ငှက်ပျော ရိတ်သိမ်းချိန်လွန်ကိုင်တွယ်ထိန်းသိမ်းနည်း
ရိတ်သိမ်းခြင်းစံနှုန်းများမှာ နေရာဒေသ၊ ရာသီဥတု၊ ပို့ဆောင်ရမည့်အကွာအဝေးနှင့် အဆုံးသတ်အသုံးပြုမည့် ပုံစံများအပေါ်မူတည်၍ အမျိုးမျိုးကွဲပြားသည်။ ဒေသတွင်းစားသုံးရန် အတွက်ဆိုလျှင် အပြည့်အဝရင့်မှည့်ခါနီးမှ ခူးဆွတ်သင့်သည်။ သယ်ယူပို့ဆောင်ရမည့် အကွာ အဝေးတိုလျှင် သီးနှံရင့်မှည့်မှုအဆင့် ၉၀% မှခူးဆွတ်သင့်ပြီး အကွာအဝေးရှည်လျှင် သီးနှံရင့် မှည့်မှုအဆင့် ၇၅% တွင် ခူးဆွတ်သင့်သည်။ သီးနှံကို အသီးအတိုင်းစားသုံးမည့်ပုံစံနှင့် အဆင့် ဆင့်ပြောင်းလဲစေပြီး တန်ဖိုးမြှင့်အစားအစာအဖြစ် ပြောင်းလဲစားသုံးမည့်ပုံစံ ပေါ်မူတည်၍ လည်း ကွဲပြားသည်။ တန်ဖိုးမြင့်အစားအစာအဖြစ် ပြောင်းလဲစားသုံးမည့်ပုံစံအတွက် သီးနှံကို အပြည့်အဝရင့်မှည့်သည့် အဝါရောင်အချိန်တွင် ခူးဆွတ်ခြင်းသည် ပို၍ကောင်းသည်။ ရိုးရိုး စားသုံးမည်ဆိုလျှင် သီးနှံမှ ရိတ်သိမ်းပြီး ဆက်လက်ရင့်မှည့်သည့်အဆင့်မရောက်မှီ အစိမ်းရောင် အချိန်တွင် ခူးဆွတ်သင့်သည်။
အေးမြသောရာသီဥတုများတွင် ငှက်ပျောသီးကို ပန်းပွင့်ပြီး ၁၀၅ ရက်တွင် ခူးဆွတ်သင့်ပြီး ပူသောရာသီဥတုများတွင် ၉၈ ရက်မှ ၁၁၅ ရက်အတွင်း ခူးဆွတ်သင့် သည်။ ခူးဆွတ်ပြီးငှက်ပျောခိုင်များကို သင့်တော်သောဖုံးအုပ်မှုများလုပ်ပြီး သိုလှောင်ခန်းများသို့ ပြောင်းရွှေ့ထားသင့်သည်။ သယ်ယူပို့ဆောင်ချိန်တွင် သီးနှံကိုပွန်းပဲ့ထိခိုက်မှုများရှိပါက အညှာပုပ်ခြင်း၊ ညှိးခြင်း ဖြစ်စေနိုင်သည်။ Thiourea နှင့် Potassium sulphate ကဲ့သို့ ဓာတ်တိုးပစ္စည်းများဖြင့် အသီးကိုရေစိမ်ခြင်း၊ လေဟာနယ်၊ ဖယောင်းသုတ်ခြင်းနှင့် အသုံးချခြင်းဖြင့် ရှောင်ရှားနိုင်သည်။
ငှက်ပျောကို ရိတ်သိမ်းရာတွင် ရင့်မှည့်မှုမှန်ကန်ချိန်တွင် ရိတ်သိမ်းရပါသည်။ ရိတ်သိမ်း ရာတွင် ငှက်ပျောအခိုင်တစ်ခိုင်လုံးကို ထိခိုက်မှုမရှိစေရန် အိတ်စွပ်ခြင်း (သို့) လူမှဖေးမထမ်းထားခြင်းတို့ကို ဂရုစိုက်ပြုလုပ်၍ ငှက်ပျောခိုင်အရင်းမှ လွှသွားဖြင့် ပိုင်းဖြတ်ပေးရပါမည်။ ငှက်ပျောစေးများနှင့် မထိစေရန် ဂရုစိုက်ဆောင်ရွက်ရပါမည်။
