လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း -၂]
ဒစ်ဂျစ်တယ်မိတ်ဆွေတို့ရေ အပိုင်း [၁] မှာတုန်းက ဒစ်ဂျစ်တယ်နည်းပညာခေတ်ရဲ့ အခေါ်အဝေါ်တွေမိတ်ဆက်ပေးခဲ့တာ မှတ်မိကြသေးလား။
ဒီအကြောင်းအရာတွေကို မဖတ်လိုက်ရသေးဘူး ဒါမှမဟုတ် မေ့သွားခဲ့တယ်ဆိုရင် “လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း - ၁]” ကို ဒီနေရာမှာ လေ့လာလို့ရတယ်နော်။
https://greenwaymyanmar.com/posts/digital_money_knowledge_part_one
ဒီတစ်ခေါက်တော့ လူတိုင်းနီးပါးအတွက် အသုံးပြုလို့ အဆင်ပြေနိုင်စေမယ့် မိုဘိုင်းလ်ဝေါလက်အကြောင်း မိတ်ဆက် ပြောပြချင်ပါတယ်။ ဒစ်ဂျစ်တယ်နည်းပညာခေတ်မှာ ကိုယ်ကိုယ်တိုင်လည်း နောက်ကျကျန်မနေရစေဖို့ ကဲ . . . ခုပဲ လေ့လာလိုက်ကြရအောင်နော်။
မိုဘိုင်းလ်ဝေါလက်မိတ်ဆက်
မိုဘိုင်းလ်ဝေါလက်ဆိုတာကို ကြားဖူးကြလား မိတ်ဆွေတို့ရေ...။ လက်ရှိမှာရော သုံးနေကြလား။ ဒီနေ့မှာတော့ မိတ်ဆွေတို့ကို မိုဘိုင်းလ်ဝေါလက်နဲ့ပတ်သက်တဲ့ ဗဟုသုတလေးတွေ ပြောပြပေးချင်ပါတယ်။
“မိုဘိုင်းလ်ဝေါလက်” ဆိုတာ ဖုန်းထဲမှာရှိတဲ့ ဒစ်ဂျစ်တယ်ပိုက်ဆံအိတ်လို့ မှတ်ယူနိုင်ပါတယ်။
- မိုဘိုင်းလ် = သယ်ဆောင်နိုင်သော = လက်ကိုင်ဖုန်း
- ဝေါလက် = ပိုက်ဆံအိတ်
- မိုဘိုင်းလ်ဝေါလက် = ဖုန်းထဲကပိုက်ဆံအိတ်
ကေပေး (KBZPay), ဝေ့ဖ်ပေး (WavePay), ဧရာပေး (AYAPay), စီဘီပေး (CB Pay) စတာတွေက မိုဘိုင်းလ်ဝေါလက်တွေပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ မိုဘိုင်းလ်ဝေါလက်ပေါင်း (၄၀) ကျော်ရှိပါတယ်။

မိုဘိုင်းလ်ဝေါလက်အသုံးပြုခြင်းရဲ့ အားသာချက်နဲ့ သတိထားရမယ့်အချက်အချို့




မိုဘိုင်းလ်ဝေါလက်သုံးဖို့ ဘာတွေလိုအပ်လဲ
- အင်တာနက်
- ဖုန်း/ တက်ဘ်လက်လို ကြားခံ အီလက်ထရောနစ်ပစ္စည်းတစ်ခုခု
- မိုဘိုင်းလ်ဝေါလက်အပလီကေးရှင်း
- အကောင့်ဖွင့်ရန် ဖုန်းနံပါတ်/ မှတ်ပုံတင်နံပါတ်နှင့် အခြားကိုယ်ရေးအချက်အလက်အချို့
- အကောင့်ထဲက ဒစ်ဂျစ်တယ်ပိုက်ဆံ
- လက်လီဝန်ဆောင်မှုပေးမယ့် ကိုယ်စားလှယ်
မိုဘိုင်းလ်ဝေါလက်အကောင့် ဘယ်လို ဖွင့်မလဲ
အရင်ဆုံး ဂူးဂဲလ်ပလေးစတိုးကိုသွားပြီး ကိုယ်အသုံးပြုမယ့် မိုဘိုင်းလ်ဝေါလက်ကို အရင်ဆုံး ဒေါင်းလုတ်လုပ်ပါ။
