ထပ်ခါတလဲလဲပြန်ပွားနိုင်ပြီး အိမ်မှာအလွယ်တကူစိုက်ထားလို့ရတဲ့ မီးဖိုချောင်ရဲ့မရှိမဖြစ် ဟင်းသီးဟင်းရွက်လေးများ
အိမ်ကမီးဖိုချောင်မှာ ကြက်သွန်ဖြူဥတွေ အညှောင့်ထွက်တာနဲ့လွှင့်ပစ်လိုက်ပြီလား?
အာလူးဥတွေရော အသားတွေရှုံ့ကုန်ရင် လွှင့်ပစ်လိုက်ရောလား?
ဂျင်းတက်တွေ အတက်ရှည်ကြီးတွေထွက်လာရင်ရော ဘာလုပ်လိုက်ကြလဲ?
အမှန်တကယ်တော့ သင်လွှင့်ပစ်လိုက်တော့မဲ့ မသုံးတော့တဲ့ ဟင်းသီးဟင်းရွက်အကြွင်းအကျန် တွေဟာ သင်ထင်ထားတာထက်ကို အများကြီးတန်ဖိုးရှိတာသိပါသလား၊ မိမိတို့ရဲ့ မီးဖိုချောင်ထဲမှာ မသုံး ဖြစ်တော့ဘဲ ဟင်းသီးဟင်းရွက်များရှိရင် ၎င်းတို့ကို အပင်အဖြစ်ပြန်ပွားလို့ရတယ်ဆိုတာ သိပါသလား? ဟင်းသီးဟင်းရွက်အများစုဟာ အိမ်မှာဘဲပြန်ပွားပြီး ပြန်စိုက်ထားလို့ရပါတယ်။ အိမ်ကမီးဖိုချောင်ထဲက မသုံးဖြစ်တော့တဲ့ဟင်းသီးဟင်းရွက်အကျန်များကို ဥယျာဉ်ခြံထဲမှာ ပြန်ပွားပြီးစိုက်ထားတော့ မီးဖိုချောင် စားရိတ် သက်သာတာပေါ့။ ဟင်းသီးဟင်းရွက်တွေသာမက ဆေးဖက်ဝင်အပင်လေးများကို လည်းပြန်ပွားပြီး စိုက်ထားလို့ရပါတယ်။ ထပ်ခါတလဲလဲပြန်ပွားပြီး စိုက်ထားလို့ရတဲ့ အပင်လေးတွေကတော့ ………..
၁။ ပင်စိမ်းရွက်
ပင်စိမ်းရွက်ကတော့ ပွားရအရမ်းလွယ်ကူပါတယ်။ အရင်ဆုံးလတ်လတ်ဆတ်ဆတ်ရှိတဲ့ပင်စိမ်းပင် ကို(၄)လက်မအရွယ်ခန့်ဖြတ်ပါ။ ထိပ်ပိုင်းအရွက် (၂)စုံသာချန်ပြီး ကျန်အရွက်များကို ဖယ်ပစ်ပါ။ အဲ့ဒီနောက် ရေသန့်ထည့်ထားတဲ့ (၄)လက်မအမြင့်ရှိတဲ့ခွက်ထဲမှာပဲ ရက်အနည်းငယ်နှစ်ထားပါ။ (၁)ပတ် (၂)ပတ် အတွင်းမှာအမြစ်လေးတွေ စထွက်လာပြီဆိုရင် မြေထည့်ထားတဲ့အိုးထဲမှာ ဒါမှမဟုတ် မြေကြီးပေါ်မှာ ရွှေ့စိုက်ထားလို့ရပါပြီ။
၂။ ပူစီနံ
ပူစီနံကိုလည်း ပင်စိမ်းရွက်လိုပဲ ၄လက်မ ၅လက်မအရွယ်ဖြတ်ပိုင်းလေးကနေပဲ အလွယ်တကူ ပြန်ပွားလို့ရပါတယ်။ ပင်စိမ်းရွက်လိုပဲ အောက်အရွက်တွေဖယ်ပစ်ပြီး ထိပ်ပိုင်းအရွက် ၂စုံလောက်သာချန် ထားပါ။ ပြီးတဲ့နောက် ရေထည့်ထားတဲ့ ဖန်ခွက်ထဲမှာ ရက်အနည်းငယ်နှစ်ထားပါ။ အမြစ်လေးတွေစတင် ထွက်လာတာနဲ့ အိုးထဲ ဒါမှမဟုတ် မြေကြီးပေါ်သို့ ရွှေ့စိုက်နိုင်ပါပြီ။
