မြေအစိုဓာတ်ခမ်းခြောက်မှုကြောင့် ၂၀၂၄ နှစ်ဦးပိုင်း အာရှဆန်ထုတ်လုပ်မှု ထိခိုက်နိုင်
စိုက်ပျိုးချိန် မြေအစိုဓာတ်ခမ်းခြောက်တာ၊ ဆည်ရေလျော့နည်းတာအပြင် အယ်နီညိုဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းချက်တွေအရ အာရှတိုက်ရဲ့ နောက်ပိုင်းရာသီ စပါးသီးနှံတွေ ထိခိုက်ဖွယ်ရှိကာ ၂၀၂၄ နှစ်ဦးပိုင်း အထွက်နှုန်းတွေ ကျဆင်းပြီး ဆန်ရောင်းအားကျပ်တည်းမှုနဲ့ စားသောက်ကုန်ဈေး မြင့်တက်မှုတွေ ဆက်ဖြစ်နိုင်ခြေရှိနေပါတယ်။
ကမ္ဘာ့ဆန်တင်ပို့မှုထိပ်သီး အိန္ဒိယနဲ့ တင်ပို့မှု ဒုတိယအများဆုံး ထိုင်းနိုင်ငံတို့မှာ လာမယ့်နှစ် ပထမသုံးလပတ်အတွင်း နောက်ပိုင်းရာသီ ဆန်စပါးထုတ်လုပ်မှု ကျဆင်းဖွယ်ရှိနေပါတယ်။ ဆန်တင်သွင်းမှု မြင့်မားတဲ့ အင်ဒိုနီးရှားမှာတော့ တောင်သူတွေ စပါးစိုက်ပျိုးချိန် မိုးခေါင်ရေရှားမှု ကြုံနေရကြောင်း ကုန်သည်တွေနဲ့ ဈေးကွက်စောင့်ကြည့်သူတွေက ပြောပါတယ်။
"ဆန်ဈေးမြင့်နေတဲ့အတွက် စပါးစိုက်ပျိုးမှုတော့ တိုးလာပါမယ်။ ဒါပေမယ့် အဲဒီဒေသတွေမှာ ဆည်ရေနည်းနေတာကြောင့် သွင်းရေရနိုင်မှု စိုးရိမ်ရပြီး နောက်ပိုင်းရာသီစပါးတွေမှာ အထွက်ကျဆင်းတာ ကြုံလာရနိုင်တယ်" လို့ လန်ဒန်ရှိ နိုင်ငံတကာကောက်ပဲသီးနှံကောင်စီရဲ့ ပညာရှင် Peter Clubb က ပြောပါတယ်။
"အိန္ဒိယနဲ့ ထိုင်းနိုင်ငံတို့က ဆန်တင်ပို့မှုအပေါ် ပိုမိုတင်းကျပ်လာဖွယ်ရှိပါတယ်။ အင်ဒိုနီးရှားမှာ ၂၀၂၄ နွေစပါးအတွက် သွင်းရေပေးမယ့် ဆည်တွေ ပြီးခဲ့တဲ့ လတွေအတွင်း ရေလျော့နည်းလာပါတယ်" လို့ ၎င်းက ပြောပါတယ်။

ယခုနှစ်အတွင်း အယ်နီညိုအကျိုးဆက်အနေနဲ့ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုဖြစ်ပေါ်ပြီးနောက် ဆန်တင်ပို့မှု၊ တင်သွင်းမှု အဓိကပြုလုပ်နေတဲ့ နိုင်ငံတွေမှာ ဆန်စပါးထုတ်လုပ်မှုကျဆင်းပြီး ယခုနှစ် ကမ္ဘာ့ဆန်ရောင်းအား ကျပ်တည်းခဲ့ရပါတယ်။
