ကကတစ်ငါး စီးပွားဖြစ်မွေးမြူနည်းများ (လှောင်အိမ်စနစ်)
ကကတစ်ငါး အသားတိုး မွေးမြူခြင်း
ကကတစ်ငါး အသားတိုးမွေးမြူခြင်းသည် ကကတစ် သားလောင်းများအား စျေးကွက်ဝင် အရွယ်ဖြစ်သော ၁၈ ကျပ်သားမှ ၂၅ ကျပ်သားအရွယ်သို့ ရောက်ရှိစေရန် မွေးကာလ ၃ လ မှ ၄ လကြာ မွေးမြူခြင်း ဖြစ်ပါသည်။
(၁) လှောင်အိမ်စနစ်ဖြင့် မွေးမြူခြင်း
ကကတစ်ငါးကို လှောင်အိမ်စနစ်ဖြင့် မွေးမြူရာတွင် မွေးမြူမည့်နေရာအား အောက်ပါအချက်များကို သတိပြုရွေးချယ်ရန် လိုအပ်ပါသည်။
- လှောင်အိမ်အား တပ်ဆင်ချထားမည့်နေရာသည် လှိုင်းဒဏ်၊ လေဒဏ်မှ အကာအကွယ်ရှိသော နေရာများ ဖြစ်သည့် ပင်လယ်အော်များ၊ ကမ်းစပ်ရေအိုင်များ၊ အကာအကွယ်ရှိသော ပင်လယ်ကွေ့များ(သို့မဟုတ်) ကုန်းတွင်းပင်လယ်များ ဖြစ်သင့်ပါသည်။
- ရေစီးရေလာ ကောင်းမွန်သည့်နေရာ ဖြစ်သင့်ပါသည်။ သို့သော် ရေစီးကြမ်းသော နေရာများတွင် တည်ဆောက်ခြင်း မပြုသင့်ပါ။
- ရေ၏အငန်နှုန်းသည် ၁၃ မှ ၃၀ ထောင်ခိုင်နှုန်းအတွင်း ရှိသင့်ပါသည်။
- ဇီဝ-ညစ်ညမ်းမှုများ၊ လူသုံး-စက်မှုဆိုင်ရာ(သို့မဟုတ်) စိုက်ပျိုးရေးဆိုင်ရာ ညစ်ညမ်းမှုများနှင့် ကင်းဝေးသော နေရာဖြစ်သင့်ပါသည်။
လှောင်အိမ်တည်ဆောက်ပုံ
လှောင်အိမ်များသည် စီမံခန့်ခွဲမှု နှင့် ပြုပြင်ထိန်းသိမ်းမှု လွယ်ကူစေရန် မျက်နှာပြင်ဧရိယာ ၂၀၀ စတုရန်းပေမှ ၁၀၀၀ စတုရန်းပေခန့်အထိ ကျယ်ဝန်းသော စတုဂံပုံ(သို့မဟုတ်) စတုရန်းပုံများ ဖြစ်သင့်ပါသည်။
ငါး၏အရွယ်အစားပေါ်တွင် မူတည်ပြီး အပေါက်အရွယ်အစား ၂ စင်တီမီတာ မှ ၈ စင်တီမီတာ အထိရှိသော ပေါ်လီအက်သလင်း (Polyethylene) ပလတ်စတစ်ဖြင့် ပြုလုပ်ထားသော ဆန်ခါ(ဇကာ)ပိုက်များကို အသုံးပြုသင့်ပါသည်။

လှောင်အိမ်တည်ဆောက်ပုံ(၂) မျိုး ရှိပါသည်။ ၄င်းတို့မှာ-
(က) ရေပေါ်လှောင်အိမ်အမျိုးအစား (Floating cage)
- အထက်တွင် ဖော်ပြထားခဲ့သည့်အတိုင်း ရေပေါ်လှောင်အိမ်အမျိုးအစားတွင် ဆန်ခါပိုက်အား သစ်သား (သို့မဟုတ်) ပလတ်စတစ်ရေပိုက်(GI pipe)သို့မဟုတ် ဝါးလုံးများဖြင့် ပြုလုပ်ထားသော အမာခံ (frame) တွင် တပ်ဆင်ထားပြီး ပလတ်စတစ်စည်ပိုင်း၊ ဖော့တုံး(styrofoam drum) ၊ ဝါးပိုးဝါး စသည်တို့ဖြင့် ရေပေါ် ပေါ်နေစေရန် ထောက်ပံ့ထားပါသည်။
