လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း -၃]
ဒစ်ဂျစ်တယ်မိတ်ဆွေတို့ရေ အပိုင်း [၁] နဲ့ အပိုင်း [၂] ကို ဖတ်ပြီးကြပါပြီလား။
ဒီအကြောင်းအရာတွေကို မဖတ်လိုက်ရသေးဘူး ဒါမှမဟုတ် မေ့သွားခဲ့တယ်ဆိုရင် ပြန်ဖတ်ကြည့်လို့ရအောင် သက်ဆိုင်ရာ အပိုင်းအလိုက် လင့်ခ်တွေ ကို ဒီနေရာမှာ လေ့လာလို့ရတယ်နော်။
အပိုင်း [၁] https://greenwaymyanmar.com/posts/digital_money_knowledge_part_one
အပိုင်း [၂] https://greenwaymyanmar.com/posts/digital_money_knowledge_part_two
ဒီတစ်ခေါက်တော့ မိုဘိုင်းလ်ဝေါလက်ကနေတစ်ဆင့် ငွေလွှဲနဲ့ ငွေသွင်း/ငွေထုတ်ကိစ္စရပ်တွေ ဘယ်လို ဆောင်ရွက်လို့ရသလဲ ပြောပြမယ်နော်။ ကဲ . . . လေ့လာလိုက်ကြရအောင်။
မိုဘိုင်းလ်ဝေါလက်အကောင့်ထဲသို့ ငွေသွင်းခြင်း (Cash In)
(၁) ဘဏ်အကောင့်ကနေ တိုက်ရိုက်ငွေသွင်းခြင်း
ကိုယ့်ရဲ့ဘဏ်အကောင့်ကို မိုဘိုင်းလ်ဝေါလက်နဲ့ချိတ်ထားရင် ဘဏ်အကောင့်ကနေ တိုက်ရိုက်ငွေသွင်းလို့ရပါတယ်။
(၂) ကိုယ်စားလှယ်ဆီမှာငွေသွင်းခြင်း
ကိုယ်စားလှယ်ဆီကနေ ငွေသွင်းမယ်ဆိုရင် မိုဘိုင်းလ်ဝေါလက်အကောင့်ဖွင့်ထားတဲ့ဖုန်းနံပါတ်နဲ့ သွင်းချင်တဲ့ငွေပမာဏကို ပေးပြီး ငွေသွင်းလို့ရပါတယ်။
မိုဘိုင်းလ်ဝေါလက်အကောင့်ထဲမှ ငွေထုတ်ခြင်း (Cash Out)
(၁) မိမိရဲ့ ဘဏ်အကောင့်ထဲကို တိုက်ရိုက်လွှဲပြီး ထုတ်ယူခြင်း
ကိုယ့်ရဲ့ဘဏ်အကောင့်ကို မိုဘိုင်းလ်ဝေါလက်နဲ့ချိတ်ထားရင် မိုဘိုင်းလ်ဝေါလက်ကနေ ဘဏ်အကောင့်ထဲကို တိုက်ရိုက်ငွေလွှဲလို့ရပါတယ်။
(၂) ကိုယ်စားလှယ်ဆီမှာငွေထုတ်ခြင်း
ကိုယ်စားလှယ်ဆီကနေ ငွေထုတ်မယ်ဆိုရင် အနီးအနားက ကိုယ်စားလှယ်ဆိုင်ကိုရှာပြီး ကိုယ် အကောင့်ဖွင့်ထားတဲ့ ဖုန်းနံပါတ်နဲ့ ထုတ်ချင်တဲ့ ငွေပမာဏကို ပြောပါ။
