယ်ရှားရှင်းလင်းရပါမယ်။
- အင်းဆက်၊ မြွေ အစရှိတဲ့ တွင်းအောင်းသတ္တဝါတွေရဲ့ အန္တရာယ်ကိုလည်း သတိပြုရပါမယ်။
- ခြံအနီးအနားမှာ သေဆုံးနေတဲ့ တိရစ္ဆာန်တွေ၊ ပုပ်သိုးနေတဲ့ အစာတွေကို သဘာဝမြေသြဇာ ဖြစ်သွားအောင် မြေဆွေးချခြင်း (composting) ပြုလုပ်ပါ။
- ပိုးမွှားရောဂါတွေဘေးက ကာကွယ်နိုင်ဖို့အတွက် ခြံကို သန့်ရှင်းရေးပြုလုပ်ပြီးတဲ့နောက် မွေးမြူရေးခြံသုံး ပိုးသတ်ဆေး (Disinfectants) တွေကို အညွှန်း အတိုင်း ဖြန်းပက်ပေးသင့်ပါတယ်။
- အမိုးအကာ ပျက်ဆီးသွားတဲ့ မွေးမြူရေးခြံတွေအတွက် ယာယီအမိုးအကာ တွေ ဆောက်လုပ်သင့်ပါတယ်။ မဆောက်လုပ်နိုင်တဲ့ မွေးမြူသူတွေအနေနဲ့ အလှူရှင်တွေ၊ တာဝန်ရှိ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ညှိနှိုင်း ပြီး ယာယီအမိုးအကာ ရရှိရေး ဆောင်ရွက်သင့်ပါတယ်။

(၃) တိရစ္ဆာန်များကို အစာနှင့် ရေ ကျွေးမွေးနိုင်ရေး ပြင်ဆင်ပါ။
- ဖြစ်နိုင်မယ်ဆိုရင် တိရစ္ဆာန်တွေကို မုန်တိုင်းမကျမီ ကြိုတင်သိုလှောင်ထားတဲ့ ရေကိုသာ တိုက်ကျွေးသင့် ပါတယ်။ ရေတက်ထားတဲ့ ရေတွေကို တိုက်ရိုက်သောက်သုံးတာမျိုး မဖြစ်သင့်ပါဘူး။ အဲဒီရေတွေထဲမှာ ဓာတုအဆိပ်အတောက်တွေ၊ ရောဂါဖြစ်စေတဲ့ ပိုးမွှားတွေ ပါလာနိုင်တာကို သတိပြုရပါမယ်။
- ရေနစ်မြုပ်သွားခဲ့တဲ့ ရေတွင်း၊ ရေကန်တွေကို ပြန်လည်တူးဖော်ပြီး သန့်ရှင်းရပါမယ်။
- သင့်လျော်တဲ့ အစာ နဲ့ ရေ ရရှိတဲ့အချိန်အထိ တိရစ္ဆာန်တွေ အသက်ဆက်ရှင်နိုင်အောင် ထိန်းသိမ်းထားဖို့ အရေးကြီးပါတယ်။ ဒါကြောင့် မိမိရဲ့ တိရစ္ဆာန်နဲ့ အစာပမာဏကို ထိန်းညှိပြီး ချွေတာကျွေးမွေးဖို့ လိုအပ်ပါ တယ်။
- ရေစိုသွားတဲ့ အစာကြမ်းတွေ (ဥပမာ ကောက်ရိုး) တွေ၊ အစာနု (ဥပမာ ပဲဖတ်၊ နှမ်းဖတ်) ကို ခြောက် သွေ့အောင် နေလှန်းရပါမယ်။ အဲဒီ လုပ်ငန်းကို တတ်နိုင်သမျှ စောစောမြန်မြန် ဆောင်ရွက်သင့်ပါတယ်။ အချိန်ကြာတာနဲ့အမျှ မှိုပေါက်ပွားတဲ့ အန္တရာယ် ရှိနိုင်လို့ပါ။
- တိရစ္ဆာန်တွေကို မှိုတက်တဲ့ အစာတွေ လုံးဝ မကျွေးမိဖို့ လိုအပ်ပါတယ်။
- အသုံးပြုလို့ မရတော့တဲ့ အစာနု၊ အစာကြမ်းတွေကို တိရစ္ဆာန်တွေကို မကျွေးမွေးတော့ပဲ မြေသြဇာအဖြစ် ပြောင်းလဲအသုံးချရပါမယ်။
- ကျွေးနေကျ မဟုတ်တဲ့ အစာနုတွေကို ကျွေးမွေးမယ်ဆိုရင် အစပိုင်းမှာ အနည်းငယ်သာ စတင်ကျွေးမွေးပါ။ အဲဒီနောက် ပုံမှန် ကျွေးမွေးရမယ့် ပမာဏရောက်တဲ့အထိ တစ်ရက်ကို အနည်းငယ်ဆီ တိုးကျွေးသွားရပါမယ်။
(၄) တိရစ္ဆာန်များ ကျန်းမာရေးအတွက် ပြုစုစောင့်ရှောက်ပါ။
- သဘာဝဘေးအတွက် ကြိုတင်ပြင်ဆင်ထားတဲ့ တိရစ္ဆာန်ကျန်းမာရေးသုံး First-aid-kit ကို အသုံးပြုပါ။
- ကုသလို့ မရနိုင်လောက်အောင် ဒဏ်ရာပြင်းထန်တဲ့ တိရစ္ဆာန်တွေကို အညင်သာဆုံးနည်းနဲ့ ဖျက်ဆီး ပစ်ပြီး အသားကို ရောင်းချနိုင်ဖို့လည်း စဉ်းစားထားသင့်ပါတယ်။
- မကျန်းမာတဲ့ တိရစ္ဆာန်တွေ ရှိ/မရှိ ကို နေ့စဉ် စစ်ဆေးရပါမယ်။
