စျေးကောင်းရတဲ့ သစ်မွှေးပင်တစ်ပင်ရရှိဖို့ အစေ့ကနေဘယ်လိုပျိုးမလဲ
အရင်ဆုံး သစ်မွှေးဆိုတာဘာလဲ ဆိုတဲ့အကြောင်းကို မသိသေးတဲ့သူတွေအတွက် နည်းနည်း ပြောပြပေးချင်ပါတယ်။ သစ်မွှေးကိုတော့ အင်္ဂလိပ်နာမည် အားဖြင့် Agarwood ရယ်လို့ ခေါ်ဝေါ်ကြပါတယ်။ မြန်မာလိုကတော့ အကျော်ပင်၊ သစ်မွှေးပင်ရယ်လို့ ခေါ်ဝေါ်ကြပါတယ်။ သူ့ကိုတော့ အမွှေးနံ့သာထုတ်လုပ်တဲ့ နေရာတွေ၊ ဆေးဝါးလုပ်ငန်းတွေမှာ အသုံးပြုကြပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း အခုနောက်ပိုင်း သေချာစိုက်ပျိုးလာကြတာတွေ့ရတဲ့အတွက် သစ်မွှေးနဲ့ပတ်သက်ပြီး ကိုယ်တိုင်မျိုးညှောင့်ဖောက်နည်းလေးကို ဖော်ပြလိုက်ရပါတယ်။
မျိုးညှောင့်ဖောက်ဖို့နည်းလမ်းတွေကတော့ များစွာရှိပါတယ်။ အခုဖော်ပြတဲ့နည်းကတော့ အလွယ်ဆုံးနဲ့ အဆင်အပြေဆုံးဖြစ်မယ်လို့ ထင်ပါတယ်။ သစ်မွှေးအစေ့တွေကိုဆိုရင် ရေခဲသေတ္တာထဲမှာ ၂ လလောက်ထိကြာအောင် သိမ်းထားနိုင်ပါတယ်။ ပိုကောင်းတဲ့ သစ်မွှေးမျိုးရဖို့အတွက် သက်တမ်းရင့်တဲ့အပင်ကနေ မျိုးစေ့ယူရပါမယ်။ သက်တမ်းရင့်တဲ့ အပင်ကနေရတဲ့ မျိုးစေ့တွေဟာ အခြားအပင်ကရတာထက် ပိုပြီးလည်း ကြီးပါတယ်။ အရည်အသွေးလည်း ကောင်းပါတယ်။ ပြီးရင်တော့ ရလာတဲ့မျိုးစေ့တွေကို ၃ နာရီကနေ ၄ နာရီကြာ မှိုသတ်ဆေးတစ်မျိုးမျိုးနဲ့ စိမ်ထားပေးရပါမယ်။ ဘာလို့ဆို ရောဂါတွေ မဝင်ဖို့ ကြိုတင်ကာကွယ်တဲ့အနေနဲ့ Seed Treatment လုပ်ပေးတာပဲ ဖြစ်ပါတယ်။ အခုလိုစိမ်ပေးတာက မျိုးစေ့ပေါက်နှုန်းကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။ မြေအောင်းရောဂါတွေ၊ မျိုးစေ့ရောဂါတွေနဲ့ အခြားသော ပျိုးနေစဉ်မှာ ဝင်ရောက်လာနိုင်တဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။
မျိုးစေ့ပျိုးဖို့အတွက်ကတော့ ပျိုးခွက်တွေ ပျိုးအိတ်တွေ အသုံးပြုပေးနိုင်ပါတယ်။ ပျိုးခွက်ထဲကို မြေကြီးနဲ့ မြေဆွေးတွေထည့်ပေးပြီး ပုံမှန်လုပ်နေကြအတိုင်းပဲ ပျိုးနိုင်ပါတယ်။ ဒါပေမယ့် တစ်ချိန်လုံး အစိုဓာတ်ရှိနေဖို့တော့ လိုအပ်ပါတယ်။ အရမ်းကြီးစိုစွတ်နေတာမျိုးကို ဆိုလိုချင်တာတော့ မဟုတ်ပါဘူး။ စပျိုးတော့မယ်ဆိုရင်တော့
- အစေ့ရဲ့ ငမန်းကျောရိုးအဖုလို ချွန်ထွက်နေတဲ့အပိုင်းကို အပေါ်ဘက်ကနေထားပြီး ပျိုးပေးရမှာဖြစ်ပါတယ်။ (ပုံထဲမှာ ကြည့်နိုင်ပါတယ်)
- ပျိုးတဲ့အခါ အဲ့ချွန်နေတဲ့အပိုင်းလေးကို အပေါ်ဘက်ထားပြီး ပျိုးပေးရမှာဖြစ်ပါတယ်။

- (၉) ရက်မြောက်နေ့မှာတော့ အစေ့က စပြီးအက်ကွဲလာပြီး taproot လို့ခေါ်တဲ့ အမြစ်စထွက်လာမှာ ဖြစ်ပါတယ်။
- သိပ်မကြာခင်မှာပဲ အဲ့အမြစ်ဟာ တဖြည်းဖြည်း ရှည်ထွက်လာမှာဖြစ်ပြီး မြေကြီးထဲကို အနက် ၂.၅ စင်တီမီတာ ထိုးဆင်းသွားမှာ ဖြစ်ပါတယ်။
- နောက်ထပ် (၁၂) ရက်လောက်မှာတော့ မြေကြီးပေါ်ကို အညှောင့်စထွက်လာမှာဖြစ်ပါတယ်။
