မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း(၁၄)
ရေရှည်တည်တံ့သော စိုက်ပျိုးရေးအတွက် အာဘာစကူလာမိုက်ကိုရိုက်ဇာ(အေအမ်အက်ဖ်)မှို၏ ဂေဟစနစ်ဆိုင်ရာ အခန်းကဏ္ဍများ အပိုင်း - ၄
- ၁။ အပေါ်မြေလွှာ၌ အေအမ်မှိုမျိုးကွဲများစွာ ပွားများသည်သာမက အမြစ်မွှေးရှည်လျား မြေနက်ဆင်းအပင်များ မှီခိုအကျိုးပြုအောက်မြေလွှာ (Sub soil) အေအမ်မှိုမျိုးများကိုလည်း ၂၁ ရာစုတွင် လေ့လာနေကြပြီ ဖြစ်သည်။
- ၂။ တသမတ်တည်းမဟုတ်သောအမြစ်များ ပျံ့နှံ့မှုကြောင့် အေအမ်အက်ဖ်မှိုများသည် နားနေစပိုးများ၊ သက်တမ်းရှည်မိုက်စီလိယံများ ထုတ်ပြီး ပိုမိုခိုင်မြဲစွာ အချိန်အတော်ကြာရပ်တည်နိုင်သည်။
- ၃။ မြေစိုင်ခဲဖွဲ့စည်းမှု၊ တည်မြဲမှု၊ ရေရှည်တည်တံ့သောကာကွယ်မှုကို ဖြစ်စေကြောင်းကိုလည်း ဆက်လက်လေ့လာနေကြပြီဖြစ်သည်။
- ၄။ မြေနက်ဆင်း အမြစ်မွှေးရှည်အပင်များကို အလှည့်ကျစိုက်ပျိုးရေးတွင် ထည်သွင်းစိုက်ခြင်းဖြင့် အောက်မြေလွှာမှိုမျိုးကွဲများ တိုးလာပါမည်။
- ၅။ ဒါကလည်း အာဘာစကူလာမိုက်ကိုရိုက်ဇာမှို၏ သဟဇီဝနပြောင်းလဲမှုဖြစ်စဉ်နှင့်တစ်ခု ဖြစ်သည်။ ဆက်လက်၍အေအမ်မှိုမျိုးကွဲများ၏ ဂေဟစနစ်အတွက် ဆက်နွှယ်မှုလုပ်ငန်းများ ကျယ်ပြန့်လာခြင်းဖြစ်သည်။
- ၆။ ဤပြောင်းလဲမှုများသည် အေအမ်အက်ဖ်မှို ပညာပေးလုပ်ငန်းတွင်အသုံးဝင်သလို တပိုင်တနိုင် စိုက်ပျိုးရေးတောင်သူများလည်း ကိုယ်တိုင်နားလည်စေရန် ဖေါ်ပြလိုပါသည်။
၄ - အောက်မြေလွှာ အာဘာစကူလာမိုက်ကိုရိုက်ဇာမှိုကွန်မြူနတီ၏ ဆောင်ရွက်ချက်များ (အဆက်)

၄.၁ အောက်မြေလွှာအာဘာစကူလာမိုက်ကိုရိုက်ဇာမှိုကွန်မြူနတီ
အောက်မြေလွှာအာဘာစကူလာမိုက်ကိုရိုက်ဇာမှိုကွန်မြူနတီ များစွာရှိသည်။ ၎င်းတို့သည် အပင်နှင့်ပတ်သက်သော ဆောင်ရွက်ချက်များနှင့် ဂေဟစနစ်ဆိုင်ရာ လုပ်ငန်းများအတွက် ဆောင်ရွက်သည်။
- (၁) အောက်မြေလွှာသည် ထုထည်မြင့်မားသည်၊
- (၂) သိပ်သည်းသည်၊
- (၃) လေပေါက်နည်းသည်၊
- (၄) အောက်စီဂျင်ပါဝင်မှု ပြင်းအားနည်းသည်။
အောက်မြေလွှာသည် အမြစ်များအတွက် သာမန်နီးပါးပတ်ဝန်းကျင် ရှိနေပြီး အေအမ်အက်ဖ်မှိုများအနေဖြင့်လည်း ၎င်း၏အခြေအနေများနှင့် အသားကျနေပြီဖြစ်သည်။
အကြောင်းပြချက်တခုအနေဖြင့်ပြောရမည်ဆိုပါက...
