မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်း စေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာ မှို အပိုင်း (၁၆)
တပိုင်တနိုင်စိုက်ပျိုးရေးဆိုင်ရာနည်းများဖြင့် ဇီဝမြေသြဇာအရင်းအမြစ် အာဘာစကူလာမိုက်ကိုရိုက်ဇာအကျိုးပြု သဟဇီဝနဖြစ်စဉ်ကိုတိုးစေခြင်း

ပုံ - တပိုင်တနိုင်စိုက်ပျိုးရေးခြံ (မြ၂၀၂၀)
တပိုင်တနိုင် စိုက်ပျိုးရေး စနစ်တွင် အရင်းအမြစ်တခုဖြစ်သော အေအမ်အက်ဖ်မှို
တပိုင်တနိုင် စိုက်ပျိုးရေး စနစ် (smallholder farming systems) ဆိုသည်မှာ သွင်းအားစုနည်းသော သီးနှံစိုက်ပျိုးရေးစနစ် ဖြစ် သည်။
၎င်းစနစ်တွင်မြေနေသက်ရှိများ၏ သဘာဝလှုပ်ရှားမှုဖြင့် အပင်အတွက် အာဟာရဓာတ်ရရှိမှု တိုးတက်ရေး၊ အပင်ရောဂါများကို ဇီဝဗေဒနည်းဖြင့် ကာကွယ်ရေးများသည် အကျိုးပြုမြေနေသက်ရှိများနှင့် ဆက်နွှယ်အကျိုးပြုမှုမှတဆင့် သီးနှံကျန်းမာရေးနှင့် အထွက်ကို ထိန်းသိမ်းထားနိုင်ခြင်း ဖြစ်သည်။
တပိုင်တနိုင်တောင်သူများအတွက် နည်းပညာသစ်များ ပါဝင်သော အော်ဂဲနစ်အရင်းအမြစ်များသုံးစွဲပုံကို သဘောပေါက်ရန်
- ၁။ အေအမ်အက်ဖ်မှို၏သဟဇီဝနဖြစ်စဉ် ပညာပေးလုပ်ငန်းများနှင့် ပတ်သက်သော သက်ဆိုင်ရာစိုက်ပျိုးရေး သုတေသနများကို ပိုမိုရင်းနှီးမြှုပ်နှံ ဆောင်ရွက်ရပါမည်။
- ၂။ ဖော့စပရပ်နှင့် နိုက်ထရိုဂျင်ကို နည်းစနစ် မှန်မှန်ကန်ကန် သုံးစွဲခြင်းများနှင့် ၎င်းအာဟာရဓာတ်များကို တိုးတက်စေသော မြေအာဟာရဓာတ် စီမံခန့်ခွဲမှုကလည်း အရေးကြီးသည်။
- ၃။ ဓာတ်မြေသြဇာများ အလွန်အကျွံသုံးစွဲမှုကြောင့် မြေကျန်းမာရေးချို့တဲ့မှုနှင့် အသင့်အတင့် သုံးစွဲသော်လည်း အခြေခံနည်းစနစ်ကို နားလည်မှုအားနည်းသောကြောင့် တပိုင်တနိုင်တောင်သူများ၏ လယ်ယာစနစ်တွင် အာဟာရဓာတ် ဆုံးရှုံးမှုများသည် နှစ်ကြာရှည်ခဲ့ပြီ ဖြစ်သည်။
- ၄။ အာဟာရဆုတ်မှု များစွာရှိခဲ့သော်လည်း ပြန်လည်အစားထိုးစနစ်များသည် နည်းစနစ်မှားယွင်းနေခြင်းများရှိခဲ့သည်ကို မှန်ကန်စွာ သုံးစွဲတတ်ရန် လိုအပ်သည်။
မြေဆီလွှာကြွယ်ဝရန် ဇီဝမြေသြဇာအရင်းအမြစ် အာဘာစကူလာမိုက်ကိုရိုက်ဇာအကျိုးပြုမှုကို မှန်ကန်စွာအသုံးချစို့
အချို့သောမြေဆီလွှာသည် ဓာတ်သတ္ထု ကြွယ်ဝမှုမရှိပေ။ ဓာတ်သတ္ထု ကြွယ်ဝစေသောနည်းများသုံးခြင်း၊ အာဟာရဓာတ်များ ဖြည့် တင်းခြင်းများ ပြုလုပ်ရမည်။
