အိန္ဒိယက ဆန်တင်ပို့မှု ပိတ်ရန် စဉ်းစားနေပြီး ကမ္ဘာ့ဆန်ဈေးထပ်မြင့်ဖွယ်ရှိနေ
ကမ္ဘာ့ဆန်တင်ပို့မှုအများဆုံး အိန္ဒိယနိုင်ငံဟာ တင်ပို့နေကျ ဆန်အမျိုးအစားအများစုကို ပိတ်ပင်ဖို့ စဉ်းစားနေကြောင်း သိရပါတယ်။
စိုက်ပျိုးရေးကို အနှောင့်အယှက်ပေးမယ့် အယ်နီညိုရာသီဥတု ဖြစ်ပေါ်နေချိန်မှာ အိန္ဒိယကသာ ပိတ်ပင်ခဲ့မယ်ဆိုရင် ခေါင်ခိုက်နေပြီးဖြစ်တဲ့ ကမ္ဘာ့ဆန်ဈေးတွေ ထပ်မံမြင့်တက်လာဖို့သာ ရှိပါတယ်။
အိန္ဒိယအစိုးရဟာ ဘာစမာတီမဟုတ်တဲ့ အခြားဆန်အမျိုးအစားအားလုံး တင်ပို့ခွင့်ပိတ်ပင်သွားမယ့်အစီအစဉ်ကို ဆွေးနွေးနေတယ်လို့ အဲဒီကိစ္စနဲ့ နီးစပ်သူတွေက ပြောပါတယ်။ ပိတ်ပင်မယ့်အကြောင်းကတော့ ပြည်တွင်းဆန်ဈေး မြင့်တက်နေတာနဲ့ အစိုးရက ကုန်ဈေးနှုန်းထပ်မံမြင့်တက်မယ့်အန္တရာယ်ကို ရှောင်ရှားချင်တာကြောင့်ဖြစ်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
တကယ်လို့ အစီအစဉ် အကောင်အထည်ပေါ်လာခဲ့ရင် ပိတ်ပင်မှုဟာ အိန္ဒိယဆန်ပို့ကုန် ၈၀ ရာခိုင်နှုန်းအပေါ် သက်ရောက်စေမှာဖြစ်ပါတယ်။ ဒီလိုလုပ်ဆောင်ရင် အိန္ဒိယပြည်တွင်းဆန်ဈေး ကျလာနိုင်ပေမယ့် ကမ္ဘာ့ဆန်ဈေးတွေကို ထပ်မံပြီး မြင့်တက်လာစေဖို့ ရှိနေပါတယ်။

ဆန်ဟာ ကမ္ဘာ့လူဦးရေထက်ဝက်ခန့်ရဲ့ အခြေခံအစားအစာ ဖြစ်ပြီး အာရှတိုက်ဟာ ကမ္ဘာ့ဆန်ရောင်းအားအနက် ၉၀ ရာခိုင်နှုန်းကို စားသုံးလျက်ရှိပါတယ်။ ကမ္ဘာ့ဆန်ဈေးတွေဟာ အစောပိုင်းကတည်းက အယ်နီညိုရာသီဥတုကြောင့် သီးနှံပျက်စီးမှာ စိုးရိမ်မှုနဲ့အတူ နှစ်နှစ်တာအမြင့်ဆုံးနှုန်းအထိ မြင့်တက်နေနှင့်ပြီးဖြစ်ပါတယ်။
အိန္ဒိယဟာ ကမ္ဘာ့ဆန်ဈေးကွက်အတွင်း ၄၀ ရာခိုင်နှုန်းအထိ ရောင်းချပေးနေပြီး ယခင်နှစ်ကလည်း ဆန်အမျိုးအစားအချို့ တင်ပို့မှုအပေါ် ထိန်းချုပ်ကန့်သတ်ခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့နှစ်မှာ ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက် ဂျုံ၊ ပြောင်းတို့လို ကမ္ဘာ့အခြေခံအစားအစာ ကောက်ပဲသီးနှံဈေးတွေ မြင့်တက်သွားခဲ့ချိန် အိန္ဒိယက ဆန်ကွဲတင်ပို့မှုကို ပိတ်ပင်ခဲ့ပြီး ဆန်ဖြူ၊ ဆန်ညိုစတာတွေ တင်ပို့မှုအပေါ် ၂၀ ရာခိုင်နှုန်း အခွန်စည်းကြပ်ခဲ့ပါတယ်။ အိန္ဒိယဟာ ဂျုံနဲ့ သကြားတင်ပို့မှုတွေကိုလည်း ကန့်သတ်ခဲ့ပါသေးတယ်။
ဆန်ပို့ကုန်ပိတ်ပင်မှုအလားအလာနဲ့ ပတ်သက်ပြီး အိန္ဒိယရဲ့ စားနပ်ရိက္ခာ၊ ကုန်သွယ်ရေးနဲ့ ဘဏ္ဏာရေးဝန်ကြီးဌာနတွေဆီ အီးမေးလ် သို့မဟုတ် စာတိုတွေနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အကြောင်းပြန်ခဲ့ခြင်းမရှိပါဘူးလို့ Bloomberg သတင်းမှာ ဖော်ပြထားပါတယ်။ အိန္ဒိယဟာ နိုင်ငံပေါင်း ၁၀၀ ကျော်ထံ ဆန်တင်ပို့ရောင်းချနေပြီး အဲဒီထဲမှာ ဘီနင်၊ တရုတ်၊ ဆီနီဂေါ၊ အိုင်ဗရီကို့စ်နဲ့ တိုဂိုတို့ဟာ အကြီးဆုံးဝယ်လက်တွေ ဖြစ်ကြပါတယ်။
ဆန်တင်ပို့မှု ပိတ်ပင်မယ့်သတင်းကြောင့် အိန္ဒိယဆန်စက်လုပ်ငန်းတွေရဲ့ အစုရှယ်ယာဈေးတွေ ကျဆင်းသွားခဲ့ပါတယ်။ နိုင်ငံ့အကြီးဆုံး ဆန်စက်လုပ်ငန်း KRBL Ltd. ရဲ့ ရှယ်ယာဈေးတွေလည်း ၃ ဒသမ ၇ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပါတယ်။ အလားတူလုပ်ငန်းတွေ ဖြစ်တဲ့ Chaman Lal Setia Exports Ltd. ရဲ့ ရှယ်ယာဟာ ၁ ဒသမ ၄ ရာခိုင်နှုန်း၊ Kohinoor Foods Ltd. က ၂ ဒသမ ၉ ရာခိုင်နှုန်းနဲ့ LT Foods Ltd. က ၄ ဒသမ ၄ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့ကြပါတယ်။
