Green Way
ငါး/ပုစွန်မွေးမြူရေးကဏ္ဍအတွက် အရေးပါသော သားဖောက်ရုံ တည်ဆောက်ခြင်း နည်းစနစ်များ

ငါး/ပုစွန်မွေးမြူရေးကဏ္ဍအတွက် အရေးပါသော သားဖောက်ရုံ တည်ဆောက်ခြင်း နည်းစနစ်များ

ဦးဇော်(dof)
ဦးဇော်(dof) 07/11/2023

ပြောင်းလဲလာသော ရာသီဥတုကြောင့်လည်းကောင်း၊ စက်ရုံ/အလုပ်ရုံများမှ စွန့်ပစ်ရေများကြောင့်လည်းကောင်း၊စိုက်ပျိုး ရေးလုပ်ငန်းမှ အသုံးပြုပြီးသောရေများကြောင့်လည်းကောင်း၊ တိုးတက်လာသောလူဦးရေနှင့်အညီ မြို့ပြလူနေမှုစနစ်များကြောင့် လည်းကောင်း ရေထုညစ်ညမ်းမှုဖြစ်ပေါ်လာကာ မွေးမြူရေးလုပ်ငန်းများအပေါ် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိပါသည်။

ထိုအချက်များကြောင့် တစ်ပိုင်တစ်နိုင်ငါးသားဖောက်ရုံများ/ငါးသားဖောက်စခန်း(Hatchery)များ တည်ဆောက်ရာတွင် အောက်ဖော်ပြပါ “ကောင်းမွန်သော သားဖောက်ထုတ်လုပ်မှုကျင့်စဥ် နှင့်အညီ မွေးမြူထုတ်လုပ်ကြပါစို့”ဟု ရေးသားတိုက်တွန်း လိုက်ရပါသည်။

 သားဖောက်စခန်းများတွင်ရှိသင့်သည့် စံချိန်စံညွှန်းများ-

(က)သားဖောက်ရုံတည်ဆောက်မည့် မြေနေရာရွေးချယ်ခြင်း

သဘာဝဘေးအန္တရာယ်မှ ကင်းသောနေရာ၊ ဒီရေတော လွတ်ကင်းသောနေရာ၊ ရေအရည်အသွေးကောင်းမွန်ပြီး ရေချို/ ရေငန် အလွယ်တကူရရန်နေရာ၊ လမ်းပန်းဆက်သွယ်ရေးကောင်းသောနေရာ၊ ၂၄ နာရီ လျှပ်စစ်ရနိုင်သောနေရာနှင့် လုပ်ငန်းသုံးစွ့န်ပစ် ရေများ စွန့်ထုတ်ရာတွင် ပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေရန် လုံလောက်သော နည်းစနစ်များ ပြင်ဆင်ထားရှိရမည်။

(ခ) သားဖောက်ရုံတည်ဆောက်ရန် အရွယ်အစားသတ်မှတ်ခြင်း

အသေးစားငါးသားဖောက်ရုံ(Small Scale Hatchery) သည် တစ်နှစ်လျှင် ငါးပုစွန်သားပေါက် ငါးသန်းထုတ်လုပ်နိုင်ရမည်။ အလတ်စားငါးသားဖောက်ရုံ (Medium Scale Hatchery) သည် တစ်နှစ်လျှင် ငါးပုစွန်သားပေါက် ၁၀-၂၀ သန်း ထုတ်လုပ်နိုင်သည်။ အကြီးစားငါးသားဖောက်ရုံ(Large Scale Hatchery) သည် တစ်နှစ် လျှင် ငါးပုစွန်သားပေါက် သန်း ၂၀ ထက် ပိုမိုထုတ်လုပ်နိုင်ရမည်။

(ဂ)သားဖောက်ရုံတွင် ထည့်သွင်းတည်ဆောက်ရမည့် ကန်အမျိုးအစား

မိတ်လိုက်ကန်(Maturation Tank)၊ ဥချကန်(Spawning Tank)၊ သားဖောက်ကန်(Hatching Tank)၊ ငါးမှုံပြုစုကန်(Nursery Tank)၊ သားလောင်းပြုစုကန်(Larval Rearing Tank)၊ သက်ရှိအစာ မွေးမြူကန်(ပုစွန်မွေးမြူသူများအတွက်) (Live Food Culture Tank)၊ရေသိုလှောင်ကန်(Water Storage Tank)၊ ရေစစ်ကန်(Filtration Tank)၊ ရေစင်(Over Head Tank)၊(လေအေးပေးစနစ်များ လိုအပ်လျှင် အသုံးပြုနိုင်ရန် ပြင်ဆင်ထားရမည်။)

