တီလားပီးယားငါး သားဖောက်နည်း
တီလားပီးယားငါးဟာ စျေးကွက်ရှိတဲ့ငါးဖြစ်ပြီး သားဖောက်မွေးမြူလို့ရတဲ့ငါးမျိုးဖြစ်တာကြောင့် စီးပွား ဖြစ်မွေးမြူလိုတဲ့သူတွေအတွက် သားဖောက်နည်းကို ပြောပြပေးသွားပါ့မယ်..။
(က) အရွယ်ရောက်ခြင်း
တီလားပီးယားငါးဟာ အသက် ၅ လကနေ ၆ လအတွင်း အရွယ်ရောက်ပါတယ်..။ မျိုးပွား မိတ်လိုက်ဖြစ်စဉ်မှာ အထီးဟာ ကန်အောက်ခြေမြေပြင်မှာ ကျင်းခပ်(အသိုက်လုပ်) တဲ့ အလေ့အထ ရှိပါတယ်..။ အမကတော့ အသိုက်မှာ ဥချပြီး အထီးက မျိုးရည်ဖြန်းကာ သန္ဓေအောင်စေပါတယ်..။ အမကတော့ သန္ဓေ အောင်ဥတွေကို ငုံထားပြီး သားထိန်းစောင့်ရှောက်ပေးပါတယ်..။
(ခ)သားဖောက်ခြင်း
တီလားပီးယားငါးသားဖောက်ဖို့ မြေကန်၊ ကွန်ကရစ်ကန်နဲ့ ပိုက်လှောင်အိမ် (Hapa)များကို အသုံးပြုနိုင်ပါတယ်..။ အမ ၂ ကောင် ၊ အထီး ၁ ကောင်အချိုးဖြင့် ထည့်သွင်းသားဖောက်နိုင်ပါတယ်..။
မြေကန် - ၆ ပေ x ၄ ပေ x ၄ ပေ (တစ်ပိုင်တစ်နိုင်)
- ၅၀ ပေ x ၂၅ ပေ x ၄ ပေ(တစ်ပိုင်တစ်နိုင်)
- ၁၂၀ ပေ x ၆၀ ပေ x ၄ ပေ (စီးပွားဖြစ်)
ကွန်ကရိကန် - ၃၀ ပေ x ၂၇ ပေ x ၃ ပေ
ပိုက်လှောင်အိမ်(Hapa) - ၆ ပေ x ၃ပေ x ၃ပေ တို့ ရှိရပါမယ်..။
မျိုးငါးများထည့်သွင်းပြီး ၁၀ ရက်ကနေ ၁၅ ရက်အကြာမှာ သားပေါက်ပြီး မျိုးစတင်စုဆောင်းနိုင်ပါတယ်..။ စတင်သားပေါက်ပြီး ၂ ပတ်ကနေ ၄ ပတ်ကြာရင် နောက်တစ်ကြိမ် ပြန်လည်သားဖောက်နိုင် ပါတယ်..။
၁၀၀ ဂရမ် (၆ ကျပ်သား) အလေးချိန်ရှိတဲ့ တီလားပီးယားမျိုးငါးအမတစ်ကောင်ဟာ တစ်ကြိမ်ကို ဥလုံးရေ (၁၀၀)ခန့် ဥချတတ်ပါတယ်..။
အုတ်ကန်နဲ့ သားဖောက်မယ်ဆိုရင် ရေဟောင်းထုတ်ပြီး ရေသစ်လဲပေးခြင်း ပြုလုပ်ရပါမယ်..။ ပိုက်လှောင်အိမ်နဲ့ သားဖောက်ရာမှာ ၅ ရက်တစ်ကြိမ် မျိုးငါးများမှ ဥများစုဆောင်းယူနိုင်ပြီး သားပေါက် ထုတ်လုပ်မှု ပိုမိုကောင်းမွန်ပါတယ်..။
(ဂ)ငါးမှုန်ပြုစုကန်
ငါးမှုန်ပြုစုကန်ရဲ့အနက်ဟာ ၂ ပေ ကနေ ၃ ပေ အတွင်းရှိသင့်ပါတယ်..။ ပြုစုကန် ၁ ဧကလျှင် ကန် ရဲ့မြေအမျိုးအစားနဲ့ မြေသားချဉ်ဖန်နှုန်းပေါ်မူတည်ပြီး ထုံးပိဿာချိန်(၆၀-၃၀၀)ထည့် သွင်းပေးရန် လိုအပ်ပါတယ်..။
ထုံးဟာ ကန်အတွင်းရှိ သားစားငါးနဲ့ ရေပိုးများကို ရှင်းလင်းနိုင်ပြီး ကန်အောက်ခြေ အချဉ်ဓာတ် ပေါက် နေမှုကို ပျက်ပြယ်စေနိုင်ပါတယ်..။ ထုံးထည့်ပြီး ၂-၃ ရက်အကြာမှာ နွားချေး၊ ကြက်ချေး (သဘာဝ သြဇာ) များကို တစ်ဧကလျှင် တင်း ၁၅၀ နှုန်းဖြင့် ဖြန့်ဖြူးထည့်သွင်းပေးရပါမယ်..။
