ပန်းထိမ်ငိုပန်း(Globba winitii - Dancing girl ginger) စိုက်ပျိုးနည်း
ပန်းအလှကို ပန်းထိမ်ဆရာလက်မှိုင်ချရသည်အထိ တင်စားခေါ်ဆိုသော ပန်းထိမ်ငိုပန်း သည် သုံးရာသီရှိသော မြန်မာ့ရေမြေတွင် မိုးကာလတွင် ပွင့်လန်းသည့် ပန်းတစ်မျိုးဖြစ်သည်။ ဘုရားပန်းအဖြစ်သာမက အခမ်းအနားများတွင် တန်ဖိုးထားအလှဆင်သော ဖြတ်ပန်းတစ်မျိုးလည်း ဖြစ်ပါသည်။ ပန်းစိုက်သူတို့အတွက် တွက်ခြေကိုက်သော ပန်းတစ်မျိုးလည်းဖြစ်ပါသည်။
ဒေသ၊ ရာသီဥတု၊ မြေအမျိုးအစား
မူရင်းဒေသမှာ ပူနွေးပြီး စွတ်စိုသောရာသီဥတုရှိသည့် အရှေ့တောင်အာရှဒေသဖြစ်သည်။ perennial herbs နှစ်ရှည်ခံ ပင်ပျော့မျိုးဖြစ်သည်။ ရေကြိုက်သော်လည်းရေဝပ်တာကို မကြိုက်ပါ။ မြေချဉ်ငံကိန်း pH ၅ - ၆ တွင် ကောင်းစွာဖြစ်ထွန်းပြီး မြေနီသဲဝန်း၊ သဲနုံးနှင့် နုံးမြေများတွင် ဖြစ်ထွန်းသည်။ အရိပ်လိုအပ်ချက်ရှိပြီး မျိုးအလိုက် အရိပ်လိုအပ်ချက်မှာ ကွာခြားမှုရှိသည်။ ရေမြေဒေသအခြေအနေအရ ပန်းပွင့်ရန်အတွက် ပူနွေးပြီး နေ့တာရှည်သော နွေကာလလိုအပ်ပြီး အေး၍ နေ့တာတိုသောဆောင်းအခါတွင် အပင်များ ဝါခြောက်သွားသည်။ အပင်များ နားနေသောကာလသည် နိုဝင်ဘာလ မှ ဇန်နဝါရီလကုန်အထိ ဖြစ်သည်။
မျိုး
တစ်ထပ်ပန်းထိမ်းငို၊ နှစ်ထပ်ပန်းထိမ်ငို၊ သုံးထပ်ပန်းထိမ်ငို ဟု ၃ မျိုးရှိသည်။ မျိုးကွဲ ပေါင်းများစွာရှိပြီး ပန်း၏အရောင်များမှာ အဖြူရောင်၊ ခရမ်းရောင်၊ ပန်းရောင် စသည်ဖြင့်ရှိသည်။ ဖေဖေါ်ဝါရီလတွင် ဥများတူးဖော်ကာ စိုက်ပျိုးကြသည်။ အပင်အမြင့် ၁၈-၂၄ လက်မအထိရှိပြီး အရွက်များမှာ အမြဲစိမ်းစိုသည်။ 
စိုက်ပျိုးနည်း
ပထမနှစ်စိုက် စိုက်ဘောင်များဖြစ်ပါက အပင်ကြွင်းကျန်များအား ဖြတ်ထုတ်ပြီး ဘောင် များအပေါ်တွင် မီးပါးပါးရှို့ကာ ကောင်းစွာဆွေးမြေ့သည့် နွားချေးစသည့် မြေဩဇာများ ထည့်၍ ရေမှန်မှန်သွင်းပေးခြင်းဖြင့် ပန်းများစောစီးစွာပွင့်စေသည်။ ပန်းခင်းများအား ၃ နှစ်ထိထားပြီး စိုက်ပျိုးနိုင်သည်။
အပင်ကိုင်းဖြတ်များကို မိုးဦးကျတွင် စတင်စိုက်ပျိုးပါက နောင်နှစ်နွေအကုန် မိုးဦးကျခါနီးတွင် စတင်ခူးဆွတ်နိုင်၍ အပင်စိုက်ပြီး တစ်နှစ်ကြာလျှင် စတင်ခူးဆွတ်နိုင်သည်။ ဥများကို ဇန်နဝါရီလကုန်၊ ဖေဖေါ်ဝါရီလများတွင် စတင်စိုက်ပျိုးနိုင်ပြီး မိုးလလယ်တွင် ခူးဆွတ်နိုင်သည်။
