Green Way
မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာမိုက်ကိုရိုက်ဇာမှို အပိုင်း(၅)

မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာမိုက်ကိုရိုက်ဇာမှို အပိုင်း(၅)

- ဘယ်လိုအပင်တွေမှာ ထိရောက်စွာအသုံးပြုနိုင်လဲ..

- မြန်မာနိုင်ငံမှာ ဘယ်လိုအေအမ်အက်ဖ်မျိုးတွေက လက်တွေ့ထိုးသွင်းပြီး အသုံးချနိုင်လဲ..

-  ဘယ်လိုအေအမ်အက်ဖ်မျိုးတွေကို ဘယ်လောနှုန်းနဲ့ ကွင်းထဲမှာအသုံးချနိုင်သလဲ..

ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ်တွင် ဂေဟစနစ်လုပ်ငန်းများနှင့်အကျိုးပြုသော ဆက်နွှယ်မှု ကောင်းသော အာဘာစကူလာ မိုက်ကိုရိုက်ဇာ(အေအမ်အက်ဖ်) မှို စီမံခန့်ခွဲရေးတွင် အရေးကြီးသည့် မှိုဖွံ့ဖြိုးမှု (ဇီဝဗဒ) အဆင့်ဆင့် အပိုင်း (၄)

ဘယ်လိုအပင်တွေမှာ ထိရောက်စွာအသုံးပြုနိုင်လဲ

အာဘာစကူလာမိုက်ကိုရိုက်ဇာမှိုကို မှိုမှီခိုမှုကောင်းသော ကော်ဖီပျိုးပင်များနှင့် ပဲပင်များ (မြ /၂၀၁၆) တွင် ထိုးသွင်းအသုံးပြုပါက အကျိုးပြုမှုကောင်းကြောင်းကို တပိုင်တနိုင် စိုက်ပျိုးရေးတောင်သူများကိုယ်တိုင် နားလည်စေရန် ဖေါ်ပြလိုပါသည်။

ပုံ ၄.၁ အေအမ်အက်ဖ်မှို အမြစ်စွဲပုံ (Neera and Chandel 2010)

 

မြန်မာနိုင်ငံတွင် ဘယ်လိုအေအမ်အက်ဖ်မျိုးတွေက လက်တွေ့ ထိုးသွင်းပြီး အသုံးချနိုင်လဲ 

ဇယား ၄.၁ (က) ကွင်းစိုက်သီးနှံများ၏ အေအမ်အက်ဖ်အပေါ် တုံ့ပြန်မှု

OBL = Obligate   ထာဝရလက်ခံပင်၊ FAC= Falcaltative    ရံဖန်ရံခါ  လက်ခံပင်

* မြေအခြေခံမှိုမျိုးစ  - စပိုးများ၊ မှိုစွဲအမြစ်နှင့်မှိုမျှင်များပါဝင်သောမြေ 

* ကိုးကားစာရင်း - မြမြ ဒေါ် (၂၀၁၆) (မြင့် နှင့်အဖွဲ့ ၂၀ဝ၁၊ ဝင်းနှင့်မြ ၂၀ဝ၃၊ ၂၀ဝ၉)

ဘယ်လိုအေအမ်အက်ဖ်မျိုးတွေကို ဘယ်လောက်နှုန်းနဲ့ ကွင်းထဲမှာအသုံးချနိုင်သလဲ

ဇယား ၄.၁(ခ) *စပိုးများ၊ မှိုစွဲအမြစ်နှင့်မှိုမျှင်များပါဝင်သောမြေကို ကွင်းမြေနှင့်ရောပြီး စိုက်ကွင်းထဲထည့်သွင်းခြင်း

၄.၂   ဘယ်လိုအပင်တွေမှာ ထိရောက်စွာအသုံးပြုနိုင်လဲ

၄.၂.၁။  လက်ရှိနည်းပညာ ဖွံ့ဖြိုးမှုအခြေအနေအရ မိုက်ကိုရိုက်ဇာမှို ထိုးသွင်းအသုံးပြုခြင်းကို ပျိုးထောင် ပြောင်းရွှေ့ပင်များ၊ သဘာဝမိုက်ကိုရိုက်ဇာမှိုများ လျော့နည်းသော အခြေအနေရှိသည့်နေရာများနှင့် သွင်းအားစု တည့်သွင်းမှု လျှော့ချထားသော သဘာဝမြေများတွင် အသုံးပြုပါက အကျိုးပြုမှုပိုထိရောက်သည်။ 

၄.၂.၂။   အေအမ်အက်ဖ်မှိုကို  သက်တမ်းတိုအပင်များ၊ ပြောင်းရွှေ့စိုက်ပျိုးခင်းများတွင် အသုံးပြုလျှင် အကျိုးပြုမှု ပိုထိရောက်သည်။

