ဓာတ်ခွဲခန်းထုတ် လူလုပ်အသားတွေ စားကြမလား...
ဓာတ်ခွဲခန်းထုတ် လူလုပ်အသားတွေကို ပြီးခဲ့တဲ့လကစလို့ အမေရိကန်အစားအသောက်ထိန်းချုပ်ရေး တာဝန်ရှိသူတွေဘက်က စားသုံးသူတွေထံ ရောင်းချခွင့်ပြုလိုက်တာဖြစ်ပါတယ်။

ဒါပေမဲ့ ကုန်ကျစရိတ်နည်းနည်းနဲ့ များများစားစား ထုတ်လုပ်နိုင်ဖို့အတွက်တော့ စိန်ခေါ်မှု ကြီးကြီးမားမား ရှိနေဆဲဖြစ်တယ်လို့ ဒီလို အသားတွေကို ထုတ်လုပ်နေတဲ့ ကုမ္ပဏီတွေက ပြောပါတယ်။
သဘာဝပတ်ဝန်းကျင်နဲ့ပိုမိုလိုက်လျောညီထွေမှုရှိသလို အကြောင်းအမျိုးမျိုးကြောင့် အသားရှောင်တဲ့ သက်သတ်လွတ်သမားတွေအတွက်ရည်ရွယ်ပြီး ဓာတ်ခွဲခန်းမှာတင် အသားတွေထုတ်လုပ်နိုင်ဖို့ ကြိုးစားနေတဲ့ ရင်းနှီးမြှုပ်နှံသူတွေ အများအပြား ရှိနေတာဖြစ်ပါတယ်။
ဒီလိုထုတ်လုပ်ထားတဲ့ ကြက်သားတွေဟာ အများပြည်သူစားသုံးရန်သင့်တော်ကြောင်း ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့က အမေရိကန်စိုက်ပျိုးရေးဌာန(USDA) နဲ့ အစားအသောက်နှင့်ဆေးဝါးဆိုင်ရာညွှန်ကြားမှု ဦးစီးဌာန (FDA) တို့က ခွင့်ပြုချက်ပေးခဲ့တာပါ။
“ ဒါဟာ အရင်က စိုးရိမ်မှုတွေရှိခဲ့တဲ့ ရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်သွားနိုင်မယ့်မှတ်တိုင်တစ်ခုဆီ ရောက်သွားတာပါပဲ” လို့ ဓာတ်ခွဲခန်းထုတ်အသားတွေထုတ်တဲ့လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ထား တဲ့ S2G Ventures ကုမ္ပဏီရဲ့ အစားအသောက်နဲ့စိုက်ပျိုးရေးရာ မန်နေဂျင်းဒါရိုက်တာ မက်သယူးဝေါ် ကာ က ပြောပါတယ်။
“ ဒါဟာ ကြီးမားတဲ့ရလဒ်တစ်ခုပါ။ စွန့်စားရမှုတွေကို ဖယ်ရှားပစ်လိုက်နိုင်တာပါပဲ” လို့လည်း သူက ဆိုပါတယ်။
ဒါပေမဲ့ ကုမ္ပဏီတွေအနေနဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်ကိုတော့ လျှော့ကိုလျှော့ချနိုင်မှဖြစ်မယ်လို့ ဓာတ် ခွဲခန်းထုတ်အသားတွေထုတ်လုပ်ရေးမှာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားသူ Archer-Daniels_Midland ကုမ္ပဏီရဲ့ ကမ္ဘာ့အစားအသောက်ဆိုင်ရာပိုင်းဥက္ကဋ္ဌ လက်တီစီယာဂွန်ကယ်ဗက်စ်က ပြောပါတယ်။
“ နည်းပညာပိုင်းအောင်မြင်မှုနဲ့ စားသုံးနိုင်မှုဆိုင်ရာခွင့်ပြုချက်ရဖို့က ပထမအခက်အခဲပါ။ ဒုတိယ အခက်အခဲကတော့ သင့်တင့်တဲ့ဈေးနှုန်းနဲ့ ပုံမှန်ထုတ်လုပ်သွားနိုင်ဖို့ပါပဲ” လို့ သူက ဆိုပါတယ်။
ပြဿနာက ဈေးနှုန်းပိုင်းမှာ ဓာတ်ခွဲခန်းထုတ်အသားတွေဟာ ပုံမှန်မွေးမြူရေးအသားတွေရဲ့ ဈေးနှုန်းနဲ့ မယှဉ်ပြိုင်နိုင်လို့ ဈေးကွက်ဝေစုရဖို့ ခက်ခဲနေသေးတာပါ။
“ ဈေးကွက်မှာ ယှဉ်ပြိုင်နိုင်ဖို့ဆိုရင် ထုတ်လုပ်မှုကုန်ကျစရိတ်ဟာ အသားတစ်ပေါင် (၂၇ ကျပ်ခွဲသား ခန့်) ကို ၂.၉၂ ဒေါ်လာလောက်ပဲ ရှိမှဖြစ်မှာ” လို့ ဂွန်ကယ်ဗက်စ်က ဆိုပါတယ်။
Upside, Believer နဲ့ Good ကုမ္ပဏီတွေကတော့ သူတို့ရဲ့ လူလုပ်အသားတွေအတွက် ထုတ်လုပ်ကုန်ကျ စရိတ်ကို လျှော့ချနိုင်မှုတွေ ရှိလာနေပြီလို့ ဆိုကြပါတယ်။
