ငရုတ်အာဟာရဓာတ် ချို့တဲ့မှုနဲ့ ရောထွေးတတ်တဲ့ပြဿနာများ
အသီးသီးတဲ့ အပင်တွေမှာက မြေဆီ မြေသြဇာ ပိုကျွေးရပါတယ်။ အရွက်ကိုစားရတဲ့ ကန်စွန်းရွက်တို့ ကိုက်လန်တို့လို မဟုတ်ပါဘူး။ အရွက်စားသီးနှံတွေက ပုလဲပက်နေရုံနဲ့ လုံလောက်ပေမယ့်၊ အသီးယူမယ့် သီးနှံတွေမှာက မြေသြဇာကျွေးတာ သေချာကျွေးရပါတယ်။

ငရုတ်ဟာလည်း အသီးစားရတဲ့အပင်ဆိုတော့ မြေဆီမြေသြဇာသေချာပေးရပါတယ်။

လူတွေတော်တော် များများက အာဟာရချို့တဲ့တာကို သိပ်သတိမထားတတ်ကြပါဘူး။

ပိုးကျတာ ရောဂါကျတာတွေဖြစ်ခါမှ အထွက်ကျမှာစိုးလို့ ဆေးဖျန်းတတ်ကြပါတယ်။ တကယ်တော့ သီးနှံ့ အထွက်ကျဆင်းရတဲ့ အထဲမှာ မြေဆီ အာဟာရဓါတ်ချို့တဲ့တာဟာလည်း အပါအဝင်ဖြစ်ပါတယ်။

ကြက်တွေ ဝက်တွေ မွေးမြူရေးလုပ်သလိုပေါ့။ ကြက်နာ ရောဂါကျလည်း ဆေးပေးရမယ်၊ ဆေးကုရမယ်။ ကြက်တွေအသားတို့ဖို့ကိုလည်း အစာသေချာစပ်ကျွေးရတယ်။ အပြင်မှာ လွတ်ထားလို့လည်း ရတော့ ရပေမယ့်လည်း သေချာ ခြံထဲမှာ အစာကျွေးမွေးမြူထားတဲ့ ကြက်က အသားချိန်ပိုများမယ်။ အချိန်တို အတွင်း မြန်မြန်ထွားမယ်။ အပြင်မှာလွှတ်ထားတဲ့ကြက်က အသားသိပ်မများဘူး မထွားဘူးဆိုပါတော့။ ဒါကြောင့်မလို့ အစာကျွေးတာဟာ အရေးကြီးပါတယ်။
အပင်တွေကလည်း တိရိစ္ဆာန်တွေလိုပဲ အစာကျွေးရပါတယ်။ အပင်တွေက အစာစားကြပါတယ်။ စားတဲ့ ပုံစံချင်းသာ မတူတာဖြစ်ပါတယ်။ အပင်တွေမှာက ပါးစပ်ပေါက်မပါဘူး။ ဒါပေမဲ့ အမြစ်တွေကတဆင့် မြေကြီးထဲကနေပြီး အစာတွေစုပ်ယူပါတယ်။ ကြက်တွေလို အစာရှိတဲ့နေရာ လိုက်ရှာစားလို့မရပါဘူး။ အဲ့မြေက အပင်စားဖို့ အာဟာရဓာတ်ချို့တဲ့ပြီဆိုရင် အပင်မှာ လက္ခဏာတွေ စပြတော့ပါတယ်။ ဥပမာ အရွက်တွေဝါတာ အရွက်ထိပ်တွေခြောက်တာ စသည်ဖြင့်ပြပါတယ်။

