ရှားစောင်းလက်ပတ်ရဲ့ ရေလိုအပ်ချက် နဲ့ မှန်ကန်စွာ ရေပေးခြင်း
အလှကြိုက် ပျိုမဒီလေးတို့ရဲ့အသဲစွဲ ရှားစောင်းလက်ပတ်ပင်ဟာ အလှအပအတွက် ခေါင်းအစ ခြေအဆုံး အသုံးပြုနိုင်သလို ဆေးဝါးအဖြစ်လဲ မှီဝဲနိုင်တဲ့အတွက် အိမ်တိုင်းလိုလိုမှာ စိုက်ထားတတ်ကြ ပါတယ်။ စိုက်ထားရုံနဲ့မပြီးသေးဘူး။ ပြုစုဖို့လည်းလိုသေးတာပေါ့။ အပင်ပြုစုဖို့က မခက်ခဲပါဘူး။ ၎င်းလိုအပ်ချက်အတိုင်း ရေကိုမှန်ကန်စွာလောင်းပေးဖို့ပါပဲ။
ရှားစောင်းလက်ပတ်ပင်ဟာ အရည်ရွှမ်းအသားထူတဲ့ အပင်ဖြစ်ပြီး ရေငတ်ဒဏ်ကို အတော်အတန် ခံနိုင်ပါတယ်။ အနည်းငယ်စိုစွတ်မှုရှိရုံနဲ့ တောင့်တောင့်တင်းတင်းနဲ့ ကျန်းမာသန်စွမ်းတဲ့ ရှားစောင်း လက်ပတ်ပင်ကို ရနိုင်ပါတယ်။ ဒါပေမဲ့လည်းသူတို့ဟာ အခြားအပင်တွေလို ရေလိုအပ်တာပါပဲ။ ရေလိုအပ်သည်ထက်ပေးလျှင် သို့မဟုတ် ရေကို လိုအပ်သလောက်မပေးနိုင်လျှင် သတိပေးတဲ့ လက္ခဏာ ပြတတ်ပါတယ်။ ရေကိုလိုအပ်သည်ထက်ပေးမိပါက ညှိုးခြောက်သွားပြီး အမဲရောင်ပြောင်းသွား တတ်ပါတယ်။ ဆဲလ်များက ရေအမြောက်အမြားစုပ်ယူထားတဲ့အတွက်ကြောင့် ဖောင်းကားလာပြီး မကြာခင်မှာပျော့ဖတ်ဖတ်ဖြစ်သွားကာ ညှိုးခြောက်သွားတတ်ပါတယ်။ ရေကို လိုအပ်သလောက် မပေးနိုင်ပါက တဖြည်းဖြည်းအရွက်များဝါလာပြီး အပင်တစ်ပင်လုံးညှိုးခြောက်သွားတတ်ပါတယ်။
အဲ့ဒီတော့ သတိပြုရမှာက စစိုက်ကတည်းက အိုးနဲ့ဖြစ်စေ မြေပေါ်ချစိုက်သည်ဖြစ်စေ ရေဆင်းအား ကောင်းအောင်ပြုလုပ်ထားပေးရပါမယ်။ အိုးနဲ့စိုက်ပါက ရေဆင်းပေါက်များကောင်းကောင်းပွင့်နေပြီး အပေါက်များများပါလျှင်ပိုကောင်းပါတယ်။ အိုးရှည်ပါက အောက်ခြေ ၂လက်မလောက်ကို ကျောက်ခဲများ ခံထားပေးခြင်းဖြင့် ရေဆင်းအားပိုကောင်းစေပါတယ်။
-ရှားစောင်းလက်ပတ်ပင်ရဲ့ရေလိုအပ်မှု
