ဒေသကြက် မီးကိုင်ခြင်း
ကြက်မီးကိုင်ခြင်းအတွက် အဓိကအချက် ၅ ချက် လိုအပ်ပါသည်။ ၄င်းတို့မှာ-
၁။ လိုအပ်တဲ့ အပူချိန်
၂။ လေကောင်းလေသန့် (Oxygen)
၃။ အလင်းရောင်
၄။ အစာ
၅။ သန့်ရှင်းသော သောက်ရေတို့ လိုအပ်ပါသည်။
ကြက်ပေါက်ကလေးများ မီးကိုင်ရာတွင် အကျယ်အဝန်း အလျား ၃ ပေ၊ အနံ ၂ ပေ အတွင်းတွင် ကြက်ပေါက်ကလေး အကောင် ၂၀ မှ ၃၀ အထိ ၃ ပတ် မှ ၄ ပတ် အတွင်း ထားနိုင်ပါသည်။
မီးကိုင်ခန်းတွင်း ကြက်ပေါက်ကလေးများအတွက် အခင်းကို စပါးခွံ သို့မဟုတ် လွှစာမှုန့်ခင်းပေးနိုင်ပါသည်။ ကြက်ပေါက်ကလေး ၃ ရက် မှ ၅ ရက်သားအတွင်းတွင် စပါးခွံအပေါ် မှ သတင်းစာစက္ကူ ခံပေးသင့်ပါသည်။
လျှပ်စစ်အပူချိန်သည် အနီးစပ်ဆုံး ကြက်ပေါက်ကလေးတစ်ကောင်အတွက် ၁ ဝပ် ဖြစ်ပါသည်။ ဥပမာအားဖြင့် ၄၀ ဝပ် မီးလုံးတစ်လုံးသည် ကြက်ပေါက်ကလေး ၄၀ ကောင်အား မီးကိုင်နိုင်ပါသည်။
နေ့စဉ်ပေးရမည့်အပူချိန်
ဒေသကြက်မီးကိုင်စဉ် နေ့စဉ်ပေးရမည့်အပူချိန်မှာ-
၁ ရက်မှ ၃ ရက် = ၃၅ ဒီဂရီ စင်တီဂရိတ်
၄ ရက်မှ ၇ ရက် = ၃၃ ဒီဂရီ စင်တီဂရိတ်
၈ ရက်မှ ၁၄ ရက် = ၃၁ ဒီဂရီ စင်တီဂရိတ်
၁၅ ရက်မှ ၂၁ ရက် = ၂၉ ဒီဂရီ စင်တီဂရိတ်
၂၂ ရက်မှ ၂၈ ရက် = ၂၇ ဒီဂရီ စင်တီဂရိတ်
၂၉ ရက်မှ ၃၅ ရက် = ၂၄ ဒီဂရီ စင်တီဂရိတ်
၃၆ ရက်မှ ၄၂ ရက် = ၂၃ ဒီဂရီ စင်တီဂရိတ်တို့ ရှိရပါမည်။
မီးကိုင်နေစဉ် စိုထိုင်းဆမှာ ၄၀ မှ ၇၀ အတွင်း ဖြစ်သင့်ပါသည်။ အကောင်းဆုံး စိုထိုင်းဆမှာ ၆၀ ဖြစ်ပါသည်။
မှီငြမ်း-အေဘယ် ဒေသကြက်မွေးမြူရေးခြံ။
ThangNgaihLian
1 year agoအိမ်မွေးကြက်
Thet Tun Oo
1 year agoကြက်အားလုံးအတွက် ညွှန်းဆိုခြင်းဖြစ်ပါတယ် ခင်ဗျာ
ayub khan
2 years agoအိမ်ကြက်ပါ
ဦးရွှေ
4 years agoတိုးကြက်
Moe Ah San
4 years agoဆောင်းပါးရှင်ခင်ဗျာ အခုတင်ထားတဲ့ဆောင်းပါးကိုsharingလုပ်ဖြစ်ပါတယ်အဲ့မှာမေးခွန်းတစ်ခုရှိလာပါတယ် ဘာလဲဆိုတော့ ဘယ်ကြက်ခြံအမျိုးအစားအတွက်ရည်ရွယ်ပါသလဲဆိုတဲ့မေးခွန်းပါ ကြက်မှာ အသားစား ဥစား မြန်မာကြက် စသည်ဖြင့်အမျိုးအများအပြားရှိလေရာ ဘယ်ခြံအတွက်ညွှန်းတယ်ဆိုတာလေးပြန်လည်ဖြေကြားပေးစေလိုပါတယ်ခင်ဗျာ
Related articles
မွေးဝက်ငယ်လေးများကို ပြုစုစောင့်ရှောက်နည်း
မွေးစနှင့် မိခင်မဲ့ဆိတ်ငယ်ကလေးများအား ပြုစုစောင့်ရှောက်နည်း
နွားငယ်လေးတစ်သက်တာ အရေးပါတဲ့ နို့ဦးရည် စနစ်တကျ တိုက်ကျွေးနည်း (၁,၂,၃ နိယာမ)
Related questions
ကျနော် နွားလေး မြွေကိုက် ခံရလို့ ဘယ်လိုလုပ်ရမလဲ ခဗျာ့ အကြံပေးပါဦး။ အဆင်ပြေရင် ဖုန်းဆက်ပြောပေးပါလာ။ ၀၉၆၉၁၀၇၃၅၂၂
စောထီးကော်မူး • 4 answers
ကြက်မှာ သွေးစုတ်တဲ့သန်း တွေ့ လို့ပါ ခေါင်းမှာအများဆုံးတွေ့တယ် ဘယ်လိုကုသရမလဲ
michael • 0 answers
ဒေသကြက်မီးလွတ်လေးတေမွေးထားတာနေ့ခင်းဘက်မောနေကြလို့ဘာလုပ်ပေးရင်အဆင်ပြေနိုင်လဲဗျ
thetlinkyaw • 1 answers
ကြက်တွေအတွက် လိုအပ်တဲ ကာကွယ်ဆေးတွေပေးဖို့ ဘယ်သူတွေနဲ့ချိတ်ဆက်ဆောင်ရွက်ရမလဲဗျ
Mg Aung Pyae • 1 answers
ပုစွန်🍤ဖွဲဘယ်မှဝယ်ရလဲ
ကိုသက်ခိုင် • 1 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဦးဇော်(dof)
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....