ကမ္ဘာ့ပထမဆုံး ကောက်ရိတ်သိမ်းစက်..
လူသားတွေရဲ့ စိုက်ပျိုးရေးစွမ်းပကားကို တစ်ဆင့်မြှင့်တင်ပေးလိုက်နိုင်တာတွေထဲက တစ်ခုဖြစ်တဲ့ ကမ္ဘာ့ပထမဆုံးကောက်ရိတ်သိမ်းစက်ကို တီထွင်ခဲ့သူက အသက် ၂၂ နှစ်အရွယ်သာရှိသေးတဲ့ ပန်းပဲသမားလေးတစ်ယောက်။
တိတိကျကျပြောရရင်တော့ အမေရိကန်တောင်ပိုင်း၊ ဗာဂျီးနီးယားပြည်နယ်ထဲက ဆိုင်ရပ်စ်မက်ကော မစ်လို့ခေါ်တဲ့ကောင်လေးတစ်ယောက်ပါပဲ။ တီထွင်နိုင်ခဲ့ချိန်က ၁၈၃၁ ခုနှစ်ဆိုတော့ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတောင် ကိုလိုနီမဖြစ်သေးချိန်ပေါ့။
သူ့ရဲ့တီထွင်မှုကို ပထမတော့ သူ့ဒေသမှာ အထူးအဆန်း အရူးအနှမ်းတစ်ခုလောက်ပဲ သဘောထားတာ။ ဒါပေမဲ့ နောက်တော့ ဒါဟာ ဧရာမအရေးပါတဲ့တီထွင်မှုဆိုတာ သူသက်သေပြနိုင်ခဲ့တယ်။
အစောပိုင်းကာလ စမ်းသပ်မှုများ
တကယ်တော့ ဒီစက်ကိုတီထွင်ဖို့ စကြိုးစားခဲ့သူက သူ့အဖေပါ။ ဒါပေမဲ့ မအောင်မြင်လို့ လက်လျှော့ ထားခဲ့တာ။ ဒါပေမဲ့ ၁၈၃၁ နွေရာသီမှာတော့ သားဖြစ်သူ မက်ကောမစ်က ဒီအလုပ်ကိုလက်လွှဲယူပြီး ပန်းပဲရုံထဲမှာ သီတင်းပတ် ၆ ပတ်လောက်ကြာတဲ့ထိ ဝါယမစိုက်ထုတ် ကြိုးပမ်းတီထွင်ပါတော့တယ်။
ခဲရာခဲဆစ်နဲ့တီထွင်ထားတဲ့စက်ကလေး စိတ်ချယုံကြည်ရတဲ့အနေအထားတစ်ခုရောက်လာချိန်မှာတော့ မက်ကောမစ်ဟာ သူ့စက်လေးကို ဒေသတွင်းစုဝေးပွဲလုပ်တဲ့နေရာတစ်ခုမှာ ပြသထားခဲ့ပါတယ်။ ကောက်ရိတ်စက်လေးဟာ လယ်သမားတစ်ယောက် လက်နဲ့ရိတ်သိမ်းတာထက် မြန်အောင် စွမ်းဆောင် နိုင်ဖို့တီထွင်ဖန်တီးထားတဲ့ အစိတ်အပိုင်းတွေနဲ့ပေါ့။
စွပ်ဖားနဲ့တူတဲ့လှည်းလေးပေါ်မှာစက်ပစ္စည်းတွေတင်ထားတဲ့ ဒီပစ္စည်းလေးဟာ ပထမပိုင်းမှာတော့ ဒေသခံလယ်သမားတွေအတွက် ပဟေဠိပေါင်းစုံနဲ့ပဲ။ သူ့စက်မှာ ကောက်ပင်ဖြတ်ဓားတစ်ချောင်းနဲ့ အဲ့ဒီဓားနဲ့ ကောက်ပင်ရိုးတွေကိုဖြတ်ချိန်မှာ စုစည်းထိန်းထားပေးမယ့် ပတ်ချာလှည့် အစိတ်အပိုင်းတွေ ပါတယ်။