မိုဘိုင်းလ်ဝေါလက်ကနေ လျှို့ဝှက်နံပါတ်တောင်းတဲ့ စာရောက်လာပါလိမ့်မယ်။ ငွေထုတ်ခွင့်ကို အတည်ပြုဖို့ ကိုယ့်ရဲ့လျှို့ဝှက်နံပါတ်ကို ရိုက်ထည့်ပြီးရင် ထုတ်လို့ရပါပြီ။

ငွေလွှဲခြင်း
(၁) မိုဘိုင်းလ်ဝေါလက်အကောင့်မှတစ်ဆင့် ငွေလွှဲခြင်း
ငွေလွှဲသူရော လက်ခံသူရောမှာ မိုဘိုင်းလ်ဝေါလက်အကောင့်ရှိတယ်ဆိုရင် အကောင့်အချင်းချင်း တိုက်ရိုက် ငွေလွှဲလို့ရပါတယ်။
ကိုယ် ငွေလွှဲချင်တဲ့သူထံမှာ မိုဘိုင်းလ်ဝေါလက်အကောင့်မရှိဖူးဆိုရင်တော့ သူ့ရဲ့ ဖုန်းနံပါတ်ကို စကားဝှက် (၆) လုံးခံပြီး လွှဲရပါမယ်။ ဖုန်းနံပါတ်ကို ငွေလွှဲတဲ့အခါမှာ စကားဝှက်က အဓိကပါ။



(၂) ကိုယ်စားလှယ်မှတစ်ဆင့် ငွေလွှဲခြင်း
အကောင့်မဖွင့်ဘဲ ကိုယ်စားလှယ်ကတစ်ဆင့် ငွေလွှဲမယ်ဆိုရင် ကိုယ်စားလှယ်က သူ့အကောင့်ထဲကနေ တစ်ဖက်က ငွေလက်ခံမယ့်သူရဲ့ မိုဘိုင်းလ်ဝေါလက်အကောင့် (ဒါမှမဟုတ်) မိုဘိုင်းလ်ဖုန်းနံပါတ်ကို ကိုယ့် ကိုယ်စား ငွေလွှဲပေးမှာပါ။
ငွေလက်ခံသူမှာ မိုဘိုင်းလ်ဝေါလက်အကောင့်ရှိရင် သူ့အကောင့်ထဲ တိုက်ရိုက်ငွေရောက်သွားမယ်။
အကောင့်မရှိလို့ ဖုန်းနံပါတ်ကိုလွှဲတယ်ဆိုရင်တော့ ငွေလွှဲတဲ့သူရဲ့ ဖုန်းထဲကို ငွေပမာဏ၊ ငွေလွှဲခနဲ့ လုပ်ငန်းစဥ်အမှတ်တို့ကို မက်ဆေ့ချ်ရောက်လာမှာဖြစ်ပြီး ငွေလက်ခံမယ့်သူရဲ့ ဖုန်းထဲကိုတော့ ငွေပမာဏ၊ ငွေလွှဲသူရဲ့ဖုန်းနံပါတ်နဲ့ လုပ်ငန်းစဥ်အမှတ်တို့ မက်ဆေ့ချ်ရောက်ရှိလာမှာပါ။
စကားဝှက်ကိုတော့ ငွေလွှဲသူက ငွေလက်ခံသူကို တိုက်ရိုက် ပြောပြဖို့လိုပါတယ်။ ငွေလက်ခံသူက မိုဘိုင်းလ်ဝေါလက်ကိုယ်စားလှယ်ဆီမှာ စကားဝှက် (၆) လုံးပြောပြီး ငွေထုတ်ရပါမယ်။
မိုဘိုင်းလ်ဝေါလက်ကနေတစ်ဆင့် ငွေလွှဲနဲ့ ငွေသွင်း/ငွေထုတ် နည်းလမ်းတွေကို ဗီဒီယိုဖိုင်နဲ့ လေ့လာချင်တယ်ဆိုရင် ဒီလင့်ခ်ကနေတစ်ဆင့် လေ့လာလို့ရပါတယ်။
ကဲ . . ငွေလွှဲတဲ့အကြောင်းတော့ သိသွားပါပြီ။ တစ်ကယ်လို့များ လွှဲလိုက်တဲ့ ငွေက လက်ခံတဲ့သူဆီ ရောက်မသွားခဲ့ရင် ဘယ်လိုလုပ်ရမလဲ။
????
