အထွက်နှုန်းသိသိသာသာ ပိုတိုးတဲ့ ပွားစာဟောင်းမြေဆွေး
မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်း စေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာ မှို အပိုင်း (၇၉)
စိုက်ခင်းများတွင် ဓာတ်မြေသြဇာနှင့် သဘာဝမှိုပွားစာ မြေဆွေးများ ပူးတွဲအသုံးနိုင်သည် (၆)
စိုက်ပျိုးရေးတောင်သူများ စားမှိုစိုက်ပြီးပွားစာဟောင်းများကို မြေပြုပြင်ရာတွင် ပြန်လည်အသုံးချမည်ဆိုပါလျှင် အင်အော်ဂဲနစ် (သို့) အော်ဂဲနစ် မြေသြဇာဖြင့် တွဲသုံးနိုင်ပါသည်။
မြေပြုပြင်ပစ္စည်းများတွင် သတ္ထုဓာတ်ပါဝင်ပါက အပင်နှင့် မြေတွင်းသက်ရှိများကို အန္တရာယ် ဖြစ်စေသည်။ ပီအိပ်ချ်နိမ့်ရာမှ မြင့်သွားခြင်းသည် မြေဆီဓာတ်ကိုကျဆင်းစေသည်။ ဆိုဒီယံပါဝင်မှုမြင့်ပါက အပင်ကိုအဆိပ်ဖြစ်သည်။ (ဆိုဒီယံ) ဆားပါဝင်မှုမြင့်ခြင်းသည် အပင်မှ အမြစ်ဆင်းမှု၊ ရေနှင်အာယာရစုပ်မှု ကျဆင်းသည်။ ပွားစာဟောင်းများ တိုက်ရိုက် သုံးစွဲသည့်တိုင်အောင် ပျော်လွယ်ဆားများ မြင့်သည်ဟုဆိုသော်လည်း မြေသြဇာဆိုင်ရာဥပဒေအရ ခွင့်ပြု ချက် % ထက် လျော့နည်းပါသည်။
ပွားစာဟောင်းများကို မြေဆွေးပြုလုပ်ခြင်း၊ တီမြေဆွေးအဖြစ်ပြုပြင်ပြီးမှသုံးပါက ပျော်လွယ်ဆိုဒီယံ နှင့် ကယ်စီယံဆားများသည် မြေဆွေးပုံစဥ် ခိုင်မာစွာ ကျသွားသည်။ ပွားစာမြေဆွေးအနေဖြင့် အင်အော်ဂဲနစ် (သို့) အော်ဂဲနစ် မြေသြဇာ (တီမြေဆွေး) ဖြင့် အခြခံအားဖြင် အချိုးအဆတူ (၁း၁) တွဲသုံးနိုင်ပါသည်။ ဟင်းသီးဟင်းရွက်အမျိုးအစားအလိုက် ပွားစာ မြေဆွေးကို ၇၅ % ထိ ဖြည့်သုံးနိုင်ပါသည်။
ရရှိနိုင်သော အကျိုးကျေးဇူးများ
- ပွားစာဟောင်းသည် အော်ဂဲနစ်မြေသြဇာလျှော့ချနိုင်သော မြေပြုပြင်ပစ္စည်းအဖြစ်သုံးလျှင် အကျိုးရသည်။
- ပွားစာဟောင်း ၇၅% ပါဝင်သော မြေတွင်စိုက်ထားသော ပဲပင်သည် အပင်ကြီးထွားမှု ပိုကောင်းသည်။
- ပဲပင်တွင် ကလိုရိုဖီး၊ ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်ပါဝင်မှု မြင့်မားသည်ကိုလည်း တွေ့နိုင်သည်။
- တွေ့ရှိချက်များအရ အင်အော်ဂဲနစ်ဓာတ်မြေသြဇာ သုံးစွဲနှုန်း လျှော့ချပြီး ကုန်ကျစရိတ်သက်သာသည့် မှိုပွားစာမြေဆွေးသည် ဇီဝနှိုးဆွ မြေဆွေးအဖြစ် ထိရောက်သော အစားထိုး (သို့မဟုတ်) ဖြည့်စွက် အသုံးပြုနိုင်သည်ဟု ဖော်ပြထားသည်။
ဆလပ်ပင်များတွင် အင်အော်ဂဲနစ်မြေသြဇာကို လျှော့ချပြီး စားမှိုစိုက်ပြီးပွားစာဆွေးကို အစားထိုးသုံးလျှင်

ပွားစာမြေဆွေးသည် ဆားဓာတ်အတန်ငယ် မြင့်လေ့ရှိသော်လည်း အပင်ကို အန္တရာယ် မဖြစ်စေပါ။ အင်အော်ဂဲနစ်ဓာတ်မြေသြဇာနေရာတွင် အစားထိုးနိုင်သည်။ အပင်ထွက်ကောင်းပါသည်။ စားမှိုစိုက်ပြီးပွားစာမြေဆွေးသုံး ဆလပ်ပင်သည် နိုက်ထရိုဂျင်၊ ဖော့စဖရပ် ပါဝင်မှုမြင့်သည်။ ပိုတက်စီံယံ၊ သံဓာတ် နှင့် ဇင့်ပါဝင်မှု လျော့သည်။ စားမှိုစိုက်ပြီးပွားစာဟောင်း မြေဆွေးသုံးစွဲခြင်းသည် ပတ်ဝန်းကျင်မိတ်ဖက် လမ်းကြောင်းတစ်ခုဖြစ်သည်။
စားမှိုစိုက်ပြီး ပွားစာဟောင်း မြေဆွေးသုံးစွဲပါက ၆၂ ရက်နောက်ပိုင်းတွင် မြေအစိုင်အခဲ တည်ငြိမ်မှု ကျဆင်းသည်။