- အမာခံထောင့်များတွင် ကွန်ကရစ်တုံး(သို့မဟုတ်) ကျောက်များဖြင့် ကျောက်ချ ချည်နှောင်ထားရပါသည်။
- စီမံခန့်ခွဲမှုဖြင့် ပြုပြင်ထိန်းသိမ်းမှု အကောင်းဆုံး အရွယ်အစားမှာ ရေတန် ၅၀ ဆံ့သည့် အလျား ၁၅ ပေ၊ အနံ ၁၅ ပေ နှင့် အနက် ၆ ပေရှိ လှောင်အိမ်များ ဖြစ်ပါသည်။
- ၄င်းအရွယ်အစားရှိသည့် ဇကာပိုက်အိတ်များသည် မွေးကာလအတွင်း အညစ်အကြေး အနယ်ဖတ်များ ဖြင့် ပိတ်ဆို့နေသော ဇကာပိုက်အိတ်အား ဇကာပိုက်အိတ်အသစ်ဖြင့် လဲလှယ်တပ်ဆင်ရာတွင် လွယ်ကူမှုရှိပါသည်။
(ခ) အခြေစိုက်ပုံစံ လှောင်အိမ်အမျိုးအစား
အခြေစိုက်ပုံစံ လှောင်အိမ်အမျိုးအစားတွင် လှောင်အိမ်၏ ထောင့် ၄ထောင့်အား အောက်ခြေ မြေသား အတွင်း စိုက်သွင်းထားသော သစ်သား(သို့မဟုတ်) ဝါးလုံးတိုင်များတွင် အသေတပ်ဆင်ထားပါသည်။ ၄င်းလှောင်အိမ်အမျိုးအစားအား ရေတိမ်သော နေရာဒေသများတွင် အသုံးပြုကြပါသည်။
ငါးထည့်သွင်းမွေးမြူနှုန်း
- ကကတစ်ငါးအား လှောင်အိမ်စနစ်ဖြင့် အသားတိုးမွေးမြူရာတွင် အများအားဖြင့် ၃ ပေပတ်လည် ဧရိယာတွင် ကကတစ်ငါးအကောင် ၄၀ မှ ၅၀ နှုန်း စတင်ထည့်သွင်း မွေးမြူလေ့ရှိပါသည်။
- မွေးကာလ ၂ လ မှ ၃ လ အကြာတွင် ငါးများသည် ၉ ကျပ်သား မှ ၁၂ ကျပ်သားအရွယ်သို့ ကြီးထွားလာချိန်တွင် ထည့်သွင်း မွေးမြူနှုန်းအား ၃ ပေ ပတ်လည်ဧရိယာတွင် ငါး ၁၀ ကောင်မှ အကောင် ၂၀ ခန့်သို့ လျှော့ချမွေးမြူလေ့ရှိပါသည်။
- ကကတစ်မွေးမြူသူများအနေဖြင့် ကကတစ်ငါးအား အရွယ်အစားအလိုက် ခွဲခြားပြီး မွေးမြူနိုင်ရန် အပိုလှောင်အိမ်များလည်း တည်ဆောက်တပ်ဆင်ထားရန် လိုအပ်ပါသည်။
ဆန်ခါပိုက်အား စစ်ဆေးခြင်း
- ဆန်ခါပိုက်အိတ်များအား ပေါက်ပြဲခြင်း၊ အညစ်အကြေးများဖြင့် ပိတ်ဆို့နေခြင်းများ မရှိစေအောင် ပုံမှန်စစ်ဆေးပေးရန်နှင့် သန့်ရှင်းပေးရန် လိုအပ်ပါသည်။
- လိုအပ်ပါက ဆန်ခါပိုက်အိတ်အသစ်ဖြင့် လဲလှယ်တပ်ဆင်ပေးရမည်ဖြစ်ပါသည်။
