Green Way
အထွက်နှုန်းမကျဆင်းစေရန် စပါးစိုက်ခင်းတွင် ကြိုတင်ကာကွယ်ရမည့်အချက်များ

အထွက်နှုန်းမကျဆင်းစေရန် စပါးစိုက်ခင်းတွင် ကြိုတင်ကာကွယ်ရမည့်အချက်များ

စာရေးသူ၏ ကွင်းဆင်းလေ့လာမှုများ၊ တောင်သူများလာရောက် မေးမြန်းချက်များအရ အခုနောက်ပိုင်းတွင် ၈၀ ရာခိုင်နှုန်းသော် စပါးစိုက်ခင်းများတွင်

  • ၁ - Zinc သွပ် ဓာတ် ချို့တဲ့လာပါလိမ့်မည်။
  • ၂ - နီတို(သံဆိပ်သင့်) ခြင်းများနှင့်
  • ၃ - ဆာလဖိုက် အဆိပ်သင့်ခြင်းများ ဖြစ်ပေါ်လာပါလိမ့်မည်။

ထို့ကြောင့် အစိမ်းရောင်လမ်းမိတ်ဆွေများ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန်အတွက် ဖော်ပြပေးလိုက်ရပါသည်။

အနယ်နယ်အရပ်ရပ်က စပါးစိုက် တောင်သူပေါင်း - ၂၀၀ ကျော်၊ ကွင်းဝန်ထမ်း - ၅၀ ကျော်၊ ဆိုင်ဝန်ထမ်း - ၂၀ ကျော်နှင့် ဆိုင်သမား - ၃၀ ကျော်၏ စကားသံများနှင့် မိမိ၏ကွင်းဆင်းသုံးသပ်ချက်များအရ စပါးအထွက် တစ်ဧက ၁ တင်း မှ တင်း ၂၀ ကျော် အထိကျဆင်းနိုင်ပါသည်။ အကြောင်းအရင်းမှာ မြေ၊ ရာသီနှင့် ပေါင်းသတ်ဆေး၊ မြေဩဇာသုံးစွဲပုံ၊ စိုက်နည်းစနစ်တို့ကြောင့်ဖြစ်ပါသည်။

ကြိုတင်ကာကွယ် လုပ်ဆောင်ရမည့်အချက်များ

(၁) ရေကို အကြာကြီးအခင်းထဲတွင် မထိန်းထားရပါ။ တစ်ဧကလျှင် ကျောက်မှုန့် သို့ ဒိုလိုမိုက် ၁၀၀ ကီလိုကို ပက်ထည့်ပါ။ ပြီးလျှင် ရေထုတ်ပါ။ ထုတ်ပြီးနောက်နေ့ ရေပြန်သွင်းမှုမျိုး ပြုလုပ်ရမည်။

(၂) ရေသွင်းပြီးရင် နိုက်ထရိုဖီနောဟော်မုန်းနှင့် ဟူးမစ်ပါသည့် တစ်ခုခု သုံးပါ။ တစ်ကြိမ်ဆိုလျှင် ရပါပြီ။

(၃) ဇင့်ပါသောရွက်ဖျန်းတစ်ခုခုကို အနှံမထွက်ခင်အချိန်အထိ (၇)ရက်လျှင် တစ်ခါ ဖျန်းပါ။

(၄) စပါးစိုက်မြေ ထယ်ထိုးထွန်မွှေချိန်တွင် ဩဂဲနစ်ဓာတ်ကြွယ်ဝအောင်ထားရမည်။(နွားချေး၊ ပင်ကြွင်းပင်ကျန်များ ၊ တီကျစ်၊ ဘိုကာချီစသည်တို့ကို နိုင်သလောက် ထည့်ခြင်းဖြင့် အဆင်ပြေပါသည်။

စပါးအထွက်ပိုမို ရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက်

ဖုန်းမာန်တိုး

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 

Continue reading related topics, questions and articles.

2
သီဟ

သီဟ

2 years ago

ကျောက်မှုန့်ကျဲပြီးရေထုတ်တော့ ရေထဲကျောက်မှုန့်ပါမသွားဘူးလား

Kotunyin

Kotunyin

2 years ago

ကိုထွန်းရင်

You

Related questions

ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်

Hnin Nu Wai • 3 answers

တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ

မောင်ကျော်ခိုင် • 2 answers

ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်

Theint Theint Nway • 2 answers

ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ

ko saw moe oo • 2 answers

ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်

ဒေါ်ဝင်းလဲ့ဝါ • 2 answers

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....