စပါးအထွက်နှုန်း ၃၀ % အထိ တိုးစေမယ့် လျှို့ဝှက်ချက်
ယူရီးယားနဲ့ ဓာတ်မြေသြဇာဈေးနှုန်းတွေ အဆမတန် မြင့်တက်နေလို့ သွင်းအားစုစရိတ်ကြောင့် စိတ်ညစ်နေရပါသလား? ဓာတ်မြေသြဇာဖိုး လုံးဝမကုန်ဘဲ စပါးအထွက်နှုန်းကို ၂၅% မှ ၃၀% အထိ တိုးတက်လာစေမယ့် "မြေပြန့်ချယ်ရီ" (Gliricidia) သစ်စိမ်းမြေသြဇာ အသုံးပြုနည်းကို ဒီဗီဒီယိုမှာ အသေးစိတ် ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။
မြေပြန့်ချယ်ရီဟာ နိုက်ထရိုဂျင်နှင့် သစ်ဆွေးဓာတ် ကြွယ်ဝပြီး လယ်ကန်သင်းရိုးပေါ်မှာတင် အလွယ်တကူ စိုက်ပျိုးနိုင်တဲ့ ပဲမျိုးရင်းဝင် အပင်တစ်မျိုး ဖြစ်ပါတယ်။ ဒီဗီဒီယိုထဲမှာ -
- မြေပြန့်ချယ်ရီရဲ့ အပင်အာဟာရဓာတ် ပါဝင်မှုများ
- လယ်တစ်ဧကအတွက် အပင်အရေအတွက် တွက်ချက်နည်း
- ကိုင်းဖြတ်စိုက်ပျိုးနည်းနှင့် ခုတ်သိမ်းရမည့်အချိန်
- လယ်မြေထဲတွင် လက်တွေ့ ထယ်ထိုးမြေမြှုပ် အသုံးပြုနည်း အဆင့်ဆင့်ကို ဂဃနဏ ရှင်းပြထားပါတယ်။
စရိတ်သက်သာပြီး မိမိတို့ရဲ့ လယ်ယာမြေဆီလွှာကို ရေရှည်ထက်သန်လာစေဖို့ ဒီဗီဒီယိုလေးကို အဆုံးထိ ကြည့်ရှုပြီး လက်တွေ့အသုံးချကြည့်လိုက်ပါဦးခင်ဗျာ။
Continue reading related topics, questions and articles.
Topic 1
သစ်စိမ်းမြေသြဇာ
ဦးလှမြိုင် မြန်မာ
1 month agoအင်တိုင်းကုန်းသဲဆန်တဲ့ယာမြေမှာ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်(အငြိမ်းစားတဲ့ဘက်ပါမောက္ခ)ဦးသိန်းဆု သင်ကြားပို့ချပေးခဲ့သောဗီဒီယိုဖိုင်ကိုလေ့လာပြီးဒီနှစ်မိုးဦးကျတွင် *မထွန်ယက်စိုက်ပျိုးရေး* *မြေကြီးကိုလုံအောင်ဖုံး*စိုက်ပျိုးရေးနည်းစနစ်ဖြင့်စမ်းသပ်စိုက်ပျိုးသွားမည့်အပြင် ဓါတုလွတ် ဩဂဲနစ်စနစ်ကိုအကောင်အထည်ပေါ်အောင်ဆောင်ရွက်မည်ဖြစ်ပါ၍ လိုအပ်သည်များကိုအတွေ့အကြုံရှိပြီးသောမိတ်ဆွေများကကူညီအကြံပေးကြပါရန်မေတ္တာရပ်ခံပါတယ်ခင်ဗျား
ခင်ချိုမြင့်
2 months agoမြေပြန့်ခြယ်ရီဟာဘယ်လိုအပင်လည်းသိပါရစေဗျာ
ဦးကျော်ဦး
2 months agoအင်တိုင်းကုန်းသဲဆန်တဲ့မြေမှာ မြေပြန့်ချယ်ရီစိုက်ရင်အဆင်ပြေပါ့မလား?
U Saw
2 months agoမြေပြန့်ချယ်ရီ ပျိုးပင် ထောင်ဂဏန်း ဝယ်လို့ ရနိုင်မယ့် နေရာ သိကြသူရှိရင် မျှဝေပေးကြပါခင်ဗျာ 🙏
Related questions
မြေသွေးနဲ့ ကြက်သွန်စိုက်လိုရလား
ဇော်မင်းနိုင် • 1 answers
နွားသေးရည်ကိုဘယ်နှစ်ရက်ထားပိမှနှမ်းခင်းကိုပတ်ဖျန်းရတာလဲ့နွားသေးရည်ကိုဘယ်နှစ်ရက်ထားရတာလဲ့?နွားသေးရည်းကိုဘယ်လို့သိမ်းထားရတာလဲ့
Tin Tun Aung • 2 answers
ဒီသဘာဝမြေဆွေးကိုကြက်မောက်အပင်ငယ်စိုက်ထားတာတစ်နှစ်ရှိပါပီ ကြွေးရင် တစ်ပင်ကို ဘယ်လောက်ထည့်ရမလဲ ဆရာတို့
Sawdohhtoo Sawsaw • 3 answers
ကလောက်ဒီကို မြေအစိုဓာတ်ဝေးတဲ့အချိန်မှာ ကြ က်သွန်နီကို ဖျန်းလို့ အဆင်ပြေလားဗျာ အာနိသင် ရှိမရှိလေးပြောပြပေးပါအုံး
Aung Lay • 4 answers
နွားသေး ထန်းလျှက် နွားချီး ပြာ အချိုးစားလေးပြောပြပေးပါလား မြေဩဇာလုပ်ချင်လို့ပါ မြေပဲ နှင့် နှမ်းသုံးချင်လို့ပါ အပင်သက်တမ်းတွေကတော့ 25ရက်ရှိပါပြီ
Ukyaw • 6 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from Thein Soe Min
See all
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
အင်းလေး ကျွန်းမျောပေါ်မှာ စိုက်တဲ့အပင်တွေက ဘာလို့ စိမ့်မကိုင်တာလဲ?
25/05/2026
သင့်ဆိုင်ရဲ့လုပ်ငန်းတွေကို ဒီထက်ပိုပြီး ချောချောမွေ့မွေ့ လည်ပတ်နိုင်ဖို့ ဘာတွေလိုအပ်နေလဲ?
07/05/2026
ငါးဝယ်ရင် အညာမမိစေဖို့ လတ်ဆတ်တဲ့ငါးကို စားဖိုမှူးတစ်ယောက်လို ဘယ်လိုရွေးမလဲ?
20/03/2026
ရေဝပ်ဒေသတွေအတွက် ဝင်ငွေနှစ်ဆတိုးစေမယ့် 'ဆော်ဂျန်' (Sorjan) ဂေဟစိုက်ပျိုးနည်းစနစ်
11/03/2026