အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
42
လွန်ခဲ့သော ၂ လ က · စစ်ကိုင်း

ရွှေပန်းငွေပန်းခင်း အမြစ်ကနေဉထိပုပ်ပီးအပင်တွေနွမ်းလာပါတယ် ဘာရောဂါလဲဗျ ထရိုက်ကိုဒါးမားသုံးရင်ရနိုင်မလားသိချင်ပါ...

ရွှေပန်းငွေပန်းခင်း အမြစ်ကနေဉထိပုပ်ပီးအပင်တွေနွမ်းလာပါတယ် ဘာရောဂါလဲဗျ ထရိုက်ကိုဒါးမားသုံးရင်ရနိုင်မလားသိချင်ပါတယ်

ရောဂါစစ်ဆေးမှု အသေးစိတ်
မြေသြဇာ ကျွေးထား/မထား
ကျွေးထား
ဆေးဝါးဖြန်း/သုံးစွဲထားမှု
ရှိ
အပင်သက်တမ်း
၂ ရက်
မည်သည့်အပိုင်း ထိခိုက်သနည်း?
အမြစ် ပင်စည်
ရာသီဥတု (တစ်ပတ်အတွင်း)
အသင့်တင့် နေသာပြီး မိုးရွာ
ပိုးမွှားရောဂါ ငွေပန်း
Post image
Post image
Post image

ဖြေကြားချက် ၃ ခု

259,693 လွန်ခဲ့သော ၂ လ က

Foestyl -Al, Hymexazol ဆေးတမျိုးမျိုးစိုက်ပျိုးရေးသုတေသန လမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့သုံးစွဲလေ့ရှိပါတယ်

42 လွန်ခဲ့သော ၂ လ က

တခြားဘာဆေးနဲ့ကုသလို့ရမိုက်မလဲဗျမှိုသတ်ဆေး fosetyl-Al,(သို့)မတ်တယ်လိုက်ဆီး သုံးရင်အဆင်ပြေနိုင်မလားဗျ

259,693 လွန်ခဲ့သော ၂ လ က

ရွှေပန်း၊ ငွေပန်းပင်များတွင် အမြစ်မှစ၍ ထိပ်အထိ ပုပ်ကာ နွမ်းလာရခြင်းမှာ ရေဝပ်ပြီး မြေတွင်းအစိုဓာတ် လွန်ကဲခြင်းကြောင့် ဖြစ်ပွားသော Phytophthora သို့မဟုတ် Fusarium ကဲ့သို့သော အမြစ်ပုပ်/ဥပုပ် မှိုရောဂါများကြောင့် ဖြစ်ပါတယ်။ ထို့ပြင် မြေဆီလွှာအတွင်းရှိ ရောဂါပိုးများကို ကာကွယ်ရန် စိုက်ပျိုးရေးသုတေသန လမ်းညွှန်ချက်များနှင့် တောင်သူအများစုကတော့ ထရိုင်ဂိုဒါးမား (Trichoderma) အကျိုးပြုမှိုကို မြေဆွေးနှင့် ရောစပ် အသုံးပြုလေ့ရှိပြီး၊ စိုက်ခင်းအတွင်း ရေဝပ်ခြင်း မရှိစေရန် ရေနုတ်မြောင်းများ စနစ်တကျ ဖော်ပေးရပါမည်။ ထရိုင်ဂိုဒါးမားက ရောဂါမဖြစ်ပွားမီ ကြိုတင်သုံးစွဲခြင်းက ပိုမိုထိရောက်ပါတယ်ခင်ဗျာ။

You

ဆက်စပ်မေးခွန်းများ

ခရုခွံကို ကြက်ဥခွံကနေ ကယ်ဆီယမ်ထုတ်သလိုမျိုး လုပ်လို့ရလားဗျ။

ဖြေကြားချက် 1 ခု

ဇော်ဘုရင်ပန်းအတွက်ဖြေပေးစေခြင်ပါတယ်အောက်လက်တွေပုတ်ကြတဲ့ရောဂါကိုဘာဆေးနဲ့ကုသရမလည်းမသိလို့ပါအကောင်းဆုံးနည်းလမ်း...

ဖြေကြားချက် 1 ခု

ငွေပန်းဖူးများကိုခူးပီးသွားပါက ဝယ်ယူထားတဲ့အဖူးလေး‌များကို ဘယ်နည်းနဲ့ အချိန်ကြာကြာထားသိုလဲသိချင်လို့ပါခင်ဗျ

ဖြေကြားချက် 1 ခု

ငွေပန်းထွက်လာတဲ့အတက်သေးပီးအပင်တွေမျှင်နေလို့ အပင်တုတ်၊အပင်ကြီးအောင်ဘာဓာတ်မြေဩဇာသုံးရမလဲပုံမှန်၁၅ပတ်လည်တော့သုံး...

ဖြေကြားချက် 0 ခု

ပန်းတွေကတ‌စ်ဖြေဖြေနဲ့ခြောက်သေလိုက်လာတာဘယ်လိုပြုပြင်ရမလဲဆရာတို့

ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။