မြေဆီလွှာနဲ့ရေထု...ဘဝရဲ့ ရင်းမြစ်တစ်ခု
ဟီဘရူးအယူအဆအရ ဘုရားသခင်ဟာ ကမ္ဘာကြီးကို ခြောက်ရက်တည်းနဲ့ ဖန်ဆင်းတော်မူခဲ့တယ်..
အဲ့ဒီမှာမှ ပထမဆုံးနေ့မှာ ပထမဆုံးဖန်ဆင်းခဲ့တာကတော့ ကမ္ဘာမြေကြီးပါပဲတဲ့..
ဆိုတော့... ကမ္ဘာမြေကြီးဟာ ထိပ်ဆုံးက ဖန်ဆင်းတော်မူခံရတာပေါ့လေ..
ယုံကြည်ခြင်းတွေ... အယူအဆတွေ မည်သို့ပင်ရှိစေကာမူ..
ကမ္ဘာမြေကြီးဟာ သက်ရှိတွေရပ်တည်နေထိုင်ဖို့ နေရာထိုင်ခင်းဖြစ်ပြီး..
Soil လို့ခေါ်တဲ့ အပေါ်ယံမြေဆီလွှာကတော့ လူသားတွေရဲ့ ဝမ်းရေးကိုဖြေရှင်းပေးနေတဲ့ စားနပ်ရိက္ခာတွေ ထုတ်လုပ်ဖို့ အခြေခံအလွှာထုကြီးဖြစ်တယ်ဆိုတာဟာ ငြင်းမရတဲ့ အမှန်တရားပါပဲ။
လူသားတွေ စားသုံးနေတဲ့ စားနပ်ရိက္ခာရဲ့ ၉၅ ရာခိုင်နှုန်းကျော်ထိဟာ မြေဆီလွှာနဲ့ ရေထုကို အခြေပြုပြီး ရရှိလာတာတွေပဲဖြစ်တယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ကလည်း ဆိုထားပြန်ပါတယ်။
သို့သော်... ဒီလို အရေးပါလှတဲ့ ကမ္ဘာ့မြေဆီလွှာကြီးဟာ အခုဆိုရင်တော့...
- သစ်တောပြုန်းတီးလာမှုနဲ့ ရာသီဥတုပြောင်းလဲလာမှု
- ဓာတုအလွန်အကျွံသုံးစွဲခြင်းကဲ့သို့ ရေတိုစိုက်ပျိုးရေးနည်းစနစ်များဖြင့် စိုက်ပျိုးမှု
- ညစ်ညမ်းပျက်စီးအောင် လုပ်ခံနေရမှု
- မြို့ပြဧရိယာများ ချဲ့ထွင်လာမှုစတဲ့ လူသားပယောဂတွေနဲ့အတူ ပျက်စီးယိုယွင်းခြင်းကပ်ဘေးရဲ့ ခြိမ်းခြောက်ခံရမှုကို ထိပ်တိုက်ရင်ဆိုင် နေရပါတယ်...။
ဒီတော့...
ကမ္ဘာ့မြေဆီလွှာဟာ သူတို့ရဲ့ဘဝတွေ၊ စားနပ်ရိက္ခာတွေအတွက် ဘယ်လောက်ထိ အရေးပါ အရာရောက်တယ်ဆိုတာကို လူသားတွေ ပိုမိုသိရှိနားလည်ပြီး ထိန်းသိမ်းစောင့်ရှောက်လာကြစေရေးဟာ အရေးကြီးတဲ့ကိစ္စတစ်ခု ဖြစ်လာပါတယ်။
ဒီ့အတွက် ကမ္ဘာ့မြေဆီလွှာနေ့ကို ကျင်းပပြီး အသိပညာပေး လှုံ့ဆော်သင့်ကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့က ၂၀၁၃ ခုနှစ်မှာ အဆိုပြုတင်ပြခဲ့လို့ နှစ်စဉ် ဒီဇင်ဘာ ၅ ရက်နေ့တိုင်းကို ကမ္ဘာ့မြေဆီလွှာနေ့ အဖြစ် သတ်မှတ်ကျင်းပသွားဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံကနေ ဆုံးဖြတ်ပေးခဲ့ပါတယ်။
ဒါကြောင့်၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၅ ရက်မှာ ပထမဆုံး ကမ္ဘာ့မြေဆီလွှာနေ့ကို ကျင်းပခဲ့ပြီး ဒီနေ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၅ ရက်မှာတော့ ၁၀ ကြိမ်မြောက် ရှိလာပြီဖြစ်ပါတယ်။

ယခုနှစ်ကမ္ဘာ့မြေဆီလွှာနေ့ရဲ့ မျှော်မှန်းချက်ကတော့...
ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးအခြေခံ စားနပ်ရိက္ခာတွေထုတ်လုပ်နိုင်ဖို့အတွက် မြေဆီလွှာနဲ့ရေထုကြား ဆက်နွှယ်မှုရဲ့ အရေးပါပုံကို ပိုမိုသိရှိနားလည်လာစေရေးပဲဖြစ်ပါတယ်။
ဆောင်ပုဒ်အနေနဲ့တော့.. ‘မြေဆီလွှာနဲ့ရေထု...ဘဝရဲ့ ရင်းမြစ်တစ်ခု’ လို့ ဆိုထားပါတယ်။
ဆိုတော့ လူတိုင်းအနေနဲ့ ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့မြေဆီလွှာနေ့နဲ့အတူ... ကမ္ဘာ့ မြေဆီလွှာကြီး ရေရှည် ရှင်သန်ကျန်းမာစေဖို့..
- ကမ္ဘာမြေကြီးကို ညစ်ညမ်းစေမယ့် ပလတ်စတစ်နဲ့ တစ်ခါသုံးပစ္စည်းများအလွန်အကျွံသုံးစွဲစွန့်ပစ်မှုကို လျှော့ချခြင်း...
- စိုက်ပျိုးရေးတွင် ဓာတုသုံးစွဲမှုနှင့် မြေဆီလွှာပျက်စီးစေသည့် စိုက်နည်းစနစ်များကို တတ်နိုင်သမျှလျှော့ချခြင်း..
- သစ်တောများ မပြုန်းအောင်ထိန်းသိမ်းပြီး အပင်များ ပြန်လည်စိုက်ပျိုးခြင်း...
- မြို့ပြဧရိယာများရှိ အများပြည်သူဆိုင်ရာ အပန်းဖြေမြေနေရာများကို ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ခြင်း..
- မြေဆီလွှာ၏အရေးပါမှုနဲ့ ထိန်းသိမ်းသင့်မှုကို တတ်နိုင်သမျှမျှဝေခြင်း...
စတာတွေနဲ့အတူ ဘဝအတွက် အရေးပါလှတဲ့ ကမ္ဘာ့မြေဆီလွှာကြီးကို ကယ်တင်မယ့်သူရဲကောင်းတွေ လုပ်ပေးကြပါလို့ Green Way ကနေ တိုက်တွန်းလိုက်ပါရစေ..။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဇင်ဘိုလွင်
See all
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....