စိုက်ပျိုးရာတွင် အပင်ကို ကိုင်းထိုးခြင်းနှင့် အမြစ်ရှိ မျိုးဥများမှစိုက်ပျိုးခြင်း နှစ်မျိုးဖြင့် စိုက်ပျိုးနိုင်သည်။ အပျော်တမ်းစိုက်ပျိုးသူ အိမ်ရှင်မတို့သည် အိမ်ရှိ ဘုရားပန်းများကပ်လှူပြီး စွန့်ပစ်သည့်အခါ စွန့်ပစ်ပင်စည်များအား အိုးတွင် ကိုင်းထိုးစိုက်ပျိုးထားကြသည်။ စီးပွားဖြစ်စိုက်ပျိုးသူများသည် မျိုးဥများကို ဝယ်ယူစိုက်ပျိုးကြသည်။ 
စိုက်ပျိုးရာတွင် ၃ ပေ အကျယ်ဘောင်ရှည်တွင် ပင်ကြားတန်းကြား ၁၀ လက်မအကွာ ထား၍ စိုက်ဘောင်များ ပြုလုပ်စိုက်ပျိုးနိုင်ပါသည်။ မျိုးဥတစ်ပိဿာတွင် အညှောင့်ထွက်ပြီးအပင် ၁၀၀ ကျော်ရသည်။ အကျယ် ၃ ပေနှင့် အရှည် ၁၀ ပေ စိုက်ဘောင်တွင် ၉ လက်မပတ်လည်အကွာ အပင်များစိုက်ပျိုးရာ အပင် ၅၃၃ ပင် ဝင်ဆံ့သည်။ မိမိစိုက်ပျိုးမည့် နေရာဒေသပေါ် မူတည်၍ စိုက်ဘောင်ကို ပြုပြင်နိုင်သည်။ စိုက်ပျိုးမည့်နေရာ၏ နေရောင်ခြည်ရရှိမှု အခြေအနေပေါ်မူတည်၍ အရိပ်ရရှိအောင် ဆောင်ရွက်ပေးရမည်။ စိုက်ဘောင်များတွင် မျိုးဥကို တိုက်ရိုက်ချ၍လည်း စိုက်ပျိုးနိုင်သည်။ စိုက်ဘောင်များတွင် ကောင်းစွာဆွေးမြေ့သော သဘာဝမြေဩဇာများထည့်ရန်လိုအပ်ပြီး နွားချေးဆွေးကို ပို၍ကြိုက်နှစ်သက်သည်။ ဖေဖေါ်ဝါရီလကုန်မှ ဧပြီလဆန်းအထိ စိုက်ပျိုးနိုင်သည်။ 
အပင်များအညှောင့်ပေါက်ရန်မှာ ၄-၂၀ ရက်အထိကြာပြီး အပင်မှ ပန်းပွင့်ရန် ရက် ၅၀ ကြာသည်။ ပန်းပွင့်ကာလ ၁၂ ပတ် အထိရှိသည်။
အပင်ပြုစုခြင်း
အပင်ခြေတွင် ကောင်းစွာဆွေးမြေ့သည့် မြေဆွေးများ ဖုံးပေးရန်လိုအပ်သည်။ နေ့စဉ်မှန်မှန်ရေလောင်းပေးရန် လိုအပ်ပြီး ရေမဝပ်စေရန် သတိပြုရမည်။ အရိပ်ပြုလုပ်ပေးရန်လည်း လိုအပ်ပါသည်။
မြေဩဇာထည့်သွင်းခြင်း
ယူရီးယား၊ တီစူပါ၊ ပိုတက်ဓါတ်မြေဩဇာ အချိုး ၁၅-၃၀-၁၅ မြေဩဇာအရည်ကို လစဉ်ပက်ဖျန်းနိုင်သည်။ အပင်ခြေဖုံးအဖြစ် မြေဆွေးနှင့် စက်ဖွဲပြာ ဆတူရော၍ ထည့်သွင့်း ပေးနိုင်သည်။
အပင်၏ အောက်အရွက်များတွင် အရွက်ဘေးအစွန်းများမှ စတင်ဝါပြီး အရွက်အတွင်းသို့ တဖြည်းဖြည်းဝါလာခြင်းဖြင့် နိုင်ထရိုဂျင်ချို့တဲ့သည်ကို သိရှိနိုင်ပြီး 1% ယူရီးယား / DAP (ဒိုင်အမိုးနီယမ်ဖော့စဖိတ်) 2% ကို ရွက်ဖြန်းအားဆေးအဖြစ် တစ်ပတ်နှစ်ကြိမ် ပက်ဖျန်းနိုင်သည်။
