Green Way
ခရမ်းချဥ်ပင်တွင် ကျရောက်လေ့ရှိသော မှိုရောဂါများအကြောင်း

ခရမ်းချဥ်ပင်တွင် ကျရောက်လေ့ရှိသော မှိုရောဂါများအကြောင်း

Sandakue Aung
Sandakue Aung 25/08/2020

          ခရမ်းချဉ်သည် Solanaceae မျိုးရင်းတွင် ပါ၀င်သော စီးပွားရေး အရ အရေးပါသော သီးနှံဖြစ်သည်။ ယခုအခါ ခရမ်းချဉ်သီး အမှည့်များကို အစိမ်းလိုက်ဖြစ်စေ၊ ချက်ပြုတ်၍ဖြစ်စေ စားသုံးကြသည်။ ထို့ကြောင့် အိမ်တိုင်းတွင် မရှိမဖြစ်လိုအပ်သော သီးနှံတစ်မျို းဖြစ်လာပါတော့သည်။ ဖျက်ပိုးများ၊ မှိုရောဂါများ နှင့် အာဟာရချို့တဲ့မှုများကြောင့် ခရမ်းချဉ်၏ အရည်အသွေးနှင့် အထွက်နှုန်းများကို ကျဆင်းစေပါသည်။ ၎င်းတို့ထဲမှ ခရမ်းချဉ်တွင် ကျရောက်လေ့ရှိသော မှိုရောဂါများအကြောင်းကို ဆွေးနွေးတင်ပြချင်ပါသည်။

(၁)စောပင်နာကျရောဂါ(Early blight)

ရောဂါဖြစ်စေသောသက်ရှိ   -  Alternaria solani

     ရောဂါလက္ခဏာ - မြေပြင်နှင့်ကပ်လျက်ရှိသော အရွက်အိုများတွင် သေးငယ်သော အမဲစက်လေးများ စတင်ဖြစ်ပေါ်လာပါသည်။ အရွက်၊ ပင်စည် နှင့် အသီး၏ အညှာပတ်လည်တွင် ဗဟိုတူအကွင်းများဖြင့် အညိုရောင်အနာကွက်များကို တွေ့ရပါသည်။ ရောဂါပြင်းထန်ပါက အပင်၏အရွက် နှင့် အသီးများ ကြွေကျနိုင်သည်။

ကာကွယ်နှိမ်နင်းနည်း

    • ရောဂါဒဏ်ခံနိုင်ရည်ရှိသော ခရမ်းချဉ်မျိုးများကို အသုံးပြုပါ။

    • ရောဂါကျရောက်ထားသော ပင်ကြွင်းပင်ကျန်များကို မီးရှို့ဖျက်ဆီးပါ။

    • Chlorothalonil ၊ Mancozeb ၊ Azoxystrobin စသော မှိုသတ်ဆေးများကို နှုန်းထားမှန်မှန် အသုံးပြုပါ။

(၂) နှောင်းပင်နာကျရောဂါ( Late blight)

ရောဂါဖြစ်စေသောသက်ရှိ  - Phytophthora infestans 

ရောဂါလက္ခဏာ    - အရွက်များအပေါ်တွင်လည်း ရေစိုနာအကွက်များ စတင်ဖြစ်ပေါ်လာသည်။ ရွက်နားနှင့် ထိပ်ဖျားပိုင်းတွင် တွေ့ရသည်။ ထိုရေစိုနာအကွက်နှင့်အတူ အရွက်အောက်မျက်နှာပြင်တွင် အဖြူရောင်မှိုမျှင်များ ထွက်လာသည်။ ရောဂါကျနေသော အသီးများတွင် ဆီချေးကွက်များကို တွေ့ရသည်။ ဆိုးရွားလာပါက အရွက် နှင့် ပင်စည်များတွင် လျင်မြန်စွာ ညှိုးနွမ်း တွန့်ရှုံလာပြီး တစ်ပင်လုံးသေသွားတတ်ပါသည်။ 

ကာကွယ်နှိမ်နင်းနည်း

    • အာလူး၊ ခရမ်း၊ ငရုတ်ပင်များဖြင့် တွဲဖက်မစိုက်သင့်ပါ( နှောင်းပင်နာကျရောဂါသည် ထိုအပင်များတွင်လည်း ဆိုးရွားစွာ ကျရောက်နိုင်သောကြောင့် ဖြစ်သည်။

