မုန့်ဖုတ်ဆိုဒါကို ဖျက်ပိုးတွေနှိမ်နင်းဖို့ သုံးကြည့်ကြမယ်
မုန့်ဖုတ်ဆိုဒါ (Baking Soda) ဆိုတာ ဟင်းချက်တဲ့နေရာမှာ အဓိကသုံးတဲ့ ပစ္စည်းတစ်မျိုးလို့ အားလုံးသိထားကြမှာပါ။ အဲ့ဒီ မုန့်ဖုတ်ဆိုဒါဟာ အပင်တွေရဲ့ရန်သူ (pest) တွေကို နှိမ်နင်းရာမှာ ကောင်းကောင်းအသုံးချနိုင်တယ်ဆိုတာကို ဦးကြီးတို့ ယုံကြပါသလား။ ကဲ.....မယုံဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး။ ဟုတ်မဟုတ်ကို ဒီဆောင်းပါးလေးဖတ်ပြီး လက်တွေ့စမ်းသပ်ကြည့်ကြရအောင်နော်။
(၁) မှိုရောဂါနှင့် ပိုးမွှားရောဂါများကို ကာကွယ်ကုသပေးနိုင်ခြင်း
မုန့်ဖုတ်ဆိုဒါဟာ မှိုရောဂါတွေနဲ့ အင်းဆက်ဖျက်ပိုးအချို့ကို နှိမ်နင်းကာကွယ်နိုင်စွမ်း ရှိပါတယ်။ အထူးသဖြင့် ပျ၊ ပိုးစေးနဲ၊ မွှားပင့်ကူ၊ ယင်ဖြူ၊ လှေးပိုး၊ ရွက်ထွင်းပိုး၊ လိပ်ပြာဖလံအုပ်စုမှ သားလောင်းကောင်များ၊ မြေဆောင်မှိုရောဂါများနှင့် အပင်မှိုရောဂါများ ဥပမာ ဖားဥမှိုရောဂါ၊ နှင်းဆီရွက်ပြောက်ရောဂါ၊ သံချေးရောဂါ အစရှိသည်တို့ကို နှိမ်နင်းနိုင်ပါတယ်။ သူတို့တွေကို နှိမ်နင်းဖို့အတွက်ဆိုရင်တော့ ဇလုံတစ်ခုထဲကို ရေတစ်လီတာထည့်ပါ။ ပြီးရင် မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း နှစ်ဇွန်း ထည့်ပါ။ ပိုးမွှားရောဂါ ပြင်းထန်နေပါက (၃) ဇွန်းအထိ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ ထို့နောက် တမာဆီ (၁) ဇွန်း ထည့်ပါ။ အကယ်၍ တမာဆီမရှိခဲ့ပါက သံလွင်ဆီကဲ့သို့သော ဟင်းသီးဟင်းရွက်ဆီ တစ်မျိုးမျိုးကို အစားထိုး ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် တမာဆီသုံးတာကတော့ အကောင်းဆုံးပါပဲ။ ပိုပြီးပြင်းချင်ရင်တော့ လေးညှင်းဆီ ဒါမှမဟုတ် ယူကလစ်ဆီ တစ်မျိုးမျိုးကို ထည့်သွင်းအသုံးပြုနိုင်ပါသေးတယ်။ ပြီးရင်တော့ ပန်းကန်ဆေးဆပ်ပြာဆီ (သို့) လက်ဆေးဆပ်ပြာဆီ တစ်မျိုးမျိုးကို (၁၀) စက်ခန့် ထည့်ပေးရမှာဖြစ်ပါတယ်။ အားလုံးထည့်ပြီးသွားရင် သေချာလေးရောမွှေပြီး ဖျန်းမယ့်စပရေးဗူးထဲ ထည့်ပေးရမှာဖြစ်ပါတယ်။ ဒီဆေးရည်ကို အသုံးပြုတော့မယ်ဆိုရင် သေချာလှုပ်ပြီးမှဖျန်းပေးဖို့ လိုအပ်ပါတယ်။ တစ်ခုသတိထားရမှာက ဆေးမဖျန်းခင်မှာ စမ်းသပ်တဲ့အနေနဲ့ အရွက်တစ်ရွက်ရွက်ကို နည်းနည်းဖျန်းကြည့်ပေးဖို့ လိုအပ်ပါတယ်။ ဖျန်းပြီးရင်တော့ (၁ -၂) နာရီလောက် စောင့်ကြည့်ပါ။ တကယ်လို့ အရွက်က ညှိုးသွားမယ်၊ ဆေးလောင်သလို ဖြစ်သွားမယ်ဆိုရင်တော့ အဲ့ဒီဆေးရည်ကို အားပျော့သွားအောင် ရေရောပေးဖို့လိုပါမယ်။ ဆေးရည်ပြင်းအားပျော့သွားပြီဆိုရင်တော့ မိမိအပင်တွေကို ဖျန်းနိုင်ပါပြီ။