မြေကြီး အော်ဂဲနစ် ကာဗွန်တိုးလာသည်။ မြေကြီးတွင် အော်ဂဲနစ် ကာဗွန်တိုးလာခြင်းသည် မြေ၏ထုတ်လုပ်နိုင်စွမ်းအားကို ရေရှည်ထိန်းထားနိုင်သည့် ညွှန်းကိန်းတခုဖြစ်သည်။ စားမှိုစိုက်ပြီး ပွားစာဟောင်း မြေဆွေး သုံးစွဲမှုဖြင့် ဆေးဖက်ဆိုင်ရာ ပစ္စည်းများ၏ ကျန်းမာရေးကောင်းစေသော အရည်အသွေးများတိုးသည်။ အထွက်တိုးသည်။ ၁ဝဝ% အင်အော်ဂဲနစ် မြေသြဇာသုံးခြင်းသည် အထွက်အကောင်းဆုံးဖြစ်သည်။ သို့သော် စားမှို စိုက်ပြီးပွားစာဆွေးသုံးစွဲခြင်းသည် သိုင်းပင်၏ ဆေးဖက်ဆိုင်ရာ အရည်အသွေးများသည် အင်အော်ဂဲ နစ်မြေသြဇာခင်း ထက် ပိုကောင်းသည်။
ကိုးကား
Kwiatkowski CA and Harasim E. The Effect of Fertilization with Spent Mushroom Substrate and Traditional Methods of Fertilization of Common Thyme (Thymus vulgaris L.) on Yield Quality and Antioxidant Properties of Herbal Material. Agronomy 2021, 11(2), 329; https://doi.org/10.3390/agronomy11020329
Paredes C.et al., Effects of spent mushroom substrates and inorganic fertilizer on the characteristics of a calcareous clayey‐loam soil and lettuce production. December 2016. Soil Use and Management 32(4):487-494. DOI:10.1111/sum.12304
Verma D et al., Spent mushroom substrate: a potential sustainable substrate for agriculture International Journal of Grid and Distributed Computing Vol. 13, No. 2, (2020), pp. 104–109
Zied DC et al., Use of Spent Mushroom Substrate in New Mushroom Crops to Promote the Transition towards A Circular Economy. Agronomy 2020, 10(9), 1239; https://doi.org/10.3390/agronomy10091239
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
အပင်အာဟာရဓာတ်များ
Related questions
မြေသွေးနဲ့ ကြက်သွန်စိုက်လိုရလား
ဇော်မင်းနိုင် • 1 answers
နွားသေးရည်ကိုဘယ်နှစ်ရက်ထားပိမှနှမ်းခင်းကိုပတ်ဖျန်းရတာလဲ့နွားသေးရည်ကိုဘယ်နှစ်ရက်ထားရတာလဲ့?နွားသေးရည်းကိုဘယ်လို့သိမ်းထားရတာလဲ့
Tin Tun Aung • 2 answers
ဒီသဘာဝမြေဆွေးကိုကြက်မောက်အပင်ငယ်စိုက်ထားတာတစ်နှစ်ရှိပါပီ ကြွေးရင် တစ်ပင်ကို ဘယ်လောက်ထည့်ရမလဲ ဆရာတို့
Sawdohhtoo Sawsaw • 3 answers
ကလောက်ဒီကို မြေအစိုဓာတ်ဝေးတဲ့အချိန်မှာ ကြ က်သွန်နီကို ဖျန်းလို့ အဆင်ပြေလားဗျာ အာနိသင် ရှိမရှိလေးပြောပြပေးပါအုံး
Aung Lay • 4 answers
နွားသေး ထန်းလျှက် နွားချီး ပြာ အချိုးစားလေးပြောပြပေးပါလား မြေဩဇာလုပ်ချင်လို့ပါ မြေပဲ နှင့် နှမ်းသုံးချင်လို့ပါ အပင်သက်တမ်းတွေကတော့ 25ရက်ရှိပါပြီ
Ukyaw • 6 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဒေါ်မြမြ ပါမောက္ခ(ငြိမ်း)
See all
မိုက်ခရိုဂရင်းများတွင် ကျရောက်တတ်သောရောဂါများကို ကုသနည်း
30/04/2024
ပွားစာဆွေးများကို မိုက်ခရိုဂရင်းစိုက်ပျိုးရာတွင် သုံးခြင်းဖြင့် တိုးလာစေသော ဂုဏ်သတ္တိများ
09/04/2024
ခဲမြေအစားထိုးအဖြစ်သုံးသင့်သော ကြီးထွားမီဒီယာများ
02/04/2024
ကိုယ်ခံစွမ်းအားမြင့်စေသည့် မိုက်ခရိုဂရင်းများ
07/03/2024
မိုက်ခရိုဂရင်းဆိုတာ စူပါအစားအစာလား?
27/02/2024