ဒူးရင်းသီးတွင်ကျရောက်သော အသီးပုပ်ခြင်းရောဂါ (Durian Fruit disease )
ဒူးရင်းသီးများပုပ်ခြင်းတွင် အပင်ပေါ်တွင် အသီးပုပ်ခြင်း၊ အသီးရင့်မှည့် ကြွေကျချိန်တွင် အသီးပုပ်ခြင်းနှင့် အသီးများ ခူးဆွတ်ပြီးချိန်တွင် အသီးပုပ်ခြင်းတို့ဖြစ်ကာ အသီးပုပ်ခြင်း ပိုဖြစ်စေသော ရောဂါဖြစ်စေသောသက်ရှိသည်လည်း မတူညီပဲ ကွဲပြားမှုရှိသည်။

အသီးပုပ်ခြင်း Type (1) သည် ရောဂါဖြစ်စေသည့်သက်ရှိ Phytium palmivora ကြောင့်ဖြစ်သော ရောဂါဖြစ်သည်။ စီးပွားရေးထိခိုက်သည်အထိ အသီးပုပ်ခြင်းရောဂါ ဆိုးဝါးစွာကျရောက်တတ်သည်။ ပထမဦးစွာ အသီးမျက်နှာပြင်မှာ ရေစိုနာကွက် စတင်ဖြစ်ပေါ်သည်။ စိုထိုင်းဆများသောအခြေအနေတွင် အဖြူရောင်ဝါဂွမ်းမွှေးကဲ့သို့ မှိုမျှင်နှင့်Sporangia များကို ပုံပျက်နေသောအစင်းကြောင်းများ၌ တွေ့ရသည်။ ပုပ်နေသောဒဏ်ရာသည် အတွင်းပိုင်းရှိ အစေ့ထိ ပျံနှံရောက်ရှိသည်။ ပင်လုံးပြန့်မှိုသတ်ဆေးအား အသီးပေါ်သို့ တိုက်ရိုက်ဖျန်း၍ ရောဂါကျရောက်မှုကို ကာကွယ်နှိမ်နင်းနိုင်သည်။ အသီး၏အရွယ်အစားနှင့် အသုံးပြုမည့်မှိုသတ်ဆေးကို အပင်ပါ်တွင်ရှိသော ဒူရင်းသီးများကို hight power sprayer gun မှိုသတ်ဆေးဖျန်းပါ။
အသီးပုပ်ခြင်း Type - 2 သည် ရောဂါဖြစ်စေသော သက်ရှိ Sclerotium rolfsii သို့ Cortium rolfsii ကြောင့်ဖြစ်သည်။ အသီးပေါ်ရှိ အညိုရောင်ပုံပျက်နေသည့် ရေစိုနာကွက်၌ ယပ်တောင်ပုံတူသောမှိုမျှင်ဖြစ်ပေါ်နေပြီး ရောဂါလက္ခဏာကို မြေကြီးပေါ်သို့ ကြွေကျသောအသီးများတွင် ပို၍တွေ့ရသည်။ အတွင်းပိုင်းအစေ့သာမက အစေ့တွင်းတွင်းရှိ အစေ့ရွက်ပါ အရောင်ပြောင်းနေသည်ကို တွေ့ရသည်။ အပင်အောက်သို့ကြွေကျသောဒူးရင်းသီးများအား နေ့စဉ်အပင်ခြေမှကောက်ယူ ဖယ်ရှား ရှင်းလင်း၍ရောဂါဖြစ်စေသောသက်ရှိ ပြန့်ပွါးမှုမရှိအောင်ကာကွယ်ပါ။ ဒူးရင်းပင်၏ အပင်ခြေတွင် ပူနွေးစိုစွတ်သောအခြေအနေကြောင့် မှိုရောဂါများပျံနှံပေါက်ဖွားမှုမရှိစေရန် အပင်ခြေကိုရှင်လင်းပါ။