(၂) Cabbage worm လို့ခေါ်တဲ့ ဂေါ်ဖီပိုးတစ်မျိုးကို ထိရောက်စွာ နှိမ်နင်းနိုင်ခြင်း
ဒီပိုးကို နှိမ်နင်းဖို့ဆိုရင်တော့ မုန့်ဖုတ်ဆိုဒါ (၁) ဆနဲ့ ဂျုံမှုန့် (သို့) ဆန်မှုန့် (၁) ဆ တို့ကို (၁:၁) နှုန်းအတိုင်းရောပါ။ ပြီးရင်တော့ သေသေချာချာ နှံ့စပ်အောင် မွှေပေးပါ။ အဲ့ဒီရလာတဲ့ အမှုန့် အရောကို ဂေါ်ဖီထုပ်၊ ဘရိုကိုလီ (ပန်းပွင့်စိမ်း) အစရှိတဲ့ ဂေါ်ဖီမျိုးနွယ်ဝင်အပင်တွေပေါ်ကို ဖြူးပေးပါ။ အဲ့လိုလုပ်ပေးခြင်းအားဖြင့် ဂေါ်ဖီထုပ်တွေထဲ ဝင်အောင်းနေတဲ့ Cabage worm တွေဟာ (၁) ရက် (၂) ရက် အတွင်းမှာတင် သေသွားမှာ ဖြစ်ပါတယ်။
(၃) အပင်တွေရဲ့ ရန်သူဖြစ်တဲ့ ခရု၊ ပက်ကျိများကို ဖယ်ရှားနိုင်စွမ်း ရှိခြင်း
အပင်တွေမှာ ကပ်ပြီးစားသောက်ဖျက်ဆီးနေတဲ့ ခရုတွေ ပက်ကျိတွေဟာ အပင်စိုက်ပျိုးတဲ့သူတွေအတွက်တော့ စိတ်အနှောက်အယှက် ဖြစ်စရာတစ်ခုပါပဲ။ ဒါပေမယ့် မုန့်ဖုတ်ဆိုဒါနဲ့သာဆိုရင် သူတို့တွေကို အလွယ်တကူ နှိမ်နင်းနိုင်ပါတယ်။ သူတို့ကို ကာကွယ်နှိမ်နင်းဖို့ နည်းလမ်း(၂) ခု ရှိပါတယ်။ ပထမတစ်နည်းကတော့ နှိမ်နင်းတဲ့ နည်းလမ်းပါ။ မုန့်ဖုတ်ဆိုဒါအမှုန့်ကို ခရုတွေ ပက်ကျိတွေပေါ် တိုက်ရိုက်ဖြူးပေးပါ။ အဲ့လိုလုပ်ပေးခြင်းအားဖြင့် သူတို့တွေကို သေစေနိုင်မှာ ဖြစ်ပါတယ်။ ဒုတိယတစ်နည်းကတော့ ကာကွယ်တဲ့နည်းလမ်းပဲ ဖြစ်ပါတယ်။ မုန့်ဖုတ်ဆိုဒါအမှုန့်တွေကို ကိုယ်စိုက်ထားတဲ့ အပင်တွေ၊ ပန်းအိုးတွေ ပတ်ပတ်လည်လည်မှာ စည်းဝိုင်းသလို ဝိုင်းထားလိုက်ပါ။ အဲ့လိုဝိုင်းပြီးဖြူးထားပေးခြင်းက ခရုတွေ၊ ပက်ကျိတွေရန်ကနေ အပင်တွေကို ကာကွယ်ပြီးသားဖြစ်နေမှာ ဖြစ်ပါတယ်။
(၄) ပေါင်းမြက်များကို နှိမ်နင်းနိုင်စွမ်းရှိခြင်း
ပေါင်းမြက်တွေပေါ်ကို မုန့်ဖုတ်ဆိုဒါအမှုန့်ချည်း သီးသန့်ဖြူးပေးမယ်ဆိုရင်တော့ ရက်အနည်းငယ်အတွင်းမှာတင် အဲ့ဒီပေါင်းမြက်တွေကို တဖြည်းဖြည်းလောင်ပြီး သေစေနိုင်မှာ ဖြစ်ပါတယ်။ မုန့်ဖုတ်ဆိုဒါဖြူးပေးခြင်းက ပေါင်းမြက်တွေကို သေစေရုံသာမကပဲ ပေါင်းမြက်တွေ ထပ်ပေါက်လာခြင်းရန်မှလည်း အချိန်အတော်အတန်ကြာ ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် တစ်ခုသတိထားရမှာက ကိုယ်စိုက်ထားတဲ့အပင်တွေအပေါ်ကို မှားမဖြူး မိစေဖို့တော့ လိုပါတယ်နော်။ တကယ်လို့ သွားဖြူးမိရင်တော့ မိမိအပင်လေးတွေ လောင်ပြီး သေသွားမှာပါ။
