အစားအသောက်အကြွင်းအကျန်များနဲ့ပြုလုပ်သော မြေဆွေး၏ အပင်ပေါ်အကျိုးသက်ရောက်မှု
မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း (၅၈)
အော်ဂဲနစ်မြေသြဇာဖြစ်သော မြေဆွေးနှင့်ဇီဝမြေသြဇာများ ပူးတွဲသုံးခြင်းသည် သီးနှံအရည်အသွေးတိုးစေသည် (၁ဝ)
အင်အော်ဂဲနစ်ဓာတ်မြေသြဇာသုံးစွဲမှု (၅ဝ%) လျှော့ချသုံးနိုင်ရန် ဇီဝနှိုးဆွစားကြွင်းစားကျန်မြေဆွေးများ ဖြည့်စွက်အသုံးပြုပါ။
ဘာကြောင့် သုံးသင့်တာလဲ?
အင်အော်ဂဲနစ်ဓာတ်မြေသြဇာ (၅ဝ%) သုံးစွဲမှု လျှော့ချပြီး အပင်အတွက်လိုအပ်သော သတ်မှတ် နိုက်ထရိုဂျင်နှုန်း (Recommended nitrogen dose, RND) ထားအတိုင်း ပြန်လည်ရရှိရန် နိုက်ထရိုဂျင်ကြွယ်ဝသော ဇီဝနှိုးဆွစားကြွင်းစားကျန်မြေဆွေးများ ဖြည့်စွက်သုံးခြင်းသည် မြေအဆီသြဇာကောင်းခြင်း၊ အပင်များ ကြီးထွားမှု၊ အထွက်နှင့် အရည်အသွေးကိုတိုးစေသည်။
စားကြွင်းစားကျန်မြေဆွေးများ၏ အပင်အကျိုးပြု ဇီဝကမ္မဖြစ်စဥ်

အပင်အကျိုးပြု ဇီဝကမ္မဖြစ်စဥ်
ဟူးမစ်အက်ဆစ်သည် လေဖြင့် မြေဆွေးခြင်းဖြစ်စဥ်မှ ရသည်။ အပင်ကြီးထွားစေသည်။ ရေထိန်းသည်။ အာဟာရဓာတ်ကြွယ်ဝစေသည်။ ရောဂါအကျနည်းစေသည်။ ဟူးမစ်အက်ဆစ်လုပ်ငန်းများသည် ဖီနောလစ်၊ ကာဘိုဇိုင်းလစ်အုပ်စုနှင့် ဆက်နွှယ်နေသည်။ ဟူးမစ်အက်ဆစ်၏ အကျိုးပြုမှုကို ထောက်ကူသည်။ (Zhou et al.,2014)
ဘာကြောင့် အခြေခံစားကြွင်းစားကျန်များကို မြေဆွေးပြုလုပ်ရာတွင် ထုထည်ပွားပစ္စည်းများထည့်ရတာလဲ?
