ခရမ်းချဉ်သီးစိုက်ပျိုးရာမှာ မဖြစ်မနေရှောင်ရှားသင့်တဲ့ အလွဲအမှားများ
ခရမ်းချဉ်သီးဟာ စိုက်ပျိုးရလွယ်ကူပြီး အိမ်ထဲမှာတစ်နိုင်တစ်ပိုင်စိုက်ထားရင်တောင် တစ်နှစ်ပတ် လုံး လတ်လတ်ဆတ်ဆတ် စားသုံးနိုင်ပါတယ်။ ခရမ်းချဉ်သီး စိုက်ပျိုးထုတ်လုပ်ရာမှာ များသောအားဖြင့် သတိမထားမိဘဲ လွဲမှားနေသော အချက်လေးတွေရှိတတ်ပါတယ်။ ဒီအလွဲအမှား လေးတွေကိုသာ ရှောင်ရှားပြီး ပြုပြင်နိုင်ရင် လတ်လတ်ဆတ်ဆတ်နဲ့ တစ်နှစ်ပတ်လုံးစားလို့ရတဲ့ ခရမ်းချဉ်သီး လေးတွေရနိုင်တာပေါ့။
ကဲ ပြောင်းလဲချိန်တန်ပြီဆိုတော့ ပြုပြင်သင့်တာတွေပြုပြင်နိုင်အောင် ခရမ်းချဉ်သီးစိုက်ပျိုးရာမှာ လွဲမှားတတ်တဲ့ အလွဲလေးတွေနဲ့ ပြုပြင်သင့်တဲ့ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
၁။ စပ်မျိုးတွေကို စမ်းစိုက်ကြည့်ပါ။
သင်ဟာ ခရမ်းချဉ်သီး စိုက်ပျိုးဖို့ အစပျိုးခါစဆိုရင် အစဉ်အဆက်စိုက်ခဲ့တဲ့ သမရိုးကျမျိုးထက် စပ်မျိုးတွေကို ရွေးစိုက်ကြည့်ပါ။ စပ်မျိုးတွေဟာရောဂါဒဏ်ခံရမှုနည်းပြီး သမရိုးကျမျိုးတွေထက် အထွက်နှုန်း ပိုသာပါတယ်။ သမရိုးကျမျိုးတွေဟာ ဘယ်လောက်ပဲအရသာကောင်းပါတယ်ဆိုဆို စပ်မျိုးတွေဟာလည်း အနံ့အရသာနဲ့ပြည့်စုံတာပါပဲ။
၂။ စိုက်ပျိုးဖို့နေရာနဲ့ ပတ်ဝန်းကျင်အခြေအနေ
မှားယွင်းတဲ့ စိုက်ပျိုးမြေနေရာနဲ့ ပတ်ဝန်းကျင်အခြေအနေကြောင့်လည်းခရမ်းချဉ်သီး အထွက်နှုန်း လျော့ကျတတ်ပါတယ်။ နေရောင်ခြည်လုံလောက်စွာမရရှိခြင်းနှင့် အရိပ်ကျရောက်မှုတို့ကြောင့် အသီးတင် နှုန်းကျတတ်ပါတယ်။ ခရမ်းချဉ်သီးဟာ ပူနွေးတဲ့အခြေအနေကို နှစ်သက်ပြီး အနည်းဆုံး(၆)နာရီ နေရောင်နဲ့ တိုက်ရိုက်ထိတွေ့ဖို့လိုတဲ့အပြင် လေကောင်းလေသန့်ရဖို့လည်းလိုအပ်ပါတယ်။
၃။ ပျိုးပင်ရွှေ့စိုက်ရာမှာ အဖူးနဲ့အပွင့်များပါနေခြင်း
ခရမ်းချဉ်သီးကို ပျိုးပင်နဲ့ရွှေ့စိုက်ရာတဲ့အခါမှာ အဖူးနဲ့ အပွင့်တွေပါနေရင် ဖယ်ပစ်လိုက်ပါ။ ဖယ်ပစ်လိုက်မှသာ စတင်ရွှေ့စိုက်ပြီးနောက် အမြစ်စင်စနစ်ကို ကောင်းစေမှာဖြစ်ပြီး စိုက်ပြီးနောက်ပိုင်းမှသာ အဖူးအပွင့်များထွက်လာပါက ဖယ်ပစ်ရန်မလိုတော့ပါ။
၄။ မြေသြဇာများအလွန်အကျွံသုံးစွဲခြင်း
မြေသြဇာများကို အပင်ကလိုအပ်သည်ထက်ပိုကျွေးမိပါက အထူးသဖြင့် နှိုက်ထရိုဂျင်ဓာတ်များပါက အပင်ကိုလောင်စေပါတယ်။ ဒါဟာခရမ်းချဉ်သီးစိုက်ပျိုးရာမှာ အထူးသတိထားရမဲ့ အချက်ပါ။ နှိုက်ထရိုဂျင် ဓာတ်များသွားရင် အပင်က အရွက်တွေပင်စည်တွေပိုများပြီးပိုကြီးလာပေမဲ့ အပွင့်ပွင့်နှုန်းတော့ ကျသွားပြီး အမြစ်တွေပုပ်ပြီး အမဲရောင်ပြောင်းသွားတတ်ပါတယ်။ စိုက်ပျိုးမြေမှာ နှိုက်ထရိုဂျင်ဓာတ်များနေရင် ၅း၁၀း၅ အချိုးရှိတဲ့ဓာတ်ပေါင်းမြေသြဇာဟာ အသင့်တော်ဆုံးဖြစ်ပြီး အကယ်၍နည်းခဲ့ပါက ၁၀ပတ်လည်ဓာတ်ပေါင်း မြေသြဇာကို သုံးပေးသင့်ပါတယ်။