- ဆန်ခါပိုက်အိတ်များတွင် အညစ်အကြေးများ ပိတ်ဆို့နေပါ က ရေစီးရေလာ မကောင်းတော့သည့်အတွက် ရေ၏အရည်အသွေးကျဆင်းကာ ပျော်ဝင်အောက်ဆီဂျင်လျော့နည်းမှု ဖြစ်လာမည်ဖြစ်ပြီး အကျိုးဆက်အနေဖြင့် ငါးများ၏ ကျန်းမာရေးနှင့် အစာစားနှုန်း ကျဆင်းကာ ကြီးထွားမှု နှေးကွေးလာမည် ဖြစ်ပါသည်။
အစာကျွေးနှုန်း
- အစာအနေဖြင့် ငါးနုတ်၊ ငါးဖွဲများအား တစ်နေ့လျှင် ၂ ကြိမ် ကျွေးမွေးပေးရန် လိုအပ်ပါသည်။
- ပထမ ၂ လတွင် မွေးမြူထားသော ငါးအလေးချိန်ပမာဏ၏ ၁၀ ရာခိုင်နှုန်းအားနေ့စဥ်ကျွေးမွေးလေ့ရှိပြီး နောက်ပိုင်းလများတွင် ငါးများစားနိုင်သလောက်သာ ကျွေးမွေးလေ့ ရှိပါသည်။
(အပိုင်း-၃တွင် ကန်ဖြင့်မွေးမြူနည်း၊ ကန်အတွက် ရေ၏အရည်အသွေး၊ သားပေါက်ထည့်သွင်းနှုန်း စသည်တို့ကို ဖော်ပြပေးပါမည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
ငါးမွေးမြူနည်း
KoThan Htike
1 month agoကကတစ်မွေးခြင်လို့ပါ
U pyae phyo
1 year agoကကတစ်မွေးထားတာ မကြီးဘူး ဘာအစာမျိုး ကျွေးသင့်လဲ ခင်ဗျ
ရန်နိုင်စိုး
2 years agoရပါတယ်ဗျာ
Saw Myat Khine
3 years agoရေချိုမှာ မွေးလို့မရဘူးလားဆရာ
sar law eh gay
3 years agoကကတစ်သားဖောက်သင်တန်းလေးရှိရင်လမ်းညွန်ပေးပါ
Related questions
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ဖားမွှေးမြူရေးအားမည်သည့်အချိန်စသင့်သနည်း။
Aung Thet Myo • 1 answers
နွားချောင်းဆိုးသာ ဘယ်လိုလုပ်ရမလဲဗျ ပြောပြပါအုံး
hein gyi • 0 answers
နွားအစားပြတ်နေလို့ ဘယ်လိုလုပ်ရမလဲဗျ
hein gyi • 3 answers
cpကြက်နဲ့ငါးတွဲးမွေးချင်လို့ဘယ်လိုငါးမျိုးနဲ့တွဲးမွေးသင့်လည်းဗျ
ဇလွန်သား • 1 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from နှင်းဖြူဖြူ
See all
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026
မြန်မာမြေက မွေးဖွားခဲ့သော ရှားပါးရတနာ — မြန်မာ့ကြယ်လိပ်
26/01/2026
ကယ်လိုရီနည်းပြီး ပရိုတင်းပါဝင်မှုများတဲ့ ရေငန်က ရွှေငါး
05/09/2025
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....