မွှားပင့်ကူနီကျရင် ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲ။
မွှားပင့်ကူနီဆိုတာ ဘာလဲ။
အရမ်းကို သေးငယ်တဲ့ Family Tetranychidae အုပ်စုအောက်က မွှားကောင်တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် သူ့တို့ကို မွှားပင့်ကူနီလို့ ခေါ်ကြတဲ့အတွက် တစ်ချို့က ပင့်ကူတွေနဲ့ မှားပြီး ထင်တတ်ကြပါတယ်။ တကယ်က သူတို့ဟာ မွှားကောင်တွေပဲ ဖြစ်ပါတယ်။ သူတို့က အရွက်စားပင်တွေ၊ ပန်းပင်တွေ၊ အိမ်တွင်းအလှစိုက်အပင်တွေ အစရှိတဲ့ အပင်မျိုးပေါင်းစုံကို ဖျက်ဆီးတိုက်ခိုက်နိုင်ကြပါတယ်။ သူတို့ရဲ့ သက်တမ်းက (hibernate) ဆောင်းမခိုဘူးဆိုရင် (၄-၇) ပတ် အထိ ရှိတတ်ပါတယ်။ အရွယ်အစားအနေနဲ့ကတော့ စင်တီမီတာဝက် (၀.၅မီလီမီတာ) သာ ရှိပါတယ်။ သူတို့အရမ်းကျတဲ့အခါ အပင်တွေကို သေစေနိုင်တဲ့အထိ ဆိုးရွားသွားစေပါတယ်။ ဒါ့အပြင် သူတို့ဟာ အကျိုးပြုပိုးတွေ မဟုတ်ဘဲ အပင်စိုက်သူအားလုံးအတွက် ဖျက်ပိုးတွေပဲ ဖြစ်ပါတယ်။
ဘယ်အချိန်မှာ ကျရောက်တတ်သလဲ။
ပူနွေးခြောက်နွေ့နေတဲ့အချိန်တွေမှာ ကျရောက်တတ်ပါတယ်။ အိမ်တွင်းစိုက်အပင်တွေမှာ ဆိုရင်တော့ တစ်နှစ်ပတ်လုံးကျနိုင်ပါတယ်။ ပြင်ပအပင်တွေမှာတော့ မိုးရွာခြင်းမရှိဘဲ ခြောက်သွေ့နေတဲ့ကာလတွေနဲ့ ပူနွေးတဲ့ နွေကာလတွေမှာ ကျရောက်နိုင်ပါတယ်။
အပင်တွေကို ဘယ်လိုဖျက်ဆီးလဲ။
သူတို့ဟာ အပင်တွေရဲ့ ပင်ရည်တွေကို စုပ်ယူပြီး တိုက်ခိုက်ကြပါတယ်။ အပင်ဆဲလ်တွေကိုလည်း စုပ်ယူစားသောက်ကြပါသေးတယ်။ ဒါ့အပြင် သူတို့ဟာ တစ်ပင်မှာ ကျရောက်ပြီးပြီ ဆိုရင် တစ်ပင်ကနေ တစ်ပင်ကို ကူးစက်ဖို့အတွက် လွယ်ကူ လျင်မြန်လှပါတယ်။ သေးငယ်လွန်းလှတဲ့ အတွက် လေကနေတစ်ဆင့် ပြန့်နှံ့ကူးစက်နိုင်စွမ်းလည်း ရှိပါတယ်။ သူတို့ဟာ ဗိုင်းရပ်စ်ရောဂါတွေကို သယ်ဆောင်နိုင်တဲ့ virus vector တွေလည်း ဖြစ်ပါတယ်။ ဒါ့ကြောင့် သူတို့ကျရောက်နေပြီဆိုရင် ဗိုင်းရပ်စ်ရောဂါပါ ဆက်ပြီး ကျသွားနိုင်ပါတယ်။
မွှားပင့်ကူတွေ ကျရင် ဘယ်လို လက္ခဏာတွေ ပေါ်လဲ။