ဒီစက်ရဲ့ပထမဆုံးပွဲဦးထွက်ရိတ်သိမ်းမှုအဖြစ်တော့ ဂျုံခင်းတစ်ခုမှာ စမ်းသပ်ရိတ်ပြတာပါ။ မြင်းတစ်ကောင်က ရှေ့ကဆွဲ ရွေ့သွားချိန်မှာတော့ ဂျုံပင်တွေကိုရိတ်တဲ့ သူ့အလုပ်အားလုံးကို စက်က လုပ်ပါတော့တယ်။ မက်ကောမစ်တစ်ယောက်ကတော့ ဘေးကနေလိုက် ဂျုံရိုးတွေကို ကောက်စုပုံပေးလိုက်ရုံပါပဲ။ ပြီးပါပြီ။ မက်ကောမစ်ရဲ့တီထွင်မှု အောင်မြင်သွားပါပြီ။
အဲ့ဒီနှစ်နှောင်းပိုင်းရိတ်သိမ်းရာသီမှာပဲ မက်ကောမစ်ရဲ့ကောက်ရိတ်စက် စတင်အသုံးပြုပါတော့တယ်။
စီးပွားရေးပိုင်းအောင်မြင်မှု
အောင်မြင်လူကြိုက်များသွားတော့ မက်ကောမစ် နောက်ထပ်စက်တွေအများကြီး ထပ်ထုတ်ရပါတော့တယ်။ အစပိုင်းကတော့ ဒေသခံလယ်သမားတွေကိုပဲ ရောင်းပေးတာပါ။ ဒါပေမဲ့ စက်ရဲ့ အံ့အားသင့်ဖွယ်စွမ်းဆောင်မှုသတင်း လေညင်းဆောင်ပျံ့နှံ့အပြီးမှာတော့ တခြားနေရာတွေထံပါ ရောင်းရပါတော့တယ်။ နောက်ဆုံး ချီကာဂိုမြို့မှာ စက်ရုံတည်ပြီး ထုတ်ရတော့တဲ့အထိပါပဲ။
အခုအချိန်ရိတ်သိမ်းခြွေလှေ့စက်တွေနဲ့ယှဉ်မယ်ဆိုရင်တော့ မက်ကောမစ်ရဲ့တီထွင်မှုဟာ ဘာမှ မဟုတ်ပါဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီကာလတုန်းကတော့ ဒါက စိုက်ပျိုးရေးနယ် ပယ်အတွက် တော်လှန်ပြောင်းလဲမှုကြီးတစ်ခုပါပဲ။ ဘာလို့လဲဆိုတော့ ဒီစက်နဲ့ ဧရိယာအများကြီးကို ရိတ်သိမ်းနိုင်ပြီး လူတွေရိတ်သိမ်းနိုင်စွမ်းထက် အများကြီးပိုနေတာကိုး။
များများရိတ်သိမ်းနိုင်တော့ များများပိုစိုက်လို့ရသွားကော။ ဒီတော့ စားနပ်ရိက္ခာပြတ်လပ်မှု၊ ငတ်မွတ်ခေါင်းပါးမှု ဖြစ်နိုင်ချေတွေပါ လျော့ကျသွားစေတာပေါ့။
မက်ကောမစ်ရဲ့စက် မရှိခင်တုန်းကဆို သီးနှံတွေ အချိန်မီရိတ်သိမ်းနိုင်ဖို့ မနည်းအားထုတ်ရတာ။ ကောက်ရိတ်ကျွမ်းကျင်လှပါတယ်ဆိုတဲ့ လယ်သမားတစ်ယောက်တောင် တစ်ရက်မှ နှစ်ဧကလောက်ပဲ ပြီးတာလေ။ မက်ကောမစ်ရဲ့စက်နဲ့ရိတ်ရင်ကျတော့ ဧကအများကြီးရိတ်ဖို့ မြင်းတစ်ကောင်နဲ့ လူတစ်ယောက်တည်းပဲ လိုတယ်။ ဆိုတော့ ဧကအများကြီး စိုက်လို့ရတယ်။ ရာချီစိုက်မလား၊ ထောင်ချီ စိုက်ချင်လား။ ရိတ်ဖို့ဆို လာထားပဲ။
