ထောပတ်သီးစားခြင်းဖြင့် ရရှိမည့် ကျန်းမာရေးကောင်းကျိုး (၁၂) သွယ်
ထောပတ်သီးစားခြင်းဖြင့် ရရှိမည့် ကျန်းမာရေးကောင်းကျိုး (၁၂) သွယ်
ထောပတ်သီးဟာ အခြားသစ်သီးများနဲ့ နှိုင်းစာလျှင် ကာဗိုဟိုက်ဒရိတ်ပါဝင်မူထက် ကျန်းမာစေသောအဆီအနှစ်များ ပါဝင်မှုများပြီး ကောင်းကျိုးများစွာရရှိစေသောကြောင့် ထူးခြားသောအသီးတစ်မျိုးဖြစ်တယ်။
ဒါ့ကြောင့်ထောပတ်သီးစားသုံးခြင်းဖြင့် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့ ကောင်းကျိုးများကို ဖော်ပြပေးလိုက်ပါတယ်။
၁။ အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်တယ်။
ထောပတ်သီးဟာ အာဟာရဓာတ်များစွာပါဝင်ပြီး ၎င်းရဲ့ကောင်းမွန်တဲ့အရသာနဲ့ နူးညံ့တဲ့အသားကြောင့် ဟင်းအမယ်အမျိုးမျိုးမှာ ထည့်လေ့ရှိကြတယ်။ ဂွကာမိုးလ်(Guacamole) လို့ခေါ်တဲ့ မက္ကဆီကို အစားအစာတစ်မျိုးမှာ ထောပတ်သီးဟာ အဓိကပါဝင်ပစ္စည်းဖြစ်တယ်။
ထောပတ်သီးတစ်လုံးမှာပါဝင်တဲ့ အာဟာရဓာတ်များကတော့
• ဗီတာမင် K - ၂၆%
• ဖောလိတ် - ၂၀%
• ဗီတာမင် C - ၁၇%
• ပိုတက်ဆီယမ် - ၁၄%
• ဗီတာမင် B5 - ၁၄%
• ဗီတာမင် B6 - ၁၃%
• ဗီတာမင် E - ၁၀% နဲ့အတူ
မက်ဂနီဆီယမ်၊ မန်းဂနိစ်၊ ကော့ပါး၊ သံဓာတ်၊ ဇင့်၊ ဖော့စဖောရပ်စ်၊ ဗီတာမင် A,B1,B2,B3 တို့ အနည်းငယ်စီ ပါဝင်ပါသေးတယ်။ ကယ်လိုရီအားဖြင့် ၁၆၀ရှိပြီး အသားဓာတ် ၂ ဂရမ်၊ ကျန်းမာစေသောအဆီဓာတ် ၁၅ ဂရမ် ပါဝင်ပါတယ်။
၂။ ငှက်ပျောသီးထက် ပိုတက်ဆီယမ်ဓာတ် ပိုမိုကြွယ်ဝတယ်။
လူသားတို့အတွက် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်တစ်မျိုးဖြစ်တဲ့ ပိုတက်ဆီယမ်ဓာတ်ဟာ ခန္ဓာကိုယ်တွင်းမှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေရဲ့ လုပ်ဆောင်ချက်ကို ပုံမှန်လည်ပတ်စေတယ်။ ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝတဲ့ ငှက်ပျောမှာတော့ ၁၀% သာပါဝင်ပြီး ထောပတ်မှာတော့ ၁၄% ပါဝင်နေပါတယ်။ သုတေသန လေ့လာချက်တွေအရ ပိုတက်ဆီယမ်များစွာ ရရှိခြင်းဖြင့် သွေးဖိအားလျော့နည်းစေပြီး နှလုံးနှင့် ကျောက်ကပ်အတွက် အထူးကောင်းမွန်စေကြောင်း သိရပါတယ်။
၃။ နှလုံးကျန်းမာရေးအတွက် အထူးသင့်တော်သော အဆီအက်ဆစ်ဓာတ်များပါဝင်တယ်။
ထောပတ်သီးဟာ ကယ်လိုရီစုစုပေါင်းရဲ့ ၇၀% ကို အဆီမှရရှိပြီး အဆီပါဝင်မှုအများဆုံး သစ်သီးဝလံအဖြစ် ရပ်တည်နေပါတယ်။ အဓိကပါဝင်တဲ့အဆီများမှာတော့ သံလွင်ဆီမှာလည်းတွေ့ရတတ်တဲ့ အိုလီရစ်အက်ဆစ် (Oleic acid) ဖြစ်ပြီး ကျန်းမာရေးအတွက် ကောင်းကျိုးများစွာရရှိကြောင်း သိရပါတယ်။ ထောပတ်သီးကရတဲ့ အဆီဓာတ်များဟာ နှလုံးကျန်းမာရေးကိုသာမက ရောင်ရမ်းခြင်းဝေဒနာနှင့် ကင်ဆာရောဂါများဖြစ်ပေါ်မှုကိုပါ လျှော့ချပေးနိုင်ပါတယ်။