- (၁၂) ရက်ကနေ (၁၉) ရက်လောက်အတွင်းမှာ အညှောင့်တွေက တဖြည်းဖြည်း မြေကြီးပေါ်ကို ရှည်ထွက်လာမှာဖြစ်ပြီး ရင့်လာမှာဖြစ်ပါတယ်။
- ရက် (၂၀) လောက်ရောက်ပြီဆိုရင်တော့ ပျိုးပင်အဆင့်ကိုရောက်ပြီ ဖြစ်ပါတယ်။ အမြစ်တွေဟာလည်း ပိုမိုရှည်ထွက်လာပြီဖြစ်တာမို့ ပျိုးအိတ်အကြီးထဲကို ပြောင်းရွှေ့စိုက်ပေးရမှာ ဖြစ်ပါတယ်။
မျိုးစေ့စုဆောင်းခြင်းကို အလုပ်သင့်ဆုံးအချိန်တွေကတော့
- ဧပရယ်လ မှ မေလအတွင်း၊
- ဂျူလိုင်လ မှ ဩဂုတ်လ ပထမပတ်အတွင်းနှင့်
- နိုဝင်ဘာလမှ ဒီဇင်ဘာလအတွင်း ပြုလုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် နိုဝင်ဘာမှ ဒီဇင်ဘာလအတွင်း စုဆောင်းတာဟာ တစ်ခါတစ်လေမှာ အဆင်မပြေတတ်ပါဘူး။ ဒါကြောင့် အပေါ်မှာ ပြောထားတဲ့ မိုးကာလတွေအတွင်းမှာ စုဆောင်းတာကိုတော့ ပိုပြီးထောက်ခံချင်ပါတယ်။ ။
အားလုံးပဲ အဆင်ပြေကြပါစေရှင့်။
Reference
https://oudvietnam.com/how-to-germinate-agarwood-seeds/
https://gaharujinkou.com/2015/11/14/how-to-germinate-gaharu-seeds/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
myominshwe
1 year agoရောင်းချင်တယ်သစ်မွှေးပင်
U Thet Lwin
4 years agoအဆင်မပြေပါဘူး အေး၍ စွတ်ဆိုသော ရာသီကိုသာကြိုက်တာပါ။
ဟိန်းဇော်ဖြိုး
4 years agoသစ်မွှေးအပင် ဝယ်သူရှိလား ခင်ဗျာ
ဦးချမ်းငြိမ်း
5 years agoဖတ်မရဘူးဗျာ
ဦးချမ်းငြိမ်း
5 years agoဖတ်မရဘူးဗျာ
Related articles
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ
အောင်မြင်သော ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်နည်း
Related questions
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
မိုးနှမ်းစိုက်ချင်လို့ပါခင်ဗျ နေရာက တောင်စောင်းပါ 2ဧကရှိပါတယ် ပုံပါအတိုင်း မြက်တွေပေါက်နေပါတယ်ခင်ဗျ ဂလိုင်ဖိုဆိတ် Aiပါတဲ့ ဆေးနဲ့ပဲ အဆင်ပြေနိုင်လား 2 4 Dထည့်ရအုံးမလားခင်ဗျ 2 4 Dက ကြဲမဟ့်နှမ်းအတွက် ထိခိုက်မှု ရှိနိုင်သေးပါသလားခင်ဗျ တောင်စောင်းမြေဆိုတော့ ကြဲပက်ရမယ့် အနေအထားမလို့ပါ ဆေးဖြန်းပြီး ဆက်လက် လုပ်ဆောင်ရများကို ညွှန်ကြားပေးပါအုံးခင်ဗျာ တခါမှမလုပ်ဖူးတော့ မကျွမ်းကျင်သေးလို့ပါ
Paing Lay • 1 answers
မိုးနှမ်းစိုက်ချင်လို့ပါခင်ဗျ နေရာက တောင်စောင်းပါ 2ဧကရှိပါတယ် ပုံပါအတိုင်း မြက်တွေပေါက်နေပါတယ်ခင်ဗျ ဂလိုင်ဖိုဆိတ် Aiပါတဲ့ ဆေးနဲ့ပဲ အဆင်ပြေနိုင်လား 2 4 Dထည့်ရအုံးမလားခင်ဗျ 2 4 Dက ကြဲမဟ့်နှမ်းအတွက် ထိခိုက်မှု ရှိနိုင်သေးပါသလားခင်ဗျ တောင်စောင်းမြေဆိုတော့ ကြဲပက်ရမယ့် အနေအထားမလို့ပါ ဆေးဖြန်းပြီး ဆက်လက် လုပ်ဆောင်ရများကို ညွှန်ကြားပေးပါအုံးခင်ဗျာ တခါမှမလုပ်ဖူးတော့ မကျွမ်းကျင်သေးလို့ပါ
Paing Lay • 2 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from မဆုမြတ်ခင်
See all