သို့ဖြစ်၍ တပိုင်တနိုင် တောင်သူများသည် ဓာတ်မြေသြဇာကို လျှော့ချသုံးစွဲနိုင်ပြီး မြေကျန်းမာရေးကိုအန္တရာယ်မပြုသည့် ဇီဝမြေသြဇာများကိုသုံးစွဲခြင်း စသော ပတ်ဝန်းကျင်နှင့်မိတ်ဖက်ဖြစ်ပြီး ရေရှည်တည်တံ့သော စိုက်ပျိုးရေးအလေ့အကျင့်ကောင်းများကို စိတ်ဝင်စားလာကြသည်။
အော်ဂဲနစ်ပစ္စည်းများ၊ ဇီဝပိုးသတ်ဆေးနှင့် ဇီဝမြေသြဇာများကိုလည်း ဝယ်ယူသုံးစွဲရပါက တန်ဖိုးမြင့်နိုင်သဖြင့် သဘာဝအတိုင်း ပွားများနည်းများ၊ ဇီဝပိုးသတ်ဆေးနှင့် ဇီဝမြေသြဇာဖျော်စပ်နည်း၊ သုံးစွဲခြင်းနည်းပညာများကလည်း အရေးကြီးသည်။
ဥပမာ - အပင်များရှိ သဘာဝအတိုင်းရှိသော အော်ဂဲနစ်ပစ္စည်းများ ဇီဝပိုးသတ်ဆေးနှင့် ဇီဝမြေသြဇာအာနိသင်ကို အေအမ်အက်မှိုများနှင့် ပူးတွဲသုံးပြီး ထိရောက်သော သုံးစွဲနည်း နည်းပညာများ ကျယ်ကျယ်ပြန့်ပြန့် သိရှိရန် လိုအပ်သည်။
ဇီဝသက်ရှိများဆိုင်ရာ ဖော်မြူလာများကို တပိုင်တနိုင်တောင်သူများက လက်ခံပြီး စနစ်တကျသုံးစွဲပါလျှင် ဈေးသက်သာသော မြေအာဟာရဓာတ်ကို တိုးတက်စေသော အကျိုးရှိသည့် နည်းများဖြစ်သည်ကိုလည်း သုတေသနပြုကြသည်။
- (က) အေအမ်အက်ဖ်မှို ထိုးသွင်းခြင်း၏ ဆေးဘက်ဝင်အပင်များတွင် လူသားကျန်းမာရေးအကျိုးပြု ဒုတိယ အစာချေဖျက်ပေးနိုင်သော ဓာတုပစ္စည်းများ တိုးလာသည်။
- (ခ) ၎င်းပစ္စည်းများသည် လူသားကျန်းမာရေး အထောက်အကူပြုသည်။
- (ဂ) ဆေးဘက်ဝင်အပင် စစ်ထုတ်ရေများ၊ အထူးဆီများသည် အပင်ရောဂါဖြစ်စေ သက်ရှိများ၊ ပိုးများကို ဟန့်တားသော အာနိသင်ရှိသည့် တွေ့ရှိချက်များစွာ ရှိသည်။ ဇီဝပိုးသတ်ဆေးနှင့် ဇီဝမြေသြဇာအဖြစ် သဘာဝအာနိသင်ရှိသည်။
- (ဃ)အေအမ်အက်ဖ်မှို ထိုးသွင်းခြင်းသည် ဆေးဘက်ဝင်အပင်များ၏ ဇီဝပိုးသတ်ဆေးနှင့် ဇီဝမြေသြဇာအာနိသင်ကို တိုးစေသည်၊
- (င)အေအမ်အက်ဖ်မှိုနှင့်တွဲ၍ စိုက်ခင်းထဲကိုသုံးစွဲခြင်း စသောပတ်ဝန်းကျင်နှင့် မိတ်ဖက် အလေ့အကျင့်ကောင်းများကို သုတေသနပြုပြီး ထိရောက်သော အလားအလာရှိသော တွေ့ရှိချက်များစွာရှိသည်။
အေအမ်အက်ဖ်မှို၏ဂေဟစနစ်လုပ်ငန်းများ အကျိုးရှိအောင်ဆောင်ရွက်သော သဟဇီဝနဖြစ်စဉ်သည် အရေးကြီးသည်။ မြေအာဟာရတိုးစေသော ပဲပင်များနှင့် ဇီဝမြေသြဇာအရင်းအမြစ် အေအမ်အက်ဖ်မှို၏ပတ်ဝန်းကျင် မိတ်ဖက်ဖြစ်မှုများသည် တပိုင်တနိုင် စိုက်ပျိုးရေးတွင် အရေးကြီးဆုံးထဲမှ တခုဖြစ်သည်။
