ငှက်ပျောထုပ်ပိုးနည်းစနစ်
- ရိတ်သိမ်းပြီးသည့် ငှက်ပျောခိုင်များကို ငှက်ပျောပင်၏ ထိပ်ဆုံးအရွက်များခုတ်ကာ ၎င်းပေါ်တွင် ထားခြင်းဖြင့် ငှက်ပျောခိုင်နှင့် မြေကြီး၏ဆက်နွယ်မှုမှ ဆိုးကျိုးများကို ကာကွယ်နိုင်ပါသည်။
- ကွင်းထဲတွင် ငှက်ပျောသီးများအစေးစွန်းခြင်းမှ ကာကွယ်ရန် အရွက်ထိပ်နှင့် အရွက်၏ရိုးတံတို့ပေါ်တွင် ထားခြင်းဖြင့် ပြုလုပ်နိုင်ပါသည်။ ငှက်ပျောရွက်ရိုးတံသည် ငှက်ပျောဖူးမှ အရွက်ပြားဖြစ်သို့ ထောက်ပံ့ပေးပါသည်။
- ငှက်ပျောဖီးများကို ကွင်းထဲတွင် ထုပ်ပိုးမှုပြုလုပ်သောအခါ အခြားအသီးများကို အစေးစွန်းခြင်းနှင့် ပွန်းပဲ့ဒဏ်ရာရခြင်းမှကာကွယ်ရန် စက္ကူဖြင့် ငှက်ပျောအူတိုင်မှ ငှက်ပျောအသီး အလယ်ပိုင်းရောက်သည်အထိ ထုပ်ပိုးထားရပါသည်။
- ငှက်ပျောများကို နေရောင်ခြည်အောက်တွင်ထားပါက အစိုဓာတ်နှင့် မှည့်မှုတို့ကို လျင်မြန်စွာ ဖြစ်စေပါလိမ့်မည်။ အရိပ်အဖြစ် ကွင်းထဲတွင် တဲထိုးခြင်း(သို့မဟုတ်) ငှက်ပျောရွက်များဖြင့် ဖုံးအုပ်ခြင်းတို့ကို အသုံးပြုနိုင်ပါသည်။
- ငှက်ပျောခိုင်များကို ကွင်းထဲမှ အသီးများစုပုံထားသည့်နေရာ (သို့မဟုတ်) ထုပ်ပိုးသည့် နေရာသို့ သယ်ပို့ရာတွင် အကာအကွယ်ပစ္စည်းဖြင့်ထား၍ သယ်ယူပါသည်။ သို့မှသာ ထိခိုက်ဒဏ်ရာ အနာတရဖြစ်ခြင်းများမှ ရှောင်ရှားနိုင်ပါသည်။
- ငှက်ပျောခိုင်များကို သယ်ယူပို့ဆောင်ရာတွင် စက်ပစ္စည်းနှင့်သယ်ယူသည့်အခါ ထိခိုက်ဒဏ်ရာရနိုင်ချေများသောကြောင့် ငှက်ပျောအဖီးများဖြတ်ကာ သေချာစွာပုံထားပြီး ငှက်ပျောရွက်(သို့မဟုတ်) အကာအကွယ်ပစ္စည်းများဖြင့်ထားသောကြောင့် ကွင်းထဲမှ လက်ဖြင့်သယ်ယူရာတွင် ပို၍လွယ်ကူပါသည်။
- မာကျောသော ပလတ်စတစ်သေတ္တာများသည် အသီးများကို လုံလောက်သောကာကွယ်မှု ပေးနိုင်သောကြောင့် ကွန်တိန်နာထဲတွင် အကောင်းဆုံးဖြစ်ပါသည်။
လတ်ဆတ်သောသီးနှံများ၏ ရိတ်သိမ်းပြီးနောက်ပိုင်း ဆုံးရှုံးမှုများမှာ
မှားယွင်းစွာကိုင်တွယ်ခြင်း၊ သိုလှောင်သောနည်းစနစ်မမှန်ကန်ခြင်း၊ ခေတ်မှီ သယ်ယူပို့ဆောင်သောနည်းပညာများ မရှိခြင်းတို့ကြောင့် ဖြစ်ပါသည်။ ဤအကြောင်းအရင်းများကြောင့် အရည်အသွေးပိုင်းနှင့် အရည်အတွက်ပိုင်းကိုပါ ဆုံးရှုံးမှုများဖြစ်ပေါ်စေပါသည်။ ထိုသို့ ဆုံးရှုံးမှုများကို တက်နိုင်သမျှ အနည်းဆုံးဖြစ်အောင်ပြုလုပ်ခြင်းဖြင့် အလားအလာရှိသော တင်ပို့မှုများကို ထိန်းထားနိုင်ရုံသာမက အသားတင်အမြတ်ရရှိမှုကိုလည်း အထောက်အကူပြုပြီးဖြစ်ပါသည်။ ရိတ်သိမ်းချိန် လွန်နည်းပညာများ ထွက်ပေါ်လာခြင်းနှင့် အလေ့အထဟောင်းများအစား အသစ်များ ပြန်လည်အစားထိုးခြင်းအားဖြင့် သိုလှောင်ချိန်ကြာရှည်စေရန် ကုသမှုများဖြစ်သည့် အဏုဇီဝပိုးမွှားများ မဝင်စေရန်လုပ်ဆောင်ခြင်း၊ အင်းဆက်ပိုးများ မကျရောက်စေခြင်းနှင့် ဇီဝကမ္မဖြစ်စဉ်များကို ရပ်တန့်တားဆီးခြင်း စသည့်နည်းလမ်းများကို တစ်မျိုးထဲဖြစ်စေ၊ ပေါင်းစပ်၍ဖြစ်စေ ငှက်ပျောသီးတွင်ဖြစ်စေတတ်သော အလွယ်တကူ အမှည့်လွန်ပုပ်သိုးမှုများအတွက် ပိုမိုကောင်းမွန်သော အကျိုးကျေးဇူးများ ရရှိစေမည် ဟုထင်ရပါသည်။