အင်ဒိုနီးရှား၊ တရုတ်နဲ့ ဖိလစ်ပိုင်တို့လို ဆန်တင်သွင်းနိုင်ငံတွေဟာ ယခုနှစ်အတွင်း ဆန်ကို တွန်းတွန်းတိုက်တိုက် ဝယ်ယူသိုမှီးထားကြပါတယ်။ အယ်နီညိုရာသီဥတုဟာ ပစိဖိတ်သမုဒ္ဒရာအပူပိုင်းဒေသမှာ ခုနစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ဖြစ်ထွန်းလာကြောင်း ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်က ထုတ်ပြန်ထားပြီး စပါးစိုက်ဒေသများစွာမှာ မိုးခေါင်လာမယ့်အန္တရာယ် ရှိနေပါတယ်။ ဒီလိုအချိန် အိန္ဒိယက ဆန်ပိတ်ပင်လာခဲ့ရင်တော့ ကမ္ဘာ့ဆန်ရောင်းအား စိုးရိမ်မှုတွေ ထပ်တိုးလာပါလိမ့်မယ်။
အိန္ဒိယနိုင်ငံမှာ စားသောက်ကုန်ဈေး ကြီးမြင့်လာမှုနဲ့အတူ ဇွန်လအတွင်း ကုန်ဈေးနှုန်းတွေ အလျင်အမြန် မြင့်တက်ခဲ့ပြီးနောက် ဆန်ပိတ်ပင်ရေးအစီအစဉ် ပေါ်ပေါက်လာတာပါ။ လတ်တလောမှာ အိန္ဒိယအဓိကကုန်စိမ်းသီးနှံ ခရမ်းချဉ်ဈေးတွေ ထိုးတက်လာမှုနဲ့ အစိုးရက တောင်သူဆီကဝယ်ယူမယ့် စပါးသီးနှံအခြေခံဈေး မြှင့်တင်လိုက်မှုတို့ကြောင့် ကုန်ဈေးနှုန်းတွေ ထပ်မံပြီး မြင့်တက်ဖို့ရှိကြောင်း Bloomberg Economics က ခန့်မှန်းထားပါတယ်။
မြို့တော်ဒေလီမှာ ဖြစ်ပေါ်တဲ့ ဆန်လက်လီဈေးတွေတွေဟာ ယခုနှစ်အတွင်း ၁၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တစ်ပြည်လုံးအတိုင်းအတာအနေနဲ့ ဈေးမြင့်တက်မှု ၈ ရာခိုင်နှုန်း ရှိခဲ့ကြောင်း စာနပ်ရိက္ခာဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။ စားသောက်ကုန်ဈေးတွေ ဆက်တိုက်မြင့်နေတာက ဒီနှစ်ကုန်ပိုင်းမှာ ပြုလုပ်မယ့် ပြည်နယ်ရွေးကောက်ပွဲတွေနဲ့ လာမယ့်နှစ် အထွေထွေရွေးကောက်ပွဲမတိုင်ခင် လက်ရှိအစိုးရအပေါ် လူထုထောက်ခံမှု ကျဆင်းစေနိုင်ဖွယ် ရှိပါတယ်။
ဝေယံဟိန်း (B.Ag)
Ref: India Considers Banning Most Rice Exports on Inflation Fears - Bloomberg
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
နိုင်ငံတကာသီးနှံဈေးကွက်
Related articles
၁၄ နှစ်အရွယ် တရုတ်လူငယ်တီထွင်ခဲ့တဲ့ လျှပ်စစ်မလိုသော ရေထုတ်စနစ်
အပူချိန်မြင့်တက်လာလို့ အထွက်နှုန်းကျတာကို ပုံမှန်လိုဖြစ်လာမှာ ဗြိတိန်တောင်သူများ စိုးရိမ်
ဖိလစ်ပိုင်နိုင်ငံက ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ပြည်ပမှ ဆန်တန်ချိန် ၃ သိန်း ၀ယ်ယူရန်စီစဉ်နေ
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဝေယံဟိန်း (B.Ag)
See all
ထိုင်းတောင်သူ ဖန်တီးထားတဲ့ စပါးခင်းပေါ်က ပန်းချီကား
22/12/2023
မြေအစိုဓာတ်ခမ်းခြောက်မှုကြောင့် ၂၀၂၄ နှစ်ဦးပိုင်း အာရှဆန်ထုတ်လုပ်မှု ထိခိုက်နိုင်
12/12/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ရောင်းလိုအား
12/10/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ဝယ်လိုအား
03/10/2023
တောင်သူတိုင်းသိထားသင့်တဲ့ ဈေးကွက်နဲ့ ဈေးကွက်လမ်းကြောင်းဆိုတာ..
22/09/2023