တောင်သူတိုင်းသိထားသင့်တဲ့ ဈေးကွက်နဲ့ ဈေးကွက်လမ်းကြောင်းဆိုတာ..
ဝင်ငွေရရှိလိုတဲ့ ဘယ်တောင်သူမဆို တစ်ချိန်မဟုတ် တစ်ချိန်မှာ ဈေးကွက်ထဲကို ကိုယ်တိုင်ကိုယ်ကျ ပါဝင်လာကြရပါတယ်။ မိမိသီးနှံကို ဝယ်လက်က ဝယ်ချင်လာအောင်၊ ဈေးကောင်းပေးလာအောင် လုပ်ကြရပါတယ်။ သီးနှံဈေး ကောင်း၊ မကောင်းဆိုတာ ဈေးကွက်အနေအထားအပေါ် မူတည်နေပါတယ်။ တောင်သူဆီမှာ သီးနှံရောင်းအား ဘယ်လောက်ရှိသလဲ၊ ဝယ်လက်ဘက်က ဝယ်လိုအား ဘယ်လောက်ရှိသလဲဆိုတာက သီးနှံဈေးနှုန်းကို အဆုံးအဖြတ် ပေးပါတယ်။ ဒီဆောင်းပါးမှာ သီးနှံဈေးအတက်အကျ ဘယ်လိုဖြစ်ပေါ်သလဲ၊ ဘယ်အချက်တွေက လွှမ်းမိုးသလဲဆိုတဲ့အကြောင်း ရှင်းပြသွားပါမယ်။
ဈေးကွက်ဆိုတာ
ဈေးကွက်အကြောင်း မပြောခင် ဈေးအကြောင်း စပြောရပါမယ်။ ရောင်းသူနဲ့ ဝယ်သူဆုံတွေ့ကြပြီး အရောင်းအဝယ်ပြုလုပ်တဲ့နေရာကို “ဈေး” လို့ ခေါ်ပါတယ်။ ရောင်းမယ့်သူဟာ သူ့သီးနှံ၊ သူ့ရောင်းကုန်ကို ခင်းကျင်းပြသထားမယ်။ ဝယ်မယ့်သူက နှိုင်းယှဉ်ကြည့်ရှုပြီး အကြိုက်တွေ့တဲ့အခါ ဝယ်ယူမှာဖြစ်ပါတယ်။ အဲဒီလို ဈေးတစ်ခုကို နေရာမျိုးစုံမှာ တွေ့နိုင်ပါတယ်။ ကျေးလက်မှာ ကျေးလက်ဈေး ရှိနိုင်သလို မြို့ပေါ်မှာလည်း ဈေးအမြောက်အမြား တွေ့ရပါတယ်။ ဈေးတစ်ခုဖြစ်ဖို့ လိုရင်းဟာ ရောင်းသူ၊ ဝယ်သူ တွေ့ဆုံရောင်းဝယ်ကြဖို့သာဖြစ်ပါတယ်။
ဒါပေမယ့် ‘ဈေးကွက်’ လို့ သုံးနှုန်းတဲ့အခါမှာတော့ ပိုပြီး ကျယ်ပြန့်သွားပါတယ်။ ကျေးလက်ဈေးတစ်ခုထက် ပိုသွားပါပြီ။ သီးနှံတစ်မျိုးမျိုးရဲ့ စုစုပေါင်းရောင်းလိုအားနဲ့ စုစုပေါင်းဝယ်လိုအားတို့အထိ သက်ဆိုင်သွားပါတယ်။ ကုန်တိုက်တွေ၊ ပွဲစားတွေ၊ သမဝါယမလို အသင်းအဖွဲ့တွေဟာ ‘ဈေးကွက်’ ထဲမှာ အစိတ်အပိုင်း တစ်ခုစီအနေနဲ့ ပါဝင်သွားကြပါတယ်။

ဈေးကွက်လမ်းကြောင်းဆိုတာ
ဈေးကွက်အကြောင်း ပြောဆိုရာမှာ ကုန်စည်တစ်ခု ကူးလူးစီးဆင်းရာ လမ်းကြောင်း အကြောင်းလည်း ပါရပါမယ်။ တောင်သူက ထုတ်လုပ်လိုက်တဲ့ သီးနှံဟာ တစ်ချိန်မဟုတ်တစ်ချိန် စားသုံးသူထံ ရောက်သွားရစမြဲပါ။ ဒါပေမယ့် သီးနှံဟာ တောင်သူ့လက်ကနေ စားသုံးသူလက်ထဲကို လွယ်လွယ်နဲ့ ရောက်သွားတာတော့ မဟုတ်ပါဘူး။ အဆင့်ဆင့် ကျော်ဖြတ်ရပါသေးတယ်။ အဲဒီအဆင့်တွေထဲမှာ သီးနှံသိုလှောင်တာ၊ စီမံပြုပြင်တာ၊ ထုပ်ပိုးတာ၊ သယ်ယူပို့ဆောင်တာ အစရှိတာတွေ ပါဝင်ပါတယ်။ ဒီလုပ်ငန်းစဉ်အရပ်ရပ်တွေရဲ့ အစအဆုံး ကွင်းဆက်တစ်ခုလုံးကို ဈေးကွက်လမ်းကြောင်း လို့ ခေါ်ပါတယ်။