ရှားစောင်းလက်ပတ်ပင်ဟာ နွေရာသီနဲ့ မိုးဦးပိုင်းမှာ မြေကိုအတော်အတန် စိုစွတ်နေစေဖို့ိလိုပေမဲ့ ဆောင်းတွင်းမှာတော့ ရေကိုပုံမှန်ပေးသည်ထက် ထက်ဝက်လျှော့ချပြီး ပေးနိုင်ပါတယ်။ ရှားစောင်း လက်ပတ်ပင်တွေဟာ ရေငတ်ဒဏ်ခံနိုင်ပေမဲ့ အပင်လေးတွေမှာတော့ အမြစ်စဉ်အားသိပ်မကောင်းသေး တဲ့အတွက် ရေကိုမကြာခဏပေးသင့်ပြီး မြေအလွန်ခြောက်သွေ့နေပါက ဆိုးဆိုးဝါးဝါးထိခိုက် ပျက်စီးနိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ ရှားစောင်းလက်ပတ်ပင်ဟာ တစ်ပတ်လျှင်တစ်ကြိမ် ရေလောင်းပေး ရုံနဲ့လုံလောက်ပါတယ်။ ရေလိုအပ်မှုရှိမရှိ တိုင်းတာနိုင်တဲ့ နည်းလမ်းတစ်ခုရှိပါတယ်။ အဲ့တာကတော့ အိုးထဲကို လက်ညိုး ၂ဆစ်စာ ထိုးကြည့်လိုက်ပါ။ မြေခြောက်နေပါက ရေပေးဖို့လိုပြီး လက်ညိုး၂ဆစ်စာထိ မြေစိုထိုင်းဆရှိနေသေးတယ်ဆိုရင် ရက်အနည်းငယ်ကြာထိ ရေပေးဖို့မလိုသေးပါဘူး။ အိုးရဲ့ရေဆင်းပေါက် ကမြေရဲ့အခြေအနေကို ကြည့်ပြီးတော့လည်း ရေလိုမလို ဆုံးဖြတ်နိုင်ပါတယ်။
-ရှားစောင်းလက်ပတ်ကို ရေမှန်ကန်စွာ ဘယ်လိုပေးမလဲ?
ရှားစောင်းလက်ပတ်ကိုရေပေးရင် ဝေးဝေးတစ်ခါပေးရင်ရပါတယ်။ ဒါပေမဲ့ တစ်ခါပေးရင်စိုစွတ် နေအောင်ပေးဖို့လိုပါတယ်။ ဒါမှသာ မြေကြီးထဲမှာရှိနေတဲ့ ဆားတွေ နဲ့သတ္တုဓာတ်တွေ ရေနဲ့အတူ ပါသွားမှာဖြစ်ပါတယ်။ ရှားစောင်းလက်ပတ်အပါအဝင် အရည်ရွှမ်းတဲ့ အပင်တွေဟာ ဆား၊ဓာတုပစ္စည်းနဲ့ အခြားဓာတ်ပေါင်းတွေကို ကြိုက်နှစ်သက်လေ့မရှိပါဘူး။ ရေကို အလွန်အကျွံလောင်းလိုက်မိပြီဆိုရင် အပင်ကိုဆွဲနှုတ်လိုက်ပြီး အပြင်မှာအခြောက်ခံထားပါ။ အမြစ်မှာ ဘာရောဂါလက္ခဏာမှ မတွေ့ရင် အပင်ကို သေချာပြင်ပြီး ပြန်စိုက်ထားလို့ရပါတယ်။ အားပျော့တဲ့အပင်အာဟာရရည်ကို တစ်လတစ်ကြိမ်ပဲဖြစ်ဖြစ် ရေလောင်းတဲ့အခါမှာထည့်လောင်းပေးနိုင်ပါတယ်။
ကဲ ဘာပဲဖြစ်ဖြစ် အခုဆိုရင် ရှားစောင်းလက်ပတ်ပင်ရဲ့ ရေလိုအပ်ပုံ နဲ့ ရေကိုဘယ်လိုမှန်ကန် အောင်ပေးရမလဲဆိုတာကို သိရှိသွားကြပြီလို့ထင်ပါတယ်။ ကျန်းမာညီညွှတ်တဲ့ ခန္ဓာတဲ့ သဘာဝအတိုင်း လှပတဲ့ အသားအရေလေးတွေပိုင်ဆိုင်နိုင်အောင် အခုကစပြီး အိမ်မှာရှားစောင်းလက်ပတ်ကို များများ စိုက်ပြီး များများသုံးလိုက်ကြရအောင်။။။။။။။။။