(ဃ)သားဖောက်ရုံတည်ဆောက်ရာတွင် ထည့်သွင်းစဥ်းစားရမည့် အချက်များ

ကန်များသန့်ရှင်းရန်/ပိုးသတ်ရန်အတွက် လွယ်ကူစေသော မျက်နှာပြင်ဖြစ်ရမည်။ လေဝင်လေထွက်ကောင်းပြီး အလင်းရောင် ရရှိရန် ပြုလုပ်ထားရမည်။ ကန်အတွင်း မျိုးငါးပုစွန်အတွက် အဆိပ်အတောက်မဖြစ်စေရန် ပြုပြင်ထားရမည်။ အောက်ဆီဂျင်ရရှိစေရန် လေပေးစနစ်တပ်ဆင်ထားရမည်။ရေသွင်းရေထုတ်ပေါက်များကို စနစ်တကျ ပြင်ဆင်ထားရမည်။ ရေကို အလွယ်တကူ စွန့်ထုတ်နိုင်ရန် စီစဥ်ထားရမည်။(တစ်ပတ်တစ်ခါ ကန်များနှင့် အသုံးအဆောင်ကိရိယာများကို ဆေးကြော၍ အခြောက်ခံခြင်းများ ပြုလုပ်ပေးရမည်။)

(င)သားဖောက်ရုံများတွင် သားဖောက်ထုတ်လုပ်မှု မှတ်တမ်းများ ထားရှိခြင်း

သားဖောက်ရန် အသုံးပြုမည့် မျိုးငါးပုစွန်များ၏ အရေအတွက်၊ အလေးချိန်၊ အသုံးပြုသည့် မှတ်တမ်းထားရှိခြင်း၊ ငါးမျိုးစိတ်အလိုက် အရွယ်အစားအလိုက် ဟော်မုန်းဆေးအသုံးပြုသည့် ပမာဏမှတ်တမ်းထားရှိခြင်း၊ သားဖောက်သော မျိုးငါးအရေအတွက်၊ အလေးချိန်၊ ဆေးထိုးပမာဏ၊ သားဖောက်ရက်၊ သားပေါက်ရန်ကြာချိန်၊ ထည့်သွင်းပြုစုရက်၊ ရှင်သန်နှုန်း မှတ်တမ်းထားရှိခြင်း၊ သားဖောက်ကန်၏ ရေအရည်အသွေးထိန်းသိမ်းမှု မှတ်တမ်းထားရှိခြင်း၊ ငါးသားပေါက်များကို အစာကျွေးမှု မှတ်တမ်းထားရှိခြင်း၊ မျိုးငါးများနှင့် ငါးသားပေါက်များတွင် ရောဂါကျရောက်မှု မရှိစေရန် ပုံမှန် စစ်ဆေးခြင်းစသည့် မှတ်တမ်းများထားရှိရမည်။(ရောဂါကျရောက်ခဲ့လျှင် ဓာတုဆေးဝါးအသုံးပြုမှု၊ရောဂါထိန်းချုပ်ကုသနည်းမှတ်တမ်း)

(စ)သားဖောက်ရုံတွင် အသုံးပြုမည့်မျိုးငါးများ

ကြီးထွားနှုန်းကောင်းသော၊ သွင်ပြင်လက္ခဏာကောင်းသော  မျိုးငါးများကို အသုံးပြုရမည်။သွေးနီးသားစပ်ခြင်းကို ရှောင်ရှားနိုင်ရန် ရာသီချိန်အတွင်း အသုံးပြုပြီးသောမျိုးငါးများကို ထပ်မံအသုံးမပြုခြင်းနှင့် အသုံးပြုပြီး မျိုးငါးများခွဲခြားထားရမည်။ မျိုးငါးအရေအတွက် များများအသုံးပြုရမည်။ သားဖောက်ရုံများတွင် အသုံးပြုသော မျိုးငါးများကို အများဆုံးငါးနှစ်ထက်ပို၍ အသုံးပြုခြင်းကို ရှောင်ရှားပြီး သဘာဝမှ မျိုးငါးများနှင့် လဲလှယ်ရမည်။ ငါးသားဖောက်စခန်း/ရုံမှရောင်းချ/မျိုးစိုက်ထားသော နေရာမှငါးများကို မျိုးငါးအဖြစ် မျိုးခံခြင်းကို ရှောင်ရှားရပါမည်။

အချုပ်အားဖြင့်ဆိုရလျှင် မွေးမြူရေးကဏ္ဍ၏ ထုတ်လုပ်မှုတွင် အခြေခံအကျဆုံးနှင့် အရေးပါဆုံးသောအဆင့်မှာ ကောင်းမွန်သောငါးသားဖောက်ထုတ်လုပ်မှုကျင့်စဥ်(Good Hatchery Practices)ကို ကျင့်သုံးခြင်းပင်ဖြစ်သည်။ Good Hatchery Practices သားဖောက်မှုကျင့်စဥ်ကို ကျင့်သုံးခြင်းဖြင့် ရောဂါကင်းစင်၍ ကျန်းမာသန်စွမ်းပြီး အရည်အသွေးမြင့်မားသော ငါးသားပေါက်များကို ထုတ်လုပ်လာနိုင်ပေလိမ့်မည်။ဆက်လက်၍ Good Aquaculture Practices စနစ်ကျင့်သုံးသော ငါးမွေးကန်များတွင်ထည့်သွင်းမွေးမြူခြင်းဖြင့် EU စျေးကွက်နှင့် နိုင်ငံတကာသို့ မွေးမြူရေးထွက်ကုန်များ တင်ပို့ရောင်းချနိုင်သောအဆင့်သို့ ရောက်ရှိလာမည်ဖြစ်ပါကြောင်း လေ့လာရေးသားအပ်ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

Ad

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....