အေအမ်အက်ဖ်မှို၏ဂေဟစနစ်တွင် အကျိုးရှိသော သဟဇီဝနဖြစ်စဉ်ကို အထောက်အကူပြုသည့် အလေ့အကျင့်ကောင်းများ အသုံးပြုပြီး ပညာပေးသင်တန်းအဖြစ် တပိုင်တနိုင်ခြံ ကျယ်ကျယ်ပြန့်ပြန့် တည်ထောင်ရန် လိုအပ်လာသည်။
စနစ်ကျသော တပိုင်တနိုင် ဆေးဖက်ဝင်ပင်စိုက်ခြံ တည်ထောင်ထားပုံ

အော်ဂဲနစ်ပစ္စည်းများဖြစ်သောဇီဝပိုးသတ်ဆေးနှင့် ဇီဝမြေသြဇာ သုံးစွဲခြင်းသည်အပင်ကြီးထွားခြင်းနှင့် သီးနှံထုတ်လုပ်မှုကို တိုးစေသည်။ အခြားအကျိုးပြုသောဂေဟစနစ်နှင့် ပတ်သက်သည့် လုပ်ငန်းများကိုအထောက်အကူပြုသည်။ ၎င်းအပြင် မြေရှိဇီဝသက်ရှိမျိုးကွဲများကို ထိန်းသိမ်းသဖြင့် ရေရှည်တည်တံ့သော ပတ်ဝန်းကျင်ကို ဖြစ်စေကြောင်းကို ပညာရှင်များကလည်း သုတေသနများစွာပြုလုပ်ကြသည်။ သို့ဖြစ်၍ ဇီဝသက်ရှိမျိုးကွဲများ၏ အရည်အချင်းသည် အထူးအရေးကြီးသည်။ ၎င်းတို့ကို ကိုင်တွယ်နည်းများ သိရှိထားရန် လိုအပ်သည်။
လွန်ခဲ့သော ၁၀ စုနှစ်များက အေအမ်အက်ဖ်မှို၏ အပင်ကြီးထွားစေခြင်း၊ မြေကျန်းမာစေခြင်း၊ သက်ရှိသက်မဲ့ ဖိနှိပ်မှုဒဏ် တွန်းလှန်ခြင်းများ၊ ပင်စည်နာရောဂါများ လျော့ကျစေမှုကို ပညာရှင်များက သုတေသနများစွာ ပြုလုပ်ကြသည်။
ယခု ၁၀ စုနှစ်အတွင်း မော်လီကျူလာ လေ့လာမှုအခြေခံလာသည်။ အေအမ်အက်ဖ်မှို၏ အပင်နှင့် သဟဇီဝနဖြစ်စဉ်ကို လူသားကျန်း မာရေးအကျိုးပြု ဒုတိယ အစာချေဖျက်ပေးနိုင်သော ဓာတုပစ္စည်းများ တိုးလာစေသည်ဟူသော သုတေသနများစွာ ပြုလုပ်ကြသည်။ အေအမ်အက်ဖ်မှိုကြောင့် မြေကျန်းမာသည်၊ အပင်ကျန်းမာသည်၊ မြေကျန်းမာမှ လူကျန်းမာမည် ဟူသော ခိုင်မာသော တွေ့ရှိချက်များရလာသည်။
လွန်ခဲ့သော ၁၀ စုနှစ်များက လေ့လာမှုနှင့် တွေ့ရှိချက်
အေအမ်အက်ဖ်မှို ထိုးသွင်းခြင်း၏ ရောဂါထိုးသွင်းစမ်းသပ်ထားသော မတ်ပဲမြစ် အမြစ်နာရောဂါဖြစ် Rhizoctonia bataticola စကလရိုရှမ်များ မှိုကိုလိုနီ ဖြစ်ပေါ်လာပုံ
(ဝင်းနှင့် မြ၂၀ဝ၈)

တိုးတက်လာသော လူသားကျန်းမာရေးနှင့်သက်ဆိုင်သော လေ့လာမှုနှင့် တွေ့ရှိချက်
အေအမ်အက်မှို ၂ မျိုး ထိုးသွင်းခြင်း၏ ရှားစောင်းလက်ပတ်ပင် အပင်ခြောက်အလေးချိန်၊ အန်တီအောက်ဇီးဒန့် တိုးလာခြင်း။ အမြစ်စွဲရာခိုင်နှုန်းအပေါ် အကျိုးသက်ရောက်မှု