အစောဆုံးမြင်းဆွဲစက်တွေမှာတော့ ကောက်ပင်တွေကရိတ်လိုက်ပြီးရင် လဲကျကျန်ခဲ့တယ်။ ဒါတွေကို ဘေးကလူတစ်ယောက်က လိုက်ပြီး စုသိမ်းရတာပေါ့။ ဒါပေမဲ့ နောက်ပိုင်းထုတ်တဲ့ မော်ဒယ်တွေမှာ ကျတော့ မက်ကောမစ်က လိုအပ်တာတွေကို ထပ်ပြီးဗားရှင်းမြှင့်လိုက်တယ်။ ၁၉ ရာစုအဆုံးပိုင်းနှစ် တွေမှာထုတ်တဲ့ မက်ကောမစ်ရဲ့ရိတ်စက်တွေမှာကျတော့ ဂျံပင်တွေကိုရိတ်သိမ်းနိုင်ရုံတစ်ခုတည်းမ ဟုတ်တော့ဘူး။ ခြွေလှေ့ အိတ်သွပ်အဆင့်ထိ ပါလာပြီ။ သိုလှောင်သိမ်းဆည်းဖို့ ဒါမှမဟုတ် သင်္ဘောတင်ဖို့ အသင့်ရယ်ဒီ။

၁၈၅၁ ခုနှစ်မှာ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ အကြီးစားကုန်စည်ပြပွဲတစ်ခုလုပ်တော့ သူ့ရဲ့နောက်ဆုံးပေါ်အမျိုးအစားစက်ကို မက်ကောမစ် ဝင်ပြတယ်။ ပြပွဲမှာ အမေရိကန်စက်ကို အထူးအဆန်း ဝိုင်းလေ့လာသူတွေအများကြီး။ ပြပွဲကာလ ၁၈၅၁ ဇူလိုင်မှာ အင်္ဂလိပ်လယ်ယာမြေတစ်ခုမှာ ပြုလုပ်တဲ့ ပြိုင်ပွဲမှာလည်း ဗြိတိန်ထုတ်ရိတ်သိမ်းစက်ကို မက်ကောမစ်ရဲ့စက်က အသာရခဲ့ပါတယ်။ ပြပွဲကျင်းပရာ ခရစ္စတယ်ပဲလေ့စ်မြို့ကိုပြန်ရောက်တော့ မက်ကောမစ်ရဲ့ရိတ်သိမ်းစက် သတင်းကောင်းက ပျံ့နေပြီ။ အုတ်အုတ်ကျက်ကျက် ပြပွဲတက်ရောက်သူတွေကြား ဒီအမေရိကန်စက်ဟာ ကြည့်ကိုကြည့်ရမယ့် အရာတစ်ခု ဖြစ်သွားပါတော့တယ်။
၁၈၅၀ ခုနှစ်ကာလတွေမှာ မက်ကောမစ်ရဲ့စက်ရုံရှိရာ ချီကာဂိုဟာ အနောက်အလယ်ပိုင်းဒေသ မီးရထားလမ်းတွေရဲ့ဗဟိုချက်ဖြစ်လာလို့ စက်တွေကို နိုင်ငံရဲ့ဒေသအနှံ့တင်ပို့လာနိုင်ပြီး စီးပွားရေး ကြီးထွားလာခဲ့ပါတယ်။ ဒီလို သူ့ရဲ့ရိတ်သိမ်းစက်တွေ နိုင်ငံအနှံ့ ပျံ့နှံ့သွားတာဟာ အမေရိကန်ရဲ့ သီးနှံထုတ်လုပ်မှု တိုးသွားစေတဲ့အထိကို အောင်မြင်တာပါတဲ့။
မက်ကောမစ်စက်တွေရဲ့အရေးပါမှုက အမေရိကန်ပြည်တွင်းစစ်ကိုပါ သက်ရောက်မှုရှိသွားတယ်ဆို ရင်တော့ လွန်တော့လွန်ပြီတောင် ပြောရမယ်။ ဖြစ်ပုံကဒီလို။ ဒီစက်တွေကို အသုံးများတာက အမေရိ ကန်မြောက်ပိုင်း။ ဆိုတော့ လယ်သမားအများစု စစ်တိုက်ဖို့ထွက်သွားရပေမဲ့ ဒီစက်တွေရှိနေတော့ ကုန်ထုတ်လုပ်နိုင်စွမ်းကို သိပ်မထိခိုက်ဘူး။ တောင်ပိုင်းမှာကျတော့ စက်အားထက်လူအားကို ပိုအားကိုးကြ တော့ စစ်တိုက်ဖို့လည်းထွက်ရကော သီးနှံထုတ်လုပ်ရေးကို ထိခိုက်မှုကြီးသွားတာပါပဲ။
