ထိုင်းငါးခုံးမကြီး ဆေးထိုးသားဖောက်နည်းနှင့်သားပေါက်ပြုစုနည်း
ထိုင်းငါးခုံးမကြီးကို အင်ဒိုနီးရှားနိုင်ငံဂျာဗားနှင့် ဆူမတြားကျွန်းတွင် စတင်တွေ့ရှိခဲ့ကြပါသည်။ မြန်မာနိုင်ငံသို့ ၂၀၀၀ ခုနှစ်တွင် ရောက်ရှိလာပြီး ၂၀၀၁ ခုနှစ်အတွင်း စတင်မွေးမြူလာကြသည်ဟု သိရပါသည်။ ထိုင်းငါးခုံးမမှာ မြန်မာငါးခုံးမထက် အရွယ်အစားပိုကြီးသဖြင့် ပိုမိုမွေးမြူမှုရှိကြပါသည်။
ထိုင်းငါးခုံးမကြီးကို ယခုအခါ ဆေးထိုးသားဖောက်မွေးမြူလို့ရနေပြီဖြစ်၍ ထိုင်းငါးခုံးမကြီးဆေးထိုးသားဖောက်နည်းနှင့် သားပေါက်ပြုစုနည်းကို ဖော်ပြပေးလိုက်ပါသည်။
ထိုင်းငါးခုံးမကြီးဆေးထိုးသားဖောက်ရာတွင်..
၁။ မျိုးငါးကြီးများကို မွေးမြူထားရန်ကန်(Breeder Pond)
၂။ မျိုးဖောက်ကန်(Spawning Pond)
၃။ ဥများကို ဖောက်ရန်ကန်(Hatchery Pond)
၄။ ငါးမှုန်ပြုစုကန်(Nursery Pond)ဟူ၍ ကန် ၄ ကန် လိုအပ်ပါသည်။
ထိုင်းငါးခုံးမကြီး မွေးမြူရန် မျိုးငါးရွေးချယ်ပြုစုခြင်း
၁။ ထိုင်းငါးခုံးမကြီးသည်(၇-၈)လ အရွယ်၊ အလေးချိန်အားဖြင့် (၂၀၀-၂၅၀)ဂရမ်တွင် အရွယ်ရောက်ရှိပြီး ငါးအထီးက အမထက် ၆ လစော၍ အရွယ်ရောက်ပါသည်။
၂။ ငါးအရွယ်ရောက်ပြီဆိုပါက သားဖောက်ခြင်းကို စတင်နိုင်ပါပြီ။
၃။ ထိုင်းငါးခုံးမကြီး၏ မိတ်လိုက်ဥချရာသီသဘာဝစက်ဝန်းမှာ မတ်လမှ စက်တင်ဘာလများအတွင်းဖြစ်ပြီး အကောင်းဆုံးအချိန်မှာ မေလနှင့် ဇူလိုင်လများဖြစ်ပါသည်။
၄။ ငါးအမတစ်ကောင်သည် အနည်းဆုံး ဥပေါင်း(၈၀၀၀၀)မှ အများဆုံး (၃ဝဝဝဝဝ) အထိ ဥချနိုင်ပါသည်။
၅။ ငါး၏အရွယ်ရောက်မှု၊ ကြီးထွားနှုန်းမျိုးမြင့်မှုပေါ်မူတည်၍ ဥချနှုန်း ပိုမို ကောင်းမွန်ပါသည်။
၆။ ငါးသားဖောက်ရာသီ မစတင်ခင် မျိုးငါးအထီး၊ အမကို ရွေးချယ်၍ (၂-၃)လခန့် ကန်ခွဲကာ Breeder Pond ကန်ထဲသို့ထည့်ပြီး ဂရုတစိုက် အစာကျွေးမွေးပြုစုထားရပါမည်။
၇။ အစာပမာဏအနေဖြင့် ဖွဲနု(၅၀%)၊ ပဲဖတ် (၂၀%)၊ ငါးခြောက်မှုန့် (၁၀%)၊ အစာစိမ်း(၂၀%)ရောစပ်ပြီး ကျွေးမွေးပေးရပါမည်။