ထုထည်ပွားပစ္စည်းဟူသည် လွှစာနှင့် အရွက်အကြွင်းအကျန်များဖြစ်သည်။
စားကြွင်းစားကျန်များ ကို မြေဆွေးပြုလုပ်ရာတွင်အားနည်းချက်များ (Zhou et al., 2018)
- ၁။ မြေဆွေးမှုကောင်းစေသော လေဝင်လေထွက်ပေါက်များညံ့သည်။
- ၂။ အစိုဓာတ်မြင့်သည်။
- ၃။ စီအန် (C:N) အချိုးနိမ့်သည်။
- ၄။ မြေဆွေးမြည့်နေစဥ် rapid hydrolysis ပါဝင်သောပစ္စည်းများ ကြေပျက်မှုမြန်ခြင်း၊ အော်ဂဲနစ်အက်ဆစ်များ စုစည်းမှုမြန်သည်။
ထုထည်ပွားပစ္စည်းများအဖြစ် လွှစာနှင့် အရွက်/ အပင်အခေါက် အကြွင်းအကျန်များသုံးပါလျှင်
- ၁။ စီအန် (C:N) အချိုးကို ညှိပေးသည်။
- ၂။ အစိုဓာတ်ကို ညှိပေးသည်။ လျော့ကျစေသည်။
- ၃။မြေဆွေးမှုကောင်းစေသော လေဝင်လေထွက်ပေါက်များဖြစ်စေသည်။
ထုထည်ပွားပစ္စည်းများထည့်ရမည့်အချိုး
- ၁။ ထုထည်ပွားပစ္စည်းများ (ခြံထွက်အလေအလွင့်များ) ကို ၄ဝ% ထည့်သင့်သည်။
- ၂။ လွှစာကို ထုထည်ပွားပစ္စည်းအဖြစ်သုံးလျှင် နှုန်းနည်းပါက ဆွေးမြည့်မှုအတွက် ကောင်းစွာထောက်ကူခြင်းမပြုပါ။
လွှစာကို အချိုးပိုထည့်သင့်သည်။ လွှစာနှင့်အပင်အခေါက်သည် အလွယ်တကူရပြီး ကုန်ကျစရိတ်သက်သာသဖြင့် အသုံးများသည်။
အစားအသောက်အကြွင်းအကျန်များ (ထမင်းဟင်းအကျန်) တွင် ထုထည်ပွားပစ္စည်းအဖြစ် လွှစာနှင့် နွားချေးကို (၁း ၅း ၁ဝ) သုံးပြီး အိုးစိုက်ဟင်းသီးဟင်းရွက်အပင်များအတွက် ဒေသခံအဏုဇီဝပိုးထုတ်ယူ မြေဆွေးပြုလုပ်နည်း (မြမြ ၂ဝ၂ဝ)

စားကြွင်းစားကျန်များ မြေဆွေးပြုလုပ်ရာတွင် ထုထည်ပွားပစ္စည်းအဖြစ် လွှစာနှင့် ဆေးဖက်ဝင်အပင်/အရွက် အကြွင်းအကျန်များကို အချိုးတူ (၁း၁း၁) သုံးခြင်း အကျိုးကျေးဇူး
၁။ စုစုပေါင်း အော်ဂဲနစ်ကာဗွန် %

စုစုပေါင်း အော်ဂဲနစ်ကာဗွန် %
၁။ မြေဆွေး ဆွေးမြည့်ကာလ ၅၆ ရက်တွင် စုစုပေါင်း အော်ဂဲနစ် ကာဗွန် % ကျဆင်းသည်။
၂။ မြေဆွေး ဆွေးမြည့်မှု ၅၆ ရက်တွင် ပီအိပ်ချ်ထိန်းသည့် ထုံး ၂.၂၅% ထည့်ပါသည်။
ထုထည်ပွားပစ္စည်းထည့်ခြင်း အကျိုးကျေးဇူးပိုရရှိရန် ထမင်းဟင်းအကျန်လွှစာနှင့် အရွက်အကြွင်းအကျန်ကို ၁း၁း၁ (အခြောက်အလေးချိန်)အခြေခံအသုံးပြုသည်။
၃။ စုစုပေါင်းအော်ဂဲနစ်ကာဗွန် % များ ကျဆင်းသည်။ အနံ့အသက်ပိုင်းဆိုင်ရာအုပ်စု၏ လုပ်ငန်းတိုးလာသည်။ သိုဖြစ်သဖြင့် မြေဆွေးရင့်ကျက်မှုကို အားပေးသည်။