နယ်ပယ်များစွာမှ နည်းပညာများကို တခြားသောသီးနှံနှင့် ဟင်းသီးဟင်းရွက်များဖြင့် အောင်မြင်စွာကြိုးစား၍ စမ်းသပ်ပြီးဖြစ်ပါသည်။ ငှက်ပျောသီး စံချိန်စံညွှန်းမှီစေရန် ကြိုးစားနေဆဲဖြစ်ပါသည်။ ဤကြိုးစားမှုများသည် ငှက်ပျောသီး လက်လီလက္ကားရောင်းသူများနှင့် ငှက်ပျောသီးနှင့်ဆက်စပ်သော အစားအသောက်များ စီမံထုတ်လုပ်နေသော လုပ်ငန်းများနှင့် ပိုမိုကောင်းမွန်သောစီမံထုတ်လုပ်မှုများတွင် အနည်းအများ အကူညီရမည်ဖြစ်ပါသည်။
ငှက်ပျောထုပ်ပိုးနည်းစနစ်ဆောင်းပါးကို KMSS အဖွဲ့က ပံ့ပိုးကူညီထားပါသည်။
ကျမ်းကိုးစာရင်း
စိုက်ပျိုးရေးဦးစီးဌာန၊ ငှက်ပျောစိုက်ပျိုးနည်း
မြန်မာ့ စွယ်စုံကျမ်း အတွဲ(၃)
၂၀၁၆ ခုနှစ်ထုတ် တောင်သူကြီးများဂျာနယ်၊ အတွဲ (၁၆) အမှတ်(၂၂၉)
Elda B. Esguerra, Consultant, FAO and Rosa Rolle, Senior Enterprise Development Officer, FAO, Post-harvest management of banana for quality and safety assurance
Sydney Postharvest Laboratory Information Sheet Postharvest Ethylene: A critical factor in quality management, www.postharvest.com.au [email protected]
2016 AVRDC/USAID Postharvest Program - Vegetable Postharvest Training Manual,
Debabandya Mohapatra, Sabyasachi Mishra and Namrata Sutar, Faculty of Food Processing Technology & Bio-energy, Anand Agricultural University, Anand-388 110, India. BANANA POST HARVEST PRACTICES: CURRENT STATUS AND FUTURE PROSPECTS- A REVIEW
ဦးသက်လွင်
4 years agoကျေးဇူးတင်ပါတယ်
Related articles
Related questions
ကုလားပဲ
TSM • 1 answers
ရော်ဘာ
win le oo • 1 answers
(မင်္ဂလာပါခင်ဗျာ) မတ်ပဲအသီးေတွကမဲေနပီးမိုးကရွာနေတော ပဲထောင်ထဲ့ကိုမှို့ဝင်မှာဆိုလိုဘာမှို့ဆေးမျာသုံးရမလဲခင်ဗျာ သိတဲဆရာများလမ်ညွှန်ပါဗျာ ကျေးဇူတင်ပါတယ်
ကိုစိုးအောင် • 1 answers
စပါးကို မည်သည့်အချိန်မှာ ရိတ်သိမ်းသင့်သလဲ။ ရှင်းပြပေးနိုင်မလားရှင့်
Thiri Aung • 2 answers
ဒီနှစ် ဆောင်းသီးနှံပဲတီစိမ်း ပိဿာ20 ကိုဘယ်စျေးလောက်ရှိမယ်ထင်ကြလဲ
ဝဏ္ဏစိုး • 1 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဒေါ်သက်သက်နွယ်
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....