မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း(၉)
ဇီဝမြေသြဇာ ထုတ်ရန် အရေးကြီးသော အာဘာစကူလာမိုက်ကိုရိုက်ဇာမှိုမျိုးစ အပိုင်း (၄)
အပင်စိုက်ရာတွင်မျိုးကောင်းမျိုးသန့်ရရှိရေးသည်အရေးကြီးသကဲ့သို့ ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှိုကို အသုံးပြုပါက ဈေးကွက်ဝင် မှိုမျိုးများ ဖြစ်လာသည့် အကျိုးပြုမှုကောင်းသော မှိုမျိုးကောင်းများ၏ မျိုးစေ့များ ဝယ်ယူရန် လိုအပ်မည်ဖြစ်သည်။
အေအမ်အက်ဖ်မှိုမျိုးစဈေးကွက်တွင် မှိုမျိုးစထုတ်ကုန်ပေါ် တွင် ပြောင်းလဲလာသည့် မော်ဒယ်မှိုမျိုးစိတ်များ (Sieverding et al 2014) သည် အကျိုးပြုမှု ကောင်းသည်။ ၎င်း၏အကျိုးပြုမှုသည် သီးနှံစိုက်မြေ၊ လက်ခံပင်များနှင့် ဆက်စပ်နေသည်ကို တပိုင်တနိုင် စိုက်ပျိုးရေးတောင်သူများ ကိုယ်တိုင်နားလည်စေရန် ဆက်လက်ဖော်ပြလိုပါသည်။
၄.၁ အေအမ်အက်ဖ်မှိုမျိုးစ ဈေးကွက်တွင် မှိုမျိုးစထုတ်ကုန်ပေါ်တွင် အမည်ပြောင်းလဲလာသည့် မော်ဒယ်မှိုမျိုးစိတ်များ (Sieverding et al 2014)

၄.၂ ဈေးကွက်တွင် မှိုမျိုးစထုတ်ကုန်ပေါ်တွင်ပြောင်းလဲလာသည့် မော်ဒယ်မှိုမျိုးစိတ် လက္ခဏာများ
သိပ္ပံနှင့်စီးပွားရေးရှုထောင့်တွင် R. intraradices and R. irregulare (e.g., Stockinger et al. 2014) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို ၂ မျိုးသည်အဓိကမျိုးစိတ် (key species)များ ဖြစ်သည်။ Glomus မှိုမျိုးစိတ်၏ အမျိုးအစား ခွဲခြားမှုဆိုင်ရာ လက္ခဏာများမှာ အစာစုအင်္ဂါနှင့် လိင်မဲ့ နားနေစပိုးများစွာကို အမြစ်ထဲနှင့် အမြစ်ပြင်ပ၊ အမြစ်ဇုန်များတွင်ထုတ်သည်။ လိင်မဲ့စပိုးများသည် substanding hyphae မှဖြစ်ပေါ်သည်၊ ဆဲလ်နံရံလွှာ ၂-၃ လွှာ (၅ လွှာထိ ကွဲကွဲပြားပြား) ရှိသည်။ ဆဲလ် နံရံထူသည်။
၄.၃ ဘိုင်အိုချာနှင့် စီးပွားဖြစ်ထုတ်သော အေအမ်အက်ဖ်မှိုတို့၏ ပူးတွဲအကျိုးပြုမှု
အထက်ဖေါ်ပြပါ အာဘာစကူလာမိုက်ကိုရိုက်ဇာမှို မျိုးစိတ်များသည် အကျိုးပြုစွမ်းအား မြင့်မားသည့် မှိုမျိုးစိတ်များ (မြ ၂၀၁၆) ဖြစ်သည်။ ၎င်းတို့ကို ရေရှည်တည်တံ့သောစိုက်ပျိုးရေးတွင် ဂေဟစနစ်တိုးတက်ရေးဆိုင်ရာ လုပ်ဆောင်မှုကောင်းသောမျိုးများအဖြစ်သုံးကြသည်။ စီးပွားဖြစ်ထုတ်ကုန်များအဖြစ်ရနိုင်သော အေအမ်အက်ဖ်မှိုမျိုးစ (commercially available AM fungal products) များကို ဘိုင်အိုချာနှင့် ပူးတွဲပြီး မြေကြီးအရည်အသွေးတိုးတက်စေရန် (Soil quality improvement, Gujre et al 2021) အကျိုးပြုမှုများတွင် အသုံးပြုနိုင်သည်။ ၂၁ ရာစုပိုင်းတွင် ကာဖွန်ကြွယ်ဝသော ပစ္စည်းတမျိုးဖြစ်ပြီး၊ ဘိုင်အိုမတ်စ်ဖြစ်သော စိုက်ပျိုးရေးနှင့် စက်ရုံထွက် အလေအလွင့်များကို မီးသင့်စေခြင်းမှ ရှိသည့် ဘိုင်အိုချာကို စိုက်ပျိုးရေးတွင် အသုံးချမှု များလာသည် (ပုံ ၄.၃)။
Figure 4.3 Biochar, commercially available AMF and their combination in soil quality improvement (Gujre et al 2021)
၄.၄။ ၂၁ ရာစု လက်တွေ့အသုံးချပိုင်း နှင့် ဇီဝမြေသြဇာ ထုတ်လုပ်ရေးအတွက် အထောက်အကူပြု တွေ့ရှိချက်များ
၄.၄.၁ မှိုမျိုးစများသည်သီးနှံပင်အလိုက် ကြီးထွားမှုတိုးစေပြီး အာဟာရဓာတ် စုပ်ယူမှုအားပေးသော အကျိုးပြုစွမ်းအားမြင့်မားသည့်မှိုမျိုးများ (မြ ၂၀၁၆) ဖြစ်သည်။ စီးပွား ဖြစ်ထုတ်ကုန်များအဖြစ်ရနိုင်သော အေအမ်အက်ဖ် မှိုမျိုးစ (commercially available AM fungal products) များဖြစ်သည်။ မှိုမျိုးစေ့များကို ကုမ္ပဏီများမှ ဝယ်ယူရန် လိုအပ်ပါက အမှားအယွင်းနည်းစေရန်တင်ပြခြင်းမျှသာ ဖြစ်သည်။
