Green Way
ကြက်ဥအမိုင်နိုအက်ဆစ်ပြုလုပ်နည်း

ကြက်ဥအမိုင်နိုအက်ဆစ်ပြုလုပ်နည်း

Sandakue Aung
Sandakue Aung 24/11/2021

     အားလုံးဘဲမင်္ဂလာပါရှင့် ကြက်ဥအမိုင်နိုအက်ဆစ် ပြုလုပ်ပုံအဆင့်ဆင့်ကို တင်ပြပေးသွားပါမယ်။

လိုအပ်သောပစ္စည်းများမှာ

- ကြက်ဥ (၅လုံး)

- သံပုရာသီး (၁၀-၁၅ လုံး) (သံပုရာရည်ကိုညစ်ထုတ်ရန်)

- သကာရည် (သို့) ထန်းလျက်ရည် (၂၅၀ စီစီ) (ရေသန့်ဗူးတစ်လီတာရဲ့လေးပုံတစ်ပုံ)

ပြုလုပ်ပုံအဆင့်ဆင့်

- ကြက်ဥများကိုဖန်ခွက်ထဲထည့်ပါ။ သံပုရာသီးမှ သံပုရာရည်ကိုညစ်ယူ၍ ကြက်ဥများမြှပ်သည်အထိ လောင်းထည့်ပါ။

- ဖန်ခွက်ကို အဖုံးလုံအောင် ပိတ်၍ ၁၀ရက်ခန့် ထားပါ။

- ၁၀ရက်အကြာတွင် ကြက်ဥများ ကြေမွသွားမည်။

- ထိုဖန်ခွက်ထဲသို့ သကာရည် သို့ ထန်းလျက်ရည်များ လောင်းထည့်ပြီး တစ်သားတည်းဖြစ်အောင် ရောနှောပါ။

- လေလုံအောင်အဖုံးပိတ်၍ ထားပါ။ ထို့နောက် ၁၀ရက်အကြာတွင် အဖုံးဖွင့်ကြည့်ပါက သံပုရာအနံ့သင်းသော ကြက်ဥအမိုင်နိုအက်ဆစ် ရရှိပါသည်။

အိမ်တွင်အလွယ်အကူပြုလုပ်နိုင်သော နည်းလမ်းတစ်မျိုးဖြစ်ပါသည်။

     ကြက်ဥအမိုင်နိုအက်ဆစ်သည် အပင်များကို အကျိုးပြုသောဒြုပ်ပေါင်းဖြစ်သည်။ အပင်အားဆေးအဖြစ် အသုံးပြုနိုင်ပါသည်။ အပင်ကြီးထွားမှုကို အားပေးရုံသာမက ပိုးမွှားဒဏ်ကိုလည်း ခံနိုင်ရည်ရှိပါသည်။ ကြက်ဥအမိုင်နိုအက်ဆစ်ကို ဖြန်းပေးခြင်းဖြင့် ၀တ်မှုံကူးအားကောင်းခြင်း၊အပွင့်ဖြိုင်ဖြိုင်ပွင့်ခြင်း စတဲ့အကျိုးကျေးဇူးများရရှိနိုင်ပါသည်။ 

     ဆေးဖြန်းပုံး ၄လီတာပုံး  တစ်ပုံးတွင် ကြက်ဥအမိုင်နို ၃၀-၅၀ စီစီ ထည့်၍ အသုံးပြုနိုင်ပါသည်။

ကိုးကား- https://krishijagran.com/agripedia/egg-amino-acid-excellent-for-pest-control-and-crop-growth/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။

Anonymous

Anonymous

4 years ago

ကျွန်တော့်အထင် ဖောက်ထည့်ရမယ် ထင်တယ်ဗျာ့ အလုံးလိုက်ကြီး ကြေမွသွားမယ်တော့ မထင်ဘူး နောက် မွှေတာက ပိုထိရောက်မယ် ထင်တယ်

ဇော်ဇော်

ဇော်ဇော်

4 years ago

ရေသန့်တစ်ဗူးက1000စီစီပါတယ်

bogyi baba

bogyi baba

4 years ago

ရက်နှစ်ဆယ် ကြာမှာပေါ့နော် မြန်လို့ရနိုင်သလား?ဆေးများရင် ဘာဖြစ်နိုင်လဲ?အခုပြောတဲ့အတိုင်းဆို 16လီတာ လေးပုံးစာပဲ ရနိုင်သလား

Ye Thu Aung

Ye Thu Aung

4 years ago

သရက်၊ငှက်ပျော၊စပါး၊မြေပဲအတွက်သုံးလို့ရလားဗျ

Donovan

Donovan

4 years ago

၂၅၀ စီစီက ၁ လီတာဝင် ရေသန့်ဘူးရဲ့ လေးပုံ တစ်ပုံပါ

You

Related questions

မြေသွေးနဲ့ ကြက်သွန်စိုက်လိုရလား

ဇော်မင်းနိုင် • 1 answers

နွားသေးရည်ကိုဘယ်နှစ်ရက်ထားပိမှနှမ်းခင်းကိုပတ်ဖျန်းရတာလဲ့နွားသေးရည်ကိုဘယ်နှစ်ရက်ထားရတာလဲ့?နွားသေးရည်းကိုဘယ်လို့သိမ်းထားရတာလဲ့

Tin Tun Aung • 2 answers

ဒီသဘာဝမြေဆွေးကိုကြက်မောက်အပင်ငယ်စိုက်ထားတာတစ်နှစ်ရှိပါပီ ကြွေးရင် တစ်ပင်ကို ဘယ်လောက်ထည့်ရမလဲ ဆရာတို့

Sawdohhtoo Sawsaw • 3 answers

ကလောက်ဒီကို မြေအစိုဓာတ်ဝေးတဲ့အချိန်မှာ ကြ က်သွန်နီကို ဖျန်းလို့ အဆင်ပြေလားဗျာ အာနိသင် ရှိမရှိလေးပြောပြပေးပါအုံး

Aung Lay • 4 answers

နွားသေး ထန်းလျှက် နွားချီး ပြာ အချိုးစားလေးပြောပြပေးပါလား မြေဩဇာလုပ်ချင်လို့ပါ မြေပဲ နှင့် နှမ်းသုံးချင်လို့ပါ အပင်သက်တမ်းတွေကတော့ 25ရက်ရှိပါပြီ

Ukyaw • 6 answers

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....