ကြက်၊ ဘဲ၊ ဝက်၊ နွား၊ ငါး၊ ပုစွန်များတွင် တွေ့ရသည့် မှိုဆိပ်ရောဂါလက္ခဏာများနှင့် ဖြေဆေးများ (၂)
မှိုဆိပ်ကြောင့် နွားများတွင်တွေ့ရှိရသည့်ရောဂါလက္ခဏာများ

- ၁။ ကိုယ်ဝန်ရှိပြီး တတိယလမှစ၍ ကိုယ်ဝန်ပျက်ကျခြင်း၊
- ၂။ နွား၏နှာခေါင်းထိပ်တွင် မှိုကွက်ဖြစ်ခြင်း၊
- ၃။ ရေဓာတ်လျော့နည်းခြင်း၊ ပိန်ချုံးခြင်း၊
- ၄။ အစာစားနည်းပြီး ကြီးထွားနှုန်းနည်းခြင်း၊ နို့ပေးနှုန်းကျဆင်းခြင်း
စသည်တို့ဖြစ်နိုင်ပါသည်။
မှိုဆိပ်ကြောင့် ငါး၊ ပုစွန်များတွင်တွေ့ရှိရသည့် ရောဂါလက္ခဏာများ

- ၁။ ငါး၊ ပုစွန်များ အစာစားလျော့နည်းခြင်း၊ ကြီးထွားနှုန်းနည်းခြင်း၊
- ၂။ တီလားပီးယားငါးများတွင် အသည်းရောင်ရောဂါ(Jaundice) ဖြစ်ခြင်း၊
- ၃။ ပုစွန်၏အသည်းဆဲလ်များ ပျက်စီးခြင်း
စသည်တို့ ဖြစ်နိုင်ပါသည်။
မှိုဆိပ်ဖြေဆေးများ(Mycotoxin binder)
မှိုဆိပ်နှင့်ပေါင်းစပ်၍ မှိုဆိပ်ဖြေသည့်ပစ္စည်းကို မှိုဆိပ်ဖြေဆေး(Mycotoxin binder)ဟု ခေါ်သည်။ မှိုဆိပ်ဖြေဆေးသည် အစာနှင့်မပေါင်းစည်းနိုင်ဘဲ မှိုဆိပ်ကိုသာပေါင်းစပ်၍ ချေးထဲသို့ စွန့်ထုတ်စေရန်ပြုလုပ်ထားပါသည်။ မှိုဆိပ်ဖြေဆေးကို ခန္ဓာကိုယ်တွင်းသို့လည်း မစုပ်ယူနိုင်ပါ။
မှိုဆိပ်ဖြေဆေး ဖွဲ့စည်းတည်ဆောက်ပုံ(၂)မျိုးရှိပါသည်။
- ၁။ ရွှံ့စေး(Clay) ဖြင့် ပြုလုပ်သည့် အလူမီနီယမ်စီလီကိတ်များ
- ၂။ သြဂဲနစ်မှိုဆိပ်ဖြေဆေး(ဥပမာ-ရိစ်ဆဲလ်(Yeast cell) မှ ပြုလုပ်သည့် မင်နိုအိုလီဂိုဆခရိုက်များ(Mannooligosaccharides) တို့ ဖြစ်ကြသည်။
တချို့မှိုဆိပ်ဖြေဆေးများတွင် နှစ်မျိုးလုံးရောစပ်အသုံးပြုကြသည်။ အချို့ဆေးများတွင် တိုင်းရင်းဆေးများကိုပါ ထည့်သွင်းဖော်စပ်ကြသည်။ မှိုဆိပ်ဖြေဆေးများမှာ အစာခြေလမ်းကြောင်းမှ မကြေချက်နိုင်သည့်(adsorbent) ပစ္စည်းများဖြစ်သည့် စီလီကိတ်(Silicates) များ၊ ကာဘွန်(activated carbon) များ၊ ကာဘိုဟိုက်ဒြိတ်အစုအဝေး စသည်တို့ဖြစ်သည်။
ရွှံ့စေး(Clay)(သို့) အော်ဂဲနစ်မဟုတ်သည့် မှိုဆိပ်ဖြေဆေး(Adsorbents) များမှာ HSCAS,(Hydrated sodium calcium- aluminosilicates) Bentonite,Zeolite, Kaolin,Diatomaceous earth များ ဖြစ်ကြသည်။ Bentonite နှင့် Kaolin တို့သည် မီးတောင်မှ စွန့်ထွက်ပစ္စည်းများ ဖြစ်ကြသည်။
သြဂဲနစ်မှိုသတ်ဆေးများကို မီးသွေး(Activated charcoal), Polyvinylpyrrolidone, Humic acid, ရိစ်တဆေး (Yeast cell wall)နှင့်Lactic acid bacteria တို့မှလည်း ထုတ်ယူကြပါသည်။
အစာတွင်ပါဝင်သည့်မှိုများနှင့်ပေါင်း၍ ချေးထဲသို့စွန့်ထုတ်ရာတွင် အစွမ်းထက်သည့်မှိုဆိပ်ဖြေဆေးများသည် မှိုဆိပ် ၉၀% ကို ဖယ်ရှားနိုင်စွမ်းရှိကြသည်။ ကျန်ရှိသည့်မှိုဆိပ်ကိုတော့ အသည်းမှထုတ်သည့် အင်ဇိုင်း၏ဓာတ်ကူမှုဖြင့် မှိုဆိပ်ကိုဖြေလျှော့ပေးပါသည်။
မှိုတားဆေး(Mould Inhibitors)