၄။ အမျှင်ဓာတ်များလည်း ကြွယ်ဝသေးတယ်။
ထောပတ်သီးဟာ အမျှင်ဓာတ်များနဲ့ ကြွယ်ဝတဲ့သစ်သီးတစ်မျိုးလည်းဖြစ်တယ်။ ထောပတ်သီးရဲ့ ၇% ခန့်ဟာ အမျှင်ဓာတ်များဖြစ်ပြီး အခြားအစားအစာများနှင့်နှိုင်းယှဉ်လျှင် အမျှင်ဓာတ်ပါဝင်မှုပိုများပါတယ်။ ၎င်းအမျှင်ဓာတ်များဟာ အူတွင်းမှာရှိတဲ့ အကျိုးပြုဘက်တီးရီးယားလေးများရဲ့ ရှင်သန်မှုကိုအားပေးပြီး ခန္ဓာကိုယ်ရဲ့လုပ်ဆောင်ချက်တွေအတွက် အရေးပါတဲ့ အာဟာရဓာတ်တစ်မျိုးပင်ဖြစ်တယ်။ ထို့အပြင် ခန္ဓာကိုယ်အလေးချိန်ကို ထိန်းညှိပေးပြီး ဇီဝကမ္မဖြစ်စဉ်များအတွက် ကောင်းကျိုးများစွာပေးပါတယ်။
၅။ ခန္ဓာကိုယ်အတွက်မလိုအပ်တဲ့ ကိုလက်စထရော နှင့် ထရွိုင်ဂလစ်စရွိုက် လို့ခေါ်တဲ့အဆီဓာတ်တွေကို လျော့ကျစေတယ်။
လူသားတို့ရဲ့ခန္ဓာကိုယ်အတွင်းမှာ မလိုအပ်တဲ့ ကိုလက်စထရောနဲ့ ထရွိုင်ဂလစ်စရွိုက်ဓာတ်တွေ များလာသောအခါ နှလုံးအဆီဖုံးခြင်း၊ နှလုံးရောဂါများနဲ့ ခန္ဓာကိုယ်ရောင်ရမ်းခြင်း၊ သွေးတွင်းအဆီဓာတ် များခြင်း တို့ကိုဖြစ်ပေါ်စေသည်။ ထို့ကြောင့်ထောပတ်သီးကိုစားပေးခြင်းဖြင့် ကိုလက်စထရောပါဝင်မှုနှုန်းကို သိသိသာသာ လျော့နည်းစေပြီး သွေးတွင်းရှိ ထရွိုင်ဂလစ်စရွိုက်ဓာတ်များပါဝင်မှုနှုန်းကို၂၀% နဲ့အထက် လျှော့ချပေးနိုင်ကြောင်းတွေ့ရပါတယ်။
၆။ ထောပတ်သီးစားသုံးသူတွေဟာ ပိုပြီးကျန်းမာတယ်။
အမေရိကန်နိုင်ငံမှာ ပြုလုပ်တဲ့စစ်တမ်းတစ်ခုအရ ထောပတ်သီးစားသုံးသူတွေဟာ မစားသုံးသူများထက် ကျန်းမာရေး ပိုမိုကောင်းမွန်ကြောင်း တိကျသောအချက်အလက်များနှင့်တကွ သိရှိခဲ့ရပါတယ်။ ထောပတ်သီးစားသုံးသူများဟာ အခြားသူများထက် အာဟာရရယူနိုင်စွမ်း ပိုကောင်းကြပြီး ရောဂါဒဏ်များကို ပိုမိုခံနိုင်ရည်ရှိကြပါတယ်။ ထို့အပြင် ခန္ဓာကိုယ်တွင်းမှာ အဆီဓာတ်၊ အာဟာရဓာတ်များ အချိုးကျစွာ ရရှိကြပြီး ကျန်းမာဖျတ်လတ်တဲ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားနိုင်ကြပါတယ်။
၇။ ထောပတ်သီးမှာပါဝင်တဲ့ အဆီဓာတ်တွေဟာ အခြားအစားအစာများမှ အာဟာရဓာတ်များကိုကောင်းစွာ ရရှိစေဖို့ကူညီပေးတယ်။
ထောပတ်သီးဟာ ၎င်းတို့ကိုယ်တိုင်မှ အာဟာရဓာတ်များစွာ ရရှိစေနိုင်ရုံသာမက ကျွန်ုပ်တို့စားနေကြ အခြားအစားအစာများရဲ့ အာဟာရတန်ဖိုးကို မြှင့်တင်ပေးနိုင်တယ်။ ဗီတာမင်နှင့် အိုမင်းရင့်ရော်မှု ကိုကာကွယ်ပေးနိုင်တဲ့ အင်တီအောက်ဆီးဒင့်များဟာ အဆီမှာပျော်ဝင်ကြတဲ့အတွက် ထောပတ်သီးစားသုံးခြင်းဖြင့် မိမိတို့နေ့စဉ်စားသုံးနေကြ အစားအစာများမှ အာဟာရဓာတ်များကို လွယ်ကူစွာရရှိနိုင်ပါတယ်။
၈။ အမြင်အာရုံအတွက် ကောင်းကျိုးပေးနိုင်တဲ့ အင်တီအောက်ဆီးဒင့်များ ပါဝင်တယ်။