သူတို့ကုမ္ပဏီထုတ် လူလုပ်ကြက်သားတွေကို ဝါရှင်တန်ဒီစီမှာ ဟိုဆေးအန်ဒရေ ဖွင့်ထားတဲ့ China Chilcano စားသောက်ဆိုင်ထံ ‘အဆင့်အတန်းမြင့် မွေးမြူရေးကြက်သားရဲ့ တန်းတူနီးပါးဈေးနှုန်း’ နဲ့ ရောင်းချနိုင်ခဲ့တယ်လို့ Good ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူ အင်ဒရူးနွိုက်စ်က ဆိုပါတယ်။
Believer ကုမ္ပဏီရဲ့ စီအီးအို ဂူစတာဗိုဘာဂါကတော့ သူတို့ကုမ္ပဏီရဲ့ ဓာတ်ခွဲခန်းထုတ် အသားတွေဟာ ဓာတုကင်းလွတ်နည်းနဲ့မွေးမြူထုတ်လုပ်ထားတဲ့ အော်ဂဲနစ်ကြက်သားတွေရဲ့ဈေးနှုန်းနဲ့ ၂၀၂၄ ခုနှစ်ကုန် ပိုင်းမှာ တန်းတူဖြစ်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ သူတို့ကုမ္ပဏီထုတ်အသားတွေဟာလည်း အမေရိကန် FDA ရဲ့ ခွင့်ပြုချက်ရထားပြီးပါပြီ။
ဒီလုပ်ငန်းနယ်ပယ်ကြီးအောင်မြင်ဖို့ဆိုရင် ပြည်သူတွေနဲ့ ပုဂ္ဂလိကဆိုင်ရာ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂၂၇.၉ ဘီလျံ လိုအပ်မယ်လို့ ကျွမ်းကျင်သူတွေက မှတ်ချက်ပြုပါတယ်။ ဒီလိုအသားတွေထုတ်လုပ်ရာမှာ အသုံးပြုရမယ့် အသုံးအဆောင်တွေ၊ ဓာတ်ခွဲစမ်းသပ်မှုတွေ၊ လူလုပ်အသားတွေထဲ အာဟာရဆိုင်ရာထည့်သွင်းခြင်းဆိုင်ရာကဏ္ဍတွေအတွက် လိုအပ်တာပါ။
အစိုးရတွေအနေနဲ့ နှစ်စဉ် ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ၁၀.၁ ဘီလျံလောက်သာ ရှိမယ်ဆိုရင် ဒီနယ်ပယ်ရဲ့တန်ဖိုးဟာ ဒေါ်လာ ၁.၁ ထရီလျံထိ ရောက်သွားနိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်း ၁၀ သန်း နီးပါး ထောက်ပံ့ပေးနိုင်လိမ့်မယ်လို့ The Good Food Institute က ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်ကဆိုရင် အစိုးရတွေအနေနဲ့ ပရိုတိန်းရရှိမှုအတွက် ဒေါ်လာ ၆၃၅ သန်းသုံးခဲ့ပြီး အဲ့ဒီထဲက ၁၆၇ သန်းခန့်ဟာ မွေးမြူရေးအသားတွေအတွက်သုံးခဲ့တာဖြစ်တယ်လို့ အဆိုပါ အင်စတီကျုက ဆိုပါတယ်။
အမေရိကန် ချီကာဂိုမှာ ဝေါစထရိဂျာနယ် (Wall Street Journal) က ပြုလုပ်တဲ့ ကမ္ဘာလုံးဆိုင်ရာ အစား အသောက်ဖိုရမ်မှာ အမေရိကန်အစားအသောက်ထုတ်လုပ်ရေးကုမ္ပဏီ Kellogg ကုမ္ပဏီရဲ့ စီအီးအို စတိဗ်ကာဟေးလိန်းက ရိုက်တာသတင်းဌာနနဲ့ တွေ့ဆုံစဉ်ပြောကြားရာမှာတော့ သူ့အနေနဲ့ ဓာတ်ခွဲခန်း ထုတ် အသားတွေထုတ်လုပ်တဲ့လုပ်ငန်းတွေမှာ ဖြစ်နိုင်ဖွယ်ရင်းနှီးမြှုပ်နှံမှုတွေကနေ မစွန့်လွှတ်ခဲ့ပေမဲ့ ဒီကဏ္ဍဟာ ရေရာသေချာမှုမရှိတာမျိုးတော့ ရင်ဆိုင်နေရတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။
“ ဒါကို တကယ့်ကို အဓိပ္ပါယ်ရှိတဲ့ နည်းလမ်းတွေနဲ့ ကိုင်တွယ်နိုင်ဖို့ ဆိုရင်တော့ အဖြေရှာစရာတွေ လို အပ်ပါလိမ့်မယ်” လို့ သူက ဆိုပါတယ်။
ဓာတ်ခွဲခန်းထုတ် လူလုပ်ကြက်သားတွေကို ဘယ်လိုစားနိုင်မလဲ..
