မိုက်ခရိုဂရင်းများတွင် ကျရောက်တတ်သောရောဂါများကို ကုသနည်း
မြေညံ့ကို ပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း (၉၄)
စားမှိုစိုက်ပြီးပွားစာဆွေးများကို မိုက်ခရိုဂရင်း ပျိုးပင်ပေါက်ခင်းများတွင် သုံးစွဲခြင်း (၁၅)
မိုက်ခရိုဂရင်းများ စားသုံးခြင်း လုံခြုံစိတ်ချရမှု ရှိ၊ မရှိနှင့် ပတ်သက်သော ခိုင်မာသည့် အတွေ့အကြုံများသည် ကွာဟချက် အမျိုးမျိုး ရှိနေသေးသည်။ ယနေ့ထိ မိုက်ခရိုဂရင်းများစားသုံးခြင်း၏ ဘေးထွက်ဆိုးကျိုးများ တင်ပြချက်များ မရှိသေးပါ။ မည်သို့ဆိုစေ ၂ဝ၂၂ ခုနှစ်တွင် အမေရိကန်နိုင်ငံ အက်ဖ်ဒီအေ (US Food and Drug Administration , FDA 2022) နှင့် ကနေဒါနိုင်ငံ အစားအစာ ကွပ်ကဲရေး အေဂျင်စီ (Canadian Food Inspection Agency, CFIA 2022) မှ မိုက်ခရိုဂရင်းထုတ်ကုန်များနှင့် လူများတွင်ဖြစ်သောရောဂါများ ဆက်နွယ်မှုဖြင့် ပတ်သက်၍ တင်ပြချက်များ ရှိနေသည်။ စိစစ်မှု၊ အမျိုးအစားခွဲခြင်း၊ စိုက်ပျိုးထုတ်လုပ်အဆင့်မှ ရောင်းချခြင်းအဆင့်ထိ ကြိုတင်ကာကွယ်မှုများ လိုအပ်လာပြီ ဖြစ်သည်။ လုံခြုံစိတ်ချရမှု၏ အကြောင်းအရင်းအမြစ်သည်လည်း သက်ရှိ၊ သက်မဲ့များကြောင့်ဖြစ်သော ပြဿနာများ၏စိန်ခေါ်မှုများ ဖြစ်သည်။ စိုက်ရက် ၁ဝ-၂၁ ရက်အတွင်းသာရှိပြီး သက်တမ်းတို၍ စိုက်ပျိုးရလွယ်သော မိုက်ခရိုဂရင်းများမှာလည်း အပင်ရောဂါပြဿနာ ရှိသည်။ အထူးသဖြင့် ပင်ခြေနာခြင်း၊ အပင်နာကျသေခြင်း ဖြစ်သည်၊

ဖြေရှင်းနည်း
လွယ်ကူသော ဖြေရှင်းနည်းသည် ပြုစုနည်းများနှင့် အသုံးပြုသော ကြီးထွားမီဒီယာ အမျိုးအစားနှင့် အချိုးအစား ဖြစ်သည်။ မိုက်ခရိုဂရင်းကို တပိုင်တနိုင် စိုက်ပျိုးသောသူ အများစု ဆောင်ရွက်နိုင်သော ပြုစုနည်းများကို ဖော်ပြလိုပါသည်။
၁။ ရောဂါကင်းသော မျိုးစေ့များ သုံးရမည်။
၂။ ပိုးသန့်ထားသော မြေကြီး၊ အော်ဂဲနစ်ပစ္စည်းများသာ သုံးရမည်။
၃။ ကြီးထွားမီဒီယာအသစ်သာ သုံးပါ၊ အဟောင်းများ ပြန်မသုံးရ။
၄။ အသုံးပြုပြီး ရေကို ပြန်လည်မသုံးရ။
၅။ အိမ်တွင်းစိုက် မိုက်ခရိုဂရင်းကို ယူဗွီ အလင်းပေးစိုက်ခြင်းသည် အပင်ရောဂါသက်ရှိအင်အား နည်းစေသည်။ ဖယ်ရှားနိုင်ခြင်း မရှိပါ၊
၆။ရိတ်သိမ်းစဥ် အပင်ဒဏ်ရာ မဖြစ်စေရ။ ရိတ်သိမ်းပြီးပါက ရေမဆေးရ၊
၇။ ဗန်းဟောင်းများကို ပိုးသန့်ပါ။
၈။ အပင်များကို သန့်သန့် ရှင်းရှင်းကိုင်တွယ်ပါ။ စိတ်ချရသော ထုပ်ပိုးသိုလှောင်နည်း သုံးပါ။ မှတ်တမ်းများ စနစ်တကျ ထားပါ။
၉။ မျိုးစေ့နှင့် ပိုးမသန့်သော ကြီးထွားမီဒီယာကြောင့် စိုက်ပြီး အပင်ငယ် ၁ပတ် ခန့်တွင် အပင်ညှိုးခြင်း ဖြစ်တတ်ပါသည်။ နေ့စဥ် စိစစ်ပါ။ ပုံသဏ္ဍာန်မမှန်သော အပင် တွေ့တွေ့ခြင်း ဖယ်ရှားပါ။
၁ဝ။ အပင်ကြီးထွားစေသောဆေးများ သုံးပါက ဆေးကြွင်း ဆေးကျန်များ မကျန်စေရ။
၁၁။ စိတ်ချရသော ဇီဝမှိုသတ်ဆေးကို နှုန်းမှန်မှန်ကန်ကန်ဖြင့် မျိုးစေ့လူးနယ် စိုက်နိုင်သည်။
မြေဆွေးအခြေခံသော ကြီးထွားမီဒီယာတွင် ပိုးသန့် သော ကြီးထွားမီဒီယာ နှင့် ပြုစုနည်းများဖြင့် ဇီဝသက်ရှိအရေအတွက် ကျစေခြင်း