၄။ ထုထည်ပွားပစ္စည်းအဖြစ် လွှစာနှင့်အရွက်အကြွင်းအကျန်များသုံးခြင်းကြောင့် ဆဲလူးလိုစ်နှင့်လစ်နင်များ ကျဆင်းသည်။ ထုထည်ပွားပစ္စည်းအဖြစ် အရွက်အကြွင်းအကျန်သည် မြေဆွေးဆွေးမြည့်မှုကို အားပေးသည်။
((Zhou et al., 2014)
၂။ စီအန် (C:N) အချိုး

စီအန်အချိုး - မြေဆွေးဆွေးမြည့်ကာလ ၅၆ ရက်အတွင်း စီအန်အချိုးကျဆင်းသည် (Zhou et al., 2014)
၃။ ဟူးမစ်အက်ဆစ်

ဟူးမစ်အက်ဆစ် - အစားအသောက်အကြွင်းအကျန်များ လွှစာနှင့် အရွက်အကြွင်းအကျန်ကို အခြောက်အလေးချိန်အခြေခံပြီး အချိုးတူရောစပ်အသုံးပြုပါက မြေဆွေးဆွေးမြည့်မှုကို ၅၆ ရက်တွင် ဟူးမစ်အက်ဆစ်ဖြစ်မှု အများဆုံးဖြစ်သည် (Zhou et al., 2014)။
၄။ ဟူးမစ်အက်ဆစ် နှင့် ဖူးဗစ် အက်ဆစ်အချိုး

ဟူးမစ်အက်ဆစ် နှင့် ဖူးဗစ်အက်ဆစ်အချိုး - ဟူးမစ်အက်ဆစ်နှင့် ဖူးဗစ်အက်ဆစ်အချိုးသည် မြေဆွေးဆွေးမြည့်မှုကာလ ၅၆ ရက်တွင် အမြင့်ဆုံးဖြစ်သည် (Zhou et al., 2014)။
ဇီဝမြေသြဇာများ၏ အကျိုးပြုဇီဝကမ္မဖြစ်စဥ်မှ တဆင့် အပင်အတွက် လက်တွေ့အကျိုးပြုမှုနှင့်အသုံးချနိုင်မှု ဆက်စပ်သုံးသပ်ချက်
အော်ဂဲနစ်မြေသြဇာများ၏ အပင်အတွက် အရည်အသွေးကောင်းခြင်းကို တစ်ခုစီခွဲခြားအသုံးချခြင်းထက် ထုထည်ပွားပစ္စည်းအဖြစ် လွှစာနှင့် အရွက်၊ အပင်အခေါက်အကြွင်းအကျန်များထည့်ပြီး ဘက်စုံအသုံးချခြင်း ကိုဆောင်ရွက်သင့်သည်။
- ၁။ ဟူးမစ်အက်ဆစ် နှင့် ဖူးဗစ်အက်ဆစ်အချိုးသည် မြေဆွေးဆွေးမြည့်ကာလ ၅၆ ရက်တွင် အမြင့်ဆုံးဖြစ်သည်။
- ၂။ ဟူးမစ်အက်ဆစ်ဖြစ်မှုအပိုင်းထဲမှ အနံ့အသက်ပိုင်းဆိုင်ရာအုပ်စု လုပ်ငန်းတိုးလာပြီး မြေဆွေးဆွေးမြည့်မှုနှင့် ဆက်နွှယ်မှုရှိကြောင်း ရှင်းလင်းသွားသည်။
- ၃။ ဟူးမစ်အက်ဆစ်လုပ်ငန်းများသည် လျော့နည်းသွားသော ဖီနောလစ်နှင့် ကာဘိုဇိုင်းလစ်အုပ်စုနှင့် ဆက်နွှယ်နေသည်။ ဖီနောလစ်နှင့် ကာဘိုဇိုင်းလစ်အုပ်စု လျော့နည်းသွားသော်လည်း အနံ့အသက်ပိုင်းဆိုင်ရာအုပ်စု လုပ်ငန်းတိုး လာပြီး ဟူးမစ်အက်ဆစ်၏ အကျိုးပြုမှုကို ထောက်ကူသည်။ ၅၆ ရက်တွင် မြေဆွေးဆွေးမြည့်သည်။
- ၄။ ထုထည်ပွားပစ္စည်းအဖြစ် အရွက်အကြွင်းအကျန်သည် လစ်နင်ပါဝင်မှု မြင့်သည်။ အကြောင်းမှာ လစ်နင်ဖြည့်စွက် လိုက်သဖြင့် ဟူးမစ်အက်ဆစ် နယူကလီးယပ် ဖွံ့စည်းရန် အားပေးသည်။