တောင်သူအနေနဲ့ ဈေးကွက်လမ်းကြောင်းရဲ့ ဘယ်နေရာ၊ ဘယ်အခန်းကဏ္ဍကနေ ပါဝင်နေသလဲ။ သီးနှံကို ဘယ်နေရာမှာ ရောင်းချမလဲ။ ကျေးလက်ဈေးမှာ ရောင်းမလား။ ပွဲစားဆီ ရောင်းမလား။ ကုန်တိုက်သို့ သွားရောင်းမလား။ ဒါမှမဟုတ် သီးနှံကို ကြိတ်ခွဲပြုပြင်ပြီးမှ ရောင်းချမလား။ ဒါတွေကို စဉ်းစားရပါမယ်။
တောင်သူအနေနဲ့ ဈေးကွက်လမ်းကြောင်းမှာ မိမိအတွက် အားအသာဆုံးနေရာကနေ ရွေးချယ်ပါဝင်တတ်ဖို့လိုပါတယ်။ မိမိနယ်မှာ ကုလားပဲကို အစေ့အဆံအတိုင်း ရောင်းတာထက် အမှုန့်ကြိတ် ရောင်းချတာက အကျိုးအမြတ် ပိုရရင် အကျိုးအမြတ် ပိုရတဲ့လမ်းကို ရွေးရပါမယ်။ ဟင်းသီးဟင်းရွက်ကို ကျေးလက်ဈေးမှာ ရောင်းတာထက် စားသောက်ဆိုင်တွေ၊ ကုန်တိုက်တွေဆီ ရောင်းတာက အမြတ်ပိုကျန်ရင် အမြတ်ပိုကျန်မယ့်လမ်းကို ရွေးချယ်ရမှာဖြစ်ပါတယ်။ ဈေးကွက်လမ်းကြောင်းအသွားအလာအရ မီးစင်ကြည့် ကတတ်ရမှာဖြစ်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
kozay
3 months agoဂုန်နီအိတ်ပါးက ၁ပိဿာ တဲ့...ငလခွီး..🤬
kozay
3 months agoဆိပ်ဖြူမှာ ကြက်သွန်ဒိုင်က အိတ်စာ ၁ပိဿာ နုတ်တယ် ၁အိတ်ကိုနော်
kozay
3 months agoပွဲစား ခွေးသား ရိုင်းသွားတာ ခွင့်လွှတ်
ညိမ်းထွန်း
1 year agoတင်ပေးတာကျေးဇူးပါ
Naungwin
2 years agoပဲကြီးအဖြူဘယ်ဈေးလဲ
Related questions
မကွေးနှမ်းနက်စျေးလေးသိချင်လို့ပါခဗျာ
kyaw zin • 2 answers
ဒန့်သလွန်သီးက ရန်ကုန်မှာတင်ပို့ကြရတာ ဒန့်သလွန်သီးက စျေးကွက်အမြဲရှိလား အဲ့အသီးတေကို ဘာလုပ်ဖို့ဝယ်ယူကြတာလည်းသိချင်ပါတယ်
ကိုလတ် • 1 answers
နှမ်း စမုံနက် စျေးကွက် အခြေနေနဲ့ ရှေ့အလား အလာ ဘယ်လိုရှိနိုင်လဲ သိသူများ သုံးသပ်ပေးပါအူးခင်ဗျာ
Ayechan koko • 3 answers
မုန်ညှင်းကို GAP လမ်းညွှန်ချက်အတိုင်းစိုက်ပျိုးသောတောင်သူများနှင့်အဆက်အသွယ်ရချင်ပါတယ်ရှင်
Kay Thi Sann • 2 answers
နံနံပင်လေးတွေဝါနေတာ နေအရမ်းပူလို့လား ဘယ်လိုဆောင်ရွက်သင့်ပါသလဲဗျ နည်းလမ်းလေးပြောပြပေးပါအုံး။
TunLin • 2 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဝေယံဟိန်း (B.Ag)
See all
ထိုင်းတောင်သူ ဖန်တီးထားတဲ့ စပါးခင်းပေါ်က ပန်းချီကား
22/12/2023
မြေအစိုဓာတ်ခမ်းခြောက်မှုကြောင့် ၂၀၂၄ နှစ်ဦးပိုင်း အာရှဆန်ထုတ်လုပ်မှု ထိခိုက်နိုင်
12/12/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ရောင်းလိုအား
12/10/2023
သီးနှံပေါက်ဈေးကိုဆုံးဖြတ်ပေးနိုင်တဲ့ ဝယ်လိုအား
03/10/2023
တောင်သူတို့အတွက် မားကတ်တင်း
19/09/2023
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....