မှိုပေါက်ပွားပြန့်ပွားမှုကို ကာကွယ်ရန်နှင့် မှိုဆိပ်ထုတ်လုပ်မှုကို တားဆီးရန်(Mold Inhibitors)များအဖြစ် အချဉ်ရည်အက်စစ်များ(Acidifiers)ကို အစာနှင့် သောက်ရေများတွင် ထည့်သွင်းရောစပ်တိုက်ကျွေးကြပါသည်။ ဤနည်းကို(Mycotoxin Binder)ဖြင့် မှိုဆိပ်ဖယ်ရှားခြင်းကို အားဖြည့်သည့်အနေဖြင့် အသုံးပြုကြပါသည်။ အစာကုန်ကြမ်းများ ဝယ်ယူရာတွင် ပါဝင်သည့်မှိုဆိပ်ကို သတ်ရန်၊ဝယ်ယူပြီးသိုလှောင်စဉ်တွင် ပေါက်ပွား ပွားများခြင်းကို ဟန့်တားကာကွယ်ပေးရန် ဖြစ်ပါသည်။
အဓိကအားဖြင့် ဖောမစ်အက်ဆစ်(Formic acid)နှင့် ပရိုပီယွန်နစ်အက်စစ်(Propionic acid)နှစ်မျိုးကို အဓိကထား ရောစပ်သုံးစွဲကြ၍ ထိုအက်ဆစ်နှစ်မျိုးပေါင်းစပ်ခြင်းဖြင့် ပေါင်းစည်းစွမ်းရည်တိုးတက်မှု(synergistic action) ကို ရရှိနိုင်သည်။
အက်စစ်အချဉ်ရည်များ၏ မှိုဆိပ်တားဆီးနည်းမှာ နိမ့်သော pH တွင် အက်စစ်ပြိုကွဲခြင်း မရှိပါ။ဘက်တီးရီးယားနှင့် မှိုဆဲလ်များအတွင်း ပကတိဆဲလ်အသွင်ဖြင့် ဝင်ရောက်၍ ဆဲလ်အတွင်းရှိ Cytoplasm အတွင်း မြင့်သော pH နှင့် ထိတွေ့သည့်အခါ အက်စစ်အိုင်းယွန်းနှင့် ဟိုက်ဒရိုဂျင်အိုင်းယွန်းအဖြစ် ပြိုကွဲထွက်သွားသည်။ ထွက်လာသော ဟိုက်ဒရိုဂျင်အိုင်းယွန်းကြောင့် မှိုဆဲလ်အတွင်း pH တဖြည်းဖြည်းလျော့ကျလာသည်။
မှိုဆဲလ်သည် အက်စစ်ဓာတ်မြင့်ခြင်း (သို့) pH နိမ့်ခြင်းကို မခံနိုင်သောကြောင့် ဟိုက်ဒရိုဂျင်အိုင်းယွန်းကို အစဉ်ညှစ်ထုတ်နေရသဖြင့် စွမ်းအင်ကုန်ခမ်းပြီး သေကြရသည်။ ကျန်ရှိသော အက်စစ်အိုင်ယွန်းများကလည်း မှိုဆဲလ်များ ၏ DNA ကို ဖျက်ဆီးပေးပါသည်။
မှိုဆိပ်သည် တိရစ္ဆာန်မွေးမြူသည့်လုပ်ငန်းများ အောင်မြင်တိုးတက်ရေးအတွက် ကြီးမားသည့်အဟန့်အတားသဖွယ်ဖြစ်သဖြင့် မှိုဆိပ်ကင်းစင်ရေးအတွက် သီးနှံစိုက်ပျိုးသူများ၊ အစာထုတ်လုပ်ရောင်းဝယ်သူများ၊ မွေးမြူသူများ၊ ဆေးဝယ်ယူဖြန့်ဖြူးသူများနှင့် ပညာရှင်များအားလုံး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သင့်ကြပါကြောင်း အကြံပြုအပ်ပါသည်။
အပိုင်း(၁) ကို အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://greenwaymyanmar.com/posts/Mycotoxin_in_animals
ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Thet Win
6 months agoဘဲတွေအဆိပ်မိရင်ဘယ်ဆေးတိုက်ရမလည်းပြောပေးပါလားဆရာ လွတ်ကျောင်းတာလယ်ကအဆိပ်မိနေလိုဖြေပေးပါအုံးဆရာ
ဦးအောင်ကိုနိုင်
3 years agoဘဲတွေမှိုဆိပ်ခံရတယ်လို့ယူဆမိရင် ဖြေဆေးကအလွယ်တကူ ဘယ်ဆေးသုံးရမလဲ
Related questions
နွားမကြီး မျက်ရေပူတွေကြနေလို့ ဘာဖြစ်တာလဲဗျ ဘယ်လိုလုပ်ပေးရမလဲ
Ma wai • 1 answers
အိမ်မွေးကြက်တွေမှာ သံပြာကောင်တွေကျအောင် ဘာဆေးတိုက်ရမှာလဲ ဆရာတို့
စကြည်စိုး • 1 answers
သားတင်ထားတဲ့ဝက်မကြီး မထလို့ အစာလဲမစားဖြစ်နေလို့ ဘာဖြစ်တာလဲသိချင်လို့ပါ
thetpaingoo • 1 answers
ဝက်တစ်လသားလေးတွေအစာမစားပဲဝမ်းသွားနေလို့ဘာလုပ်ရမလည်းဗျာ့
Nay Ye Thwin • 1 answers
မင်္ဂလာပါရှင့် ကြက်ကျောက်ရောဂါ ကုသနိုင်မယ့်ဆေးအမျိုးအစားနဲ့ ဆောင်ရန်ရှောင်ရန်လေးတွေ သိချင်ပါတယ် အတွေ့အကြုံရှိ လူကြီးမင်းများ မျှဝေပေးကြပါနော်
Khin Khin • 1 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဦးဇော်(dof)
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....