၅။ ရောဂါပိုးမွှားများကို ထိရောက်စွာမကာကွယ်နိုင်ခြင်း
တခါတရံမှာ စိုက်ပျိုးသူတွေဟာ ခရမ်းချဉ်သီးမှာ အဖြစ်များတဲ့ နှောင်းပင်နာကျ၊ စောပင်နာကျ စတဲ့ရောဂါမျိုးတွေကို ကောင်းကောင်းထိန်းချုပ်နိုင်မှု အားနည်းကြပါတယ်။ ရောဂါပိုမွှားတွေကို ထိန်းချုပ် နိုင်ဖို့ ဆေးဖြန်းရမယ့်အခြေအနေမှာ အချိုးအစားမှန်မှန်နဲ့ဖျန်းဖို့ အရေးကြီးပါတယ်။ မုန့်ဖုတ်ဆိုဒါ၊ ဆပ်ပြာရည်၊ နဲ့ သံလွင်ဆီတို့ကို အချိုးကျရောစပ်ပြီးတော့လည်း ပိုးသတ်ဆေးရည်အဖြစ် ပြုလုပ်သုံးစွဲ နိုင်ပြီး ဆားခါးကို ရေနဲ့ဖျော်စပ်ပြီးတော့လည်း အပင်အားဆေးအဖြစ် တစ်လတစ်ကြိမ်ဖျန်းပေးနိုင်ပါတယ်။
၆။ ဖုံးအုပ်၍စိုက်ကြည့်ပါ
အပင်များကိုစိုက်ပျိုးရာမှာ မြေကိုဖုံးအုပ်ပြီးစိုက်ခြင်းက မြေကြီးအစိုဓာတ်ထိန်းပေးပြီး မြေသြဇာ လေလွင့်မှုနဲ့ ပေါင်းပြဿနာများကိုလျော့နည်းစေပါတယ်။ ဒါပေမဲ့ ခရမ်းချဉ်စိုက်ပျိုးရာမှာ ဖုံးအုပ်ပြီးစိုက်ပျိုး တာ မရှိသလောက်နည်းပါသေးတယ်။ ဖုံးအုပ်ဖို့ ပလတ်စတစ်တွေမရှိရင်တောင် အပင်စိုက်ပြီးတာနဲ့ သစ်ရွက်ကြွေ၊သစ်ရွက်ခြောက်များ၊ကောက်ရိုးများဖြင့်လည်း ဖုံးအုပ်ပေးနိုင်ပါတယ်။ ဖုံးအုပ်ပြီးစိုက်ပျိုးလိုက် တာကြောင့် အပင်တွေဟာမြေသြဇာကိုထိထိရောက်ရောက်သုံးစွဲနိုင်သလို ပေါင်းလည်းနိုင်ပြီး အပင် ကြီးထွား မှုအားလည်းကောင်းလာပြီး အထွက်နှုန်းလည်းသိသိသာသာတိုးလာနိုင်ပါတယ်။
၇။ ပြုစုမှုအားနည်းခြင်း
သင်စိုက်တဲ့မျိုးဟာ အဆုံးရှိပန်းခိုင်ရှိတဲ့ မျိုးဖြစ်ရင် အညှာချွေခြင်း၊ပုံသွင်းခြင်း စတာတွေကို ပြုလုပ်ပေးသင့်ပါတယ်။ အဆုံးမရှိပန်းခိုင်ပါတဲ့ မျိုးတွေမှာလည်း ရိုးညှာတွေကိုကောင်းကောင်းဂရုစိုက်ပေး သင့်ပါတယ်။ ခရမ်းချဉ်ပင်ဟာ အပင်ပြုစုမှုကောင်းဖို့လိုပြီး လိုအပ်သည့်အချိန်မှာလိုအပ်သလို ပြုစုပေးရ ပါမယ်။ အကယ်၍ပြုစုမှုအားနည်းခဲ့ပါက မှိုရောဂါတွေဝင်ပြီး အသီးပုပ်နိုင်ပါတယ်။ အပင်လည်းအားနည်းပြီး အထွက်နှုန်းကိုလည်း ထိခိုက်နိုင်ပါတယ်။
၈။ ပင်ကြားတန်းကြားမမှန်ခြင်း
ခရမ်းချဉ်စိုက်ပျိုးရာမှာပင်ကြားတန်းကြား စိပ်ပါက လေဝင်လေထွက် မကောင်းနိုင်ဘဲ အာဟာရ ဓာတ်များနဲ့ရေကို လုံလောက်စွာရရှိမည်မဟုတ်ပါ။ အကယ်၍ခရမ်းချဉ်ကို စီးပွားဖြစ်အမြောက်အမြားစိုက်ပျိုး ပါက ပင်ကြားတန်းကြားကို (၂ပေ×၃ပေ)ထားရှိသင့်ပြီး အပင်ပုမျိုးဖြစ်ပါက (၁ပေ×၁ပေခွဲ)ထားစိုက်သင့် ပါတယ်။
