မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာမိုက်ကိုရိုက်ဇာမှို အပိုင်း(၇)
ဇီဝမြေသြဇာထုတ်ရန် အရေးကြီးသော အာဘာစကူလာမိုက်ကိုရိုက်ဇာမှိုမျိုးစ အပိုင်း (၂)
ဘယ်လို အာဘာစကူလာ မိုက်ကိုရိုက်ဇာမှိုအမျိုးအစားတွေက သီးနှံပင်ကြီးထွားမှုနဲ့ အာဟာရဓာတ်စုပ်ယူမှုကို အားကောင်းစေတာလဲ?
မြေကြီးအရည်အသွေးအတွက်ကော ဘယ်လိုကောင်းကျိုးတွေ ပေးနိုင်တာလဲ?
ဘယ်လိုပုံစံနဲ့ အသုံးချလို့ ရနိုင်သလဲ? ဆိုတာတွေကို ဒီအပိုင်းမှာ ဖော်ပြပေးထားပါတယ်။
သီးနှံပင်စိုက်ပျိုးရာတွင် မျိုးကောင်းမျိုးသန့်ရရှိရေးသည် အရေးကြီးသကဲ့သို့ ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှိုကို အသုံးပြုပါကလည်း မှိုမျိုးကောင်းမျိုးစေ့များသည် အရေးကြီးသည်။
မြန်မာနိုင်ငံ သုတေသနများတွင် အသုံးပြုလျက်ရှိသော အကျိုးပြုမှုကောင်းသော မှိုမျိုးကောင်းမျိုးစေ့များအကြောင်းကို တပိုင်တနိုင် စိုက်ပျိုးရေးတောင်သူများ ကိုယ်တိုင်နားလည်စေရန် ဆက်လက်ဖော်ပြလိုပါသည်။
၂.၁ သီးနှံပင်များ၏ ကြီးထွားမှုကိုတိုးစေပြီး အာဟာရဓာတ်စုပ်ယူမှုကို အားပေးရန်အတွက် ဘယ်လို အာဘာစကူလာမိုက်ကိုရိုက်ဇာမှိုမျိုးစိတ်များကို အသုံးပြုနိုင်သလဲ (မြန်မာနိုင်ငံသုတေသနများ)
လိင်မဲ့စပိုးများ၏ အမျိုးအစားခွဲခြားမှုလက္ခဏာများအရ မျိုးစိတ် ၄ မျိုးကို ခွဲခြားထားပါသည်။
(က) Glomus ectunicatum (အရင်းအမြစ် ဂျာမဏီ)
(ခ) Glomus fasciculatum (အရင်းအမြစ် မြန်မာ)
(ဂ) Glomus intraradices (အရင်းအမြစ် ဂျာမဏီ) နှင့်
(ဃ) Glomus manihot (အရင်းအမြစ် ဂျာမဏီ)
ပုံ ၂.၁ (က) ပြောင်းပင်တွင်ပွားထားသော Glomus etunicatum မျိုးစိတ်၏ မှိုစပိုးများ (x ၄၀ဝ)
၂.၂ - အထက်ဖေါ်ပြပါ အာဘာစကူလာမိုက်ကိုရိုက်ဇာမှို မျိုးစိတ်များသည် အကျိုးပြုစွမ်းအားမြင့်မားသည့်မှိုမျိုး မျိုးစိတ်များ ( မြ ၂၀၁၆) ဖြစ်သည်။
၂.၂.၁ - ၎င်းတို့ကို ရေရှည်တည်တံ့သောစိုက်ပျိုးရေး ဂေဟစနစ်တိုးတက်ရေးဆိုင်ရာ လုပ်ဆောင်မှု ကောင်းသော မျိုးများအဖြစ်သုံးကြသည်။
၂.၂.၂ - စီးပွားဖြစ်ထုတ်ကုန်များအဖြစ်ရနိုင်သော အေအမ်အက်ဖ် မှိုမျိုးစ (commercially available AM fungal products) များအဖြစ်လည်း သုံးနိုင်သည်။
၂.၂.၃ - ၎င်းတို့ကို ဘိုင်အိုချာနှင့် ပူးတွဲပြီး မြေကြီးအရည်အသွေးတိုးတက်စေသော အကျိုးပြုမှုများတွင် အသုံးပြုနိုင်သည်။ ဘိုင်အိုချာဆိုသည်မှာ ကာဖွန်ကြွယ်ဝသော ပစ္စည်းတမျိုးဖြစ်ပြီး ဘိုင်အိုမတ်စ်ဖြစ်သော စိုက်ပျိုးရေးနှင့် စက်ရုံထွက် အလေအလွင့်များကို မီးသင့်စေခြင်းမှ ရရှိသည်။
Figure 2.2 Biochar, commercially available AMF and their combination in soil quality improvement (Gujre et al 2021)
၂၁ ရာစုနှစ် လက်တွေ့အသုံးချပိုင်းနှင့် ဇီဝမြေသြဇာ ထုတ်လုပ်ရေးအတွက် အထောက်အကူပြုတွေ့ရှိချက်
၁။ မြန်မာနိုင်ငံဆောင်ရွက်ခဲ့သော သုတေသနများတွင် အသုံးပြုခဲ့သည့် မှိုမျိုးစိတ် (၄) မျိုးစလုံးသည် စမ်းသပ်သီးနှံပင် (ပီလောပီနံ၊ ကော်ဖီ၊ ဝါ၊ ရာဘာ၊ ပဲအမျိုးမျိုး၊ မြေဆီထိန်းပဲများ) အလိုက် ကြီးထွားမှုတိုးစေပြီး အာဟာရဓာတ် စုပ်ယူမှုအားပေးသော အကျိုးပြုစွမ်းအားမြင့်မားသည့်မှိုမျိုးများ ( မြ ၂၀၁၆ ) ဖြစ်သည်။