၄.၄.၂။ စီးပွားဖြစ်ထုတ်သော အေအမ်အက်ဖ်မှိုများအနက် Glomus intraradices သည် ဘိုင်အိုချာနှင့် ပူးတွဲသုံးပါက မြေကြီးအရည်အသွေးပြန်လည်တိုးတက်စေရာတွင် အကျိုးရှိသည် (ပုံ ၄.၃ ) (Gujre et al 2021)
က။ နိုက်ထရိုဂျင်သံသရာလည်မှု ထောက်ကူသည်၊
ခ။ ကာဖွန် တသီးတခြား ခွဲထွက်မှုတွင် ကူညီသည်၊
ဂ။ အပင်မှအာဟာရဓာတ် စုပ်ယူမှုတွင် တွန်အားပေးသည်၊
ဃ။ မြေကြီးအရည်အသွေးတိုးတက် (Soil quality improvement) စေသည်၊
င။ အဆိပ်ဖြစ် ပစ္စည်းများ Heavy metal များ အပင်မှစုပ်ယူမှု ကျစေသည်၊
စ။ မြေကြီးထဲရှိအကျိုးပြုသက်ရှိများကို ထောက်ကူသည်။
ကိုးကား
၁။ မြမြ ဒေါ် အပူပိုင်းဒေသစိုက်ပျိုးရေးတွင် အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အသုံး ချခြင်း (၂၀၁၆)
၂။ Gujre N. Soni A. Rangan L.Tsang D. Mitra S. Sustainable improvement of soil health utilizing biochar and arbuscular mycorrhizal fungi: A review. Environmental Pollution Volume 268, Part B, 1 January 2021. https://doi.org/10.1016/j.envpol.2020.115549
၃။ Mukhongo R.W., J.B. Tumuhairwe, P. Ebanyat, A.H. AbdelGadir, M. Thuita and C. Masso, 2016. Production and use of arbuscular mycorrhizal fungi inoculum in sub-Saharan Africa: Challenges and ways of improving. Int. J. Soil Sci., 11: 108-122.
၄။ Sieverding E., Alves da Silva G., Berndt R., & Oehl F. Rhizoglomus, a new genus of the Glomeraceae Volume 129(2), pp. 373–386 October–December 2014
ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
Arbuscular Mycorrhizal Fungi
ကိုရဲး
3 years agoပြောင်းပင်တွေမသန်တာဘာကြောက့်လည်
Related questions
မြေသွေးနဲ့ ကြက်သွန်စိုက်လိုရလား
ဇော်မင်းနိုင် • 1 answers
နွားသေးရည်ကိုဘယ်နှစ်ရက်ထားပိမှနှမ်းခင်းကိုပတ်ဖျန်းရတာလဲ့နွားသေးရည်ကိုဘယ်နှစ်ရက်ထားရတာလဲ့?နွားသေးရည်းကိုဘယ်လို့သိမ်းထားရတာလဲ့
Tin Tun Aung • 2 answers
ဒီသဘာဝမြေဆွေးကိုကြက်မောက်အပင်ငယ်စိုက်ထားတာတစ်နှစ်ရှိပါပီ ကြွေးရင် တစ်ပင်ကို ဘယ်လောက်ထည့်ရမလဲ ဆရာတို့
Sawdohhtoo Sawsaw • 3 answers
ကလောက်ဒီကို မြေအစိုဓာတ်ဝေးတဲ့အချိန်မှာ ကြ က်သွန်နီကို ဖျန်းလို့ အဆင်ပြေလားဗျာ အာနိသင် ရှိမရှိလေးပြောပြပေးပါအုံး
Aung Lay • 4 answers
နွားသေး ထန်းလျှက် နွားချီး ပြာ အချိုးစားလေးပြောပြပေးပါလား မြေဩဇာလုပ်ချင်လို့ပါ မြေပဲ နှင့် နှမ်းသုံးချင်လို့ပါ အပင်သက်တမ်းတွေကတော့ 25ရက်ရှိပါပြီ
Ukyaw • 6 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဒေါ်မြမြ ပါမောက္ခ(ငြိမ်း)
See all
မိုက်ခရိုဂရင်းများတွင် ကျရောက်တတ်သောရောဂါများကို ကုသနည်း
30/04/2024
ပွားစာဆွေးများကို မိုက်ခရိုဂရင်းစိုက်ပျိုးရာတွင် သုံးခြင်းဖြင့် တိုးလာစေသော ဂုဏ်သတ္တိများ
09/04/2024
ခဲမြေအစားထိုးအဖြစ်သုံးသင့်သော ကြီးထွားမီဒီယာများ
02/04/2024
ကိုယ်ခံစွမ်းအားမြင့်စေသည့် မိုက်ခရိုဂရင်းများ
07/03/2024
မိုက်ခရိုဂရင်းဆိုတာ စူပါအစားအစာလား?
27/02/2024