၈။ အစာစိမ်းအနေဖြင့် ကန်စွန်း၊ ပဲပင်ပေါက်(သို့)ဂေါ်ဖီရွက် တစ်ခုခုကို ထည့်ပေးရပါမည်။
၉။ သားဖောက်မည့်ရက် နီးကပ်လာသည်နှင့်အမျှ ဝမ်းဗိုက်အဆီဓာတ်ကို လျှော့ချပေးရပါမည်။

မျိုးငါး အထီး၊ အမ ရွေးချယ်ခြင်း
- မျိုးငါးအထီးကို အထီးမျိုးရည်(Sperm)ကို ဖြည်းညှင်းစွာ ညှစ်၍ သိရှိရွေးချယ်နိုင်ပါသည်။
- အမကိုတော့ ဝမ်းဗိုက်ဥမြှောင်းကို ကြည့်ရှုရွေးချယ်နိုင်ပါသည်။
ထိုင်းငါးခုံးမကြီးအား ဆေးထိုးခြင်း
ထိုင်းငါးခုံးမကြီးကို သားဖောက်ရာတွင် အထီး ၁ ကောင်လျှင် အမ ၂ ကောင်နှုန်းဖြင့် ဖောက်လေ့ရှိကြပါသည်။
မျိုးငါးအခက်အခဲရှိပါက တစ်ကောင်၊ တစ်ကောင်နှုန်း အလေးချိန်ညီပါကလည်း သားဖောက်နိုင်ပါသည်။
ရာသီဥတုသဘာဝကိုကြည့်ရှုပြီး အထီး ၁ ကောင်၊ အမ ၁ ကောင်နှုန်းဖြင့်လည်း သားဖောက်နိုင်ပါသည်။
ဟော်မုန်းဆေးအဖြစ် Suprefact နှင့် Motilium-M tab. ကို အသုံးပြုကြပါသည်။
Suprefact ဟော်မုန်းဆေးကို အသုံးများကြပြီး Motilium-M ကိုတော့ ဟော်မုန်းဆေးအရန်အဖြစ် အသုံးပြုကြပါသည်။
ဆေးထိုးရာတွင် ငါးအထီး၊ အမကို အလေးချိန် ချိန်၍ Kg ကို ကြည့်ရှုတွက်ချက်ကာ ဆေးဖျော်စပ်ရပါမည်။
ဆေးဖျော်စပ်ရာတွင် -
ငါးအမ 1 kg အတွက်
Suprefact -10 ug( 10 micrograms)
Motilium-M- 5 mg ဖျော်စပ်နိုင်ပါသည်။
ငါးအထီး 1 kg အတွက်
Suprefact -5ug (5micrograms)
Motilium M - 5mg ဖျော်စပ်နိုင်ပါသည်။
Normal Saline ကတော့ ငါးကောင်ရေကိုကြည့်ပြီး ရောစပ်၍ ထိုးပေးရပါမည်။
ဆေးထိုးရာတွင် အမကို အထီး၏၂ ဆ ထိုးပေးရပါမည်။
ငါးအမကို(1cc/ml)ထိုးပါက အထီးကို (0.5cc/ml) ထိုးပေးရခြင်း ဖြစ်ပါသည်။
တစ်ခါတစ်ရံတွင် ရာသီဥတုအခြေအနေ၊ အပူချိန်၊ မျိုးငါးအမ အခြေအနေကို ကြည့်ရှုပြီး ဆေးဖျော်စပ်တာ၊ ဆေးထိုးတာ ပြောင်းလဲနိုင်ပါသည်။
ဆေးကို ၁ ကြိမ်တည်း ထိုးသည့်နည်းကို အသုံးပြုကြပါသည်။
သားဖောက်ကန်
ဆေးထိုးပြီး ငါးအထီး၊ အမများကို အသင့်ပြင်ထားသော သားဖောက်ကန်ထဲသို့ရောထည့်ပြီး ရေပန်းချ၍ အမှောင်ခန်းပြုလုပ်ထားပေးကာ ဆိတ်ငြိမ်စွာထားပေးရပါမည်။