ဒီကောင်တွေကျပြီဆိုရင် ချက်ချင်းသိဖို့တော့ ခက်ပါမယ်။ ဘာလို့ဆို သူတို့က အရမ်းကို သေးငယ်တဲ့အတွက် မှန်ဘီလူးနဲ့ ကပ်ကြည့်မှသာ မြင်နိုင်တဲ့အတွက် ဖြစ်ပါတယ်။ သူတို့ကျပြီဆိုရင် ပထမဆုံး သိနိုင်တဲ့ အချက်ကတော့ အဖြူရောင် (သို့) အဝါရောင် အစက်ကလေးတွေ စပေါ်လာတာပါ။ ပြီးရင်တော့ အရွက်တွေဟာ လုံးဝကို အဝါရောင် ပြောင်းလဲသွားပါတယ်။ မွှားပင့်ကူနီတွေဟာ အရွက်မျက်နှာပြင်တစ်ခုလုံးကို ကျပမ်းနေထိုင်ပြီး စားသောက်တတ်ကြပါတယ်။ ဒါ့ကြောင့်လည်း သူတို့ကျရောက်ပြီဆိုရင် လှေးပိုးကျရောက်သလိုမျိုး အဖြူကွက် အကြီးကြီးတွေ ဖြစ်မနေတာပဲ ဖြစ်ပါတယ်။ နောက်တစ်ချက်က အရွက်တွေနားမှာဆိုရင် ပင့်ကူမျှင်တွေလိုမျိုး အမျှင်တွေရက်လုပ်ထားတာကိုလည်း တွေ့နိုင်ပါတယ်။ အပင်တွေပေါ်ကို ရေမှုန်လေးတွေ ဖျန်းပေးလိုက်မယ်ဆိုရင် အဲ့ဒီ ပင့်ကူမျှင်ကွန်ရက်တွေဟာ ပေါ်လာမှာပဲ ဖြစ်ပါတယ်။
သူတို့ကျရင် ပိုးသတ်ဆေးတွေ အလွန်အကျွံ သုံးသင့်လား။
အရင်ဦးဆုံးပြောချင်တာက ဒီကောင်တွေဟာ အင်းဆက်အုပ်စုဝင် မဟုတ်ပါဘူး။ ဒါ့ကြောင့် ပိုးသတ်ဆေးအလွန်အကျွံ သုံးစွဲခြင်းကို ရှောင်ရပါမယ်။ ဘာလို့ဆို သူတို့ကို နိုင်တဲ့ predator (သားရဲကောင်) တွေက အကျိုးပြုပိုးအင်းဆက်တွေ ဖြစ်နေလို့ပါ။ ဒါ့ကြောင့် မွှားပင့်ကူနီတွေကို နှိမ်နင်းဖို့ ဆေးတွေ အလွန်အကျွံ သုံးလိုက်မယ်ဆိုရင် အကျိုးပြုပိုးတွေဟာ သေသွားပြီး မွှားပင့်ကူနီတွေ outbreak (အလွန်အကျွံများပြားလာမှာ) ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့ဟာ pesticides တွေကို လိုက်လျောညီထွေ ဖြစ်မှု မြန်လှပါတယ်။ တစ်နည်းပြောရမယ်ဆိုရင် ဓာတုဆေးဝါးတွေကို ခုခံနိုင်စွမ်းမြင့်ပါတယ်။
သူတို့ကို ဘယ်လို ကာကွယ်ကုသနိုင်လဲ။
(က) အိမ်တွင်းစိုက် အပင်များအတွက် (for indoor plants)
အိမ်တွင်းစိုက်အပင်တွေမှာ မွှားပင့်ကူနီတွေ ကျနေတာကို တွေ့ရပြီဆိုရင်တော့ အောက်ပါ အချက်(၅)ချက်ကို ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။