ပိုးမွှားရောဂါ
များသောအားဖြင့် အကြမ်းခံပြီး ပိုးရောဂါကျရောက်မှု ကင်းပါသည်။ အရွက်များ အား လိပ်ပြီး စားသောက်သော ရွက်လိပ်စားခူများသည် အရွက်များထွက်ခါစ အရွက်လိပ်များအတွင်းဝင်ရောက်၍ အရွက်များအား စားသောက်ဖျက်ဆီးသည်။ ရွက်ထွင်းပိုးများလည်း ကျရောက်၍ အရွက်မျက်နှာပြင်ပေါ်တွင် ထွင်းထားသော လမ်းကြောင်းများကို တွေ့ရသည်။၊ ပျ၊ ဖြုတ်စိမ်း၊ သရစ်၊ ပိုးစေးနှဲတို့ ကျရောက်တတ်ပြီး အသစ်ထွက်လာသောအရွက်များနှင့် အညှောင့်အသစ်များတွင် ပိုးစေးနှဲများ ကျရောက်မှုများပါက နောက်ဆက်တွဲ ဗိုင်းရပ်ရောဂါကို ဖြစ်စေသည်။ ပိုးများအား ထိသေစားသေ၊ ပင်လုံးပြန့်အာနိသင်ရှိသော ပိုးသတ်ဆေးအား ပိုးများထိအောင် ဖျန်းပါ။
ရောဂါအနေဖြင့် အထွက်နှုန်းကို ထိခိုက်စေပြီး အဖြစ်များသောရောဂါမှာ ပင်စည်ပုပ်ခြင်း အမြစ်ပုပ်ခြင်းရောဂါဖြစ်သည်။ Pythium aphanidermatum မှိုသက်ရှိကြောင့်ဖြစ်သည်။ မြေဆောင်မှိုရောဂါဖြစ်ပြီး မြေကြီးစိုထိုင်းဆ များလွန်းသောအခါ၊ ရေဝပ်သောအခါ ရောဂါဖြစ်စေသောသက်ရှိကို ဖြစ်စေသည်။ များသောအားဖြင့် အသစ်ထွက်လာသည့် အညှောင့်များကို ထိခိုက်စေသည်။ ရောဂါကျအပိုင်းကို ဖယ်ရှားပြီး မြေကြီးထဲ ရောဂါကျနေရာသို့ ပင်လုံးပြန့်မှိုသတ်ဆေးကို ဖြန်းပါ။ ရေမဝပ်အောင် သတိပြုပါ။
မြေဆောင်နှင့် မျိုးစေ့ဆောင် ဘက်တီးရီးယားသက်ရှိ Pseudomonas solanacearum ကြောင့်ဖြစ်သော ဘက်တီးရီးယားပင်ညှိုးရောဂါ ကျတတ်ပါသည်။ ရေစိုနာအကွက်တွေကို ပင်စည်ဘေးတွေမှာ စတင်တွေ့ရပြီ ပင်စည်တလျှောက် အထက်အောက်ပျံ့နှံသွားသည်။ အပင်တစ်ပင်လုံး ဝါပြီး ညှိုးခြောက်သွားသည်။ ဘော်ဒိုဆေးရည် သို့ ၂ % ကော့ပါးအောက်ဆီကလိုရိုက် (copper oxychloride) ကို ဖျန်းပါ။
ရွက်ပြောက်ရောဂါ - ရောဂါဖြစ်စေသောသက်ရှိ Phyliostiete zingiberi ကြောင့်ဖြစ် သည့် ရောဂါကို ဇူလိုင်မှ အောက်တိုဘာလအတွင်း တွေ့ရှိရသည်။ အရွက်များတွင် ရေစိုနာအစက် စတင်ဖြစ်ပေါ်လာပြီး အစက်များမှာ အလယ်တွင် အဖြူရောင်ပြောင်းကာ အဝါရောင်ပေါ်တွင် အနက်ရောင်အနားသတ်ရှိသည်။ မိုးများလွန်းသောအခါတွင် ပို၍တွေ့ရသည်။ ၁ % ဘော်ဒိုဆေးရည်ဖျန်းပါ။