ဒေါင်းလုတ်လုပ်ထားတဲ့ မိုင်ဘိုင်းလ်ဝေါလက်ကို ဖွင့်ပြီး အခြေခံ ကိုယ်ရေးအချက်အလက်တွေဖြစ်တဲ့ အမည်၊ ဖုန်းနံပါတ်၊ မွေးသက္ကရာဇ်၊ မှတ်ပုံတင်နံပါတ် စတာတွေနဲ့အတူ သက်ဆိုင်ရာ မိုဘိုင်းလ်ဝေါလက် ကုမ္ပဏီရဲ့ စည်းကမ်းချက်များကို သဘောတူညီကြောင်း ဖြည့်ရပါမယ်။
ကိုယ်ရေးအချက်အလက်များ ဖြည့်ပြီးချိန်မှာ ကိုယ့်ရဲ့ဖုန်းဆီကို OTP (One Time Password) ဂဏန်း ၄ လုံးမှ ၆ လုံးကို မက်ဆေ့ချ် (SMS) ပို့ပေးပါမယ်။
ပို့ပေးသော OTP ကို ဖြည့်ပြီးပါက ကိုယ့်ရဲ့ စကားဝှက် ပင်န်နံပါတ် (PIN) ကို ဖြည့်စွက်ပြီးရင် အကောင့်အသစ်ဖွင့်ခြင်းပြီးဆုံးပြီဖြစ်ပါတယ်။

မှတ်ချက်။ ။ ကိုယ် အသုံးပြုတဲ့ မိုဘိုင်းလ်ဝေါလက်ပေါ်မူတည်ပြီး ဖြည့်စွက်ရတဲ့ ကိုယ်ရေးအချက်အလက်တွေကတော့ ကွဲပြားသွားမှာဖြစ်ပါတယ်။ တချို့ဝေါလက်တွေမှာတော့ အကောင့်စတင်ဖွင့်လှစ်ချိန်မှာ ဖုန်းနံပါတ်နဲ့ အမည်ပဲ လိုအပ်မှာဖြစ်ပေမယ့် တစ်ချို့ဝေါလက်တွေမှာတော့ အကောင့်စတင်ဖွင့်လှစ်ကတည်းက မွေးနေ့၊ မှတ်ပုံတင်အမှတ်၊ ဓာတ်ပုံ စတဲ့ ကိုယ်ရေးအချက်အလက်တွေ ပြည့်ပြည့်စုံစုံ ဖြည့်စွက်ဖို့လိုအပ်ပါတယ်။
မိုဘိုင်းလ်ဝေါလက်အကောင့် ဖွင့်တဲ့နေရာမှာ အသုံးပြုမယ့် ဖုန်းနံပါတ်ဟာ ကိုယ်လက်ရှိသုံးနေတဲ့၊ အမြဲအသုံးပြုမယ့် ဖုန်းနံပါတ်ဖြစ်ဖို့ အရေးကြီးသလို သက်ဆိုင်ရာ ဖုန်းအော်ပရေတာ ဝန်ဆောင်မှုကုမ္ပဏီမှာ မှတ်ပုံတင်ပြီးသားဖြစ်ရပါမယ်။
အကောင့်ဖွင့်ထားတဲ့ ကိုယ်ရေးအချက်အလက်တွေ ဖြစ်တဲ့ မှတ်ပုံတင်နံပါတ်/ မွေးသက္ကရာဇ်စတဲ့ အချက်အလက်တွေ မှန်ကန်အောင် အမြဲသတိထားဖို့လိုအပ်သလို ဖုန်းဆင်းမ်ကတ်ကို မှတ်ပုံတင်ထားတဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့လဲ ကိုက်ညီရပါမယ်။
မိုဘိုင်းလ်ဝေါလက်အကောင့်ဖွင့်နည်းကို ဗီဒီယိုဖိုင်နဲ့ လေ့လာချင်တယ်ဆိုရင် ဒီလင့်ခ်ကနေတစ်ဆင့်
လေ့လာလို့ရပါတယ်။
ကဲ . . . အခုဆိုရင် မိုဘိုင်းလ်ဝေါလက်နဲ့ပတ်သက်တဲ့ အခြေခံအကြောင်းအရာတွေနဲ့ အကောင့်ဘယ်လိုဖွင့်ရမလဲ ဆိုတာတွေကို လေ့လာပြီးသွားပါပြီ။ အချိန်နေရာမရွေး လွယ်ကူလျှင်မြန်စွာနဲ့ ငွေကြေးကိစ္စတွေကို စီမံခန့်ခွဲနိုင်ဖို့ မိုဘိုင်းလ်ဝေါလက်အကောင့်တစ်ခုတော့ ဖွင့်ထားသင့်တယ်နော် ဒစ်ဂျစ်တယ်မိတ်ဆွေတို့ရေ.....။
