ဝက်သားပေါက်လေးများအား အစွယ်ဖြတ်ပေးခြင်း၏ ကောင်းကျိုးများ
ဝက်သားပေါက်ကလေးများသည် မိခင်နို့စို့သောအခါ အစွယ်သွားချွန်ထွက်နေသဖြင့် မိခင်တွင် နို့သီးဒဏ်ရာ ရရှိနိုင်ပါသည်။ မိခင်ဝက်မကြီးသည် နို့သီးဒဏ်ရာနာကျင်သဖြင့် နို့စို့မခံဘဲ လဲလျောင်းရာမှထခြင်း၊ နို့မတိုက်ခြင်းများ ဖြစ်ပေါ်လာပါသည်။
ဝက်ကလေးများ၏ ချွန်ထွက်နေသောအစွယ်သွားဖြင့် နို့စို့ ခြင်းကြောင့် မိခင်ဝက်မကြီး၏ နို့သီး၊ နို့အုံဒဏ်ရာ ရောင်ရမ်းလာပြီး နို့အုံသို့ရောဂါဝင်ရောက်နိုင်ပါသည်။ ထို့ကြောင့် သားပေါက်ပြီးဝက်ကလေးများကို သွားစွယ်အမြန်ဆုံး ဖြတ်ပေးရပါမည်။

သားပေါက်ပြီး ၂နာရီခွဲခန့်(မိနစ် ၁၅ဝ ခန့်)အကြာတွင် မိခင်ဝက်မကြီးနှင့် သားပေါက်ဝက်ကလေးများကို ခဏခွဲထားပြီး သွားဖြတ်ရပါမည်။ အစွယ်သွားဖြတ်သည့်ကတ်ကြေး(သို့)လက်သည်းညှပ်အကြီးဖြင့် ဖြတ်နိုင်ပါသည်။
သွားဖြတ်နေစဥ် သတိပြုရမည့်အချက်များ
- ၁။ သားပေါက်ဝက်မကြီးကို သားပေါက်ဝက်ကလေးများနှင့် ခွဲခြားထားရှိရပါမည်။
- ၂။ ဝက်မကြီးမှ ရန်ပြုမှုအန္တရာယ်ကိုလည်း ဂရုပြုရပါမည်။
- ၃။ သားပေါက်ကလေးများကို သေတ္တာပုံးခွံတွင် နွေးထွေးစွာထားပြီး ဖြတ်ရန်လိုပါသည်။
သွားစွယ်ဖြတ်ပုံဖြတ်နည်းနှင့် သတိပြုသင့်သည့်အချက်များ
- ၁။ ဝက်ကလေးကို ဦးခေါင်းမှကိုင်ပြီး ပါးစပ်ပေါက်ကို လက်ဖြင့်ဆွဲ၍ ဟခြင်းဖြင့် မေးရိုးပွင့်လာပါမည်။
- ၂။ ပြီးလျှင် သွားဖြတ်ကိရိယာဖြင့် ပထမတစ်စုံဖြတ်စဥ် လျှာသည် အခြားတစ်ဘက်တွင် ရှိရပါမည်။
- ၃။ ဝက်ကလေး၏ခေါင်းကိုစောင်း၍ ချလိုက်ခြင်းဖြင့် ဖြတ်ပြီးသွားအစွယ်သည် အောက်သို့ ကျသွားပါမည်။
- ၄။ ဝက်ကလေး၏ သွားဖုံးနှင့် အနီးကပ်ဆုံးကပ်၍ ဖြတ်ရပါမည်။
- ၅။ တစ်ကောင်ဖြတ်ပြီးတိုင်း သွားဖြတ်ကိရိယာကို သန့်ရှင်းပေးရပါမည်။
- ၆။ နောက်ဆုံးသားပေါက်ဝက်ကလေး အစွယ်ဖြတ်ပြီးလျှင်ပြီးချင်း မိခင်ဝက်မကြီးဆီသို့ ပို့ပေးရပါမည်။
- ၇။ ဝက်ကလေးများ နွေးထွေးစွာရှိနေစေရန် ဂရုတစိုက် ပြုစုရပါမည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
sun lay
1 year agohiဗ်
saw htoo
2 years agoစွမ်းအင်မကုန်အောင်
Win Ko
2 years agoအမှီးက ဘာလို့ဖြတ်ပေးရတာလဲ
Zaw Htoo
3 years agohi
toetoe
3 years agoတိုပိုဆောထိုးဆေးဝယ်ထိုးပါဟင်းချိုချက်တိုက်ပါပရိုမစ်အစာထဲထည့်ကျွေးပါ
Related articles
မွေးဝက်ငယ်လေးများကို ပြုစုစောင့်ရှောက်နည်း
မွေးစနှင့် မိခင်မဲ့ဆိတ်ငယ်ကလေးများအား ပြုစုစောင့်ရှောက်နည်း
နွားငယ်လေးတစ်သက်တာ အရေးပါတဲ့ နို့ဦးရည် စနစ်တကျ တိုက်ကျွေးနည်း (၁,၂,၃ နိယာမ)
Related questions
ကျနော် နွားလေး မြွေကိုက် ခံရလို့ ဘယ်လိုလုပ်ရမလဲ ခဗျာ့ အကြံပေးပါဦး။ အဆင်ပြေရင် ဖုန်းဆက်ပြောပေးပါလာ။ ၀၉၆၉၁၀၇၃၅၂၂
စောထီးကော်မူး • 4 answers
ကြက်မှာ သွေးစုတ်တဲ့သန်း တွေ့ လို့ပါ ခေါင်းမှာအများဆုံးတွေ့တယ် ဘယ်လိုကုသရမလဲ
michael • 0 answers
ဒေသကြက်မီးလွတ်လေးတေမွေးထားတာနေ့ခင်းဘက်မောနေကြလို့ဘာလုပ်ပေးရင်အဆင်ပြေနိုင်လဲဗျ
thetlinkyaw • 1 answers
ကြက်တွေအတွက် လိုအပ်တဲ ကာကွယ်ဆေးတွေပေးဖို့ ဘယ်သူတွေနဲ့ချိတ်ဆက်ဆောင်ရွက်ရမလဲဗျ
Mg Aung Pyae • 1 answers
ပုစွန်🍤ဖွဲဘယ်မှဝယ်ရလဲ
ကိုသက်ခိုင် • 1 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဦးဇော်(dof)
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....