ထောပတ်သီးတွေဟာ အခြားအစားအစာများမှ အင်တီအောက်ဆီးဒင့်များကို ရယူပေးနိုင်ရုံသာမက ၎င်းကိုယ်တိုင်မှလည်း အင်တီအောက်ဆီးဒင့်ဓာတ်များ များစွာပါဝင်ပါတယ်။ အင်တီအောက်ဆီးဒင့်များဟာ ယေဘူယျအားဖြင့် အိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်ပြီး မျက်လုံးကျန်းမာရေးအတွက် အရေးပါသော ဓာတ်ပေါင်းများစွာပါဝင်တယ်။ ထို့အပြင် မျက်လုံးတိမ်စွဲခြင်းနှင့် အသက်အရွယ်ကြီးရင့်လာလျှင် ဖြစ်ပေါ်တတ်သော အရေပြားပေါ်မှ အမည်းစက်များကိုလည်း သက်သာစေပါတယ်။
၉။ ကင်ဆာရောဂါများကိုလည်း ကာကွယ်ပေးနိုင်တယ်။
ထောပတ်သီးမှာပါဝင်တဲ့အာဟာရဓာတ်များဟာ အဖုအကျိတ်ကင်ဆာများနဲ့ ဓာတ်ကင်ခြင်းမှ ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးများကိုလည်း ကာကွယ်ပေးနိုင်ကြောင်း ဓာတ်ခွဲခန်းစမ်းသပ်ချက်များအရ သိရပါတယ်။
၁၀။ အဆစ်ရောင်ဝေဒနာများမှ သက်သာစေတယ်။
အနောက်တိုင်းနိုင်ငံများမှာအဖြစ်များတဲ့ အဆစ်ရောင်ရောဂါဟာ လက်ကျန်သက်တမ်းတစ်လျှောက်လုံးမှာ ခံစားရတဲ့ နာတာရှည်ရောဂါဖြစ်တယ်။ ထောပတ်သီးမှရတဲ့ အဆီအနှစ်များဟာ အရိုးအဆစ်ရောင်ရမ်းနာဝေဒနာများကိုလည်း သိသာစွာလျှော့ချပေးနိုင်ပါတယ်။
၁၁။ ကိုယ်အလေးချိန်ကိုလည်းလျှော့ချပေးတယ်။
ထောပတ်သီးမှာအမျှင်ဓာတ်များစွာပါဝင်ပြီး ကျန်းမာစေတဲ့အဆီဓာတ်များသာ ပါဝင်တဲ့အတွက် ကိုယ်အလေးချိန်လျှော့ချရာမှာ များစွာအထောက်အကူပြုပါတယ်။
၁၂။ အရသာရှိပြီး နေ့စဉ်စားနေကြ အစားအစာများနဲ့ တွဲဖက်စားသုံးနိုင်တယ်။
ထောပတ်သီးအသားဟာ နူးညံ့ပြီး အဆီများတဲ့အတွက် အခြားဟင်းအမယ်ပစ္စည်းများနဲ့ကောင်းစွာ ရောစပ်စားသုံးနိုင်တယ်။ အသုပ်များ၊ ဟင်းလျာများမှာ ထည့်သုံးရလွယ်ကူတဲ့အသီးတစ်မျိုးပင်ဖြစ်တယ်။
ဒါ့ကြောင့် ထောပတ်သီးဟာအာဟာရဓာတ်များစွာကြွယ်ဝပြီး ကျန်းမာရေးအတွက် ကောင်းကျိုးများစွာပေးနိုင်တဲ့ အရသာရှိတဲ့ အသီးတစ်မျိုးဖြစ်တဲ့အတွက် နေ့စဉ်စားနေကြပုံမှန်အစားအစာများနဲ့အတူ တွဲဖက်စားသုံးသင့်ကြောင်းကို တိုက်တွန်းလိုက်ရပါတယ်။
နန္ဒာအိလှိုင်
http://www.healthline.com/nutrition/12-proven-benefits-of-avocado#section1
Content provider
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from နန္ဒာအိလှိုင်
See all
ဓညင်းပင် မြေထုပ်စည်းနည်း
22/10/2020
ရှားစောင်းလက်ပတ်ရဲ့ ရေလိုအပ်ချက် နဲ့ မှန်ကန်စွာ ရေပေးခြင်း
01/10/2020
ထပ်ခါတလဲလဲပြန်ပွားနိုင်ပြီး အိမ်မှာအလွယ်တကူစိုက်ထားလို့ရတဲ့ မီးဖိုချောင်ရဲ့မရှိမဖြစ် ဟင်းသီးဟင်းရွက်လေးများ
24/09/2020
ဆားခါးကို အပင်အတွက်ဘယ်လိုအသုံးချကြမလဲ?
17/09/2020
ခရမ်းချဉ်သီးစိုက်ပျိုးရာမှာ မဖြစ်မနေရှောင်ရှားသင့်တဲ့ အလွဲအမှားများ
10/09/2020
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....