လက်တွဲပူးပေါင်းမှုအပေါ် ဂုဏ်ယူဝမ်းမြောက်ကြောင်း အသိပေးကြေညာခြင်း
ဒစ်ဂျစ်တယ်ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုပေးသူများနှင့် ထိုဝန်ဆောင်မှုများကို အသုံးပြုနေသူများအကြား ငွေကြေးနည်းပညာဆိုင်ရာ အသိပညာဗဟုသုတများ ပိုမိုတိုးတက်စေရန်ရည်ရွယ်၍ ThitsaWorks နှင့် Greenovator တို့အကြား ပူးပေါင်းဆောင်ရွက်မှုတစ်ခုပြုလုပ်ခဲ့ကြောင်း ဝမ်းမြောက်ဂုဏ်ယူစွာဖြင့် အသိပေးပါရစေ။
အဆိုပါ ပူးပေါင်းဆောင်ရွက်မှု၏ အဓိကရည်ရွယ်ချက်မှာ ငွေကြေးနည်းပညာဗဟုသုတများ လိုအပ်နေသော ပြည်သူများကို မိမိတို့နှင့်သင့်တော်သည့် ငွေကြေးဆိုင်ရာ နည်းပညာထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအား မှန်ကန်စွာ ရွေးချယ်နိုင်စေပြီး အန္တရာယ်ကင်းစွာအသုံးပြုနိုင်ရေးတို့အတွက် အဓိကလိုအပ်ချက်ဖြစ်သည့် လက်တွေ့အသုံးချ ငွေကြေးနည်းပညာဆိုင်ရာ အသိပညာများ ပို့ချပေးရန်ဖြစ်ပါသည်။
ThitsaWorks ၏ ဒစ်ဂျစ်တယ်ငွေကြေးဆိုင်ရာ အသိပညာပေး သင်ခန်းစာများတွင် လူတိုင်းအတွက် သိသင့်သိထိုက်သော ကိုယ်ရေးအချက်အလက်လုံခြုံရေးကဲ့သို့သော ဒစ်ဂျစ်တယ်အသိပညာ၊ တစ်ကိုယ်ရေသုံးမှသည် အသေးစား၊ အလတ်စားလုပ်ငန်းများအတွက်ပါ အသုံးဝင်နိုင်မည့် ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အယူအဆများပါဝင်သည့် ငွေကြေးအသိပညာ၊ အွန်လိုင်းငွေကြေးဝန်ဆောင်မှုများကို လက်တွေ့အသုံးချနိုင်စေမည့် ငွေကြေးနည်းပညာများအကြောင်းဖြစ်သည့် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာစသဖြင့် အကြောင်းအရာများစွာ ပါဝင်ပါသည်။ Greenovator သည် ၎င်း၏ Green Way App နှင့် အခြားသော ဆိုရှယ်မီဒီယာအကောင့်များမှ တဆင့် ငွေကြေးဆိုင်ရာ အသိပညာပေးသင်ခန်းစာများကို အသုံးပြုသူများထံ ပိုမိုကျယ်ပြန့်စွာဖြင့် အလွယ်တကူရာက်ရှိစေရေး ဖြန့်ဝေပေးသွားမည်ဖြစ်ပါသည်။
ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုသည် ငွေကြေးအသိပညာများ တတ်မြောက်ပြီး စွမ်းဆောင်ရည်ရှိသောသူများဖြစ်ပေါ်စေပြီး တစ်ဦးချင်းမှသည် လူမှုအသိုက်အဝန်းတစ်ခုလုံးအပေါ် အပြုသဘောဆောင်သော အကျိုးသက်ရောက်မှုများဖြစ်စေမည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။
ကျွန်ုပ်တို့အားလုံး မျှော်မှန်းထားသည့် အားလုံးပါဝင်သောငွေကြေးစနစ် အောင်မြင်စွာဖြစ်ပေါ်လာရေး အတူတကွ ကြိုးပမ်းကြပါစို့။

English Version
We are thrilled to announce a partnership between ThitsaWorks and Greenovator to disseminate Digital
Financial Literacy content to end-users and help them improve their financial education. Our main
objective is to equip grassroots-level citizens with the necessary knowledge and tools to make informed
decisions when utilizing financial products and services.