    • ဓာတုဆေးဖြစ်သော Cymoxanil ၊ Chlorothalonil တို့ဖြင့်လည်း ကာကွယ်နှိမ်နင်းနိုင်သည်။

(၃) မှည့်ပျောက်စွန်းရောဂါ (Anthracnose)

ရောဂါဖြစ်စေသောသက်ရှိ  - Colletotrichum coccodes

     ရောဂါလက္ခဏာ     -  မိုးရွာပါက မြေကြီးထဲရှိ ရောဂါဖြစ်စေသောမှိုသည် မိုးစက်များနှင့်အတူ ခရမ်းချဉ်သီးကိုထိမိသော နေရာမှ ရောဂါ၀င်ရောက်နိုင်သည်။ ရောဂါဖြစ်စေသောမှိုသည် ခရမ်းချဉ်သီးအစိမ်းကို တိုက်ခိုက်သော်လည်း အသီးမှည့်ချိန်မှသာ ရောဂါလက္ခဏာပြသည်။ ခရမ်းချဉ်အမှည့်ပေါ်တွင် စက်ဝိုင်းပုံ ချိုင့်၀င်နေသော အနာကွက်များ ဖြစ်ပေါ်လာသည်။ အနာကွက်ကြီးထွား လာသည်နှင့်အမျှ အလယ်တွင်အနက်ရောင်‌ပြောင်းလာသည်။ အရွက်နှင့် ပင်စည်များတွင် ရောဂါလက္ခဏာ တွေ့ရနည်းသည်။

ကာကွယ်နှိမ်နင်းနည်း

    • ခရမ်းချဉ်မျိုးနွယ် မဟုတ်သော သီးနှံများနှင့် သီးလှည့်စိုက်ပျိုးပါ။

    • Benomyl ၊ Carbendazim ၊ Mancozeb ၊ Chlorothalonil အစရှိသော မှိုသတ်ဆေးတစ်မျိုးမျိုးဖြင့် ပတ်ဖြန်းပါ။

    • အသီးမှည့်ချိန်တွင် sprinkler ဖြင့်ရေဖြန်းခြင်း မပြုလုပ်သင့်ပါ။

(၄) စက်(ပ်)တိုးရီးယားအစက်ပျောက်ရောဂါ (Septoria spot)

ရောဂါဖြစ်စေသောသက်ရှိ  - Septoria lycopersici

     ရောဂါလက္ခဏာ     - အရွက်၏ အောက်မျက်နှာပြင်တွင် ဝိုင်းစက်နေသော အစက်အပြောက်များ စတင်ဖြစ်ပေါ်လာသည်။ အလယ်တွင် မီးခိုးရောင်ဖြစ်ပြီး အညိုရင့်ရောင် အနားသတ်ထားသော အဝိုင်းကွက်များ တွေ့ရသည်။ အပင်၏ အောက်ခြေမှစ၍ အပေါ်ဖက်သို့ ပျံ့နှံနိုင်သည်။ ရောဂါပြင်းထန်လာပါက အနာကွက်များ များပြားလာကာ အရွက်သည် အညိုရောင်ပြောင်းပြီး ညှိုးနွမ်းလာသည်။ ထိုရောဂါသည် ခရမ်းချဉ်ပျိုးပင်မှ အရွယ်ရောက်သည်အထိ တိုက်ခိုက်နိုင်သည်။

ကာကွယ်နှိမ်နင်းနည်း

    • Copper-based fungicide ၊ Chlorothalonil ၊ Maneb စသောမှိုသတ်ဆေးများ အသုံးပြုပါ။

မစန္ဒကူးအောင်

Ref;

https://extension.umn.edu/diseases/early-blight-tomato

http://blogs.cornell.edu/livegpath/gallery/tomato/tomato-late-blight/

http://entoweb.okstate.edu/ddd/diseases/tomanthracnose.htm

https://www.missouribotanicalgarden.org/gardens-gardening/your-garden/help-for-the-home-gardener/advice-tips-resources/pests-and-problems/diseases/fungal-spots/septoria-leaf-spot-of-tomato.aspx

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်

 

 

You

Related questions

မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ

Kyaw Zin • 1 answers

ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ

ဦးဝင်းအောင် • 3 answers

ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ

ko. latt • 2 answers

နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ

Ukyaw • 1 answers

တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့

သန်းထိုက်အောင် • 3 answers

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....