ကမ္ဘာ့ဈေးကွက်အတွင်း ဆန်ပို့ကုန်အများစုဟာ အာရှတိုက်ကလာတာဖြစ်ပြီး အဲဒီက အဓိကရောင်းလက်နိုင်ငံတွေမှာ ၂၀၂၃ အတွင်း ဆန်ဈေးတွေ ၃၀ ကနေ ၄၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ အိန္ဒိယက ဆန်တင်ပို့မှု ပိတ်ပင်ခဲ့ပြီးနောက် အာရှဆန်ဈေးတွေ ၁၅ နှစ်အတွင်း အမြင့်ဆုံးအထိ ရောက်ရှိခဲ့ပါတယ်။
အယ်နီညိုရာသီဥတုဟာ ၂၀၂၄ ဧပြီ-ဇွန်ကာလအထိ ဆက်ဖြစ်ပေါ်မယ်လို့ အမေရိကန်အစိုးရမိုးလေဝသခန့်မှန်းရေးဌာနက နိုဝင်ဘာလထဲမှာ ထုတ်ပြန်ထားပြီး ဂျပန်မိုးလေဝသဌာနကလည်း မတ်-မေ ကာလအထိ အယ်နီညိုဆက်ဖြစ်နိုင်ခြေ ၈၀ ရာခိုင်နှုန်းရှိကြောင်း ထုတ်ပြန်ထားပါတယ်။
ဆန်အထွက်ကျဆင်းပြီး စားသောက်ကုန်ဈေး ကြီးမြင့်မှုအန္တရာယ်တွေရှိတာကြောင့် အိန္ဒိယဟာ အနည်းဆုံး လာမယ့်နှစ်လယ်ပိုင်းအထိ ဆန်တင်ပို့မှုကန့်သတ်ချက်တွေ ဆက်ထားသွားဖို့ ရှိပါတယ်။ ထိုင်းမှာတော့ ပို့ကုန်အတွက် ဆန်အပိုအလျှံ လျော့နည်းလာနိုင်တယ်လို့ ကုန်သည်နဲ့ ဈေးကွက်လေ့လာသူတွေက ပြောပါတယ်။
"အိန္ဒိယဆန်တင်ပို့မှု မရှိချိန်မှာ ထိုင်းနဲ့ ဗီယက်နမ်က ကမ္ဘာ့ဆန်ပို့ကုန်ဈေးကွက်အတွင်း ရောင်းချမှုပမာဏ ပိုများလာနိုင်ပါတယ်။ ဒါကြောင့် အဲဒီနှစ်နိုင်ငံမှာ ဖြစ်ပေါ်တဲ့ ရာသီဥတုအခြေအနေတွေဟာ ဆန်ဈေးကို အပြောင်းအလဲဖြစ်စေနိုင်ပါတယ်" လို့ BMI ဈေးကွက်သုတေသနအဖွဲ့က ထုတ်ပြန်ထားပါတယ်။
အာရှရဲ့ အကြီးဆုံးဆန်ဝယ်လက်တွေဖြစ်တဲ့ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်တို့ကတော့ ဆန်ပမာဏများစွာ ဝယ်ယူနေကြပါတယ်။
ဖိလစ်ပိုင်ဟာ ပြည်တွင်းဆန်ရောင်းအား မြှင့်တင်ရေးနဲ့ ဈေးနှုန်းထိန်းချုပ်ရေးအတွက် နောက်ထပ်ဆန်တန်ချိန်တစ်သန်း တင်သွင်းဖို့ ပုဂ္ဂလိကကုန်သည်တွေကို အချိန်တစ်လပေးပြီး ညွှန်ကြားထားပါတယ်။ အင်ဒိုနီးရှားအစိုးရ စားနပ်ရိက္ခဏာဝယ်ယူရေးအဖွဲ့ Bulog ကတော့ ဆန်တင်ချိန်တစ်သန်း တင်သွင်းရေးစာချုပ်တွေ ချုပ်ဆိုထားပြီးကြောင်း ထုတ်ပြန်ထားပါတယ်။
မိုးကို အားပြုစိုက်ပျိုးကြပြီး အဓိကမိုးစပါးနဲ့ မတူတာက နောက်ပိုင်းရာသီ စပါးသီးနှံဟာ မြေအစိုဓာတ်လုံလောက်မှုနဲ့ သွင်းရေအပေါ် များစွာ မှီခိုရခြင်းဖြစ်ပါတယ်။