အပင်များကို ဝါပုပြီး ကြီးထွားမှုနှေးစေသော ဗိုင်းရပ်ရောဂါကျရောက်ပါက ရောဂါကျအပင်ကို ဖယ်ရှားမီးရှို့ဖျက်ဆီးပါ။ ရောဂါကျအခင်းအား ကိုင်တွယ်ပြီး ရောဂါကင်းစင်သည့်အပင်များကို ထိတွေ့ပါက ရောဂါကူးစက်နိုင်သည်။ စုပ်စားပိုး ပျမှလည်း ရောဂါကူးစက်နိုင်သဖြင့် ပျကျရောက်မှုရှိပါက နှိမ်နင်းပါ။
ခူးဆွတ်ခြင်း
စိုက်ခင်းများမှ ပန်းခက်များအား ပန်းစတင်ပွင့်သည်မှစ ၁၂ ပတ်အတွင်း ပန်းခက်များကို ဖြတ်ခူးနိုင်သည်။ ပန်းအထွက်သည် ထည့်သွင်းသည့် မြေဆီအဟာရပေါ်မူတည်သည်။
မျိုးပြန်လည်ရယူခြင်း
မျိုးအဖြစ်ထားရှိမည်ဆိုပါက ရောကင်းစင်သည့် စိုက်ဘောင်ကိုသာ မျိုးအဖြစ် ပြန်လည်ရယူသင့်ပါသည်။ အပင်များ နားနေချိန်ဖြစ်သည့် အေးသောလများတွင် ရေမလောင်းဘဲ ထားရမည်။ မျိုးဥများကို ဖေဖေါ်ဝါရီလကုန်တွင်သာ တူးဖော်သင့်သည်။
ပန်းထိမ်ငိုပန်းခက်ကို ပန်းဦးပေါ်စ ဇွန်လလယ်တွင် တစ်ခက်ကို ၃၀၀ ကျပ်ထိရသည်။ နောက်ပိုင်း ပန်းများချိန်တွင် တစ်ခက်ကို ၁၅၀ ကျပ် တန်ဖိုးရှိသည်။ မျိုးဥ တစ်ကြီမ်ရင်းနှီးစိုက်ပျိုးရပြီးနောက် ၂ နှစ်တွင် စိုက်စရိတ်သက်သာစွာဖြင့် စိုက်ဘောင်များကို ဆက်လက်ထားရှိ စိုက်ပျိုးနိုင်သည်။ အချို့မှာ ပျိုးအိတ်များအတွင်း ထည့်သွင်းစိုက်ပျိုးပြီး အခက်များတွင် ပန်းပွင့်လာချိန် အပွင့်အခက်နှင့်တကွ ပျိုးအိတ်ဖြင့် ရောင်းချပြီး အိမ်တွင်းအလှဆင်ခြင်းအတွက် ဝယ်ယူကြသည့်များလည်းရှိသည်။ ပန်းပွင့်၏ အရောင်အလိုက် တန်ဖိုးသတ်မှတ်မှု ကွာခြားသည်။ အရိပ်တွင်လည်း ဖြစ်ထွန်းသည့် အပင်ဖြစ်သည့်အတွက် အခြားသောအပင်များနှင့်လည်း ကြားညှပ်စိုက်ပျိုးနိုင်သည်။ တွက်ခြေကိုက် စိုက်ပျိုးသင့်သော ပန်းတစ်မျိုးဖြစ်ပါသည်။
12.4.2020
အေးသန္တာစိုး၊ B.Agr.Sc-1998
Ref.တနင်္သာရီတိုင်းအတွင်းလက်တွေ့စိုက်ပျိုးနေမှူများ
http://www.orchids-flowers.com/globba-winitii-white-dragon/
https://www.australianplantsonline.com.au/globba-white-dragon-ginger-orchid.html
https://www.amberleaflandscaping.com.au/plant-directory/globba/
http://www.gingersofindia.com/useful-gingers/ornamental-gingers.html
Nay La
1 year agoအစာကြွေးနည်းသိချင်ပါတယ်
မောင်ဇင်ပိုင်