၃။ ကြက်သွန်မြိတ်
ဟင်းရည်၊ အသုပ်၊ နဲ့ အကြော်တွေကြော်ရာမှာ ကြက်သွန်မြိတ်ကို ထည့်စားကြလေ့ရှိတယ်။ သင်ရောကြက်သွန်မြိတ်ကို ဟင်းချက်တိုင်းထည့်စားတတ်တဲ့သူမျိုးလား? ကြက်သွန်အမြိတ်တွေကို စားပြီး ကျန်တဲ့အမြစ်တွေကို ရေ ၂လက်မခန့်မှာနှစ်ထားပြီး လေသာပြတင်းနားမှာထားထားပါ။ ရက်အနည်းငယ် အတွင်းမှာပဲ အမြစ်တွေရော အရွက်လေးတွေရောပြန်ထွက်လာတာကို တွေ့ရမှာပါ။ ရေထဲမှာထားပြီးတော့လည်း ခဏခဏပြန်ခူးစားလို့ရပြီး အိုးထဲမှာလည်းရွှေ့စိုက်ကာ ခူးစားလို့ရပါတယ်။
၄။ ဂျင်းတက်များ
ဈေးထဲ ဂျင်းဝယ်တဲ့အခါ အချို့ဂျင်းတက်တွေမှာ အဖူးအတက်သေးသေးလေးတွေ ပေါ်နေတာ သတိထားမိကြလား? ဈေးဝယ်လာတဲ့အခါ အဲ့လိုဂျင်းတက်လေးတွေပါလာခဲ့ရင် တစ်ညရေစိမ်လိုက်ပါ။ နောက်နေ့မှာအိုးလေးထဲ ထည့်စိုက်ထားကြည့်ပါ။ များမကြာမီမှာပဲ လတ်လတ်ဆတ်ဆတ် ဂျင်းတက်အသစ် တွေ ပြန်ရလာမှာပေါ့။ ဒါပေမဲ့သတိထားရမှာက ဂျင်းတက်တွေက ရေမြုပ်နေတာမကြိုက်တဲ့အတွက် အိုးနဲ့ ရွှေ့စိုက်တဲ့အခါ အိုးမှာရေဆင်းအားကောင်းဖို့ လိုပါတယ်နော်။
၅။ ကြက်သွန်ဖြူ
သင့်ရဲ့မီးဖိုချောင်ထဲမှာ ကြက်သွန်ဖြူအတက်လေးတွေ အညှောင့်စထွက်လာရင် မစားတော့ဘဲ စိုက်ဖို့လုပ်လိုက်ပါတော့။ ကြက်သွန်ဖြူဟာ ထပ်တလဲလဲပြန်ပြန်ပွားပြီး စိုက်လို့ရတဲ့သီးနှံတစ်ခုပါပဲ။ ကြက်သွန်ဖြူတက်လေးတွေကို မိမိရဲ့ခြံထဲမှာစိုက်ထားရင် ရာသီဥတုနဲ့ မြေနေရာကိုလိုက်ပြီး ပွားနိုင်သမျှ များများပွားနိုင်ပါတယ်။
၆။ တရုတ်နံနံကြီး
တခြားဟင်းသီးဟင်းရွက်တွေလိုပဲ တရုတ်နံနံကြီးကို အိမ်မှာအလွယ်တကူ ပွားပြီးစိုက်ထားလို့ရပါ တယ်။ တရုတ်နံနံရဲ့ရိုးတံအပိုင်းကို သုံးပြီး ကျန်တဲ့ အပိုင်းတွေကို သိမ်းထားပြီး ရေထဲမှာ ၁ပတ်လောက် အမြစ်ကိုနှစ်ထားပါ။ အဲ့ဒီနောက် ရေဆင်းကောင်းတဲ့အိုးနဲ့ရွှေ့စိုက်ထားပြီး ရက်အနည်းငယ်ကြာရင်လိုသလို ခူးစားနိုင်ပါပြီ။
၇။ ဆလပ်ရွက်
ဆလပ်ရွက်ကို အသုပ်ပဲလုပ်စားစား၊အတို့အမြုပ်အနေနဲ့ပဲစားစား ကျန်ခဲ့တဲ့အောက်ခြေပိုင်းကို မလွှင့်ပစ်ပါနဲ့။ ရေထဲမှာ ၂လက်မအနက်လောက်နှစ်ထားရင် တစ်ပတ်အတွင်းမှာပဲ ဆလက်ရွက်ပြန်ပေါက် လာပါတယ်။
