ပျိုမေတို့အတွက်အိုကေတဲ့ သဘာဝသံလွင်ဆီ
သံလွင်ဆီဟာ အလှကုန်ထုတ်လုပ်တဲ့လုပ်ငန်းမှာ မပါမဖြစ်အရေးကြီးတဲ့ Essential oil တစ်မျိုးဖြစ်ပါတယ်။ သံလွင်ဆီကပေးတဲ့ ကောင်းကျိုးက များစွာရှိတဲ့အတွက် အသားအရေထိန်းသိမ်းဖို့အတွက် လွန်စွာအရေးပါတဲ့အကြောင်း ဖေါ်ပြပေးလိုက်ပါတယ်။
ဒါ့ထက် သံလွင်ဆီကနေ အိမ်တင်သုံး Homemade cosmetic မိတ်ဆက် အချို့အကြောင်းအရာကို ဆောင်းပါးရဲ့အောက်ဆုံးအပိုင်းမှာဖေါ်ပြပေးထားပါတယ်။
သံလွင်ဆီက ဘာ့ကြောင့် မရှိမဖြစ်အရေးပါတဲ့အဆီ ဖြစ်နေရတာပါလဲ?
၁။ အန်တီအောက်ဆီးဒင့် များစွာကြွယ်ဝတယ်
အန်တီအောက်ဆီးဒင့်ဆိုတာ အောက်ဆီဂျင်နဲ့ ဆဲလ်တွေရဲ့ ဓာတ်ပြုခြင်းဖြစ်စဉ်ကို နှောက်နှေးသွားစေပြီး အရေပြားအပေါ်ယံဆဲလ်တွေကို ကျန်းမာလာစေပါတယ်။ ဆဲလ်အဟောင်းတွေရဲ့အညစ်အကြေးတွေကို ဖယ်ရှားပေးလို့ မျက်နှာမှာ အမဲစက်တွေရှိနေတဲ့သူတွေအတွက်
နေ့စဉ်လိမ်းပေးသင့်တဲ့ ဆီအမျိုးအစားအဖြစ် ပါ၀င်နေပါတယ်။
ဒါ့အပြင် နေရောင်ခြည်ကပေးတဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတ်ရောင်ခြည်အချို့ကို ခုခံနိုင်စွမ်းရှိလို့ ခရမ်းလွန်ရောင်ခြည်ကာကွယ်တဲ့ (UV- protection) အနေနဲ့ အပြင်ထွက်ရင် လူးသွားနိုင်ပါသေးတယ်။
၂။ အရေပြားအစိုဓာတ်ကို ၆နာရီကြာထိန်းသိမ်းပေးနိုင်
ဓာတု အစိုဓာတ်ပစ္စည်းတွေက အရေပြားနဲ့ ကျန်းမာရေးအတွက် ရေရှည်အသုံးပြုရင် ဆိုးကျိုးတွေ များစွာရှိနိူင်ပါတယ်။ မိတ်ကပ်ဖောင်ဒေးရှင်းနဲ့ ဆက်စပ်အလှကုန်ပစ္စည်းအများစုမှာ အန္တရာယ်ရှိတဲ့ဓာတုပစ္စည်းတွေ အမြဲတမ်းပါ၀င်နေပါတယ်။ သဘာ၀သံလွင်ဆီက အရေပြားရဲ့ အစိုဓာတ်ကို ၆နာရီအထိ ထိန်းသိမ်းထားပေးလို့ အပြင်သွားကာနီး နေရောင်ထိမယ့်လက်တွေကို ပါးပါးလေး လူးသွားပေးပေါ့။
၃။ ဗီတာမင်ကြွယ်၀တာက အားသာချက်ပါ
သံလွင်ဆီဟာ ဦးရေပြားနဲ့ အရေပြားကို အဓိကအကျိုးပြုတဲ့ ဗီတာမင် A ,E ,D,K စတဲ့ ဓာတ်တွေ ပါ၀င်နေပါတယ်။ ဆံသားကြမ်းတာ၊ ခြောက်တာ၊ ကျွတ်တာ စတဲ့ပြသနာတွေကို
သဘာ၀နည်းနဲ့ ဖြေရှင်းပေးနိုင်ပါတယ်။ ဓာတုပစ္စည်းတွေ အသုံးအဆောင်အလှကုန်တွေ ပေါများလာတဲ့ ယနေ့ခေတ်မှာ အိမ်တွင်းသုံး အလှကုန်အချို့ကို သံလွင်ဆီနဲ့ ရောစပ်ပြီးအလွယ်တကူ ပြုလုပ်လို့ရနိုင်ပါတယ်။ အောက်မှာကြည့်ပါ။
(က) Face scrub မျက်နှာကြေးချွတ်ခြင်း
- ကြေးချွတ်ပစ္စည်းအများစုဟာ ယနေ့ခေတ်မှာ အခေါ်အဝေါ်အရ စိမ်းမယ်တောင် မထင်မိပါဘူး။ သဘာ၀ Face sarub ကို သံလွင်ဆီစစ်စစ်ရယ် ပင်လယ်ဆားကြမ်းနဲ့ ရောစပ်ကာ ၁၅ မိနစ်ခန့်ထားပြီးသုံးလို့ရပါတယ်။
(ခ) ခေါင်းလိမ်းဆီ
- သံလွင်ဆီဒီတိုင်းလိမ်းလည်း ဘာမှမဖြစ်ပါဘူး။ ဒါပေမယ့် သဘာ၀ကျကျ မွှေးမွှေးပျံ့ပျံ့လေး ပြီးတော့ အဆီဆန်ဆန်မလိမ်းချင်ရင်တော့ သံပုယိုသီးကိုခြမ်းပြီး ၃ ခွက်တစ်ခွက်တင်အဖြစ် ရေနွေးနဲ့ပြုတ်ပါ။ ပြုတ်လို့ရလာတဲ့အရည်နဲ့ သံလွင်ဆီနဲ့ ၁/၂ရောမွှေပြီး ခေါင်းလိမ်းဆီအဖြစ် အသုံးပြုနိုင်ပါတယ်။ ဩဂဲနစ်ခေါင်းလိမ်းဆီဖြစ်လို့ အသုံးပြုနိုင်တဲ့သတ်မှတ်ရက်က၂ ပတ်ခန့် ဖြစ်ပါတယ်။
ကဲ.....ဒါ့ကြောင့် အဖိုးတန်တဲ့ သံလွင်ဆီစစ်စစ်ကိုပဲ သုံးစွဲကြဖို့လည်းလိုအပ်ပါသေးတယ်၊။အရည်အသွေးမမှီပြီး မစစ်တဲ့သံလွင်ဆီတွေက ဆိုးကျိုးကို ပိုပြီးအားပေးနေလို့ပါ။ အဲ့ဒီတော့ သဘာ၀စစ်စစ်ကပေးတဲ့အရာက အကျိုးအရှိဆုံးပါနော်။
ပြည့်ဖြိုးသော်
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ပြည့်ဖြိုးသော်
See all