- အောက်မြေလွှာအာဘာစကူလာ မိုက်ကိုရိုက်ဇာမှို ကွန်မြူနတီများသည် လေပေါက်ကျဉ်းသောမြေတွင် စွဲကပ်နိုင်သည်။
- လေမဲ့အနေအထားတွင် ကြံ့ကြံ့ခံနိုင်စွမ်းအား မြင့်သည်။
- အောက်မြေလွှာတွင် ရှားရှားပါးပါးဖြစ်ပြီး တသမတ်တည်း မဟုတ်သောအမြစ်များ ပျံ့နှံ့မှုကြောင့် အေအမ်အက်ဖ်မှိုများသည် နားနေစပိုးများ၊ သက်တမ်းရှည်မိုက်စီလိယံများထုတ်ပြီး ပိုမိုခိုင်မြဲစွာ အချိန်အတော်ကြာရပ်တည်နိုင်သည်။
၅။ အထူးသဖြင့် Glomalaceae ဝင် မှိုမျိုးများသည် များသောအားဖြင့် ပြင်ပနေ မှိုမျှင်များထုတ်လေ့ရှိပြီး ရပ်တည်သဖြင့် အရေးကြီးသော အချက်တခုကတော့ အောက်မြေလွှာ အာဘာစကူလာမိုက်ကိုရိုက်ဇာမှို ကွန်မြူနတီအများစုသည် Glomus species များ ဖြစ်သည်။ မြေစေးမြေများတွင် အပင်ရှင်သန်ရပါက အာဘာစကူလာမိုက်ကိုရိုက်ဇာမှိုများသည် အပင်ရှင်သန်ရေးတွင် ပါဝင်ကူညီမှု မြင့်မားလာသည်။
အကျိုးပြုမှုများ
(က) အရေးကြီးသောအချက်တခုကတော အောက်မြေလွှာ အေအမ်အက်ဖ်မှို ကွန်မြူနတီများကြောင့် အပင်များက ပြင်းထန်သော အခြေအနေများကို ကြံ့ကြံ့ခံနိုင်လာ (ဒဏ်ခံလာနိုင်) ခြင်းဖြစ်သည်။
(ခ) အာဘာစကူလာမိုက်ကိုရိုက်ဇာမှို ဖိုင်လိုတိုက် (phylotype) များသည် ကြီးမားသောအရင်းအမြစ်များကို အကျိုးရှိစွာအသုံးချပြီးအပင်အတွက် အကျိုးရှိသောကာဖွန်ရစေကာ ကိုယ်စားပြုသက်တမ်းရှည်မှိုမျှင်များထုတ်ပြီး သဟဇီဝနဖြစ်စဉ်ကို ဆက်သည်။
(ဂ) အောက်မြေလွှာအာဘာစကူလာမိုက်ကိုရိုက်ဇာမှိုကွန်မြူနတီများအနက် ကြီးထွားမှုနှေးကွေးသော ကွန်မြူနတီများသည် အစ ကနဦးဖြစ်ပြီး ချက်ချင်းအကျိုးပြုမှု နည်းသည်။ သက်တမ်းရှည်ကွန်မြူနတီများသည် အကျိုးပြုမှု ပိုထိရောက်သည်။ အေအမ်အက်ဖ်မှို များ၏ စပိုးများသည် မြေအနက်အလိုက် ပွားများမှု လျော့နည်းလာသည်။ သို့သော် အပင်မျိုးကွဲများ၊ အေအမ်အက်ဖ်မှို မျိုးကွဲများဖြင့် ပြန်လည်ဖြည့်ဆည်းနိုင်သည်။
(ဃ) အောက်မြေလွှာအာဘာစကူလာမိုက်ကိုရိုက်ဇာမှိုကွန်မြူနတီများသည် အပင်မှပံ့ပိုး၍ မှိုများမှရသော ကာဖွန်ယူနစ်တိုင်းပေါ် မူတည်ပြီး အပင်အတွက် ပြန်လည်အကျိုးပြုမှုသည် အပေါ်မြေလွှာ အေအမ်အက်ဖ်မှိုများထက် ပိုမြင့်သည်။ သို့ဖြစ်၍ အောက်မြေလွှာ အေအမ်အက်ဖ်မှိုကွန်မြူနတီများသည် မြေဖွဲ့စည်းပုံ အမျိုးမျိုးတွင် အရေးကြီးသော ခိုင်မာသော အခန်းကဏ္ဍမှာ ပါဝင်နေသည်။
(င) အာဘာစကူလာမိုက်ကိုရိုက်ဇာမှိုကွန်မြူနတီများသည် မင်နရယ်များ မိုးရေဖြင့် လျှောကျစီးဆင်းသွားခြင်းကို..
