ဆေးရွက်ကြီးအာနိသင်ကဲ့သို့သော ဆေးအုပ်စု - နီယိုနီကိုတီနွိုက်
အဓိကနှိမ်နင်းနိုင်သောဖျက်ပိုးများ - သီးနှံမျိုးစုံ(သစ်သီးဝလံ၊ ပန်းမာလ်၊ ဟင်းသီးဟင်းရွက်၊ လယ်ယာသီးနှံများ) တွင် ကျရောက်သော စုပ်စားပိုးအားလုံးအတွက် အသုံးပြုနိုင်ပါသည်။
ခရမ်းချဥ် စုပ်စားဂျပိုးအကြောင်းနှင့် ကာကွယ်နှိမ်နင်းနည်း
စုပ်စားဂျပိုးရဲ့ လက္ခဏာသွင်ပြင်တွေ၊ ကိမိလဗေဒဆိုင်ရာ မျိုးစဥ်၊ မျိုးရင်းတွေ ရှာဖွေကြည့်တေ့ာ.. ခရမ်းချဥ် စုပ်စားဂျပိုး (tomato suck bug) မျိုးစိတ်အသစ်ဖြစ်နေတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာလည်း အင်းလေးဒေသ အပါအဝင် ပဲခူးတိုင်း၊ မန္တ လေးတိုင်း အချို့ နေရာ တွေမှာ စတင်တွေ့ရှိနေပါပြီ။
ငရုတ်အာဟာရဓာတ် ချို့တဲ့မှုနဲ့ ရောထွေးတတ်တဲ့ပြဿနာများ
ငရုတ်အရွက်တွေ တစ်ခုခုဖြစ်နေပြီ၊ ပုံမှန်မဟုတ်တော့ဘူးဆိုရင်တော့ ဘယ်နေရာကဖြစ်တာလဲ ဆိုတာကို အရင်ကြည့်ရပါမယ်။ တချို့အာဟာရဓါတ်တွေက အောက်ရွက်တွေမှာပြတယ်။ တချို့ဓါတ်တွေက အပေါ်ဘက် ထိပ်ဖျားပိုင်းမှာ အရင်လာပြကြပါတယ်။ ထို့အတွက် စုံထောက်တွေ စစ်ဆေးသလိုပဲ ဘယ်နေရာမှာဖြစ်တာလဲ ဘယ်လို ပုံစံပြတာလဲဆိုတာကို အရင်ကြည့်ပြီး လေ့လာစေချင်ပါတယ်။
Related topics
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....