ဒီဇင်ဘာ-ဇန်နဝါရီမှာ စိုက်ပျိုးပြီး မတ်လဝန်းကျင်မှာ ရိတ်သိမ်းလေ့ရှိတဲ့ အိန္ဒိယဆောင်းစပါးဟာ အထွက်နှုန်း ငါးပုံတစ်ပုံထိ ကျဆင်းနိုင်ပြီး တန်ချိန် သန်း ၂၀ ဝန်းကျင်သာရှိနိုင်မယ်လို့ ပို့ကုန်လုပ်ငန်းရှင်တွေက ပြောပါတယ်။
"စပါးစိုက်ပြည်နယ်များစွာမှာ မြေအစိုဓာတ် ပုံမှန်အောက်ကျရောက်နေပြီး ဆည်ရေဟာ ၁၀ နှစ်တာပျမ်းမျှနှုန်းထက် လျော့နည်းနေပါတယ်" လို့ အိန္ဒိယတောင်ပိုင်း အန္ဓရပြည်နယ်၊ ကာကီနာဒါမြို့အခြေစိုက် ပို့ကုန်လုပ်ငန်းရှင်တစ်ယောက်က ပြောပါတယ်။
အရှေ့တောင်အာရှ လူဦးရေအထူထပ်ဆုံး အင်ဒိုနီးရှားနိုင်ငံမှာတော့ ပြီးခဲ့တဲ့လေးလအတွင်း အလွန်အမင်းခြောက်သွေ့မှုအခြေအနေ ကြုံတွေ့ခဲ့ရကာ မြေအစိုဓာတ်နိမ့်ကျမှုနဲ့ ဆန်စပါးစိုက်ပျိုးရေး နှောင့်နှေးမှုတို့ ဖြစ်ပေါ်ခဲ့တယ်လို့ အစိုးရတာဝန်ရှိသူနဲ့ ကုန်သည်တွေက ပြောပါတယ်။
တောင်သူတွေဟာ ဒီဇင်ဘာလရောက်မှ စပါးစတင်စိုက်ပျိုးကာ မေ-ဇွန်ကာလလောက်မှ ရိတ်သိမ်းနိုင်မယ်လို့ မျှော်လင့်ထားတာကြောင့် ပုံမှန်ထက် နှစ်လ၊ သုံးလလောက် နောက်ကျနိုင်ကြောင်း အင်ဒိုနီးရှားစားနပ်ရိက္ခာအေဂျင်စီ အကြီးအကဲ Arief Prasetyo Adi က ပြောပါတယ်။
အင်ဒိုနီးရှားစိုက်ပျိုးရေးဝန်ကြီး Amran Sulaiman ကလည်း နိုဝင်ဘာ ၁၃ ရက်နေ့က လွှတ်တော်တွင်းမှာ အယ်နီညိုရာသီဥတု လာမယ်ဖေဖော်ဝါရီအထိ ဆက်ရှိနိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။
ဝေယံဟိန်း (B.Ag)
Ref: Dry soil to curb Asia's early 2024 rice output, pressure supply - Reuters
Continue reading related topics, questions and articles.
Topic 1
နိုင်ငံတကာသီးနှံဈေးကွက်
Related articles
၁၄ နှစ်အရွယ် တရုတ်လူငယ်တီထွင်ခဲ့တဲ့ လျှပ်စစ်မလိုသော ရေထုတ်စနစ်
အပူချိန်မြင့်တက်လာလို့ အထွက်နှုန်းကျတာကို ပုံမှန်လိုဖြစ်လာမှာ ဗြိတိန်တောင်သူများ စိုးရိမ်
ဖိလစ်ပိုင်နိုင်ငံက ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ပြည်ပမှ ဆန်တန်ချိန် ၃ သိန်း ၀ယ်ယူရန်စီစဉ်နေ
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဝေယံဟိန်း (B.Ag)
See all