မြေဆွေး အခြေခံသော ကြီးထွားမီဒိယာ

အမြစ်ပုပ်နှင့် ပင်နာကျရောဂါဖြစ်စေသော သက်ရှိ (P.irregular) စွဲကပ်မှု အညွှန်း %ကျဆင်းမှု

အမြစ်ပုပ်နှင့် ပင်နာကျရောဂါသက်ရှိ ကျရောက်သော ၁ဝရက်သက်တမ်းရှိ ဟင်းနုနွယ် မိုက်ခရိုဂရင်းများကို ဇီဝမှိုသတ်ဆေးဖြင့် မျိုးစေ့ဆေးစီရင်ခြင်း
ဟင်းနုနွယ် မိုက်ခရိုဂရင်းများတွင်ကျသော အမြစ်ပုပ်နှင့် ပင်နာကျရောဂါ (damping off) ဆိုတာဘာလဲ?

ကျန်းမာသော ဟင်းနုနွယ် မိုက်ခရိုဂရင်းများ

ဟင်းနုနွယ် မိုက်ခရိုဂရင်းများတွင် အမြစ်ပုပ်နှင့် ပင်နာကျရောဂါသက်ရှိ ကျရောက်ခြင်း

ပင်နာကျ ရောဂါ ရောဂါ ဖြစ်စေသက်ရှိများအတွက် ဇီဝမှိုသတ်ဆေးကို ရေဘုယျ အသုံးပြုပုံ

အမြစ်ပုပ်နှင့် ပင်နာကျရောဂါသက်ရှိ ကျနေသော မိုက်ခရိုဂရင်းကို ဇီဝမှိုသတ်ဆေးဖြင့် မျိုးစေ့ ဆေးစီရင်ခြင်း

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Related questions
မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ
Kyaw Zin • 1 answers
ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ
ဦးဝင်းအောင် • 3 answers
ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ
ko. latt • 2 answers
နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ
Ukyaw • 1 answers
တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့
သန်းထိုက်အောင် • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဒေါ်မြမြ ပါမောက္ခ(ငြိမ်း)
See all
ပွားစာဆွေးများကို မိုက်ခရိုဂရင်းစိုက်ပျိုးရာတွင် သုံးခြင်းဖြင့် တိုးလာစေသော ဂုဏ်သတ္တိများ
09/04/2024
ခဲမြေအစားထိုးအဖြစ်သုံးသင့်သော ကြီးထွားမီဒီယာများ
02/04/2024
ကိုယ်ခံစွမ်းအားမြင့်စေသည့် မိုက်ခရိုဂရင်းများ
07/03/2024
မိုက်ခရိုဂရင်းဆိုတာ စူပါအစားအစာလား?
27/02/2024
အုန်းခွံမျှင်ဖတ်/အုံးခွံခဲမြေနဲ့ စိုက်တဲ့ မိုက်ခရိုဂရင်းများကြီးထွားမှုနှင့် အာဟာရဖြစ်မှု
23/02/2024
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....