အပင်အတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေက အနည်းဆုံး ၁၆ မျိုးကနေ အမျိုး ၂၀ အထိ အပင် အမျိုးစားအလိုက်ရှိပါတယ်။ အများစုသိတာတော့ N P K နိုက်ထရိုဂျင် ဖော့ဖရက် နဲ့ ပိုတက်စီယမ် ပေါ့။ နောက်ပိုင်းမှာတော့ အကျယ်ထပ်ရေးသွားပေးပါမယ်။
ငရုတ်ပင်ဟာ ပုလဲဓါတ်မြေသြဇာ နိုက်ထရိုဂျင်ဓါတ်ကို အပင်စစိုက်ပြီး ၁ လသား ၂ လသားအတွင်းမှာသာ လိုအပ်ပေမယ့် နောက်ပိုင်းအဆင့်မှာ တခြားဓါတ်တွေပိုလိုပါတယ်။ ပိုတက်ဆီယမ်၊ ဆာလ်ဖာ၊ မဂ္ဂနီစီယမ်၊ ကယ်လစီယမ် စတဲ့ ဓါတ်တွေကပိုလိုလာပါတယ်။ ဖော့ဖရက် မီးစုန်းဓာတ်တောင် ပမာဏများများ လိုတာမျိုးမရှိနေပါဘူး။ အရမ်းထူးဆန်းတာက ပုလဲဓါတ် နိုက်ထရိုဂျင် အများလိုအာဟာရဓါတ်ဟာ ငရုတ်မှာ ဆာလ်ဖာ အနည်းလိုအာဟာရလောက်ကို မလိုနေတာမျိုးပါ။ စပ်တဲ့အရသာရှိတဲ့အပင်တွေ ၊ အသီးတွေ မွှန်တဲ့သီးနှံပင်တွေက ဆာလ်ဖာ ကန့်ဓါတ်ကို အရမ်းကျွေးပေးရပါတယ်။ ဥပမာ ငရုတ် ကြက်သွန် ကညွတ် တို့ဖြစ်ပါတယ်။

တစ်ခါတစ်လေမှာ ငရုတ်ရွက်တွေက လက္ခဏာတွေ မြေဆီလိုတာလား ရောဂါလား မသဲကွဲတဲ့အတွက် ဒီဆောင်းပါးလေးကိုရေးသားဖော်ပြပေးလိုက်ပါတယ်။

ငရုတ်အရွက်တွေ တစ်ခုခုဖြစ်နေပြီ၊ ပုံမှန်မဟုတ်တော့ဘူးဆိုရင်တော့ ဘယ်နေရာကဖြစ်တာလဲ ဆိုတာကို အရင်ကြည့်ရပါမယ်။ တချို့အာဟာရဓါတ်တွေက အောက်ရွက်တွေမှာပြတယ်။ တချို့ဓါတ်တွေက အပေါ်ဘက် ထိပ်ဖျားပိုင်းမှာ အရင်လာပြကြပါတယ်။ ထို့အတွက် စုံထောက်တွေ စစ်ဆေးသလိုပဲ ဘယ်နေရာမှာဖြစ်တာလဲ ဘယ်လို ပုံစံပြတာလဲဆိုတာကို အရင်ကြည့်ပြီး လေ့လာစေချင်ပါတယ်။
အာဟာရချို့တဲ့တာအပြင် ရောထွေးတတ်တဲ့ ပြဿနာနှစ်ခုက ငရုတ်မွှားကျတာနဲ့ ငရုတ် ဗိုင်းရပ်စ် ရောဂါ တွေဖြစ်ပါတယ်။

စုပ်စားပိုးတွေ ပျပိုး လှေးပိုး မွှားတွေကော ဗိုင်းရပ်စ်ရောဂါတွေကကောမှာ အရွက်ထိပ်တွေ အထူးသဖြင့် အရွက်နုတွေ ကောက်ကွေးကုန်တယ်။ အရောင်ဖျော့ကုန်တယ်။ သိပ်မစိမ်းတော့ဘူး။ အပင်က အသီး မလိုက်တော့ဘူး။ အပင်မတက်တော့ဘူး။ ခွဲခြားရလည်း အတော်ခက်ပါတယ်။