အပင်လေးတွေမှာ သင်တို့ထင်ထားတာထက်ပိုပြီး ထုတ်လုပ်နိုင်စွမ်း ရှိကြပါတယ်။ သင်က သူတို့အကြောင်းကို သေချာသိပြီး သူတို့ ကြိုက်တဲ့ပတ်ဝန်းကျင်၊ရာသီဥတု၊ အာဟာရဓာတ်တွေ၊ သူတို့လိုချင်တဲ့ဂရုစိုက်မှုတွေကို လုံလုံလောက်လောက်ပေးနိုင်ရင် သင့်ကို သူတို့အစွမ်းရှိသလောက်ထုတ် ပေးလာပါလိမ့်မယ်။ ခရမ်းချဉ်မှာလည်း သူတို့လိုအပ်တဲ့ အာဟာရ၊ ပတ်ဝန်းကျင်၊ ရာသီဥတုအခြေအနေ၊ ပြုစုဂရုစိုက်မှုတွေကို ကောင်းကောင်းမွန်မွန်ပေးနိုင်ရင် သူတို့ကလည်း သင်တို့လိုချင်တဲ့ အရည်အသွေးနဲ့ အထွက်နှုန်းကို လိုလိုလားလားပေးလာပါလိမ့်မယ်။ ကဲပြောင်းလဲသင့်တာလေးတွေပြောင်းလဲပြီး ပိုမို ကောင်းမွန်တဲ့အထွက်နှုန်းနဲ့ အရည်အသွေးကို ရယူလိုက်ကြရအောင်!!!!!!!
နန္ဒာအိလှိုင်
http://youtu.be/5JDgggtssVs
ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
နော်အိအိငြိမ်း
3 years agoခရမ်းချဥ်သီးကို ဘယ်ချိန်လောက်မှာ ခူးဆွတ်ရမလဲ ရှင့်
သူရိန်ထွန်း
3 years agoဆားခါးကအိမ္္သံုးဆားလား
Thian Za Mawi
5 years agoပြီးတော့အပင်ပုပ်တာ ကဘာဖြစ်လို့လဲ
Thian Za Mawi
5 years agoမြေဩဇာက ၄မျိုံးစပ်ပေးတာကောင်းသလား?
zawzaw
5 years agoခရမ်းချဥ်က မိုးတွင်းမှာဘာမျိုးစိုက်ရလဲဗျ
Related questions
ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်
Hnin Nu Wai • 3 answers
တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ
မောင်ကျော်ခိုင် • 2 answers
ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်
Theint Theint Nway • 2 answers
ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ
ko saw moe oo • 2 answers
ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်
ဒေါ်ဝင်းလဲ့ဝါ • 2 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from နန္ဒာအိလှိုင်
See all
ဓညင်းပင် မြေထုပ်စည်းနည်း
22/10/2020
ရှားစောင်းလက်ပတ်ရဲ့ ရေလိုအပ်ချက် နဲ့ မှန်ကန်စွာ ရေပေးခြင်း
01/10/2020
ထပ်ခါတလဲလဲပြန်ပွားနိုင်ပြီး အိမ်မှာအလွယ်တကူစိုက်ထားလို့ရတဲ့ မီးဖိုချောင်ရဲ့မရှိမဖြစ် ဟင်းသီးဟင်းရွက်လေးများ
24/09/2020
ဆားခါးကို အပင်အတွက်ဘယ်လိုအသုံးချကြမလဲ?
17/09/2020
ဝတ်မှုန်ကူးတတ်တဲ့ ကျိုင်းကောင်ပိုးများ
20/08/2020
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....