(မှတ်ချက်။ ။ အမေရိကန်တောင်ပိုင်းလယ်သမားများသည် သီးနှံထုတ်လုပ်ရေးအတွက် အာဖရိကန် ကျွန်များကို ဝယ်ယူအသုံးပြုကြခြင်းဖြစ်သည်။ စစ်ဖြစ်ရာတွင်တော့ မြောက်ပိုင်းက အနိုင်ရရှိခဲ့ပြီး ကျွန်စနစ်လည်း ဖျက်သိမ်းခံခဲ့ရသည်)
ပြည်တွင်းစစ်ကြီးပြီးတော့လည်း မက်ကောမစ်ရဲ့ကုမ္ပဏီဟာ ပိုကြီးထွားလာခဲ့ပါတယ်။ ဘယ်လောက် ထိ ကြီးထွားနေသလဲဆို ၁၈၈၆ မှာ မက်ကောမစ်ရဲ့စက်ရုံအလုပ်သမားတွေကစလိုက်တဲ့ ဆန္ဒပြမှုဟာ အမေရိကန် အလုပ်သမားသမိုင်းမှာ အရေးပါတဲ့အပြောင်းအလဲတစ်ခုဖြစ်စေခဲ့ပြီး လူပေါင်းများစွာ သေဆုံးခဲ့ရတဲ့ Haymarket အဓိကရုဏ်းဆီ ဦးတည်သွားစေခဲ့တဲ့အထိပါပဲ။
Ref: https://www.thoughtco.com/mccormick-reaper-1773393
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Continue reading related topics, questions and articles.
Topic 1
လယ်ယာသုံးစက်ကိရိယာများ
Ko Phyo Min Oo
7 months agohi
Related questions
ဒီငရုတ်သီးပင်က အဲ့လိုဖြစ်နေတာ ဘာလုပ်ရမလဲဟင် ဖြေပေးကြပါဦးရှင့်
Mon Mon • 3 answers
Rubber စိုက်ဖို့ ြမေ ၇ ဧက ပြင်ပီးပါပီ။ မျိ ုးက BPM 24ပါ။ ကျင်းတူးစိုက်နဲ့၊ ပေါက်စိုက်တာ ဘယ်ဟာပိုကောင်းလဲ ခင်ဗျ...အားနည်းချက်၊ အားသာချက်လေး အကြြံပ ုပေးကြပါခင်ဗျါ...
myonyein • 2 answers
စပါး
Hnin Oo • 1 answers
မြေတိုင်းကိရိယာဝယ်ချင်ပါတယ်ဗျ ဘယ်မှာဝယ်လို့ ရနိုင်မလဲ
U Kyaw Kyaw • 1 answers
အပွင့်ခြောက်ပြီးအသီးမတင်တာများနေလို့ပါပိူးသတ်ဆေး၊မှိုသတ်ဆေး၊အသီးအပွင့်တင်ဆေး၃ရက်ခြားဖျန်းထားပြီးလို့၄ရက်လောက်ရှိပါပြီ။အရွက်၊အညွှန့်၊သားတက်များဖြက်ဖို့လိုအပ်ပါသလား၊လိုအပ်ပါကဘယ်အချိန်၊ဘယ်အရွက်၊ဘယ်သားတက်များဖြတ်ရမလဲဖြေကြားပေးပါအုံး၊အသီးပွင့်များမခြောက်အောင်ဘယ်အချက်တွေကိုရှောင်ရမလဲခင်ဗျာ။
zawhtut • 2 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ဇင်ဘိုလွင်
See all