ThitsaWorks has developed financial educational content which is essential to daily life, covering topics
such as data security, financial management concepts and tools for individuals, small and medium-sized
enterprises, financial products, and online payment tools. Greenovator, through its digital channels,
including the Green Way App and social media accounts, will make this content readily assessable to
end-users. We are confident that our joint efforts will lead to a more financially literate and empowered
population, creating a positive impact on individuals and communities as a whole.
Together, we look forward to embarking on this partnership and achieving our shared goals of
promoting financial inclusion.
ThitsaWorks Solutions Myanmar Co., Ltd.
3 years agoကျေးဇူးတင်ပါတယ်။
ကျော်ဌေး
3 years agoအားလုံးပူးပေါင်းရန်လိုအပ်ပါသည်။
Saw Wah Kalo
3 years agoကျနော်ပူးပေါင်းချင်ပါသည်
Related articles
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
အစိမ်းရောင်လမ်းအသုံးပြုသူများအတွက် မြားနီနည်းပညာပေးရေးအဖွဲ့ရဲ့ ငွေကြေးမကုန်ကျမဲ့ အခမဲ့သင်တန်းများ
တောင်သူ ၅ သောင်းကျော်ထံသို့ ဟင်းသီးဟင်းရွက်စိုက်ပျိုးနည်းပညာများ အစိမ်းရောင်လမ်းမှ တဆင့်မျှဝေပေးခဲ့တဲ့ မြားနီနည်းပညာပေးရေးအဖွဲ့
Content provider
ThitsaWorks
ဒစ်ဂျစ်တယ်ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုပေးသူများနှင့် ထိုဝန်ဆောင်မှုများကို အသုံးပြုနေသူများအကြား ငွေကြေးနည်းပညာဆိုင်ရာ အသိပညာဗဟုသုတများ ပိုမိုတိုးတက်စေရန်ရည်ရွယ်ပါသည်။
Related questions
testing
Ya Kauk • 2 answers
မိုးကြိုစိုက်မယ်ဆိုရင် ဘယ်အချိန်တွေမှာ စိုက်ရမလဲ?
Green Way Agtech • 1 answers
မြေပဲစိုက်ပျိုးနည်း သိချင်လို့ပါ #testing
Green Way • 1 answers
ခရုဈေးက အဆိမ်းနဲ့ ပြင်ဆင်ပြီးသားပြုတ်ပီးအသားထုတ်ပီးသား တစ်ပိဿဘယ်လောက်ယူကြလဲ
ရဲထက် • 0 answers
ခေါင်ညွှန့်တွေညိုးနေတာဘာဆေးသုံးရမလဲဗျပျိုးခင်းထဲမှာရှိသေးလမ်းပြပေးပါအုန်း။
TunLin • 3 answers
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Latest articles
အမျှင်ထွက်သီးနှံများထဲက ဝါ (အပိုင်း-၂)
09/06/2026
ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်နည်း သင်တန်း (အခမဲ့)
08/06/2026
ဇွန်လ ၇ - ၁၄ ရက်နေ့အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးအလိုက်ဖြစ်ပေါ်နိုင်သော မိုးလေဝသခန့်မှန်းချက်
08/06/2026
ကိုယ့်ရဲ့ဝင်ငွေရသီးနှံ ပျက်ဆီးဆုံးရှုံးမှုနည်းအောင် ထောင်ချောက်သီးနှံ နှင့် ပိုးပြေးပင်တွေကို ဘယ်လို တွဲဖက်စိုက်ပျိုးကြမလဲ
07/06/2026
ပို့ကုန်ပဲများ ဈေးနှုန်းကျဆင်းနေ (၁ - ၆.၆.၂၀၂၆အတွက် ဈေးကွက်သုံးသပ်ချက်)
05/06/2026
More from ThitsaWorks Solutions Myanmar Co., Ltd.
See all
လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း - ၅]
07/05/2023
လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း -၄]
04/05/2023
လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း -၃]
30/04/2023
လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း -၂]
27/04/2023
လူတိုင်းအတွက် ဒစ်ဂျစ်တယ်ငွေကြေးအသိပညာ [အပိုင်း -၁] ဒစ်ဂျစ်တယ်ငွေကြေးအသိပညာဆိုတာ...
23/04/2023