Green Way
စန္ဒကူးပင်(Sandalwood)အကြောင်း သိကောင်းစရာ

စန္ဒကူးပင်(Sandalwood)အကြောင်း သိကောင်းစရာ

Sandakue Aung
Sandakue Aung 03/09/2020

      စန္ဒကူးပင်သည် အလွန်မွှေးကြိုင်၍ တန်ဖိုးကြီးသော သစ်တစ်မျိုးဖြစ်သည်။ ပူနွေးစိုစွတ်သော ရာသီဥတုတွင် ပေါက်ရောက်သော အပင်ဖြစ်သည်။ အမျိုးအစားပေါင်းများစွာရှိသော်လည်း အိန္ဒိယစန္ဒကူး နှင့် ဩစတြေးလျစန္ဒကူးတို့သည် ပို၍တန်ဖိုးကြီးကြသည်။ မြေချဉ်ငန်ဓာတ်၆.၅ မှ ၇.၅ တွင် ကောင်းစွာကြီးထွားနိုင်သည်။ စန္ဒကူးပင်သည် အပင်ကြီးမျိုးဖြစ်၍ အရွက်သည် ပြောင်လက်၍ အောက်ဖက်တွင် အဖြူရောင်သန်းပါသည်။ ပန်းပွင့်များသည် နီညိုရောင်ရှိပြီး အလယ်တွင် လိ‌မ္မော်ရောင်ဗဟိုရှိပါသည်။ အပင်သက်တမ်း ၄နှစ်ခန့်တွင် ပန်းများစတင်ပွင့်ပါသည်။

     သဘာ၀အလျောက်ပေါက်သော စန္ဒကူးပင်များသည် သက်တမ်းနှစ်၃၀ကြာမှ အပင်တွင်းအဆီအနှစ်များကို ထုတ်ယူနိုင်ပါသည်။ နည်းစနစ်မှန်မှန် စနစ်တကျစိုက်ပျိုးထားသော အပင်များသည် သက်တမ်း ၁၅နှစ်ခန့်တွင် အဆီအနှစ်များကို ထုတ်နိုင်သည်။ စန္ဒကူးပင်သည် ပင်စည်လုံးပတ် ၁၀၀စင်တီမီတာ မှ ၂၀၀စင်တီမီတာ အထိရှိနိုင်သည်။ အမြင့်မှာ ၁၈မီတာ အထိမြင့်နိုင်သော်လည်း ပေါက်ရောက်ရာနေရာအလိုက် ပြောင်းလဲနိုင်ပါသည်။ စန္ဒကူးပင်စိုက်ပျိုးရာတွင် သဘာ၀မြေဩဇာများကိုသာ အသုံးပြုပြီး ဓာတုဆေးများကို အသုံးမပြုသင့်ပါ။ စန္ဒကူးပင်သည် အခြားအပင်များထက် ကြီးထွားမှုနည်းသော အပင်ဖြစ်သည်။ အာဟာရပြည့်၀သောမြေတွင် စိုက်ပျိုးပါက တစ်နှစ်လျှင် ပျှမ်းမျှ ပင်စည်လုံးပတ် ၅စင်တီမီတာနီးပါး ကြီးလာပါသည်။ 

     စန္ဒကူးပင်၏ အဆီအနှစ်သည် လိမ္မော်ရောင် သို့မဟုတ် ဝါညိုရောင်ရှိသည်။ မွှေးကြိုင်၍ အဆီအနှစ်ပါသော စန္ဒကူးသား တစ်ပိဿာကို ကျပ်နှစ်သိန်း မှ သုံးသိန်းအထိ ရှိသည်ဟု သိရပါသည်။

    • စန္ဒကူးသားကို သေတ္တာ၊ ယပ်တောင်၊ ရုပ်ထု ထုလုပ်ခြင်းတို့တွင် အသုံးပြုကြသည်။ 

    • အမွှေးနံ့သာများ ထုတ်လုပ်ရာတွင် အဓိက အသုံးပြုသည်။

    • စန္ဒကူးအဆီကို အသည်းရောဂါ၊ ဆီးအိတ်ရောင်ရမ်းခြင်း၊ ဆီးလမ်းကြောင်းရောဂါကူးစက်ခြင်း၊ ၀မ်းရောဂါ၊ အစာမကြေခြင်း၊ အရေပြားရောဂါ၊ အစာအိမ်ရောဂါ စသည့်ရောဂါများအတွက်ဆေးအဖြစ် အသုံးပြုကြသည်။

    • ဒဏ်ရာများ အနာကျက်လွယ်စေရန်လည်း စန္ဒကူးအဆီကို အသုံးပြုသည်။

စန္ဒကူးအောင်

ကိုးကားချက်  - မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 

You

Related questions

ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်

Hnin Nu Wai • 3 answers

တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ

မောင်ကျော်ခိုင် • 2 answers

ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်

Theint Theint Nway • 2 answers

ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ

ko saw moe oo • 2 answers

ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်

ဒေါ်ဝင်းလဲ့ဝါ • 2 answers

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....