• Calcium-free water (ကယ်လ်ဆီယမ် မပါဝင်သော ရေ) ကို အရွက်ပေါ်သို့ ဖျန်းပေးပါ။ Calcium-free water ဆိုတာ ဘာကို ခေါ်တာလဲဆိုတော့ minerals(သတ္တုဓာတ်) များစွာ မပါဝင်သော အားပျော့တဲ့ ရေကို ပြောချင်တာပဲ ဖြစ်ပါတယ်။ သာဓကပြရမယ်ဆိုရင်တော့ မိုးရေပဲဖြစ်ပါတယ်။ အဲ့လိုဖျန်းပေးခြင်းက မွှားပင့်ကူနီတွေ မကြိုက်တဲ့ စိုစွတ်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်လို့ပဲ ဖြစ်ပါတယ်။
• ရေပိုက်နဲ့ ထိုးဖျန်းပေးတာရယ်၊ စပရေးနဲ့ ရေရွဲရွဲစိုအောင် ဖျန်းပေးတာရယ်က (ရေချိုးပေးတာ) မွှားပင့်ကူနီတွေကို အပင်ကနေ ကွာသွားစေပါတယ်။
• အရွက်မျက်နှာပြင်အပေါ်ရော အောက်ကိုပါ စိုစွတ်နေတဲ့ အဝတ်စနဲ့ ပွတ်ပေးတာကလည်း မွှားပင့်ကူနီတွေအတွက် အပင်မှာ နေထိုင်ဖို့ ခက်ခဲစေမှာပဲ ဖြစ်ပါတယ်။ အဲ့လို ရေစိုအဝတ်နဲ့ သုတ်ပေးတာကိုတော့ နေ့တိုင်းလုပ်ပေးသင့်ပါတယ်။
• မွှားပင့်ကူတွေက ကြက်သွန်ဖြူ၊ သစ်ကြမ်းပိုး၊ ငရုတ်ကောင်း၊ စမုန်ဖြူ၊ ကရဝေး၊ နနွင်း၊ သရက်ကင်း စတဲ့ အပင်တွေကို မကြိုက်ပါဘူး။ ဒါ့ကြောင့် မိမိအပင်တွေဆီကို မွှားပင့်ကူနီတွေ မလာစေချင်ရင်တော့ အဲ့ဒီအပင်တွေကို မိမိစိုက်ထားတဲ့ အပင်တွေနားမှာ တွဲပြီး စိုက်ထားပေးဖို့ လိုအပ်ပါတယ်။
• အထက်က နည်းတွေလုပ်နေတာတောင်မှ မွှားပင့်ကူနီတွေက မိမိအပင်လေးတွေမှာ ရှိနေဦးမယ်ဆိုရင်တော့ နောက်ဆုံးအဆင့်အနေနဲ့ မွှားပင့်ကူသတ်ဆေးကို ဝယ်ပြီး အနည်းငယ်ဖျန်းပေးနိုင်ပါတယ်။
အနှစ်ချုပ်အနေနဲ့ ပြောရမယ်ဆိုရင်တော့ မွှားပင့်ကူတွေက ပူနွေးပြီးခြောက်သွေ့တဲ့ ပတ်ဝန်းကျင်ကို ကြိုက်တယ်ဆိုတာပါပဲ။ ဒါ့ကြောင့် မိမိအပင်လေးတွေကို အစိုဓာတ်ရှိနေအောင် ထားပေးဖို့လိုအပ်ပါတယ်။ ရေလောင်းတဲ့အခါ အိုးထဲက မြေကြီးကိုပဲ လောင်းတာထက် အရွက်တွေကိုပါ စိုစွတ်နေအောင် လောင်းပေးဖို့ လိုအပ်ပါတယ်။ အဲ့ဒီအချက်တွေကိုသာ ဂရုတစိုက်လိုက်နာမယ်ဆိုရင်တော့ ကိုယ့်အပင်လေးတွေက မွှားပင့်ကူရန်ကနေ ဝေးမှာပဲ ဖြစ်ပါတယ်ရှင့်။
(ခ) စိုက်ခင်းထဲမှ အပင်များအတွက်
မိမိစိုက်ခင်းထဲမှာ မွှားပင့်ကူနီတွေ ကျနေပြီ ဆိုရင်တော့ အောက်ပါ အချက်တွေနဲ့ ကာကွယ်ကုသနိုင်ပါတယ်။