ကဲ...ဦးကြီးတို့ရေ အခုလောက်ဆိုရင်တော့ အိမ်မှာအလွယ်တကူရှိနိုင်တဲ့ မုန့်ဖုတ်ဆိုဒါလေးကို ကောင်းကောင်းအသုံးချနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်။ အဲ့ဒါကြောင့် အခုဆောင်းပါးလေးကို ဒီနေရာမှာပဲ ရပ်လိုက်ပါရစေရှင့်။ ။
Reference
https://youtu.be/Ih6w1P7×3AY
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြပါက "အစိမ်းရောင်လမ်းမှ ပြန်လည်ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဇေယျာဝင်း
1 year agoဂန္ဓမာပန်းပင်မှာယင်ဖြူတွေ့ရင်ရောသုံးလို့ရလား
ညိမ်းထွန်း
1 year agoတင်ပေးတာကျေးဇူးတင်ပါတယ်
thiha
5 years agoဆိုဒါကိုဆေးဖျန်းပုန်းနဲ့စပ်ဖြန်းလို့ရလားခင်ဗျ
Soe Paing
5 years agoမတ်ပဲတွေကိုသုံးလို့ရလားအညွှန်းအပြည့်အစုံတင်ပေးစေလိုပါတယ်
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
Related questions
ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်
Hnin Nu Wai • 3 answers
တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ
မောင်ကျော်ခိုင် • 2 answers
ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်
Theint Theint Nway • 2 answers
ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ
ko saw moe oo • 2 answers
ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်
ဒေါ်ဝင်းလဲ့ဝါ • 2 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from မဆုမြတ်ခင်
See all
ဝဥကနေ အလွယ်တကူပြုလုပ်နိုင်တဲ့ ခေါက်ဆွဲလုပ်နည်း
16/12/2020
မွှားပင့်ကူနီကျရင် ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲ။
19/11/2020
ကြက်ဟင်းခါးသီးတွင် အဖြစ်အများဆုံးသော ရောဂါများ
17/11/2020
နေကြာမျိုးနွယ်ဝင် Vincent’s Choice ဆိုတာ…..
05/10/2020
စျေးကောင်းရတဲ့ သစ်မွှေးပင်တစ်ပင်ရရှိဖို့ အစေ့ကနေဘယ်လိုပျိုးမလဲ
30/09/2020
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....