Green Way
အာဟာရဓါတ် ချို့တဲ့မယ်ဆိုလျှင်......

အာဟာရဓါတ် ချို့တဲ့မယ်ဆိုလျှင်......

ayethandasoe
ayethandasoe Greenovator 26/01/2018

၁။ နိုက်ထရိုဂျင် (N) ချို့တဲ့ခြင်း (Nitrogen deficiency )
လကၡဏာ - အပင်၏အောက်ခြေရှိအရွက်များမှ စတင်၍ ဝါလာပြီးနောက် အရွက်အားလုံး အရောင်ဖျော့ (သို့) ဝါလာသည်။
ဖြစ်စေသည့်အကြောင်းများ - Nသည် အပင်အားလုံးအတွက် အရေးပါသော အဟာရဓါတ်ဖြစ်၍ အပင်ပိုင်း ကြီးထွားမှု ကောင်းမွန်ပြီး အရွက်များကျန်းမာသန်စွမ်းစေရန် သင့်တော်သောပမာဏ လိုအပ်ပါသည်။

ဖြေရှင်းနည်း
N ပမာဏ အကောင်းဆုံးပမာဏပါဝင်သော မြေသြဇာနှင့်ဓါတ်မြေသြဇာများကို ကျွေးပါ။ အရွက်စက်ဝန်း ( leaf canopy) ရှိရမည့် အရွယ်အစားပြည့်သည်အထိ N ထည့်ပါ။ N ကို အကောင်းဆုံးစုပ်ယူနိုင်ရန်အတွက် အမိုင်နိုအက်ဆစ်ကို အဟာရအရည် အဖြစ်ထည့်ပေးပါ။

၂။ ဖော့စဖောရပ် (P) ချို့တဲ့ခြင်း ( Phosphrous Deficiency )
လကၡဏာ - အပင်ကြီးထွားမှု နှေးကွေးလာပြီး အရွက်များ အကြိမ်ကြိမ်ကြွေခြင်းနှင့် အရွက်များတွင် အစိမ်းရင့် ရောင်၊ ခရမ်းရောင် (သို့) အပြာရောင် များရှိသည်။
ဖြစ်စေသည့်အကြောင်းများ - P သည် အပင်၏အမြစ်ပိုင်း ကြီးထွားမှုအတွက်အရေးပါသည့် အဟာရဓါတ် တစ်မျိုးဖြစ်ပြီး နေ၏အလင်းရောင်ကို အားအင်အဖြစ် ပြောင်းပေသည်။ P ချို့တဲ့ပါက အပင်ကြီးထွားမှု လွန်စွာ နှေးကွေးပြီး အရွက်များတွင် အစိမ်းရောင်ချို့တဲ့နေသည်။

ဖြေရှင်းနည်း
အရိုးမှုန့်များထည့်သွင်းခြင်းဖြင့် P ကို ရရှိနိုင်ပါသည်။

၃။ ပိုတက်ဆီယမ် K ချို့တဲ့ခြင်း ( Potassium deficiency)
လကၡဏာ - အခန်းတွင်းစိုက်အပင်များတွင် ပန်းပွင့်မှုနည်းမည်။ သစ်ကိုင်များ ပျော့စေသည်။
ဖြစ်စေသည့်အကြောင်းများ - အပင်များဖူးပွင့်မျိုးပွားရန်အတွက် K သည် အရေးပါသည်။ K ချို့တဲ့သော အပင်များတွင် အပင်ပုသည်။ အပင်၏ပင်စည်များ ပျော့ကွေးလာပါက K လို အပ်နေပြီကို သိနိုင်သည်။

ဖြေရှင်းနည်း
ပန်းပွင့်သောအပင်များတွင် K လိုအပ်ချက် မြင့်သည်။ ပန်းပွင့်သောအချိန်တွင် K သည် N ထက် ပိုလိုအပ် သည်။ ပန်းများကို စီးပွားဖြစ် မှန်လုံအိမ်/ပလတ်တစ်အိမ်များဖြင့် စိုက်ပျိုးပါက K သင့်တော်သော ပမာဏ ထည့်သွင်းရန် လိုအပ်ပါသည်။

 Aye Thanda Soe ( 12.1.2018)
Ref;http:// www.agrifarming.in/common-plant-disease-information/
 

Continue reading related topics, questions and articles.

You
Greenovator

Content provider

Greenovator

ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။ 

Related questions

မြေသွေးနဲ့ ကြက်သွန်စိုက်လိုရလား

ဇော်မင်းနိုင် • 1 answers

နွားသေးရည်ကိုဘယ်နှစ်ရက်ထားပိမှနှမ်းခင်းကိုပတ်ဖျန်းရတာလဲ့နွားသေးရည်ကိုဘယ်နှစ်ရက်ထားရတာလဲ့?နွားသေးရည်းကိုဘယ်လို့သိမ်းထားရတာလဲ့

Tin Tun Aung • 2 answers

ဒီသဘာဝမြေဆွေးကိုကြက်မောက်အပင်ငယ်စိုက်ထားတာတစ်နှစ်ရှိပါပီ ကြွေးရင် တစ်ပင်ကို ဘယ်လောက်ထည့်ရမလဲ ဆရာတို့

Sawdohhtoo Sawsaw • 3 answers

ကလောက်ဒီကို မြေအစိုဓာတ်ဝေးတဲ့အချိန်မှာ ကြ က်သွန်နီကို ဖျန်းလို့ အဆင်ပြေလားဗျာ အာနိသင် ရှိမရှိလေးပြောပြပေးပါအုံး

Aung Lay • 4 answers

နွားသေး ထန်းလျှက် နွားချီး ပြာ အချိုးစားလေးပြောပြပေးပါလား မြေဩဇာလုပ်ချင်လို့ပါ မြေပဲ နှင့် နှမ်းသုံးချင်လို့ပါ အပင်သက်တမ်းတွေကတော့ 25ရက်ရှိပါပြီ

Ukyaw • 6 answers

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....