စီးပွားဖြစ်ထုတ်ကုန်များအဖြစ်ရနိုင်သော အေအမ်အက်ဖ် မှိုမျိုးစ (commercially available AM fungal products) များဖြစ်သည်။
၂။ မြန်မာနိုင်ငံသုတေသနများတွင် အသုံးပြုခဲ့သော အကျိုးပြုမှုကောင်းသော အေအမ်အက်ဖ်မှိုများအနက် စီးပွားဖြစ်ထုတ်သော အေအမ်အက်ဖ်မှိုတမျိုးဖြစ်သည့် Glomus intraradices သည် ဘိုင်အိုချာနှင့် ပူးတွဲသုံး ပါက မြေကြီးအရည်အသွေးတိုးတက်စေသည် (ပုံ ၂.၂ )။
၂.၁။ ပီအိပ်ချ်ပြောင်းလဲသဖြင့် မြေကြီးရုပ်ပိုင်းဆိုင်ရာနှင့် ဓာတုပိုင်းဆိုင်ရာ အရည်အသွေး တိုးတက်စေသည်။
၂.၂။ မြေကြီးထဲရှိအကျိုးပြု သက်ရှိများကို ထောက်ကူသည်။
၂.၃။ ဘိုင်အိုချာနှင့် အေအမ်အက်ဖ်မှိုတို့ကြောင့် အဆိပ်ဖြစ် ပစ္စည်းများ၏ bioavailability ကို လျော့စေသည်။
၂.၄။ Fungal grazer များကို ကာကွယ်ရာတွင် ကူညီသည်။ (Gujre et al 2021)။
ကိုးကား
၁။ မြမြ ဒေါ် အပူပိုင်းဒေသစိုက်ပျိုးရေးတွင် အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အသုံးချခြင်း (၂၀၁၆)
၂။ Gujre N. Soni A. Rangan L. Tsang D. Mitra S. Sustainable improvement of soil health utilizing biochar and arbuscular mycorrhizal fungi: A review. Environmental Pollution Volume 268, Part B, 1 January 2021. https://doi.org/10.1016/j.envpol.2020.115549
၃။ Pariar M.et al. 2020 Arbuscular Mycorrhizal Fungi: Abundance, Interaction with Plants and Potential Biological Applications. In book: Advances in Plant Microbiome and Sustainable Agriculture, Microorganisms for Sustainability 19, (pp.39)Publisher: Springer Nature Singapore Pte Ltd.
ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
Arbuscular Mycorrhizal Fungi
Related questions
မြေသွေးနဲ့ ကြက်သွန်စိုက်လိုရလား
ဇော်မင်းနိုင် • 1 answers
နွားသေးရည်ကိုဘယ်နှစ်ရက်ထားပိမှနှမ်းခင်းကိုပတ်ဖျန်းရတာလဲ့နွားသေးရည်ကိုဘယ်နှစ်ရက်ထားရတာလဲ့?နွားသေးရည်းကိုဘယ်လို့သိမ်းထားရတာလဲ့
Tin Tun Aung • 2 answers
ဒီသဘာဝမြေဆွေးကိုကြက်မောက်အပင်ငယ်စိုက်ထားတာတစ်နှစ်ရှိပါပီ ကြွေးရင် တစ်ပင်ကို ဘယ်လောက်ထည့်ရမလဲ ဆရာတို့
Sawdohhtoo Sawsaw • 3 answers
ကလောက်ဒီကို မြေအစိုဓာတ်ဝေးတဲ့အချိန်မှာ ကြ က်သွန်နီကို ဖျန်းလို့ အဆင်ပြေလားဗျာ အာနိသင် ရှိမရှိလေးပြောပြပေးပါအုံး
Aung Lay • 4 answers
နွားသေး ထန်းလျှက် နွားချီး ပြာ အချိုးစားလေးပြောပြပေးပါလား မြေဩဇာလုပ်ချင်လို့ပါ မြေပဲ နှင့် နှမ်းသုံးချင်လို့ပါ အပင်သက်တမ်းတွေကတော့ 25ရက်ရှိပါပြီ
Ukyaw • 6 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဒေါ်မြမြ ပါမောက္ခ(ငြိမ်း)
See all
မိုက်ခရိုဂရင်းများတွင် ကျရောက်တတ်သောရောဂါများကို ကုသနည်း
30/04/2024
ပွားစာဆွေးများကို မိုက်ခရိုဂရင်းစိုက်ပျိုးရာတွင် သုံးခြင်းဖြင့် တိုးလာစေသော ဂုဏ်သတ္တိများ
09/04/2024
ခဲမြေအစားထိုးအဖြစ်သုံးသင့်သော ကြီးထွားမီဒီယာများ
02/04/2024
ကိုယ်ခံစွမ်းအားမြင့်စေသည့် မိုက်ခရိုဂရင်းများ
07/03/2024
မိုက်ခရိုဂရင်းဆိုတာ စူပါအစားအစာလား?
27/02/2024