ဆေးထိုးပြီး(၄-၈)နာရီအကြာတွင် မိတ်လိုက်ဥချပါသည်။
မိတ်လိုက်ပြီး ဥချသောဥများကို Hatchery Jar တွင်ထည့်သွင်းကာ ဥဖောက်ပါမည်။
၁၆ နာရီမှ ၂၀ နာရီအတွင်း ဥမှအကောင်ပေါက်လာပါမည်။
ငါးမှုန်ပြုစုခြင်း
ငါးမှုန်များကို Hatchery Jar မှတဆင့် ပိုက်သားခြင်ထောင် (ဟာပါ(Hapa))ထဲကို ပြောင်းရွှေ့ပြီးလျှင် ကြက်ဥအနှစ်၊ Burplex (ဘားပလက်) တို့ကို ဖျော်စပ်၍ တစ်နေ့တစ်ကြိမ် တိုက်ကျွေးပေးရပါမည်။
ဟာပါ(Hapa)ကိုလည်း သန့်ရှင်းပေးရပါမည်။
ငါးမှုန်များကို ၂ ရက် (သို့) ၃၊ ၄ ရက်လောက်ပြုစုပြီး ကြံ့ခိုင်မှု ရှိလာသောအခါ မြေသားပြုစုကန်ထဲသို့ ဆက်လက်ပြောင်းရွှေ့ပေးရပါမည်။
အစာအဖြစ် ပဲဖတ်၊ ဖွဲနုတို့ကို ရောစပ်တိုက်ကျွေး မွေးမြူနိုင်ပါသည်။
Ref: ငါးလုပ်ငန်းသင်တန်းကျောင်းမှ ပို့ချသော ငါးဆေးထိုးသားဖောက်နည်းမှတ်စုများ။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Aung Kyaw
3 years agoဆေးထိုးရင် ငါးရဲ့ ဘယ်နေရာမှာ ထိုးရမှာလဲ
Related questions
ငါးကို ဆေးထိုးသာဖောက်တာဘယ်လိုဆေးကိုအသုံပြုလဲငါးရဲ့ဘယ်နေရာကိုထိုးရလဲ ဘယ်လောက်ccထိုးပေးရလဲ
Swe Mg. Mg • 4 answers
ငါးခူသားပေါက် ၂လက်မဆိုဒ်တေ ၂ရက်အတွင်းသေတာ ၅၀၀ရှိပါပြီ ဘာကြောင့်ဖြစ်တာလဲယ ဘာဆေးသူံးပေးရမလဲဗျာ
Tun Tun Naing • 0 answers
ငါးမြစ်ချင်း သားပေါက်ဖေါက်နည်းသိချင်ပါတယ် ခင်ဗျာ
စိုးထိုက်အောင် • 1 answers
goldfish fry သားပေါက်လေးတွေပါ သိချင်တာကတော့ မွေးမြူရေး ငါးသားဖောက်တဲ့အခါ ငါးသားပေါက်လေးတွေ ကိုဘယ်အစာကျွေးလဲ လမ်းညွှန်ပေးပါ
မင်းမခ • 1 answers
ငါးခူသားပေါက် ဘယ်မှာဝယ်လို့ရလဲ ရန်ကုန်ကပါ
ဦးချစ်ကောင်း • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from နှင်းဖြူဖြူ
See all
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
ကယ်လိုရီနည်းပြီး ပရိုတင်းပါဝင်မှုများတဲ့ ရေငန်က ရွှေငါး
05/09/2025
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....