ကိုးကား
- မြမြ ဒေါ် အပူပိုင်းဒေသစိုက်ပျိုးရေးတွင် အာဘာ စကူလာ မိုက်ကို ရိုက်ဇာမှို အသုံးချခြင်း (၂၀၁၆)
- Oruru M B and Njeru E M Upscaling Arbuscular Mycorrhizal Symbiosis and Related Agroecosystems Services in Smallholder Farming Systems. BioMed Research International. ID4376240,12pages Volume 2016, Article . doi.org/10.1155/2016/4376240
- Zothanzama J.et al. Colonization of Arbuscular Mycorrhizal fungi (AMF) in Cowpea (VIGNA SPS) from Three Different Jhum Lands in Mizoram. Int J S Res Sci. Tech. 2018 Mar-Apr;4(5) : 724-726
ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
Arbuscular Mycorrhizal Fungi
Related questions
မြေသွေးနဲ့ ကြက်သွန်စိုက်လိုရလား
ဇော်မင်းနိုင် • 1 answers
နွားသေးရည်ကိုဘယ်နှစ်ရက်ထားပိမှနှမ်းခင်းကိုပတ်ဖျန်းရတာလဲ့နွားသေးရည်ကိုဘယ်နှစ်ရက်ထားရတာလဲ့?နွားသေးရည်းကိုဘယ်လို့သိမ်းထားရတာလဲ့
Tin Tun Aung • 2 answers
ဒီသဘာဝမြေဆွေးကိုကြက်မောက်အပင်ငယ်စိုက်ထားတာတစ်နှစ်ရှိပါပီ ကြွေးရင် တစ်ပင်ကို ဘယ်လောက်ထည့်ရမလဲ ဆရာတို့
Sawdohhtoo Sawsaw • 3 answers
ကလောက်ဒီကို မြေအစိုဓာတ်ဝေးတဲ့အချိန်မှာ ကြ က်သွန်နီကို ဖျန်းလို့ အဆင်ပြေလားဗျာ အာနိသင် ရှိမရှိလေးပြောပြပေးပါအုံး
Aung Lay • 4 answers
နွားသေး ထန်းလျှက် နွားချီး ပြာ အချိုးစားလေးပြောပြပေးပါလား မြေဩဇာလုပ်ချင်လို့ပါ မြေပဲ နှင့် နှမ်းသုံးချင်လို့ပါ အပင်သက်တမ်းတွေကတော့ 25ရက်ရှိပါပြီ
Ukyaw • 6 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဒေါ်မြမြ ပါမောက္ခ(ငြိမ်း)
See all
မိုက်ခရိုဂရင်းများတွင် ကျရောက်တတ်သောရောဂါများကို ကုသနည်း
30/04/2024
ပွားစာဆွေးများကို မိုက်ခရိုဂရင်းစိုက်ပျိုးရာတွင် သုံးခြင်းဖြင့် တိုးလာစေသော ဂုဏ်သတ္တိများ
09/04/2024
ခဲမြေအစားထိုးအဖြစ်သုံးသင့်သော ကြီးထွားမီဒီယာများ
02/04/2024
ကိုယ်ခံစွမ်းအားမြင့်စေသည့် မိုက်ခရိုဂရင်းများ
07/03/2024
မိုက်ခရိုဂရင်းဆိုတာ စူပါအစားအစာလား?
27/02/2024