• အပေါ်ကလိုပဲ mineral ဓာတ်တွေ သိပ်မပါတဲ့ အားပျော့တဲ့ ရေကို အသုံးပြုပြီး ဖျန်းပေးဖို့ လိုအပ်ပါတယ်။ ပုံမှန်ဖျန်းပေးသွားရင် ရက်အနည်းငယ်အတွင်းမှာ မွှားပင့်ကူနီတွေကို ဖယ်ရှားနိုင်မှာပဲ ဖြစ်ပါတယ်။
• Beauveria bassiana လို့ခေါ်တဲ့ မှိုတစ်မျိုးဟာဆိုရင် မွှားပင့်ကူနီတွေရဲ့ မျိုးပွားမှုတွေနဲ့ ဥပေါက်နှုန်းတွေကို လျှော့ချပေးနိုင်စွမ်းရှိပါတယ်။ မြန်မာပြည်မှာတော့ အခုလို biological control တွေက သိပ်ခေတ်မစားသေးပေမယ့် တစ်ချိန်မှာ ခေတ်စားလာနိုင်ချေရှိတာမို့ ဒီမှိုလေးနဲ့ နှိမ်နင်းနိုင်တယ်ဆိုတာကို ဖော်ပြပေးလိုက်ရပါတယ်။
• နောက်တစ်ခုကတော့ မွှားပင့်ကူနီ မျိုးတွေထဲမှာပဲ Phytoseiulus လို့ခေါ်တဲ့ မွှားပင့်ကူနီ မျိုးတစ်မျိုးဟာဆိုရင်လည်း ဖျက်ပိုးဖြစ်တဲ့ မွှားပင့်ကူနီတွေနဲ့ အခြားသော ကပ်ပါးကောင်တွေကို နှိမ်နင်းနိုင်ပါတယ်။
• လှေးပိုးမျိုးနွယ် သားရဲကောင်တွေဟာလည်း မွှားပင့်ကူနီတွေရဲ့ ဥတွေ၊ သားလောင်းအဆင့်တွေနဲ့ အကောင်ကြီးအဆင့်တွေပါမကျန် အကုန်ကို စားသောက်ဖျက်ဆီးတတ်ကြပါတယ်။ ဒါကြောင့် မိမိတို့ စိုက်ခင်းထဲမှာ ဒီအကောင်တွေကို ထိန်းသိမ်းပေးထားဖို့ လိုအပ်လှပါတယ်။
• စိုက်ပျိုးရေးသမားတိုင်းသိတဲ့ Bordeaux Mixture (ဘော်ဒိုးဆေးရည်) ဟာ ဆိုရင်လည်း တရားဝင် အသုံးပြုနိုင်တဲ့ အော်ဂဲနစ် မွှားသတ်ဆေး တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် မွှားပင့်ကူနီတွေကို နှိမ်နင်းဖို့ဆိုရင် ဘော်ဒိုးဆေးရည်ကို အသုံးပြုနိုင်ပါတယ်ရှင့်။
• နောက်တစ်ခု အသုံးပြုနိုင်တာကတော့ Pyrethrum (ဆေးဂန္ဓမာအုပ်စု) ဝင် ဆေးတွေကို အသုံးပြုနိုင်ပါတယ်။ Synthetic Pyrethroid မဟုတ်ပါဘူးနော်။ Pyrethrum ကတော့ သဘာဝပိုးသတ်ဆေးတွေထဲ ပါတာမလို့ အကျိုးပြုပိုးတွေကို ဓာတုဆေးပြင်းတွေလို မထိခိုက်နိုင်ပါဘူးရှင့်။
• အခြားသော သဘာဝပိုးသတ်ဆေး အဆီတွေကိုလည်း ဖျန်းပေးနိုင်ပါတယ်။ အဲ့ဒီလိုဖျန်းပေးလိုက်ရင် သူ့ရဲ့ဥတွေဟာ မပေါက်လာတော့ဘဲ မြုံသွားမှာ ဖြစ်ပါတယ်။