မေးခွန်းရဲ့ အဖြေကို သိချင်တယ်ဆိုရင်တော့ ဒီလင့်ခ်ကနေတစ်ဆင့် https://onelink.to/d62vxy အာရ်အီးတွမ်တီဝမ်း (Re21) အပလီကေးရှင်းကို ဒေါင်းလုတ်လုပ်ပြီး “လေ့လာ” ဆိုတဲ့ ခလုတ်လေးကို နှိပ်ပြီး ခုပဲ ဆက်လက်လေ့လာလိုက်ပါ။
သတ်မှတ်ချက်နဲ့ဝန်ဆောင်ခများ
မိုဘိုင်းလ်ဝေါလက်အမျိုးအစားအပေါ်မူတည်ပြီး သတ်မှတ်ချက်တွေမတူပါဘူး။ “အဆင့် (လယ်ဗယ် = level)” ကိုလိုက်ပြီး မိုဘိုင်းလ်ဝေါလက်သုံးသူအချင်းချင်း တစ်နေ့မှာ အများဆုံးလွှဲနိုင်တဲ့ပမာဏ၊ ကိုယ်စားလှယ်ဆီက တစ်နေ့မှာ ထုတ်ယူနိုင်တဲ့ပမာဏ စသဖြင့် သတ်မှတ်ချက်တွေ ကွာခြားပါတယ်။
ဝန်ဆောင်မှုတူညီတဲ့ မိုဘိုင်းလ်ဝေါလက်အကောင့်အချင်းချင်း လွှဲတာအတွက် ဝန်ဆောင်ခ ပေးစရာမလိုပါဘူး။ ဥပမာ - ကေပေးအကောင့်အချင်းချင်း၊ ဝေ့ဖ်ပေးအကောင့်အချင်းချင်း၊ စီဘီပေးအကောင့်အချင်းချင်း ငွေလွှဲတာ။
ဘဏ်အကောင့်ထဲငွေလွှဲတာ၊ ကိုယ်စားလှယ်ဆီက ငွေထုတ်တာမျိုးအတွက်ကိုတော့ ငွေပမာဏပေါ် မူတည်ပြီး ဝန်ဆောင်ခပေးရပါတယ်။ သတ်မှတ်ချက်နဲ့ဝန်ဆောင်ခတွေကို ကိုယ်သုံးတဲ့ မိုဘိုင်းလ်ဝေါလက် အပလီကေးရှင်းထဲမှာ ဝင်ကြည့်လို့ရပါတယ်။
ကဲ . . . ငွေလွှဲ၊ ငွေထုတ်တာနဲ့ပတ်သက်ပြီး လုပ်ဆောင်နိုင်တဲ့ နည်းလမ်းအမျိုးမျိုးကို လေ့လာပြီးသွားပါပြီ။
မှတ်ချက်။ ။ ငွေကြေးကိစ္စတွေဆောင်ရွက်ရာမှာ အရင်ဆုံး ငွေသားကို သေချာရေတွက်ဖို့လိုအပ်သလိုပဲ အွန်လိုင်းကနေတစ်ဆင့် ဒစ်ဂျစ်တယ်ငွေကြေးကိစ္စတွေ ဆောင်ရွက်ရာမှာလည်း ငွေကြေးပမာဏ၊ ဖုန်းနံပါတ်နဲ့ အခြားသော ဖြည့်စွက်ရတဲ့ အချက်အလက်တွေကို မှန်ကန်အောင် သေချာစစ်ဆေးဖို့ အရေးကြီးပါတယ်။
ဒီလို ဒစ်ဂျစ်တယ်ငွေကြေးအသိပညာတွေကို စဥ်ဆက်မပြတ်လေ့လာချင်တယ်ဆိုရင်တော့ bit.ly/3KWHsx4 အာရ်အီးတွမ်တီဝမ်း (Re21) ဖေ့စ်ဘုတ်ပေ့ချ်ကို လိုက်ခ် (Like) နဲ့ ဖောလိုး (Follow)လုပ်ထားပြီး လေ့လာလို့နိုင်ပါတယ်။
#DFL #MobileWallet #မိုဘိုင်းလ်ဝေါလက် #KBZPay #WavePay #ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Related articles
လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း - ၅]
လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း -၄]
လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း -၂]
Content provider
ThitsaWorks
ဒစ်ဂျစ်တယ်ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုပေးသူများနှင့် ထိုဝန်ဆောင်မှုများကို အသုံးပြုနေသူများအကြား ငွေကြေးနည်းပညာဆိုင်ရာ အသိပညာဗဟုသုတများ ပိုမိုတိုးတက်စေရန်ရည်ရွယ်ပါသည်။
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ThitsaWorks Solutions Myanmar Co., Ltd.
See all
လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း - ၅]
07/05/2023
လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း -၄]
04/05/2023
လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း -၂]
27/04/2023
လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း -၁] ဒစ်ဂျစ်တယ်ငွေကြေးအသိပညာဆိုတာ...
23/04/2023
လက်တွဲပူးပေါင်းမှုအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း အသိပေးကြေညာခြင်း
22/04/2023
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....