Good ကုမ္ပဏီထုတ် လူလုပ်ကြက်သားတွေကို China Chilcano စားသောက်ဆိုင်မှာ ဇူလိုင် ၃၁ ရက်မှာ စတင်ပြီး စားသောက်သွားနိုင်မှာပါ။
တစ်ပွဲကို ဒေါ်လာ ၇၀ ကျသင့်မှာဖြစ်ပြီး တစ်ပတ်ကို ၈ ပွဲသာ တည်ခင်းသွားမယ့် ဒီဟင်းပွဲအတွက် ကြိုင်တင်မှာကြားမှု ပြုလုပ်ဖို့တော့ လိုပါလိမ့်မယ်။
သူ့ရဲ့အရသာကတော့ တကယ့်ကြက်သားနဲ့မခြားပါပဲ။ ဒါပေမဲ့ နည်းနည်းလေးပျော့တာလေးတော့ ရှိပါမယ်။ ဒါကိုဖြေရှင်းသွားနိုင်ဖို့အတွက်တော့ ကုမ္ပဏီဘက်က ကြိုးစားနေဆဲပါလို့ ကုမ္ပဏီ ပြောရေးဆိုခွင့် နွိုက်စ်က ဆိုပါတယ်။
China Chilcano ရဲ့ စားဖိုမှူးတွေကတော့ ဒီထုတ်ကုန်ဟာ တကယ့်မွေးမြူရေးကြက်သားစစ်စစ်နဲ့ တော်တော်လေးကိုတူတယ်လို့ မှတ်ချက်ပြုပါတယ်။ ဒါပေမဲ့ Marinades (သားငါးပိုမိုနူးညံ့အရသာ တိုးအောင် ဆီ၊ ဝိုင်၊ အမွှေးအကြိုင် ရောထားသည့်အရည်) တွေကို မြန်မြန်စုပ်ယူနိုင်တာမျိုးလို တိုးတက်မှုတွေတော့ လိုသေးတယ်လို့ အကြံပြုကြပါတယ်။
Upside ကုမ္ပဏီထုတ် လူလုပ်အသားတွေကိုတော့ ဆန်ဖရန်စစ္စကိုရှိ Bar Crenn မှာ လာမယ့် ဩဂုတ် ၄ ရက်ကစလို့ လစဉ် ဝယ်ယူစားသုံးနိုင်တော့မှာပါ။ သူကတော့ တစ်ပွဲကို ဒေါ်လာ ၁၅၀ ကျသင့်မှာပါ။
Ref: https://www.reuters.com/markets/commodities/cell-cultivated-meat-hits-menus-investors-see-scaling-next-hurdle-2023-07-20/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
နိုင်ငံတကာသတင်း
Related articles
၁၄ နှစ်အရွယ် တရုတ်လူငယ်တီထွင်ခဲ့တဲ့ လျှပ်စစ်မလိုသော ရေထုတ်စနစ်
အပူချိန်မြင့်တက်လာလို့ အထွက်နှုန်းကျတာကို ပုံမှန်လိုဖြစ်လာမှာ ဗြိတိန်တောင်သူများ စိုးရိမ်
ဖိလစ်ပိုင်နိုင်ငံက ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း ပြည်ပမှ ဆန်တန်ချိန် ၃ သိန်း ၀ယ်ယူရန်စီစဉ်နေ
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဇင်ဘိုလွင်
See all