ပွားစာဆွေးများကို မိုက်ခရိုဂရင်းစိုက်ပျိုးရာတွင် သုံးခြင်းဖြင့် တိုးလာစေသော ဂုဏ်သတ္တိများ
မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမည့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း (၉၃)
စားမှိုစိုက်ပြီး ပွားစာဆွေးများကို မိုက်ခရိုဂရင်း ပျိုးပင်ပေါက်စိုက်ခင်းများတွင် သုံးစွဲခြင်း (၁၄)
ခဲမြေအစားထိုး ကြီးထွားမီဒီယာအဖြစ် ကုန်ကျစရိတ်သက်သာသော စားမှိုစိုက်ပြီး ပွားစာဟောင်း မြေဆွေး (သို့မဟုတ်) အုန်းခွံမှင်ဖတ် နှင့် ခဲမြေအရောကို ဒေသထွက် မိုက်ခရိုဂရင်း ကြီးထွားမီဒီယာအဖြစ် အသုံးပြုပါ။
အဘယ်ကြောင့်ဆိုသော် စားမှိုစိုက်ပြီး ပွားစာဟောင်းမြေဆွေးသည် ကုန်ကျစရိတ် သက်သာသော ဒေသထွက် အော်ဂဲနစ်ပစ္စည်းတမျိုးဖြစ်သည်။ မြေဆွေးများကို သဘာဝအတိုင်း နေလှန်း၍ ပိုးသန့်ပြီး အသုံးပြုနိုင်သည်။ အော်ဂဲနစ်ပစ္စည်း ၂၅%နှင့် မြေပြုပြင်ရန် လိုအပ်သော အာဟာရများ ပါဝင်သည်။ ပွားစာမြေဆွေးကို မြေကြီးနှင့် ၅ဝး၅ဝ ရော၍ သုံးနိုင်သည်။ စားမှိုစိုက်ပြီး ပွားစာဟောင်း ၇၅% ကို ထည့်စိုက်ထားသော မြေစိုက်ပဲပင်သည် အပင်ကြီးထွားမှု ပိုကောင်းသည်ဟု သုတေသနပြုသူများက ဖော်ပြထားသည်။ မြေဆွေး၏အားနည်းချက် တစ်ခုမှာ ပျော်ဝင်လွယ်သော ဆားပါဝင်မှု မြင့်မားသည်၊
ခဲမြေသည် အာဟာရပါဝင်မှု မျှတသည်။ ခဲမြေတူးသည့်နေရာအတွက် ကာဗွန် ထုတ်လုပ်မှုသည် မြင့်သည်။ ခဲမြေတူးသည့် နေရာသည် သတ်မှတ်ချက် များလာသဖြင့် ခဲမြေစျေးသည်လည်း တစတစ မြင့်တက်လာသည်။ မိုက်ခရိုဂရင်းများအတွက် အဏုဇီဝသက်ရှိ ညစ်ညမ်းမှုအရင်းအမြစ် ဖြစ်သည်။
စားမှိုစိုက်ပြီး ပွားစာဟောင်း မြေဆွေးများတွင် ပျော်ဝင်လွယ်သောဆားပါဝင်မှု မြင့်မားခြင်းကို ထိန်းညှိပေးရန် ခဲမြေကိုရော၍ အသုံးပြုသင့်သည်။ ခဲမြေလျှော့ချအသုံးပြုခြင်းဖြင့် ကာဗွန်ထုတ်လုပ်မှုကို နည်းစေသည်။ ထိုကဲ့သို့ စားမှိုစိုက်ပြီး ပွားစာ မြေဆွေးကို ခဲမြေနှင့် ၅ဝ:၅ဝ အရောကို ခဲမြေ အစားထိုးမီဒီယာအဖြစ် အသုံးပြုခြင်းသည် မိုက်ခရိုဂရင်း စိုက်ပျိုးရေးအတွက် တပိုင်တနိုင်သာမက စီးပွားဖြစ်အတွက်ပါ အလားအလာ ကောင်းသည်။
စားမှိုစိုက်ပြီး ပွားစာဟောင်း မြေဆွေးနှင့် ခဲမြေ အချိုးတူ အရောသည် ပဲနှင့် မုန်လာဥ မိုက်ခရိုဂရင်း အန်တီအောက်ဆီးဒန့် တိုးစေသည်။

စားမှိုစိုက်ပြီး ပွားစာဟောင်းမြေဆွေးနှင့် ခဲမြေ အချိုးတူအရောသည် ဖီနော တိုးစေသည်။

စားမှိုစိုက်ပြီး ပွားစာဟောင်း မြေဆွေး အချိုးအစားပိုသုံးလျှင် စပိုင်းနတ် မိုက်ခရိုဂရင်း အခါး သက်သာစေသည်။

ကြီးထွားမီဒီယာများဖြစ်သည့် ပတ်ချွိုင်၊ နံနံ မိုက်ခရိုဂရင်းတို့ရဲ့ ဓာတုပစ္စည်းပါဝင်မှုအပေါ်လွှမ်းမိုးမှု

ကြီးထွားမီဒီယာများ၏ မုံညင်း/ မုန်လာဥ မိုက်ခရိုဂရင်း ဓာတုပစ္စည်း ပါဝင်မှုအပေါ် လွှမ်းမိုးမှု

ကြီးထွားမီဒီယာများ၏ ပင်စိမ်း (အစိမ်း/အနီ) မိုက်ခရိုဂရင်း ဓါတုပစ္စည်းပါဝင်မှုအပေါ် လွှမ်းမိုးမှု