• Repellent crop တွေကို မိမိစိုက်ခင်းရဲ့ တစ်မီတာ အကွာလောက်ကနေ ပတ်လည် စိုက်ထားပေးဖို့လည်း လိုအပ်ပါတယ်။ Repellent crop ဆိုတာက မွှားပင့်ကူတွေ မကြိုက်တဲ့ အပင်တွေကို ခေါ်ချင်တာပါ။ အဲ့ဒီအပင်တွေကတော့ ဆလပ်၊ ငရုတ်နှင့် ခရမ်းချဉ်အရိုင်းမျိုးများ၊ ယူကလစ်၊ တမာ ကဲ့သို့သော အဆီထုတ်လို့ရသည့် အပင်များ၊ santolinaလို့ အမည်ရတဲ့ ပန်းပင်များ၊ အချို့သော ရွက်လှမျိုးများ ဖြစ်ကြပါတယ်။
နိဂုံးချုပ် ဆိုရမယ်ဆိုရင်တော့ အပေါ်မှာ ပြောခဲ့သလိုပါပဲ။ မွှားပင့်ကူနီတွေကို အဓိကနိုင်တဲ့ အကောင်တွေဟာ အကျိုးပြုအင်းဆက်တွေပဲ ဖြစ်ပါတယ်။ သေရင်ပြီးရောဆိုပြီး ပိုးသတ်ဆေးတွေကို မဆင်မခြင်အသုံးမပြုဖို့ လိုအပ်ပါတယ်ရှင့်။ ဒါ့ကြောင့် ဂေဟစနစ်တွေကိုလည်း ထိန်းသိမ်းရင်း မိမိအပင်ကို လာရောက်တိုက်ခိုက်နေကြတဲ့ ဖျက်ပိုးတွေကို ထိန်းချုပ်ကြပါစို့လို့ အကြံပြုလိုက်ရပါတယ်။ ။
Reference
Red spider mite-treating and fighting them, nature-and-garden.com
Wikipedia
Pyrethrum-Wikipedia
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Min Oo
1 year agoအသုံးများတဲ့ဆေးက စပိုင့်ဒါကင်း
Ko Aye Min Naing
5 years agoဘာဆေးဖျန်းရသလဲ
Related questions
မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ
Kyaw Zin • 1 answers
ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ
ဦးဝင်းအောင် • 3 answers
ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ
ko. latt • 2 answers
နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ
Ukyaw • 1 answers
တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့
သန်းထိုက်အောင် • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from မဆုမြတ်ခင်
See all
ဝဥကနေ အလွယ်တကူပြုလုပ်နိုင်တဲ့ ခေါက်ဆွဲလုပ်နည်း
16/12/2020
ကြက်ဟင်းခါးသီးတွင် အဖြစ်အများဆုံးသော ရောဂါများ
17/11/2020
မုန့်ဖုတ်ဆိုဒါကို ဖျက်ပိုးတွေနှိမ်နင်းဖို့ သုံးကြည့်ကြမယ်
19/10/2020
နေကြာမျိုးနွယ်ဝင် Vincent’s Choice ဆိုတာ…..
05/10/2020
စျေးကောင်းရတဲ့ သစ်မွှေးပင်တစ်ပင်ရရှိဖို့ အစေ့ကနေဘယ်လိုပျိုးမလဲ
30/09/2020