- နေမကောင်းတဲ့ လက္ခဏာတွေ့တယ်ဆိုတာနဲ့ တိရစ္ဆာန်ဆေးကုဆရာဝန်ကို ချက်ချင်း ခေါ်ဖို့ လိုပါတယ်။ အချိန်စောင့်နေ၊ ဆွဲနေတာမျိုး မလုပ်သင့်ပါဘူး။ ရေကြီးပြီးနောက် ကူးစက်ရောဂါတွေ ကျရောက်တတ် တာမို့ အမြန်ဆုံး ရောဂါကို သိရှိပြီး ထိန်းချုပ်ဖို့ လိုအပ်ပါတယ်။ မကျန်းမာတဲ့ တိရစ္ဆာန်တွေကို ခွဲခြားထားနိုင်မယ့် နေရာကို ပြင်ဆင်ထားရှိရပါမယ်။
- ရောဂါနဲ့ သေဆုံးသွားတဲ့ တိရစ္ဆာန်အသေကောင်တွေကို မီးရှို့ခြင်း၊ မြေမြှုပ်ခြင်း၊ မြေဆွေးပြုလုပ်ခြင်း စသ ဖြင့် ရောဂါပိုး မပျံ့နှံ့သွားအောင် တားဆီးနိုင်တဲ့ နည်းလမ်းတွေနဲ့ ဖျက်ဆီးသင့်ပါတယ်။ ရောဂါနဲ့ သေဆုံးတဲ့ တိရစ္ဆာန်ရဲ့ အသားကို ရောင်းချခြင်း၊ စားသောက်ခြင်း မပြုလုပ်သင့်ပါဘူး။
(၅) သင်ခန်းစာ ထုတ်ယူပြီး အနာဂတ်အတွက် ပြင်ဆင်ပါ။
- ကြုံတွေ့ခဲ့ရတဲ့ ဘေးအန္တရာယ် မကျရောက်မီ၊ ကျရောက်ဆဲ နဲ့ ကျရောက်ပြီး အခြေအနေတွေ၊ အဖြစ် အပျက်တွေ၊ အတွေ့အကြုံတွေကို ပြန်လည်သုံးသပ်ပါ။
- သုံးသပ်ချက်တွေအပေါ် အခြေခံပြီး ပိုမိုကောင်းမွန်တဲ့ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနဲ့ တုံ့ပြန်ရေး အစီအမံတွေကို ပြင်ဆင်ချမှတ်ပါ။
- မိမိ အသစ်ပြင်ဆင်ချမှတ်လိုက်တဲ့ ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနဲ့ တုံ့ပြန်ရေး အစီအမံတွေကို မိသားစုဝင်တွေ၊ အိမ်နီးနားချင်းတွေ၊ မိတ်ဆွေတွေနဲ့ မျှဝေဆွေးနွေးပါ။ ဆွေနွေးအကြံပြုချက်တွေအပေါ် မူတည်ပြီး လိုအပ်တဲ့ ပြင်ဆင်မှုတွေ ထပ်မံဆောင်ရွက်ပါ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
အိုင်ဆူး
2 years agoနွားတေကစားမြုံပြန်တာသဘာဝလားဗျဆိုးကြိုးရှိနိုင်လား
Related questions
နွားမကြီး မျက်ရေပူတွေကြနေလို့ ဘာဖြစ်တာလဲဗျ ဘယ်လိုလုပ်ပေးရမလဲ
Ma wai • 1 answers
အိမ်မွေးကြက်တွေမှာ သံပြာကောင်တွေကျအောင် ဘာဆေးတိုက်ရမှာလဲ ဆရာတို့
စကြည်စိုး • 1 answers
သားတင်ထားတဲ့ဝက်မကြီး မထလို့ အစာလဲမစားဖြစ်နေလို့ ဘာဖြစ်တာလဲသိချင်လို့ပါ
thetpaingoo • 1 answers
ဝက်တစ်လသားလေးတွေအစာမစားပဲဝမ်းသွားနေလို့ဘာလုပ်ရမလည်းဗျာ့
Nay Ye Thwin • 1 answers
မင်္ဂလာပါရှင့် ကြက်ကျောက်ရောဂါ ကုသနိုင်မယ့်ဆေးအမျိုးအစားနဲ့ ဆောင်ရန်ရှောင်ရန်လေးတွေ သိချင်ပါတယ် အတွေ့အကြုံရှိ လူကြီးမင်းများ မျှဝေပေးကြပါနော်
Khin Khin • 1 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from သက်ခိုင်
See all
ဝက်အသေလေးများ မွေးဖွားရခြင်း အကြောင်းအရင်း
09/04/2026
နို့စားနွားမွေးမြူရေးအတွက် အစာလိုအပ်ချက် အကြမ်းဖျဉ်းခန့်မှန်းခြင်း
21/11/2025
နို့စားနွားမွေးမြူရေးနှင့် အစာမှနို့အဖြစ်ပြောင်းလဲနိုင်စွမ်း (Feed Efficiency)
05/11/2025
ဒဏ္ဍာရီလာစွမ်းအားရှင် နီကျားမြှင့်တင်ပေးလိုက်တဲ့ တရုတ်ပြည်ရဲ့ ကြာစွယ်စိုက်ပျိုးရေး
15/08/2025
လူ့အမြင်..နွားအမြင်
08/08/2025