- ၅။ အစားအသောက်အကြွင်းအကျန်များကို ထုထည်ပွားပစ္စည်း - လွှစာနှင့် ဆေးဘက်ဝင်အပင်/အရွက် အကြွင်း အကျန်ကို ၁း၁း၁ (အခြောက်အလေးချိန်) အခြေခံအသုံးပြုပါက မြေဆွေးဆွေးမြည့်မှုကို ၅၆ ရက်အတွင်း ရသဖြင့် အိုးစိုက် / ကွင်းစိုက် ဟင်းသီးဟင်ရွက်ပင်များတွင်သုံးသင့်သည်။
ကိုးကား
မြမြ ဒေါ် (၂ဝ၂ဝ) အိမ်နှင့်ကျောင်းဥယျာဥ်ခြံ တည်ထောင်ခြင်း နည်းပညာ လက်စွဲ
Zhou Y.et al., Chinese medicinal herbal residues as a bulking agent for food waste composting. Bioresource Technology. Volume 249, February 2018, Pages 182-188
Zhou Y.et al., Evaluation of humic substances during co-composting of food waste, sawdust and Chinese medicinal herbal residues. Bioresource Technology 168. May 2014.DOI:10.1016/j.biortech.2014.05.070
ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
သဘာဝမြေဩဇာ
Topic 2
ကိုယ်တိုင်လုပ် သဘာဝမြေသြဇာများ
Applicable farm inputs (Ad)
Related questions
မြေသွေးနဲ့ ကြက်သွန်စိုက်လိုရလား
ဇော်မင်းနိုင် • 1 answers
နွားသေးရည်ကိုဘယ်နှစ်ရက်ထားပိမှနှမ်းခင်းကိုပတ်ဖျန်းရတာလဲ့နွားသေးရည်ကိုဘယ်နှစ်ရက်ထားရတာလဲ့?နွားသေးရည်းကိုဘယ်လို့သိမ်းထားရတာလဲ့
Tin Tun Aung • 2 answers
ဒီသဘာဝမြေဆွေးကိုကြက်မောက်အပင်ငယ်စိုက်ထားတာတစ်နှစ်ရှိပါပီ ကြွေးရင် တစ်ပင်ကို ဘယ်လောက်ထည့်ရမလဲ ဆရာတို့
Sawdohhtoo Sawsaw • 3 answers
ကလောက်ဒီကို မြေအစိုဓာတ်ဝေးတဲ့အချိန်မှာ ကြ က်သွန်နီကို ဖျန်းလို့ အဆင်ပြေလားဗျာ အာနိသင် ရှိမရှိလေးပြောပြပေးပါအုံး
Aung Lay • 4 answers
နွားသေး ထန်းလျှက် နွားချီး ပြာ အချိုးစားလေးပြောပြပေးပါလား မြေဩဇာလုပ်ချင်လို့ပါ မြေပဲ နှင့် နှမ်းသုံးချင်လို့ပါ အပင်သက်တမ်းတွေကတော့ 25ရက်ရှိပါပြီ
Ukyaw • 6 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဒေါ်မြမြ ပါမောက္ခ(ငြိမ်း)
See all
မိုက်ခရိုဂရင်းများတွင် ကျရောက်တတ်သောရောဂါများကို ကုသနည်း
30/04/2024
ပွားစာဆွေးများကို မိုက်ခရိုဂရင်းစိုက်ပျိုးရာတွင် သုံးခြင်းဖြင့် တိုးလာစေသော ဂုဏ်သတ္တိများ
09/04/2024
ခဲမြေအစားထိုးအဖြစ်သုံးသင့်သော ကြီးထွားမီဒီယာများ
02/04/2024
ကိုယ်ခံစွမ်းအားမြင့်စေသည့် မိုက်ခရိုဂရင်းများ
07/03/2024
မိုက်ခရိုဂရင်းဆိုတာ စူပါအစားအစာလား?
27/02/2024