ဝက်ပေါက်လေးများ သားခွဲတဲ့အခါ လုပ်ဆောင်ပေးရမယ့် အချက်များ
ဝက်ပေါက်လေးများ သားခွဲတဲ့အခါ လုပ်ဆောင်ပေးရမယ့် အချက်လေးတွေကို ဝေမျှပေးချင်ပါတယ်။
မြန်မာနိုင်ငံအတွင်း စီးပွားဖြစ်ဝက်မွေးမြူရေးလုပ်ငန်းရှင် အများစုဟာ ဝက်ပေါက်သားခွဲပြီးနောက်ပိုင်း ဝမ်းရောဂါဖြစ်ပွားတာကို အများစုရင်ဆိုင်နေရပါတယ်။ ပုံမှန်အားဖြင့်လည်း သားခွဲဝက်ပေါက်လေးတွေဟာ မိခင်နို့သောက်သုံးရာမှ သားခွဲဝက်စာကို ပြောင်းလဲစားသောက်ရတဲ့အခါ အူလမ်းကြောင်းတစ်လျောက် အပြောင်းအလဲဖြစ်တာကြောင့် ယခုလို အစာစားနှုန်း လျော့နည်းတာ၊ ဝမ်းပျော့တာ၊ဝမ်းရောဂါဖြစ်တာတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ ဝက်ပေါက်လေးများသားခွဲမယ်ဆိုရင် အောက်ပါ အချက်လေးတွေကို လုပ်ဆောင်ထားသင့်ပါတယ်။
ကောင်းမွန်စွာခြေဖျက်နိုင်တဲ့ ဝက်စာကို ကျွေးခြင်း
သားခွဲဝက်လေးတွေအတွက် ဝက်စာရွေးချယ်မည်ဆိုလျှင် အာဟာရပြည့်ဝပြီး လွယ်ကူစွာခြေဖျက်နိုင်တဲ့ ဝက်စာမျိုးကို ရွေးချယ်ပေးသင့်ပါတယ်။ အဘယ့်ကြောင့်ဆိုသော် သားခွဲဝက်လေးတွေဟာ အစာစားနှုန်း လျော့နည်းနေနိုင်တာကြောင့် အာဟာရပြည့်ဝစွာပါဝင်တဲ့ ဝက်စာကို ရွေးချယ်ကျွေးနိုင်မှသာ လိုအပ်တဲ့ အာဟာရကို အပြည့်အဝ ရရှိမည်ဖြစ်ပြီး လိုချင်တဲ့ ခန္ဓာကိုယ် အလေးချိန်ကိုရရှိမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ဝက်စာအတွင်း Probiotics လို့ခေါ်တဲ့ အကျိုးပြုအဏုဇီဝပိုး ထည့်ကျွေးခြင်းဖြင့်လည်း အူလမ်းကြောင်း ကျန်းမာရေးကို အကောင်းဆုံးအနေအထားမှာ ထိန်းသိမ်းထားနိုင်မှာဖြစ်ပါတယ်။ Probiotics ကိုဝက်စာအတွင်း ရောစပ်ကျွေးခြင်းဖြင့် အခြားဘက်တီးရီးယားများ အူလမ်းကြောင်းမှာ အသက်မရှင်နိုင်အောင် လုပ်ဆောင်ပေးခြင်း၊ အစာခြေဖျက်စုပ်ယူမှုကို ကောင်းမွန်စေခြင်းတို့ကြောင့် သားခွဲဝက်ငယ်လေးများ သတ်မှတ်ထားတဲ့ အလေးချိန်ကိုရရှိနိုင်မှာဖြစ်ပါတယ်။
မှန်ကန်တဲ့ဝက်စာကို ရွေးချယ်ကျွေးခြင်း
သားခွဲတော့မည့် ဝက်ပေါက်လေးတွေကို သားမခွဲခင် သားခွဲဝက်စာ (creep feed) ကို စတင်ကျွေးသင့်ပါတယ်။ ၎င်းသားခွဲဝက်စာကိုကျွေးခြင်းဖြင့် သားခွဲပြီးနောက်ပိုင်းကျွေးတဲ့ ဝက်စာကို ခြေဖျက်ရာတွင်ကူညီမဲ့ အင်ဇိုင်း (Enzymes) များ အူလမ်းကြောင်းမှ ထုတ်လုပ်နိုင်အောင်ကူညီပေးပါတယ်။