၈။ ကန်စွန်းဥ
အကယ်၍ သင်ဟာကန်စွန်းဥကြိုက်သူတစ်ယောက်ဆိုရင် ကိုယ်တိုင်စိုက်ဖို့ကြိုးစားကြည့်ပါ။ ကန်စွန်းဥတစ်ဥကို ရေထည့်ထားတဲ့ခွက်ထဲမှာ တစ်ဝက်ကျော်ကျော်နှစ်အောင်မြုပ်ထားပြီး နေရောင်ခြည် ကောင်းကောင်းရပြီး လေဝင်လေထွက်ရတဲ့နေရာမှာထားထားပါ။ အညှောင့်လေးတွေ ၄လက်မအရွယ် လောက်ထိထွက်လာပြီး အမြစ်လေးတွေ စထွက်လာပြီဆိုရင် မြေကြီးပေါ်ချစိုက်ထားလို့ရပါပြီ။
ကဲ အထက်မှာဖော်ပြခဲ့တာကတော့ အိမ်မှာပဲအလွယ်တကူပြန်ပြန်ပွားပြီး စိုက်ထားလို့ရတဲ့ စားဖိုဆောင်ရဲ့မရှိမဖြစ် ဟင်းသီးဟင်းရွက်လေးတွေပါ။ အိမ်မှာပါပြန်ပြန်ပွားပြီးစိုက်ထားတော့ ဟင်းသီးဟင်းရွက်တွေညှိုးခြောက်သွားမှာ၊ ရင့်သွားမှာ၊ ပုပ်သွားမှာတွေကိုမပူရတော့ပဲ မိမိစားချင်တဲ့အခါ လိုသလို လတ်လတ်ဆတ်ဆတ်ခူးစားလို့ရတော့ အရမ်းမိုက်တာပေါ့။ မီးဖိုချောင် စားရိတ်ကိုလည်း အတော်အတန် ချွေတာပေးနိုင်တယ်လေ။ အဲ့တာကြောင့်မိတ်ဆွေတို့ရဲ့မီးဖိုချောင်ထဲမှာ မစားဖြစ်တော့တဲ့ ဒါမှမဟုတ် စားလို့မရဘဲ ရင့်သွားတဲ့ဟင်းသီးဟင်းရွက်တွေရှိရင် လွှင့်မပစ်ဘဲ အိမ်မှာတတ်နိုင်သလောက် စိုက်ထားကြည့်ကြပါလို့တိုက်တွန်းရင်း ဒီလောက်နဲ့ပဲ နိဂုံးချုပ်လိုက်ပါတယ်ရှင်။ ။
နန္ဒာအိလှိုင်
https://youtu.be/T7u-n7qG2eg
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ကိုမြင့်ဇော်
5 years agoကျေးဇူးတင်ပါသည်
Related questions
ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်
Hnin Nu Wai • 3 answers
တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ
မောင်ကျော်ခိုင် • 2 answers
ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်
Theint Theint Nway • 2 answers
ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ
ko saw moe oo • 2 answers
ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်
ဒေါ်ဝင်းလဲ့ဝါ • 2 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from နန္ဒာအိလှိုင်
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....