3 years agoအပင်ကသန်ပြီးအပွင့်ကငယ်နေလို့ ဘယ်လိုလုပ်ရမလဲဗျ
နုနုလွင်
3 years agoပန်းမျိုးကိုလိုချင်ပါတယ်ဘယ်ကိုဆက်သွယ်ရမလဲစျေးနှုန်းလေးပါသိချင်ပါတယ်
နုနုလွင်
3 years agothank
Tun Tun Naing
3 years agoကျေးဇူးပါဆရာ ပန်းတိမ်ငိုစိုက်ပြီးနောက်နှစ်ပန်းပေါ်ချိန်တစ်ပင်ကို ပန်းခတ်ဘယ်နှခတ်လောက်ထွက်နိုင်ပါလဲဆရာတို့
Related articles
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
အောင်မြင်သော ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်နည်း
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
Related questions
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
မိုးနှမ်းစိုက်ချင်လို့ပါခင်ဗျ နေရာက တောင်စောင်းပါ 2ဧကရှိပါတယ် ပုံပါအတိုင်း မြက်တွေပေါက်နေပါတယ်ခင်ဗျ ဂလိုင်ဖိုဆိတ် Aiပါတဲ့ ဆေးနဲ့ပဲ အဆင်ပြေနိုင်လား 2 4 Dထည့်ရအုံးမလားခင်ဗျ 2 4 Dက ကြဲမဟ့်နှမ်းအတွက် ထိခိုက်မှု ရှိနိုင်သေးပါသလားခင်ဗျ တောင်စောင်းမြေဆိုတော့ ကြဲပက်ရမယ့် အနေအထားမလို့ပါ ဆေးဖြန်းပြီး ဆက်လက် လုပ်ဆောင်ရများကို ညွှန်ကြားပေးပါအုံးခင်ဗျာ တခါမှမလုပ်ဖူးတော့ မကျွမ်းကျင်သေးလို့ပါ
Paing Lay • 1 answers
မိုးနှမ်းစိုက်ချင်လို့ပါခင်ဗျ နေရာက တောင်စောင်းပါ 2ဧကရှိပါတယ် ပုံပါအတိုင်း မြက်တွေပေါက်နေပါတယ်ခင်ဗျ ဂလိုင်ဖိုဆိတ် Aiပါတဲ့ ဆေးနဲ့ပဲ အဆင်ပြေနိုင်လား 2 4 Dထည့်ရအုံးမလားခင်ဗျ 2 4 Dက ကြဲမဟ့်နှမ်းအတွက် ထိခိုက်မှု ရှိနိုင်သေးပါသလားခင်ဗျ တောင်စောင်းမြေဆိုတော့ ကြဲပက်ရမယ့် အနေအထားမလို့ပါ ဆေးဖြန်းပြီး ဆက်လက် လုပ်ဆောင်ရများကို ညွှန်ကြားပေးပါအုံးခင်ဗျာ တခါမှမလုပ်ဖူးတော့ မကျွမ်းကျင်သေးလို့ပါ
Paing Lay • 2 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ayethandasoe
See all
ဒူးရင်းသီးတွင်ကျရောက်သော အသီးပုပ်ခြင်းရောဂါ (Durian Fruit disease )
23/10/2020
ဒူးရင်းအရွက် ငှက်မျက်စိကွက်ရောဂါ
20/05/2020
ဒူးရင်းအရွက်သံချေးရောဂါ ( Durian Leaf Green Alga Rust )
14/05/2020
ဒူးရင်းရွက်အစက်အပြောက်ရောဂါ ( Durian Leaf spot )
05/05/2020
ဂန္ဓမာပန်း ကျောက်ရောဂါ (Chrysanthemum white rust)
19/03/2020