လုပ်နိုင်တာတစ်ခုကတော့ မွှားသတ်ဆေး စုပ်စားပိုးသတ်ဆေး ဖစ်ပရိုနေးတို့ အဘာမက်တင်တို့ သိုင်ရာမီသောက်ဇင်တို့ကို မနက်စောစောမှာဖျန်းပေးရပါမယ်။ ကြိုတင်ကာကွယ်ရပါမယ်။ ဗိုင်းရပ်စ်ဆိုရင် ကုသလို့ဆေးမရှိပါ။ ပိုးတွေကတဆင့် တစ်ပင်ကနေတစ်ပင်ကူးတာမလို့ ကြိုတင်ကာကွယ်တာက အရးကြီးပါတယ်။ ခု covid ရောဂါလိုပေါ့။ လက်ကိုဆေး Mask တပ်တာတွေလိုမျိုး ကာကွယ်ရေး လုပ်ရပါတယ်။
မှတ်ချက်- အာဟာရချို့တဲ့တာတွေ ကြည့်ပြီး မသောက်ရဘဲ မူးနေတယ်ဆိုရင်တော့ မြေဆီပုံမှန်ကျွေးပါ။ အပင်မြန်မြန်စားလို့ရတဲ့ ရွက်ဖျန်းမြေဆီတွေကျွေးပါ။ အမြစ်တွေသန်အောင် ဟော်မုန်းတွေကျွေးပါ။ စုပ်စား ပိုး ကြိုတင်ကာကွယ်ပါ။ စိတ်ချရတဲ့မျိုးစေ့ မျိုးသန့်တွေကိုသာစိုက်ပါ လို့မှာကြားချင်ပါတယ်။
ငရုတ်စိုက် တောင်သူတွေအားလုံး အဆင်ပြေ လူကျန်းမာ အပင်ကျန်းမာစေကြောင်း ဖုန်းမာန်တိုး (ရေဆင်း ရနံ့) က ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
ကျမ်းကိုး - Ariesagro (chilli), Cabi, Yara UK, Haifa (Isreal)
ရေးသားဖော်ပြသူ - ဖုန်းမဏ်တိုး (ရေဆင်းရနံ့)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Applicable farm inputs (Ad)
U Khun Chit Thar
2 years agoငရုတ်စိုက်လျှင်မြေခံအဖြစ်ဘယ်လိုမြေဩဇာအချိုးမျိုးထည့်ရမလဲ
Myo Zaw
3 years agoကြက်သွန်မျိုးပွင့်ခံအတွက်ကောတင်ပြပါအူး
ဘိုဟိန်း
4 years agoအပင်မှာအရွက်တေကနူထွတ်တေဖြစ်နေပာတယ်ဘာလုပ်ရလဲ
Related questions
မြေသွေးနဲ့ ကြက်သွန်စိုက်လိုရလား
ဇော်မင်းနိုင် • 1 answers
နွားသေးရည်ကိုဘယ်နှစ်ရက်ထားပိမှနှမ်းခင်းကိုပတ်ဖျန်းရတာလဲ့နွားသေးရည်ကိုဘယ်နှစ်ရက်ထားရတာလဲ့?နွားသေးရည်းကိုဘယ်လို့သိမ်းထားရတာလဲ့
Tin Tun Aung • 2 answers
ဒီသဘာဝမြေဆွေးကိုကြက်မောက်အပင်ငယ်စိုက်ထားတာတစ်နှစ်ရှိပါပီ ကြွေးရင် တစ်ပင်ကို ဘယ်လောက်ထည့်ရမလဲ ဆရာတို့
Sawdohhtoo Sawsaw • 3 answers
ကလောက်ဒီကို မြေအစိုဓာတ်ဝေးတဲ့အချိန်မှာ ကြ က်သွန်နီကို ဖျန်းလို့ အဆင်ပြေလားဗျာ အာနိသင် ရှိမရှိလေးပြောပြပေးပါအုံး
Aung Lay • 4 answers
နွားသေး ထန်းလျှက် နွားချီး ပြာ အချိုးစားလေးပြောပြပေးပါလား မြေဩဇာလုပ်ချင်လို့ပါ မြေပဲ နှင့် နှမ်းသုံးချင်လို့ပါ အပင်သက်တမ်းတွေကတော့ 25ရက်ရှိပါပြီ
Ukyaw • 6 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဖုန်းမဏ်တိုး
See all
ငလျင်ဒဏ်သင့်မြေဆီလွှာများကို ပြုပြင်နည်း
30/04/2025
အထွက်နှုန်းမကျဆင်းစေရန် စပါးစိုက်ခင်းတွင် ကြိုတင်ကာကွယ်ရမည့်အချက်များ
25/01/2024
အရွက်ပေါ်မှာ အမွေးနုသေးသေးလေးတွေစုနေတဲ့ စားတော်ပဲ ဒေါင်းနီမှိုရွက်ခြောက်ရောဂါ
16/01/2024
ငမြှောင်တောင် လောက်ကောင်အဆင့်လိုက် သုံးသင့်သည့် ပိုးသတ်ဆေးများ
12/01/2024
ကယ်ဆီယမ်ချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ ငရုတ်သီးပုပ်ခြောက်ခြင်း
03/01/2024
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....