သုံးသပ်ချက်
စားမှိုစိုက်ပြီး ပွားစာဟောင်းမြေဆွေးများသည် စက်ရုံထုတ်ကုန်များမှ ထွက်သော ဘေးထွက်ပစ္စည်းများ ဖြစ်သည်။ ပြန်လည် အသုံးချနိုင်သော အော်ဂဲနစ်ပစ္စည်းများ ဖြစ်သည်။ စျေးသက်သာသည်။ ခဲမြေ အစားထိုးမီဒီယာများတွင် စက်ရုံထုတ် ဘေးထွက်ပစ္စည်းများ ရော၍ အသုံးပြုခြင်းသည် ပတ်ဝန်းကျင်အတွက် လုံခြုံ စိတ်ချရသည်။ ရေရှည်တည်တံ့သည်။ ဒေသအလိုက် အလွယ်တကူ ရသည်။ အကျိုးမပြု အန္တရာယ်ဖြစ်စေသော ဇီဝသက်ရှိများ ပွားများမှုကို ထိန်းသိမ်းနိုင်သည်၊ မိုက်ခရိုဂရင်းများ၏အရည်အသွေးကို ထိန်းသဖြင့် အစားအစာ လုံခြုံစိတ်ချရ သည်။ မိုက်ခရိုဂရင်းများ၏အရည်အသွေးကို ထိန်းသိမ်းမှုဆိုင်ရာ ဘက်စုံလေ့လာမှုများ မြင့်မားလာသည်။ အားနည်းချက်တစ်ခုသည် သက်တမ်းတိုပြီး စိုက်ပျိုးရလွယ်သော မိုက်ခရိုဂရင်းများတွင် အပင်ရောဂါပြဿနာ ဖြစ်သည်။ ပတ်ဝန်းကျင် လုံခြုံစိတ်ချရသော ရိုးရှင်းသော ဖြေရှင်နည်းများကိုလည်း ရေးသားဖော်ပြကြရန် လိုအပ်သည်။ ၎င်းတို့ထဲမှ အခြေခံအကျဆုံး နည်းလမ်းမှာ အသုံးပြုသော ကြီးထွားမီဒီယာ အမျိုးအစား/အချိုးအစား ဖြစ်သည်။ အိမ်ခြံဝန်းများတွင် တပိုင်တနိုင်စိုက်သူများ၊ ဝါသနာရှင်များ၊ ကျောင်းနေ ကလေးများအတွက် သင်ကြားရေး အထောက်အကူပြုသင်တန်း ဆရာဆရာမများ၊ စီးပွားဖြစ်စိုက်သူများအနေဖြင့် မိမိစိတ်ဝင်စားသော လွယ်ကူ၍ကုန်ကျစရိတ်သက်သာသည့် မီဒီယာများကို သုံးစွဲကြရန် အကြံပြုပါသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Zar Li Chan
1 year agoဒီဆောင်းပါးမှာသုံးထားတဲ့ "ခဲမြေ" ဆိုတာ ဘာကိုဆိုလိုလဲသိချင်ပါတယ်ခင်ဗျ။
ခင်မောင်ဦး
2 years agoခဲမြေဆိုတာဘယ်လိုမြေမျိုးကိုပြောတာလဲခင်ဗျ
Related questions
မြေသွေးနဲ့ ကြက်သွန်စိုက်လိုရလား
ဇော်မင်းနိုင် • 1 answers
နွားသေးရည်ကိုဘယ်နှစ်ရက်ထားပိမှနှမ်းခင်းကိုပတ်ဖျန်းရတာလဲ့နွားသေးရည်ကိုဘယ်နှစ်ရက်ထားရတာလဲ့?နွားသေးရည်းကိုဘယ်လို့သိမ်းထားရတာလဲ့
Tin Tun Aung • 2 answers
ဒီသဘာဝမြေဆွေးကိုကြက်မောက်အပင်ငယ်စိုက်ထားတာတစ်နှစ်ရှိပါပီ ကြွေးရင် တစ်ပင်ကို ဘယ်လောက်ထည့်ရမလဲ ဆရာတို့
Sawdohhtoo Sawsaw • 3 answers
ကလောက်ဒီကို မြေအစိုဓာတ်ဝေးတဲ့အချိန်မှာ ကြ က်သွန်နီကို ဖျန်းလို့ အဆင်ပြေလားဗျာ အာနိသင် ရှိမရှိလေးပြောပြပေးပါအုံး
Aung Lay • 4 answers
နွားသေး ထန်းလျှက် နွားချီး ပြာ အချိုးစားလေးပြောပြပေးပါလား မြေဩဇာလုပ်ချင်လို့ပါ မြေပဲ နှင့် နှမ်းသုံးချင်လို့ပါ အပင်သက်တမ်းတွေကတော့ 25ရက်ရှိပါပြီ
Ukyaw • 6 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဒေါ်မြမြ ပါမောက္ခ(ငြိမ်း)
See all
မိုက်ခရိုဂရင်းများတွင် ကျရောက်တတ်သောရောဂါများကို ကုသနည်း
30/04/2024
ခဲမြေအစားထိုးအဖြစ်သုံးသင့်သော ကြီးထွားမီဒီယာများ
02/04/2024
ကိုယ်ခံစွမ်းအားမြင့်စေသည့် မိုက်ခရိုဂရင်းများ
07/03/2024
မိုက်ခရိုဂရင်းဆိုတာ စူပါအစားအစာလား?
27/02/2024
အုန်းခွံမျှင်ဖတ်/အုံးခွံခဲမြေနဲ့ စိုက်တဲ့ မိုက်ခရိုဂရင်းများကြီးထွားမှုနှင့် အာဟာရဖြစ်မှု
23/02/2024
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....