မိုဘိုင်းလ်ဝေါလက်အကောင့်ဖွင့်ထားတဲ့ ဖုန်းဆင်းမ်ကတ် ပျောက်သွားတာ (ဒါမှမဟုတ်) ပျက်စီးသွားခဲ့တာဆိုရင် ဘာလုပ်ရမလဲ။
????
ဒီမေးခွန်းတွေရဲ့ အဖြေကို သိချင်တယ်ဆိုရင်တော့ ဒီလင့်ခ်ကနေတစ်ဆင့် https://onelink.to/d62vxy အာရ်အီးတွမ်တီဝမ်း (Re21) အပလီကေးရှင်းကို ဒေါင်းလုတ်လုပ်ပြီး “လေ့လာ” ဆိုတဲ့ ခလုတ်လေးကို နှိပ်ပြီး ခုပဲ ဆက်လက်လေ့လာလိုက်ပါနော်။
နောက်ပြီး ဒီလို ဒစ်ဂျစ်တယ်ငွေကြေးအသိပညာတွေကို စဥ်ဆက်မပြတ်လေ့လာချင်တယ်ဆိုရင်တော့
bit.ly/3KWHsx4 အာရ်အီးတွမ်တီဝမ်း (Re21) ဖေ့စ်ဘုတ်ပေ့ချ်ကို လိုက်ခ် (Like) နဲ့ ဖောလိုး (Follow)လုပ်ထားပြီး လေ့လာလို့နိုင်ပါတယ်။
#DFL #MobileWallet #မိုဘိုင်းလ်ဝေါလက် #KBZPay #WavePay #ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Related articles
လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း - ၅]
လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း -၄]
လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း -၃]
Content provider
ThitsaWorks
ဒစ်ဂျစ်တယ်ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုပေးသူများနှင့် ထိုဝန်ဆောင်မှုများကို အသုံးပြုနေသူများအကြား ငွေကြေးနည်းပညာဆိုင်ရာ အသိပညာဗဟုသုတများ ပိုမိုတိုးတက်စေရန်ရည်ရွယ်ပါသည်။
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ThitsaWorks Solutions Myanmar Co., Ltd.
See all
လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း - ၅]
07/05/2023
လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း -၄]
04/05/2023
လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း -၃]
30/04/2023
လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း -၁] ဒစ်ဂျစ်တယ်ငွေကြေးအသိပညာဆိုတာ...
23/04/2023
လက်တွဲပူးပေါင်းမှုအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း အသိပေးကြေညာခြင်း
22/04/2023