- (၁)အပင်အသက်ရှူနှုန်းတိုးလာခြင်း (increased respiration)
- (၂)မြေသားဖွဲ့စည်းမှု တည်ငြိမ်အခြေကျစေခြင်း (soil stabilization)
- (၃)မြေငွေ့၊ ပင်ငွေ့ပျံခြင်းနှင့် ယိုစီးမှုကိုတိုးစေခြင်း (enhanced evapotranspiration and exudation) စသည့် လမ်းကြောင်းများမှတဆင့် ထိန်းပေးသည်ဟုဆိုသည်။
အောက်မြေလွှာ အေအမ်အက်ဖ်မှိုကွန်မြူနတီများကြောင့် အပင်များက ပြင်းထန်သောအခြေအနေကို ကြံ့ကြံ့ခံနိုင်သည်ဟူသော အချက်အတွက် သုတေသနတွေ့ရှိချက်

၄.၃ ပြောင်း၊ မြက်နှင့် စပျစ်စိုက်ခင်းများရှိ အောက်မြေလွှာတွင် အေအမ်အက်ဖ်မှို မျိုးကွဲများရှိကြောင်းကို မျိုးကွဲအညွှန်းအမြင့်ဖြင့် ပြခြင်း သုတေသနတွေ့ရှိချက်
ထယ်ပါးပါးထိုးထားသော ပြောင်းခင်းများ၏ ထယ်ထိုးလွှာအောက်မြေလွှာ (၂၀-၃၅ နှင့် ၃၅-၅၀ စင်တီမီတာ) အနက်တွင် အေအမ်အက်ဖ်မှို မျိုးကွဲများ၏ မျိုးကွဲအညွှန်းသည် မြက်ခင်းများ၏ မျိုးကွဲအညွှန်းကဲ့သို့ မြင့်သည်။ စပျစ်ခင်းများတွင် ထယ်ထိုးလွှာအောက်မြေ (၂၀-၃၅ စင်တီမီတာ)တွင်သာ အေအမ်အက်ဖ်မှို မျိုးကွဲအညွှန်းကောင်းသည်။ ဤတွေ့ရှိချက်သည် စိုက်ကွင်းမြေပြုပြင်မှု ထယ်ရေး လျှော့ချခြင်း၏ အေအမ်အက်ဖ်မှို မျိုးကွဲများလာစေသော ခိုင်မာသည့် တွေ့ရှိချက် ဖြစ်သည်။
အေအမ်အက်ဖ်မှို မျိုးကွဲအညွှန်း

ကိုးကား
Oehl F. et al.Community structure of arbuscular mycorrhizal fungi at different soil depths in extensively and intensively managed agroecosystems. 09 December 2004 https://doi.org/10.1111/j.1469-8137.2004.01235.x
Sosa-Hernández MA, Leifheit EF, Ingraffia R and Rillig MC Subsoil Arbuscular Mycorrhizal Fungi for Sustainability and Climate-Smart Agriculture: A Solution Right Under Our Feet? Front. Microbiol. 10:744 (2019). doi: 10.3389/fmicb.2019.00744
Srivastava P., Saxena B. and Giri B. Arbuscular Mycorrhizal Fungi: Green Approach/Technology for Sustainable Agriculture and Environment. Mycorrhiza - Nutrient Uptake, Biocontrol, Ecorestoration pp 355-386. 2017.
Wei et al. The Role of Arbuscular Mycorrhiza Fungi in the Decomposition of Fresh Residue and Soil Organic Carbon: A Mini‐Review. Soil Science Society of America Journal 83(3) · January 2019
ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
Arbuscular Mycorrhizal Fungi
Related questions
မြေသွေးနဲ့ ကြက်သွန်စိုက်လိုရလား
ဇော်မင်းနိုင် • 1 answers
နွားသေးရည်ကိုဘယ်နှစ်ရက်ထားပိမှနှမ်းခင်းကိုပတ်ဖျန်းရတာလဲ့နွားသေးရည်ကိုဘယ်နှစ်ရက်ထားရတာလဲ့?နွားသေးရည်းကိုဘယ်လို့သိမ်းထားရတာလဲ့
Tin Tun Aung • 2 answers
ဒီသဘာဝမြေဆွေးကိုကြက်မောက်အပင်ငယ်စိုက်ထားတာတစ်နှစ်ရှိပါပီ ကြွေးရင် တစ်ပင်ကို ဘယ်လောက်ထည့်ရမလဲ ဆရာတို့
Sawdohhtoo Sawsaw • 3 answers
ကလောက်ဒီကို မြေအစိုဓာတ်ဝေးတဲ့အချိန်မှာ ကြ က်သွန်နီကို ဖျန်းလို့ အဆင်ပြေလားဗျာ အာနိသင် ရှိမရှိလေးပြောပြပေးပါအုံး
Aung Lay • 4 answers
နွားသေး ထန်းလျှက် နွားချီး ပြာ အချိုးစားလေးပြောပြပေးပါလား မြေဩဇာလုပ်ချင်လို့ပါ မြေပဲ နှင့် နှမ်းသုံးချင်လို့ပါ အပင်သက်တမ်းတွေကတော့ 25ရက်ရှိပါပြီ
Ukyaw • 6 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဒေါ်မြမြ ပါမောက္ခ(ငြိမ်း)
See all
မိုက်ခရိုဂရင်းများတွင် ကျရောက်တတ်သောရောဂါများကို ကုသနည်း
30/04/2024
ပွားစာဆွေးများကို မိုက်ခရိုဂရင်းစိုက်ပျိုးရာတွင် သုံးခြင်းဖြင့် တိုးလာစေသော ဂုဏ်သတ္တိများ
09/04/2024
ခဲမြေအစားထိုးအဖြစ်သုံးသင့်သော ကြီးထွားမီဒီယာများ
02/04/2024
ကိုယ်ခံစွမ်းအားမြင့်စေသည့် မိုက်ခရိုဂရင်းများ
07/03/2024
မိုက်ခရိုဂရင်းဆိုတာ စူပါအစားအစာလား?
27/02/2024
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....