- ငှက်ပျောရိတ်သိမ်းရာတွင် ဝါးလုံးနှစ်ချောင်းကို ကြက်ခြေခက်ပုံစံဖြင့် ငှက်ပျောပင်သို့ထောက် (သို့မဟုတ်) ခက်ရင်းခွပုံစံ သစ်ကိုင်းမာဖြင့် ထောက်ထားပြီး ထိုခက်ရင်းခွ၏အောက်ပိုင်းကို ဖြတ်လိုက်ကာ ဖယ်ရှားပြီး မြေပြင်ပေါ်သို့ ပင်စည်ဖြည်းညင်းစွာကျရန် ပြုလုပ်နိုင်ပါသည်။
- ပင်စည်၏ တစ်ဖက်ကိုဖြတ်ကာ ထောင့်ပုံစံထည့်၍ အခြားတစ်ဖက်ကို ထပ်ဖြတ်ခြင်းတို့ကို ငှက်ပျောပင်စည်အောက်သို့ ဆွဲမချမှီ လူတစ်ဦးတည်းဖြင့် များသောအားဖြင့် လုပ်ဆောင်နိုင် ပါသည်။
- ငှက်ပျောရိတ်သိမ်းသောအခါတွင် လူနှစ်ဦး ပါဝင်ပါသည်။ ပထမလူတစ်ဦးသည် အပင်တွင်စည်းထားသော အစည်း၏အောက်ခြေတွင် အထစ်ရာပေးကာ မြေပြင်ပေါ်သို့ ဖြည်းညင်းစွာကျစေပါသည်။ ဒုတိယလူမှ ထိုသို့ဖြတ်ချလိုက်သော ငှက်ပျောခိုင်ကို မြေပြင်နှင့်မထိအောင် ဖမ်းဆုပ်ရပါသည်။
မြန်မာနိုင်ငံတွင် ရိတ်သိမ်းချိန်လွန်ဆုံးရှုံးမှုများမှာ ခုတ်သိမ်းစဉ်၊ ကိုင်တွယ်စဉ်နှင့် တင်ပို့သည့် အချိန်များတွင် ကိုင်တွယ်ထိန်းသိမ်းသည့်စနစ် မမှန်ကန်သောကြောင့် ဆုံးရှုံးမှုများကြရပါသည်။ ခရီးအကွာအဝေးပေါ်တွင် မူတည်၍လည်းကောင်း၊ သီးနှံရောင်းချမည့်ဈေးကွက်ပေါ် မူတည်၍ လည်းကောင်း၊ သီးနှံကိုအသုံးချမည့် အခြေအနေပေါ်မူတည်၍လည်းကောင်း ငှက်ပျောသီး၏ ရင့်မှည့်မှုနှင့် ကိုင်တွယ်မှုများကို ထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်ပါသည်။
ငှက်ပျောရိတ်သိမ်းချိန်လွန်နည်းပညာဆောင်းပါးကို KMSS အဖွဲ့က ပံ့ပိုးကူညီထားပါသည်။
aung gyi
4 years agoငှက်ပျောသီးအခွံကွဲအက်ခြင်းတွေဘာကြောင့်ဖြစ်ရတာလဲ ပြောပြပေးပါအုံး ဆရာ
Related articles
Related questions
ကုလားပဲ
TSM • 1 answers
ရော်ဘာ
win le oo • 1 answers
(မင်္ဂလာပါခင်ဗျာ) မတ်ပဲအသီးေတွကမဲေနပီးမိုးကရွာနေတော ပဲထောင်ထဲ့ကိုမှို့ဝင်မှာဆိုလိုဘာမှို့ဆေးမျာသုံးရမလဲခင်ဗျာ သိတဲဆရာများလမ်ညွှန်ပါဗျာ ကျေးဇူတင်ပါတယ်
ကိုစိုးအောင် • 1 answers
စပါးကို မည်သည့်အချိန်မှာ ရိတ်သိမ်းသင့်သလဲ။ ရှင်းပြပေးနိုင်မလားရှင့်
Thiri Aung • 2 answers
ဒီနှစ် ဆောင်းသီးနှံပဲတီစိမ်း ပိဿာ20 ကိုဘယ်စျေးလောက်ရှိမယ်ထင်ကြလဲ
ဝဏ္ဏစိုး • 1 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဒေါ်သက်သက်နွယ်
See all