ရိတ်သိမ်းချိန်လွန် ရောဂါများ - မှည့်ပြောက်စွန်းရောဂါ (Anthracnose )
သရက်တွင် (Anthracnose) မှည့်ပြောက်စွန်းရောဂါ ကျရောက်မှုများပါသည်။ အပူပိုင်းဒေသများအတွက် အရေးကြီးဆုံး ရောဂါဖြစ်သည်။ သရက်သီး၊ သရက်ရွက်၊ အကိုင်း၊ ပန်းခိုင်၏ မျက်နှာပြင်တွင် အနက်ရောင် အစက်အပြောက်ကလေးများ ဖြစ်ပေါ်လာပြီး အစက်အပြောက်လေးများ စုပေါင်းစပ်ကာ အနက်ကွက်ကြီးဖြစ်ပေါ်လာကာ တဖြေးဖြေး ချိုင့်ခွက်ကာ ခြောက်သွေ့သွားသည်။ အသီးမရိတ်သိမ်းမီတွင်လည်းကောင်း (Pre harvest) နှင့် ရိတ်သိမ်းပြီး သိုလှောင်ချိန် (Post harvest and storage) တွင် မှည့်ပြောက်စွန်းရောဂါကို လက္ခဏာကိုတွေ့ရသည်။ အသီးငယ်စဉ်ရောဂါရပါက အသီးကြွေခြင်းဖြစ်နိုင်သည်။ မိုးရေဖြင့်အဓိက ကူးစက်သည်။ မိုးရွာသော ရက်များတွင် စိုစွတ်မှုများသောကြောင့် ရောဂါအခြေအနေဆိုးဝါးသည်။ ပန်းပွင့်များ မဲခြောက်သွားသည်။ ရောဂါဖြစ်စေမှုသည် ရောဂါကျအရွက်များ၊ အကိုင်းများ၊ ပန်းခိုင်များတွင် ခိုအောင်းရှင်သန်နိုင်သည်။ တစ်ရာသီမှ တစ်ရာသီသို့ ကူးစက်စေနိုင်သည်။ အသီးငယ်များပေါ်တွင် ညိုမဲရောင်အစက်များ စတင်တွေ့ရပြီး အသီးကြွေခြင်း ဖြစ်နိုင်ပါသည်။ အသီးမျက်နှာပြင်တွင် ချိုင့်ဝင်နေသော အနက်ရောင်အကွက်များ အဖြစ်တွေ့ရသည်။ အသီးများပုပ်ပြီး အနက်ရောင်အဆင့်သို့ ကူးပြောင်းသွားသည်။ အသီးရင့်လာသည်နှင့်အမျှ ရောဂါတိုးတက်လာပြီး မှည့်သောအချိန်ထိ အနက်ရောင်အကွက်များ၊ အစင်းများ ဖြစ်လာသည်။ တစ်ခါတစ်ရံ အသီး၏ မျက်နှာပြင်ကို ကွဲအက်စေသည်။ အစိုဓာတ်ရှိသော အခြေအနေတွင် အနက်ရောင် အစက်များ ကျယ်ပြန့်လာပြီး အနာကွက်ပေါ်တွင် ပန်းရောင်၊ လိမ္မော်ရောင် မှိုအစုအဝေးကို မျက်စိဖြင့် မြင်နိုင်သည်။
ကာကွယ်နှိမ်နှင်းခြင်း
ကာကွယ်နှိမ်နှင်းနည်းကို ပန်းပွင့်ချိန်မတိုင်မှီတွင် စတင်သင့်ပါသည်။ သရက်ပင် အပင်အပေါ်ပိုင်းမှ ရေပေးသွင်းခြင်း (Overhead irrigation) စနစ်ကို ရောဂါ ကျစိုက်ခင်းတွင် မသုံးသင့်ပါ။ ပင်လုံးပြန့် (သို့) ပင်လုံးပြန့်မဟုတ်သောမှိုသတ်ဆေးများဖြင့် ထိရောက်စွာ ကာကွယ်နှိမ်နင်းနိုင်သည်။
Thet Thet Nwe
Continue reading related topics, questions and articles.
Topic 1
သရက်မှည့်ပြောက်စွန်းရောဂါ
Anonymous
3 years agoပင်လုံးပြန့်မှိုသတ်ဆေးမသုံးချင် ဆပ်ပြာဖျော်ရည်ကို ဘာကြောင့်ဖျန်းသလဲ သိရှင်ပါတယ်ရှင့်
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
Related questions
မိုးရာသီမှာစပါးပင်တွေကိုရွှေခရုရန်မှဘယ်လိုကာကွယ်နှိမ်နင်းရမလဲ
Kyaw Zin • 1 answers
ပိုးစေးနှဲကျနေလို့ဗျာဘာဆေးသုံးသင့်ပါသလဲ
ဦးဝင်းအောင် • 3 answers
ခရမ်းချဥ်အပင်သက်တမ်း၂၀ရက်ရှိပါပြီဘာေဆးသုံးရမလဲဗျမှိုေဆးကဘယ်အချိန်သုံးရမလဲဗျမိုးရသီမှာလိုအပ်တဲ့ေဆးသိချင်ပါတယ်ဗျမြင်းခြံနယ်ပါအပူချိန်ကလဲများပာတယ်အပင်အနေထားကတော့ေကာင်းပါတယ်ဖဗျ
ko. latt • 2 answers
နှမ်းခင်းထဲနွားသေးဖြန်းချင်တာ ဘယ်လောက် cc ဖြန်းရမလဲခင်ဗျ နှမ်းက မိုးများြပီး ဝါနေလို့ပါခင်ဗျ နွားသေးကဘူးထဲထည့်ထားတာ 13ရက်လောက်ရှိပါပြီခင်ဗျ
Ukyaw • 1 answers
တမာရွက်.20သားပြုတ်ရည်.ဆိ.4ဇွန်း.ဆပ်ပြာမုန်..4တမာပိုးပြေးဆေးကို.မြေပဲခင်းမှားဖျန်းလို့ရလားဆရာတို့
သန်းထိုက်အောင် • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဒေါ်သက်သက်နွယ်
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....