ဒါ့ကြောင့် သားခွဲမည့် ဝက်ငယ်လေးတွေအတွက် အရသာရှိပြီး အာဟာရပြည့်ဝတဲ့ ဝက်စာကို ရွေးချယ်ကာ ကျွေးသင့်ပါတယ်။ ဝက်ပေါက်လေးများ အူလမ်းကြောင်းနဲ့ဆိုင်တဲ့ ရောဂါမဖြစ်အောင် အကောင်းဆုံးကာကွယ်နိုင်တဲ့နည်းလမ်းကတော့ တစ်သားတည်းပေါက်တဲ့ ဝက်ပေါက်လေးတွေကိုပဲ အတူတကွမွေးမြူသင့်ပါတယ်။
သားခွဲဝက်အတွက် ဝက်ခြံ ပြင်ဆင်ခြင်း
ဝက်ပေါက်လေးများ သားခွဲတော့မည်ဆိုလျှင် နောက်ထပ်ပြင်ဆင်ထားရမည့်အချက်ကတော့ ဝက်ခြံပြင်ဆင်ခြင်းပဲ ဖြစ်ပါတယ်။ သားခွဲဝက်ငယ်လေးတွေဟာ ရောဂါဒဏ်ကို မခံနိုင်တာကြောင့် အခန်းကို ပိုးသတ်ထားရမှာဖြစ်ပါတယ်။ ဝက်ငယ်လေးတွေဟာ အနွေးဓာတ်ကို လိုအပ်သေးတာကြောင့် ဝက်ခြံ၏ အခန်းအပူချိန်ဟာ အနည်းဆုံး ၂၅ံ C မှာ ရှိရမှာဖြစ်ပါတယ်။ ဝက်ခြံအတွင်း လေ အဝင်အထွက် မရှိအောင် လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်း ဝက်မွေးမြူရေးလုပ်ငန်းရှင်များ သားခွဲဝက်ငယ်လေးတွေကို စနစ်တကျ မွေးမြူနိုင်ပြီး မွေးမြူရေးလုပ်ငန်းများ အဆင်ပြေကြပါစေ။
Ref: The Pig Site
ဦးမျိုးကျော်ထက်
2 years agoအီးအိုင်ဆိုတဲအားဆေးရေကရောကောင်းပါသလား
ဦးမျိုးကျော်ထက်
2 years agoဟုတ်ကဲပါသိခြင်တာလေးမေးချင်လိုပါ၀က်အတွက်ဘာအားဆေးတွေသုံးပိုလိုပါသလဲဖြေကြားပေးပါ
Nyi Min
3 years agoဝက်ကလေးပေါက်လျှင်ဘာဆေးထိုးရလဲ
toetoe
3 years agoဝက်အသက်ရှူကြက်ဖူးလားဘယ်လိုပြုစုရမလဲမျှဝေပေးပါ
toetoe
3 years agoအပူချိန်၂၅စင်တီဂရိတ်ရှိအောင်ဘယ်လိုထောက်ကူများလိုအပ်ပါလည်းဘယ်လောကိကာကြာထားရမည်လည်း
Related articles
မွေးဝက်ငယ်လေးများကို ပြုစုစောင့်ရှောက်နည်း
မွေးစနှင့် မိခင်မဲ့ဆိတ်ငယ်ကလေးများအား ပြုစုစောင့်ရှောက်နည်း
နွားငယ်လေးတစ်သက်တာ အရေးပါတဲ့ နို့ဦးရည် စနစ်တကျ တိုက်ကျွေးနည်း (၁,၂,၃ နိယာမ)
Related questions
ကျနော် နွားလေး မြွေကိုက် ခံရလို့ ဘယ်လိုလုပ်ရမလဲ ခဗျာ့ အကြံပေးပါဦး။ အဆင်ပြေရင် ဖုန်းဆက်ပြောပေးပါလာ။ ၀၉၆၉၁၀၇၃၅၂၂
စောထီးကော်မူး • 4 answers
ကြက်မှာ သွေးစုတ်တဲ့သန်း တွေ့ လို့ပါ ခေါင်းမှာအများဆုံးတွေ့တယ် ဘယ်လိုကုသရမလဲ
michael • 0 answers
ဒေသကြက်မီးလွတ်လေးတေမွေးထားတာနေ့ခင်းဘက်မောနေကြလို့ဘာလုပ်ပေးရင်အဆင်ပြေနိုင်လဲဗျ
thetlinkyaw • 1 answers
ကြက်တွေအတွက် လိုအပ်တဲ ကာကွယ်ဆေးတွေပေးဖို့ ဘယ်သူတွေနဲ့ချိတ်ဆက်ဆောင်ရွက်ရမလဲဗျ
Mg Aung Pyae • 1 answers
ပုစွန်🍤ဖွဲဘယ်မှဝယ်ရလဲ
ကိုသက်ခိုင် • 1 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဦးဇော်(dof)
See all