နန္ဒာအိလှိုင်
https://www.gardeningknowhow.com/houseplants/aloe-vera/watering-an-aloe-vera-plant.htm
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
nayzaw
5 years agoကျေးဇူးပါ
Zaw Win Naing
5 years agoကျေးဇူးတင်ပါတယ်ခင်ဗျာ
Related questions
ပဲကြီးအထွက်တိုးအောင် ဘယ်လိုစိုက်ပျိုးရမလည်းရှင့်
Hnin Nu Wai • 3 answers
တနင်္သာရီတိုင်းကျွန်းစုမြို့ဘက်မှာခရမ်းချဥ်မြားနီအမျိုးထဲကဘယ်အမျိုးအစားကိုစိုက်ရင်သင့်တော်မလဲခင်ဗျ ဆရာတို့အလင်းပြပေးပါခင်ဗျ
မောင်ကျော်ခိုင် • 2 answers
ဒီချိန်ဘာသီးနှံစိုက်ရင်အဆင်ပြေနိုင်လဲရှင့် ပဲတောင့်ရှည်နဲ့ပြောင်းတော့စိုက်ထားတယ် ကျန်တာဘာစိုက်လို့အဆင်ပြေလဲရှင့်ဒီချိန်က လအလိုက်စိုက်လို့ရတဲ့သီးနှံလေးတွေပြောပေးပါဦးရှင့်
Theint Theint Nway • 2 answers
ပဲခူးအနောက်ပြည်ခရိုင်ပန်းတောင်းနယ်ရေလည်ကျွန်းကပါဗျခု8လပိုင်းကြရင်ပိသာနဲ့ရောင်းရတဲ့ခရမ်းစိုက်ခြင်လို့ပါဘာမျိုးစိုက်ရမလဲဗျ
ko saw moe oo • 2 answers
ပြည်မြို့တွင် မြကျောက်သရက်သီး ဘယ်နယ်တွေမှာစိုက်ပျိုးလဲသိချင်ပါတယ်။ ဘယ်နေရာက အသီးက ပိုကောင်းလဲဆိုတာလည်း သိချင်ပါတယ်။ ပြည်စျေးကွက်မှာ အခြား မန္တလေးဘက်ကလာတဲ့ မြကျောက်တွေရော ရောင်းနေလားဆိုတာသိချင်ပါတယ်ရှင်
ဒေါ်ဝင်းလဲ့ဝါ • 2 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from နန္ဒာအိလှိုင်
See all
ဓညင်းပင် မြေထုပ်စည်းနည်း
22/10/2020
ထပ်ခါတလဲလဲပြန်ပွားနိုင်ပြီး အိမ်မှာအလွယ်တကူစိုက်ထားလို့ရတဲ့ မီးဖိုချောင်ရဲ့မရှိမဖြစ် ဟင်းသီးဟင်းရွက်လေးများ
24/09/2020
ဆားခါးကို အပင်အတွက်ဘယ်လိုအသုံးချကြမလဲ?
17/09/2020
ခရမ်းချဉ်သီးစိုက်ပျိုးရာမှာ မဖြစ်မနေရှောင်ရှားသင့်တဲ့ အလွဲအမှားများ
10/09/2020
ဝတ်မှုန်ကူးတတ်တဲ့ ကျိုင်းကောင်ပိုးများ
20/08/2020
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....