သဘာဝသြဇာများဟာ ကန်အတွင်းရှိ ငါးတို့ရဲ့ သဘာဝအစာ (အပင်မျှောလှေး၊အကောင်မျှောလှေး) များကို ပေါက်ပွားစေပါတယ်..။
အဲ့ဒီနောက် ကန်အတွင်းရေကိုစစ်ပြီး ထည့်သွင်းပေးမယ်ဆိုရင် တစ်ပတ်ခန့်ကြာပါက ကန်ရေစိမ်း လာပြီး သဘာဝအစာများ ရရှိ၍ ငါးသားပေါက်များ ထည့်သွင်းနိုင်ပါတယ်..။
(ဃ)ငါးမှုန်ပြုစုခြင်း
တီလားပီးယားငါးမျိုးများဟာ အကောင်ပေါက်ပြီး အတူပါရှိလာတဲ့ ဥနှစ်(Yolk Sac) ကုန်ဆုံးချိန်မှာ အစာစတင် ကျွေးနိုင်ပါတယ်..။ ဥမှပေါက်၍ ရေစတင်ကူးခပ်စဉ် ၉ မီလီမီတာထက် ငယ်သောအရွယ်များ ဖြစ်ပါတယ်..။
ပထမဦးစွာ အသားဓါတ်(၂၅ -၂၈%)ပါဝင်တဲ့ စပ်စာမှုန့်(ဖွဲနု၊ ပဲဖတ်၊ ငါးပေါင်းမှုန့်) တွေကို ကိုယ် အလေးချိန်ရဲ့ ၂၀ - ၃၀% ကျွေးမွေးရမှာဖြစ်ပြီး ဖြည်းဖြည်းချင်း ၁၀ - ၂၀% အထိ လျော့ချ၍ ၄ ပတ်ကြာ ကျွေးမွေး ပြုစုရမှာဖြစ်ပါတယ်..။
အစာကိုတော့ တစ်နေ့ကို ၂ ကြိမ်ကနေ ၄ ကြိမ်အထိ ခွဲကျွေးရပါမယ်..။ ကန်အနှံ့ အစာကြဲပက်ပြီး ကျွေး ဖို့ လိုအပ်ပါတယ်..။ ငါးသားပေါက်များဟာ ၄ ပတ်အကြာမှာ ၀.၄ ဂရမ်အထိ ကြီးထွားနိုင်ပါတယ်..။
သားပေါက်ငါးမှုန်တွေကို ကွန်ကရစ်ကန်(သို့) ပိုက်လှောင်အိမ်မှာ ၃ ပေပတ်လည် အကျယ်အတွင်း ကောင်ရေ (၄၀၀၀)နှုန်း ထည့်သွင်းပြုစုနိုင်ပါတယ်..။ ရေအရည်အသွေးကောင်းတဲ့ မြေကန်မှာ ၃ ပေ ပတ်လည်မှာ (၁၀၀၀ဝ -၂၀၀၀၀)အထိ ထည့်သွင်းပြုစုနိုင်ပါတယ်..။
ရေးသားသူ - ပင်လယ်ပြာ(ငါးဦးစီး)
Ref; ငါးလုပ်ငန်းဦးစီးဌာန။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Related questions
ငါးကို ဆေးထိုးသာဖောက်တာဘယ်လိုဆေးကိုအသုံပြုလဲငါးရဲ့ဘယ်နေရာကိုထိုးရလဲ ဘယ်လောက်ccထိုးပေးရလဲ
Swe Mg. Mg • 4 answers
ငါးခူသားပေါက် ၂လက်မဆိုဒ်တေ ၂ရက်အတွင်းသေတာ ၅၀၀ရှိပါပြီ ဘာကြောင့်ဖြစ်တာလဲယ ဘာဆေးသူံးပေးရမလဲဗျာ
Tun Tun Naing • 0 answers
ငါးမြစ်ချင်း သားပေါက်ဖေါက်နည်းသိချင်ပါတယ် ခင်ဗျာ
စိုးထိုက်အောင် • 1 answers
goldfish fry သားပေါက်လေးတွေပါ သိချင်တာကတော့ မွေးမြူရေး ငါးသားဖောက်တဲ့အခါ ငါးသားပေါက်လေးတွေ ကိုဘယ်အစာကျွေးလဲ လမ်းညွှန်ပေးပါ
မင်းမခ • 1 answers
ငါးခူသားပေါက် ဘယ်မှာဝယ်လို့ရလဲ ရန်ကုန်ကပါ
ဦးချစ်ကောင်း • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from နှင်းဖြူဖြူ
See all
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
ကယ်လိုရီနည်းပြီး ပရိုတင်းပါဝင်မှုများတဲ့ ရေငန်က ရွှေငါး
05/09/2025
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....