 ၄.၃။ အသုံးပြုနိုင်သော မှိုမျိုးစေ့များ၏ အရည်အသွေးကောင်းများ

၄.၃.၁။     သဘာဝအလျောက်ရှိသည့် အချို့သော မိုက်ကိုရိုက်ဇာမှို မျိုးကွဲ ( native indigenous AMF )  များ     သည် အကျိုးပြုစွမ်းအား မြင့်မားသော မှိုမျိုးများဖြစ်ကြသဖြင့် ထိရောက်စွာ အသုံးပြုနိုင်သည်။ Native indigenous AMF မျိုးကွဲများသည် ဂေဟစနစ်လုပ်ငန်းများနှင့်လည်း အကျိုးပြုသော ဆက်နွှယ်မှု (AM fungal biodiversity–ecosystem function relationships) ရှိသည် (Powell and Rillig 2018)။

၄.၃.၂။    အေအမ်အက်ဖ်မှိုကို သက်တမ်းရှည်အပင်များတွင် ထိုးသွင်းအသုံးပြုလိုပါက မှီခိုအားကောင်းသော အပင်များတွင် အကျိုးရှိသောအေအမ်အက်ဖ်မှိုကို ကြိုတင်ထိုးသွင်းလျှင် အကျိုးပြုမှု ပိုထိရောက်သည်။ 

၄.၃.၃။    စိုက်ပျိုးရေးတွင် မိုက်ကိုရိုက်ဇာမှိုကို ထိရောက်ကျယ်ပြန့်စွာအသုံးပြုမှုသည် သီးနှံပင်ကြီးထွားမှုကို အားပေးပြီး သဘာဝမြေတွင်းရှိ မိုက်ကိုရိုက်ဇာမှိုကွဲများအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်သိရှိခြင်း၊ ယှဉ်ပြိုင်နိုင်စွမ်းအား ကောင်းသော ဈေးကွက်ဝင် အာဘာစကူလာ မိုက်ကိုရိုက်ဇာ မှိုမျိုးကွဲများ ထွက်ပေါ် လာရေး၊ မှိုမျိုးကွဲများ၏ ဂေဟစနစ်လုပ်ငန်းများနှင့်လည်းအကျိုးပြုသော ဆက်နွှယ်မှု ရှိခြင်းသည် အဓိကဖြစ်သည်။ 

နောက်ထပ်အပိုင်းများတွင် မှီခိုအားကောင်းသော အပင်များ၊ အကျိုးရှိသော အေအမ်အက်ဖ်မှိုများအကြောင်းကို ဆက်လက်ဆွေးနွေးပါမည်။ 

ကိုးကား

၁။ မြမြ ဒေါ် အပူပိုင်းဒေသစိုက်ပျိုးရေးတွင် အာဘာစကူလာမိုက်ကိုရိုက်ဇာမှို အသုံးချခြင်း (၂၀၁၆)

2/ Neera G. and Chandel S.  Arbuscular mycorrhizal networks: process and functions. A review Agron. Sustain. Dev. 30 (2010) 581–599. DOI: 10.1051/agro/2009054

3/ Powell J R. and Rillig MC. Biodiversity of arbuscular mycorrhizal fungi and ecosystem function. New Phytologist TrustNew Phytologist(2018)220 (4):1059–1075. https://doi.org/10.1111/nph.15119

4/Verbruggen EM, van der Heijden GA, Rillig  MC and Kiers E T  Mycorrhizal fungal establishment in agricultural soils: factors determining inoculation success:  New Phytologist (2012). doi: 10.1111/j.1469-8137.2012.04348.x

ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

Continue reading related topics, questions and articles.

You

Related questions

မြေသွေးနဲ့ ကြက်သွန်စိုက်လိုရလား

ဇော်မင်းနိုင် • 1 answers

နွားသေးရည်ကိုဘယ်နှစ်ရက်ထားပိမှနှမ်းခင်းကိုပတ်ဖျန်းရတာလဲ့နွားသေးရည်ကိုဘယ်နှစ်ရက်ထားရတာလဲ့?နွားသေးရည်းကိုဘယ်လို့သိမ်းထားရတာလဲ့

Tin Tun Aung • 2 answers

ဒီသဘာဝမြေဆွေးကိုကြက်မောက်အပင်ငယ်စိုက်ထားတာတစ်နှစ်ရှိပါပီ ကြွေးရင် တစ်ပင်ကို ဘယ်လောက်ထည့်ရမလဲ ဆရာတို့

Sawdohhtoo Sawsaw • 3 answers

ကလောက်ဒီကို မြေအစိုဓာတ်ဝေးတဲ့အချိန်မှာ ကြ က်သွန်နီကို ဖျန်းလို့ အဆင်ပြေလားဗျာ အာနိသင် ရှိမရှိလေးပြောပြပေးပါအုံး

Aung Lay • 4 answers

နွားသေး ထန်းလျှက် နွားချီး ပြာ အချိုးစားလေးပြောပြပေးပါလား မြေဩဇာလုပ်ချင်လို့ပါ မြေပဲ နှင့် နှမ်းသုံးချင်လို့ပါ အပင်သက်တမ်းတွေကတော့ 25ရက်ရှိပါပြီ

Ukyaw • 6 answers

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....