အသီးခူးပြီးနောက်ပိုင်း(Post harvest)တွင် အသီးများပုပ်ခြင်းကို ပုံစံအမျိုမျိုးဖြင့်တွေ့ရသည်။ များသောအားဖြင့် အသီးပေါ်ရှိ ပုံသဏ္ဍန်မမှန်သော ရေစိုနာအကွက်များတွင် အညိုရောင်အနားသတ် ပုံစံအမျိုးမျိုးရှိကြပြီး အချိန်ကြာလာသည်နှင့်အမျှ အညိုရင့်ရောင်ဖြစ်လာသည်။ Rhizopus . Mucor or Lasiondiploida ကြောင့်ဖြစ်ပါက အသီးပုပ်ခြင်းလက္ခဏာတွင် ပုံပျက်နေသောအကွက်များသည် ဖိလိုက်သည့်အခါ ပျော့နေသည်။ ရောဂါကျအရောင်ပျက်နေသောအကွက်သည် အကွက်တလျှောက် ဘေးသို့ ပြန့်နှံကြီးလာသည်။ အသီးခူးပြီးချိန် အသီးပုပ်ခြင်းကို တစ်ကြိမ်တည်း အသီးများစွာခူးခြင်းထက် အကြိမ်ကြိမ်အသီးခူးခြင်းဖြင့် လျော့ချနိုင်သည်။ တစ်ရက်လျှင် ၂-၃ ကြိမ် အသီးခူးဆွတ်ခြင်း လုပ်ဆောင်၍ ခူးဆွတ်ပြီး အသီးများအား အသီးပေါ်ရှိ ညစ်ပတ်နေသောအရာများ (မြေကြီး၊အရွက် စသဖြင့်) များ ဖယ်ရှားခြင်းချက်ချင်း ပြုလုပ်ရမည်။ အသီးများခူးဆွတ်ရာတွင် မြေပြင်သို့ တိုက်ရိုက် ကျစေခြင်နည်းစေရန်ပြုလုပ်ရမည်။ ခြံရှင်များအနေဖြင့် အသီးရင့်မှည့်ရာသီချိန်၌ ရင့်မှည့်ကြွေကျ အသီးများကို မြေပြင်နှင့်တိုက်ရိုက်မထိစေရန် နိုင်လွန် ပိုက်ကွန်များ အပင်ခြေတွင် ပြုလုပ်တပ်ဆင် ထားသင့်သည်။ ယင်းသို့ပြုလုပ်ခြင်းဖြင့် မြေပြင်သို့တိုက်ရီုက်ကျရောက်အသီးများ ဒါဏ်ရာရ ပျက်စီး ခြင်းနှင့် အသီးပုပ်ခြင်း တို့ကို ကာကွယ်နိုင်သည်။

Ref; http://aninnhosnan.blogspot.com/2013/12/durian-fruit-diseases.html
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြပါက "အစိမ်းရောင်လမ်းမှ ပြန်လည်ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Related questions
မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ
Kyaw Zin • 1 answers
ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ
ဦးဝင်းအောင် • 3 answers
ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ
ko. latt • 2 answers
နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ
Ukyaw • 1 answers
တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့
သန်းထိုက်အောင် • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ayethandasoe
See all
ဒူးရင်းအရွက် ငှက်မျက်စိကွက်ရောဂါ
20/05/2020
ဒူးရင်းအရွက်သံချေးရောဂါ ( Durian Leaf Green Alga Rust )
14/05/2020
ဒူးရင်းရွက်အစက်အပြောက်ရောဂါ ( Durian Leaf spot )
05/05/2020
ပန်းထိမ်ငိုပန်း(Globba winitii - Dancing girl ginger) စိုက်ပျိုးနည်း
20/04/2020
ဂန္ဓမာပန်း ကျောက်ရောဂါ (Chrysanthemum white rust)
19/03/2020
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....